ဂြိုဟ်တွေဟာ
ခင်ဗျားတို့ ကျွန်တော်တို့ကို စိုးမိုးထားတတ်တယ်ဆိုတာ နက္ခတ်ဗေဒင်ပညာကို ယုံကြည်တဲ့ပုဂ္ဂိုဟ်တိုင်းက
လက်သင့်ခံကြမှာ အမှန် ပါ။ ကဲဗျာ လူတွေတင်မကပဲ တိုင်းပြည်တွေကိုပါ ဂြိုဟ်တွေဟာ စိုးမိုးထားပါတယ်။
ဟောဒီသတ္တ လောကကြီးမှာ တနင်္ဂနွေဂြိုဟ်ဟာ အရေးကြီးဆုံး
ဂြိုဟ်ဖြစ်ပါတယ်။ ရုပ်ကို တနင်္ဂနွေဂြိုဟ်၊ စိတ်ကို တနင်းလာဂြိုဟ်၊ စိုးမိုးထားတယ်ဆိုတာ
အကြမ်း အားဖြင့် မှတ်ယူထားပါတယ်။ အဲဒီနှစ်လုံးက မဖောက်ပြန်တဲ့ ဂြိုဟ်တွေဖြစ်ပါတယ်။
ဖောက်ပြန်လေ့ ရှိတဲ့ပဉ္စကား ဂြိုဟ်တွေဟာ ဆိုယင်
တခါတရံတနင်္ဂနွေနဲ့ တနင်းလာဂြိုဟ် တွေထက် ပိုပြီးအဝေးကြီးလာတာတွေ၊ လူတွေကို စိုးမိုးထားတတ်တာတွေကို
တွေ့ရပါတယ်။ ပီပီပိုင်ပိုင် နဲ့ သေချာတဲ့ ဗေဒင်ဟောကိန်းတွေကို ဟောချင် ယင်တော့ စနစ်တကျလေ့လာမှ
ဖြစ်ပါမယ်။
ဒီတစ်ခေါက် ကျွန်တော်တို့တစ်တွေဟာ ရာဇ၀တ်မှုနဲ့ပတ်သက်ပြီး
နက္ခတ်ဗေဒင်ပညာရပ်ကို လေ့လာကြည့်ကြရအောင် ရာဇ၀တ်မှုနဲ့ပတ်သက်ပြီး လေ့လာယင် စိတ်ဟာ ဘယ်လောက်
အရေးကြီး သလဲဆိုတာကို သိသာလာပါလိမ့်မယ်။ ရာဇ၀တ် ဘေးရဲ့ အခြေခံဖြစ်တဲ့လောဘ၊ ဒေါသ၊ မောဟနဲ့
အတူ စိတ်ပိုင်းဆိုင်ရာတွေကို လေ့လာသင်သိသာ လာပါလိမ့်မယ်။
ရာဇ၀တ်မှု ကျူးလွန်ရခြင်းကိစ္စမှာ အဓိက ကတော့
အကြောင်းရပ်တစ်ခုရှိပါလိမ့်မယ်။ အဲဒီ အကြောင်းတစ်ရပ်ပေါ် မူတည်ပြီး အကျိုးတစ်စုံ တစ်ခု
ဖြစ်လာရတာပဲ ဖြစ်ပါတယ်။ လူပဲ သတ်သတ်၊ ဒမြပဲတိုက်တိုက်၊ မုဒိန်းပဲကျင့်ကျင့်၊ လုပ်ချင်တဲ့စိတ်၊
လုပ်ဖြစ်တဲ့စိတ်တွေနဲ့အတူ ဖြစ်မြောက်အောင် ဖန်တီးပေးနိုင်တဲ့ အခြေအနေအရပ်ရပ်တို့ပေါ်
မူတည်နေတာ သတိပြုမိပါလိမ့်မယ်။
ရာဇ၀တ်မှုကျူးလွန်တာနဲ့ ပတ်သက်ပြီး နမူနာဇာတာတွေအများကြီးနဲ့
မရှင်းပြခင် ဘယ် ရာသီ၊ ဘယ်ဘာဝတွေ၊ ဘယ်အံသာတွေ၊ ဘယ် ဂြိုဟ်တွေဟာ အရေးကြီးသလဲဆိုတာ ပထမ
လေ့လာကြပါစို့။
(က)
ရာဇ၀တ်မှုနဲ့ ပတ်သက်လာယင် တနင်္ဂနွေဂြိုဟ် ဟာ ခေါင်းဆောင်ပါ။ တနင်္ဂနွေဂြိုဟ်၊ ကရကဋ်ရာသီ၊
မိန်ရာသီတွေဟာပျက်စီးနေယင်၊ အားနည်းနေယင် ရာဇ၀တ်မှု ကျူးလွန်မိတတ်ပါတယ်။
(ခ) ကရကဋ်နဲ့ မကာရရာသီ (ဂ) အံသာ
ကန်နဲ့မိန်ရာသီ (၁၃) အံသာ
ပြိဿနဲ့ဗြိစ္ဆာရာသီ (၂၆) အံသာ
သိဟ်ရာသီ (၂၅) အံသာ
မိန်ရာသီ (၃) (၄) (၁၈) (၁၉) အံသာ တွေဟာ ရာဇ၀တ်မှုကို
ကျူးလွန်ဖြစ်အောင် ဖန်တီး ပေးတဲ့ အံသာဆိုးတွေဖြစ်ပါတယ်။
(ဂ) လဂ် - တနင်္ဂနွေ - တနင်းလာဂြိုဟ် တို့ဟာ ရန်အိမ်-ရန်န၀င်း၊
နိစ်အိမ်၊ နိစ်န၀င်းပါပက္တရီညှပ်မှု၊ ဆိုးတဲ့အမြင်ရှိမှု၊ ၆တန့် ၈တန့်သခင်ညှပ်ထား မှုအနေနဲ့
တွေ့ကြုံနေရယင်လည်း ရာဇ၀တ်မှုဘေး ကြုံတွေ့ရပါလိမ့်မယ်။
(ဃ) ရက်စက်ကြမ်းကြုတ်တဲ့ စိတ်နဲ့ ရာဇ၀တ်မှု ကျူးလွန်လိုစိတ်နဲ့
ပတ်သက်ယင် အင်္ဂါဂြိုဟ်နဲ့ ဗြိစ္ဆာရာသီတွေဟာလည်း အရေးကြီးပါတယ်။
(င) အင်္ဂါနဲ့စနေဟာ မကောင်းတဲ့ဆက်သွယ်မှုနဲ့ ဆက်သွယ်နေယင်၊
တနင်းလာ၊ သောကြာ၊ ကြာသ ပတေးဂြိုဟ်တွေဟာ ဒုဌာနအိမ်တွေမှာရှိယင် လူ သတ်လိုစိတ်လုပ်ရဲတဲ့စိတ်ကို
ဖြစ်စေပါတယ်။
(စ) ကိုယ့်ကိုယ်ကို သေအောင် သတ်သေချင်တဲ့ စိတ်ကတော့
တနင်္ဂနွေ (သို့မဟုတ်) တနင်းလာ ဂြိုဟ်တွေဟာ စနေနဲ့ဆက်သွယ်နေယင် ဗုဒ္ဓဟူး ဂြိုဟ်(သို့မဟုတ်)
၃တန့်သခင်ဟာလည်း မကောင်း တဲ့ဂြိုဟ်နဲ့ ဆက်သွယ်နေယင် သတ်ရဲသေရဲတဲ့ သတ္တိကို မွေးနိုင်ပါတယ်။
(ဆ) စနေဂြိုဟ်ဟာလည်း ဆက်သွယ်နေရပါ လိမ့်မယ်။ ကြာသပတေးဂြိုဟ်ကို
စနေဟာ ဆက်သွယ်နေမယ်ဆိုယင်လည်း ရာဇ၀တ်မှုပြုလုပ်ဖို့ ၀န်မလေးတတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့
အင်္ဂါ ဂြိုဟ်ရယ်၊ စနေဂြိုဟ်ရယ်၊ ဗြိစ္ဆာရာသီရယ်ကို အဓိက ထားကြည့်ရပါလိမ့်မယ်။
(ဇ) ဒွေးဒဟရာသီရဲ့ (၂၄)အံသာ ထိရရာသီရဲ့ (၄)အံသာ၊ စရရာသီရဲ့
(၅)အံသာတွေဟာ ရာဇ၀တ် မှုကို အားပေးခြင်းဖြစ်တဲ့အံသာတွေဖြစ်ပြီး၊ အဲဒီ အံသာတွေမှာဂြိုဟ်တွေ
ရှိခဲ့ယင် ရာဇ၀တ်မှု ကျူးလွန်တတ်ပါတယ်။
ဒီအကြောင်းအရာဟာ နည်းနည်းတော့ အဆင့်အတန်းမြင့်ပါတယ်
စနစ်တကျ လေ့လာနိုင် မှလည်း သိနိုင်မှာပါ။ လူသတ်ချင်စိတ်ဖြစ်ပေါ် လာမှုနဲ့ ပတ်သက်လို့ရှေးဟောင်း
နက္ခတ်ဗေဒင် ကျမ်းတွေရဲ့ မိန့်ဆိုမှုတွေကို လေ့လာကြည့်ပါစို့။
ဇာတကပါရီဇာတ ကျမ်းအခန်း-၉ဂါထာ အမှတ်-၉၇မှာဆိုယင်
အတိကဏ္ဍယုဂ်ရယင် ရာဇ ၀တ်မှုကို ကျူးလွန်မယ်လို့ ဆိုထားပါတယ်။
အဲ့ဒီကျမ်းမှာပဲ အခန်း၉-ဂါထာအမှတ် ၁၂၁ မှာဆိုယင်
ဗြိစ္ဆာရာသီပိုင် ဒွါဒသင်းမှာ လဂ်ရှိတဲ့ လူဖြစ်ယင် ရာဇ၀တ်မှု ကျူးလွန်ပါလိမ့်မယ်လို့
ဆိုထားပါတယ်။
ရက်စက်တဲ့စိတ်၊ ကြမ်းကြုတ်တဲ့စိတ် လုပ်ရဲ
တဲ့စိတ်၊ လုပ်ရက်တဲ့စိတ်၊ ဆင်ခြင်တိုင်းထွာမှု နည်း ပါးတဲ့စိတ်နဲ့ ပတ်သက်ယင် ဇာတာပါရီဇာတကျမ်းက
အောက်ပါအတိုင်း ဆိုထားပါတယ်။ (လက်သည်း ကွင်း၊ ဂဏန်းတွေက အခန်းနဲ့ ဂါထာနံပါတ်တွေ ဖြစ်ပါတယ်။)
(၁) တနင်္ဂနွေ-တနင်းလာ-သောကြာဂြိုဟ်တို့ဟာ ဘာဝ တစ်ခုထဲမှာစုပြီးပူးယှဉ်ခဲ့ယင်
(အခန်း၈ / ဂါထာ-၆)
(၂)
၈တန့်မှာ စနေရှိခဲ့လျှင် (အခန်း၈/ဂါထာ ၄၄)
(၃)
လဂ်နဲ့အင်္ဂါပူးခဲ့ယင်
(၄)
လဂ်နဲ့ရာဟုပေါင်းခဲ့ယင်
(၅)
လဂ်ရဲ့ ၅တန့်မှာ အင်္ဂါရှိခဲ့ယင်
(၆)
လဂ်ဟာ အင်္ဂါပိုင် တðသင်းကို စီးခဲ့ယင်
(၇)
တနင်္ဂနွေ-တနင်းလာ-ဗုဒ္ဓဟူး-ကြာသပတေး-စနေတို့ဟာ ပူးယှဉ်နေခဲ့ယင် (အခန်း၈/ဂါထာ ၉) တို့က
ရက်စက်စေလာတတ်တယ်လို့ ဆိုထားပါ တယ်။
ထပ်ပြီး ဖလဒီပီက ကျမ်းပြုတဲ့ မန္ဒရေသွာရ ဆရာရဲ့
အာဘော်တစ်ချို့ကို ရည်ညွှန်းပါရစေ။
(က)
မိန်းမဇာတမှာ မရာသီမှာတနင်းလာရှိပြီး အဲဒီ တနင်းလာရှိပြီး အဲဒီတနင်းလာကို မကောင်းတဲ့ဂြိုဟ်မြင်-ယှဉ်-ပူးခြင်း
ဆက်သွယ်မှုတစ်စုံတစ်ခုနဲ့ ဆက်သွယ်ခဲ့ယင် ရက်စက်တတ်မယ်။ (အခန်း ၁၁/ဂါထာ ၂)
(ခ)
အင်္ဂါဂြိုဟ်ဟာ သဘာဝအားဖြင့် ရက်စက် တတ်တယ်။ (အခန်း ၂/ ဂါထာ ၁၄)
(ဂ)
စနေဂြိုဟ်ဟာ သဘာဝအားဖြင့် ရက်စက် တတ်တယ်။ (အခန်း ၂/ဂါထာ ၁၄)
ရာဇ၀တ်မှုနဲ့ ပတ်သက်ယင် ဗီဇာသဘာဝ အတွင်း စိတ်လှုပ်ရှားမှု
ခန္ဓာကိုယ်ထဲက အကျိတ် များ၊ အကြောများကလည်း အရေးကြီးတာကို သိရ ပါတယ်။ ဦးနှောက်မမှန်သူအဖို့
ရာဇ၀တ်မှု ကျူးလွန် ဖို့ ၀န်မလေးသလို၊ အာရုံကြောအားနည်းသူ တစ်ယောက်ဟာ ရာဇ၀တ်မှုကို ကျူးလွန်ဖို့ဝ
န် မလေးပါဘူး။ ဒါကြောင့် ရာသီအလိုက် အကျိတ် တွေကို စိုးမိုးထားတာကို လေ့လာရပါမယ်။
ရာသီအမည် မြန်မာအဓိပ္ပာယ်
မိဿရာသီ အာရုံကြော၊ ချွဲနှပ်ချေး
ပြိဿရာသီ
မေထုန်ရာသီ
သိဟ်ရာသီ
ကန်ရာသီ ကျောက်ကပ်
တူရာသီ
ဗြိစ္ဆာရာသီ သားမျိုးစေ့၊ (လိင်ကျား)
ဓနုရာသီ အရိုး၊ ကြွက်သား၊ အဆီ
မကာရနဲ့ အကြောအားလုံး
ကုမ်ရာသီ
မိန်ရာသီ အရေပြား/အစိုဓာတ်
အထူးမှတ်ဖို့က ကန်ရာသီဟာ အကြော အားလုံးကို
စိုးမိုးထားပြီး ၀က်ရူးပြန်တာ၊ ဖျားတာ သွေးပေါင်းတိုးတာ၊ ဦးနှောက်အာရုံကြော အားနည်း
တာတွေအားလုံး ဖြစ်စေပါတယ်။ တနင်္ဂနွေသားသမီး များကို အထူးဖြစ်စေပါတယ် (ဗဟုသုတအဖြစ် မှတ်ထားဖို့ပါ)။
ဂြိုဟ်အနေနဲ့ဆိုယင်စနေဂြိုဟ်ဟာဦးနှောက်နဲ့
သွေးပြန်ကြောတို့ကို ထိန်းသိမ်းပေးပြီး ရာဟုနဲ့ ကိတ်ဂြိုဟ်ဟာ အစာကြေစေတတ်တဲ့ အကြိတ်ကို
စိုးမိုးထားတယ်။ အတွင်းပိုင်းဟာ ရာဟုဖြစ်ပြီး အပြင်ပိုင်းက ကိတ်လို့ဆိုပါတယ်။
ဓာတ်သတ္တုနဲ့ ပတ်သက်လို့လည်း
အင်္ဂါဂြိုဟ် ဖော့စတ်ကဓာတ် ဆဲလ်ဖာ၊
မီးစုန်းဓာတ်၊ ကန့်ဓာတ်
ဗုဒ္ဓဟူးဂြိုဟ် မဂ္ဂနီဆီယမ်၊
ကြာသပတေး ကယ်ဆီယမ်၊ ထုံးဓာတ်၊ သောကြာဂြိုဟ် ဆိုဒီယမ်
စနေဂြိုဟ် ပိုတက်ဆီယမ်
ဒီသတ္တုတွေကလည်း တကယ်လို့ ကဲခဲ့ယင်၊ ပိုခဲ့ယင်
ဥပါဒ်ဖြစ်စေတတ်တာမို့ ဂြိုဟ်အလိုက် ဓာတ်သတ္တုတွေကို သိထားသင့်ပါတယ်။
ဗေဒင်ပညာရပ်နဲ့ အကြောင်းအရာတစ်ခုကို အထူးသုတေသနပြုမယ်ဆိုယင်
ကျမ်းအဆို ပညာ ရှင်အဆိုကို သိထားတာနဲ့ ပထမ လေ့လာဝေဖန် သုံးသပ်ပြီးမှ မသိတာ၊ ကျမ်းမှာမပါတာ၊
ကပ်လွဲ နေတာ၊ လယ်တယ်တယ် ဖြစ်နေတာတွေကို ကိုယ်ပိုင်အသိဥာဏ်၊ ယုတ္တိဗေဒနဲ့ ဆက်စပ်ပြီး
လေ့လာနိုင်မှ နက္ခတ်ဗေဒင်ပညာရပ် တတ်မြောက် သူလို့ ဆုံးဖြတ်နိုင်ပါတယ်။ အမေမှာ-မှာတဲ့
အတိုင်း လုပ်တဲ့ပုဂ္ဂိုဟ်ဟာစာတတ်သူဖြစ်ပြီးပညာကိုတကယ်တတ်သူမဟုတ်ရပါ။
ကဲ လက်တွေ့ဇာတာတွေများစွာနဲ့ လေ့လာ ကြည့်ကြပါစို့။
ပြီးတော့မှ ရာဇ၀တ်မှုကျူးလွန်စေတဲ့ ယုဂ်တွေကို ခွဲထုတ်တာပေါ့။
ဒီဇာတာရှင်ဟာ တခြားသူမဟုတ်ဘူး၊ ရောမ မြို့ကြီး
မီးလောင်နေတာကို စောင်းတီးပြီး ၀မ်းသာ အားရကြည့်နေတဲ့ နီရိုးဘုရင်ကြီးရဲ့ ဇာတာပါ။ ကဲ
ကြည့်ရအောင်။
(က)
လဂ်နဲ့ တနင်္ဂနွေဟာ အံသာနီးကပ်စွာ ပူးယှဉ်ပြီး၊ ဗုဒ္ဓဟူးဂြိုဟ်က ပါကအနေနဲ့ လာပူး နေတယ်။
(ခ)
စနေဂြိုဟ်ဟာ ဗုဒ္ဓဟူးကို ၃တန့်အမြင် ၈တန့်ဘာဝကို ၁၀တန့်အမြင်နဲ့ မြင်ထားတယ်။
(ဂ)
၅တန့်ဘာဝကို စနေက ၇တန့်အမြင်၊ အင်္ဂါက ၄တန့်အမြင်နဲ့ မြင်ထားတယ်။
(ဃ)
တနင်းလာကို အင်္ဂါက ၈တန့်အမြင်နဲ့ မြင်ထားတယ်။
(င)
၂တန့်မှာ အင်္ဂါနဲ့ ရာဟုလာပူးနေတယ်။
(စ)
၈တန့်သခင် တနင်းလာဟာ ၃တန့်သခင် စနေကို စနေမြင်တဲ့ ၃တန့်အမြင်မျိုးနဲ့ မြင်ထား ပါတယ်။
(ဆ)
တနင်းလာထူလ၊ သောကြာအန္တရမှာ ရောမမြို့ကြီးပျက်စီးတာကို ၀မ်းသာနေတာပါ။
(ဇ) ကြာသပတေး ရာဟုကိတ်ဂြိုဟ်တို့ဟာ အထိမခံဂြိုဟ်တွေဖြစ်ပြီး
ဘယ်လောက်ဒုက္ခ ပေး တယ်ဆိုတာ သတိပြုမိပါလိမ့်မယ်။
(စ်)
စနေဟာ တနင်းလာကနေ ၃တန့်ဖြစ်ပြီး အင်္ဂါကနေ ၁၀တန့်ပြန်ဖြစ်နေမှုဟာ ရက်စက်မှု သရဖူဆောင်ထားပြီးသားဖြစ်တယ်ဆိုတာကိုတော့
ပိုပြောစရာလိုမယ်မထင်ပါဘူး။
ဒီဇာတာရှင်ကတော့ ညီအစ်ကိုသားချင်း တွေ နဲ့
ဆစ်(ဂ်)လူမျိုးဆရာကြီး တိဒ်ဗဟာဒူးလ်နဲ့ ဆာ ကာဂျီတို့ကို သတ်ပစ်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်
မှုမှာ ဗိုလ်မထားဖြစ်တဲ့ သြရန်ဇစ်ဘုရင်ကြီးရဲ့ ဇာတာ ဖြစ်ပါတယ်။ ကဲလေ့လာကြည့်ကြရအောင်
-
(က)
လဂ်ကို စနေဟာ ၁၀တန့်အမြင်၊ အင်္ဂါဂြိုဟ်က ၇တန့်အမြင်နဲ့ မြင်ထားတဲ့အတွက် ရဲရဲတင်းတင်း
လုပ်ဝံ့တဲ့ ဇာတာဖြစ်ပါတယ်။
(ခ)
၃တန့်ကို တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးဂြိုဟ် မြင်ထားတဲ့အတွက် အားမရှိပါ။
(ဂ)
၅တန့်သခင် ဗုဒ္ဓဟူးဟာ နိစ်ဂြိုဟ်ဖြစ်တဲ့ တနင်္ဂနွေဂြိုဟ်နဲ့ ပူးထားပါတယ်။
(ဃ)
ကြာသပတေး ထူလ- ဗုဒ္ဓဟူးအန္တရဒသာမှ ညီအစ်ကိုတွေကို သတ်သစ်ထားပါ။
(င)
ဗုဒ္ဓဟူးနဲ့ ကြာသပတေးဂြိုဟ်ဟာ ရာဟု နက္ခတ်ကို စီးထားပါတယ်။
(စ)
ကြာသပတေးထူလ၊ တနင်္ဂနွေအန္တရဒသာမှာ သူ့ဖခင်သေဆုံးခဲ့ပါတယ်။
(ဆ)
ပါပဂြိုဟ်တွေအားလုံးက ကိန်းအိမ်မှာရှိပြီး ကောင်းတဲ့ ဂြိုဟ်တွေ အားလုံးဟာ မကောင်းတဲ့
နက္ခတ်စီးနင်းထားတာတွေ့ရပါတယ်။ အဲဒါဟာ ရက္ခတာယုဂ်(၀ါ)ဘီလူးယုဂ်ဆိုပါတယ်။
ဒီအချက်တွေကြောင့် ညီအစ်ကို မောင်နှစ်မ တွေ
သားသမီးတွေသားသမီးတွေ ဆရာသမား ပညာရှင်ကြီးတွေကို ရက်ရက်စက်စက် သတ်ပစ်တာ ဖြစ်ပါတယ်။
ဒီဇာတာရှင်ဟာ ကမ္ဘာက သိပြီးသားပါ။ အိန္ဒိယနိုင်ငံရဲ့
အမျိုးသားခေါင်းဆောင်ကြီးမဟတ္တမဂန္ဒီကို အနီးကပ် သေနတ်နဲ့ ပစ်သတ်လိုက်တဲ့ အင်-ဗွီဂေါတဆေး
ဖြစ်ပါတယ်။ သူ့ကို နက္ခတ်ဗေဒင်ပညာရပ်နဲ့ လေ့လာကြည့်ကြရအောင်။
(က)
၅တန့်ဘာဝကို နိစ်ဂြိုဟ်ဖြစ်တဲ့ စနေက ၇တန့်နဲ့ မြင်ထားတယ်။ လဂ်ကိုလည်း ၃တန့် အမြင်နဲ့
စနေက မြင်ထားတယ်။
(ခ)
၃တန့်သခင် တနင်္ဂနွေဂြိုဟ်ဟာ ရာဟုနဲ့ အတူ ပူးပြီး ပါပကတ္တရီသင့်နေတယ်။
(ဂ)
၅တန့်သခင်ကို အားပျက်နေတဲ့ ကြာသပ တေးဂြိုဟ်က ၇တန့်အမြင်နဲ့ မြင်ထားတယ်။
(ဃ)
အဲဒီကြာသပတေးကို အင်္ဂါဂြိုဟ်က ၄တန့်အမြင်နဲ့ ပြန်မြင်ထားပါတယ်။
(င)
လဂ်နဲ့ အင်္ဂါပူးထားတယ်။ တအံသာထဲမှာ ပူးတယ်။ ရာဟုနက္ခတ်ကို စီးထားတယ်။
(စ)
လဂ်သခင်ဟာ ရာဟုနဲ့ ပူးနေတယ်။
(ဆ)
ကြာသပတေးဟာ ရာဟုကို မြင်ထားတဲ့ အတွက် တယူသန်တဇွတ်ထိုး လုပ်တတ်တယ်။
(ဇ)
လဂ်ကိုရော လဂ်သခင်ကိုပါ ပါပဂြိုဟ်တွေ ပူးနေတယ်။
(စ်)
တနင်္ဂနွေ တနင်းလာရဲ့ ၉တန့်မှာနေတဲ့ အတွက်ကြောင့် မလုပ်သင့်တာ၊ မကြံစည်သင့်တာ ကို ကြံစည်လုပ်ကိုင်လေ့ရှိတယ်။
(ည)
တနင်းလာနဲ့ ကြာသပတေးပူးပြီး ဂဇ ကေသရီယုဂ်ရပေမယ့် အင်္ဂါဂြိုဟ်ဟာ ၄တန့် အမြင် နဲ့ မြင်ထားလို့
ယုဂ်ပျက်သွားပါတယ်။
(ဋ)
ကြာသပတေးထူလ စနေအန္တရဒသာမှာ ဂန္ဒီကိုသတ်ပစ်လိုက်တာဖြစ်ပါတယ်။
(ဌ)
စနေဟာ သူ့ဇာတာမှာ ဥပစ္ဆေဒက ကံတြင်းကိုစီးထားပါတယ်။ ဒါကြောင့် ကြိုးကွင်း စွတ်ပြီး အသတ်ခံရတာ
ဖြစ်ပါတယ်။
ဒီလူကတော့ လူအတော်များများကို အဆိပ်ကျွေးသတ်ခဲ့တဲ့
ဝါလ်တာဟိုးဖိုဒ် ဖြစ်ပါတယ်။ ၃-၂-၁၈၇၁ ရက်မှာ မွေးပြီး ၂၈-၆-၁၈၉၀ ရက်မှာ သေဆုံးခဲ့ပါတယ်။
(က)
လဂ်ကို ၀ဂ္ဂသွားနေတဲံ အင်္ဂါဂြိုဟ်က မြင်ထားပါတယ်။
(ခ)
၅တန့်သခင်ဟာ သောကြာဟာ လဂ်နဲ့ လာပူးနေတယ်။
(ဂ)
၅တန့်သခင်ဟာ ရာဟုနဲ့ပူးပြီး စနေအမြင်ခံ ထားရတယ်။
(ဃ)
အင်္ဂါနဲ့ စနေဟာ ၄တန့်-၁၀တန့်အမြင်နဲ့ အပြန်အလှန် မြင်ထားကြတယ်။
ကြိုးမိန့်အပေးခံရတာဟာ အင်္ဂါနဲ့ သောကြာ တို့
အပြန်အလှန်မြင်တာရယ်၊ လဂ်ကိုလည်း သောမ ဂြိုဟ်မမြင်တာရယ်၊ တနင်းလာဟာရာဟုနဲ့ ပူးတာ ရယ်ကြောင့်ပါ။
(င)
ကြာသပတေးဟာ အရေးကြီးတဲ့ အံသာမှာ ရှိနေပါတယ်။
ဒီဇာတာရှင်ကတော့ မထင်ရှားပါဘူး။ ဒါပေ မယ့်
မိန်းကလေးတစ်ယောက်ကို ရက်ရက်စက်စက် ဓါးနဲ့ ထိုးသတ်ပစ်သူဖြစ်ပါတယ်။ မွေးသက္ကရာဇ်က (၂၆.၁၁.၁၉၄၇)ဖြစ်ပြီး
ဒသာကတော့ သောကြာ ဒသာ ၄နှစ်ကျန်ဖြစ်ပါတယ်။
(က)
၇တန့် ၉တန့်-၁၀တန့်-၁၂တန့်သခင်တွေ ဖြစ်တဲ့ အင်္ဂါနဲ့ စနေဂြိုဟ်ဟာ လဂ်ရဲ့ ၄တန့်မှာ ရှိနေပါတယ်။
(ခ)
၇တန့်မှာ ရှိတဲ့ တနင်္ဂနွေနဲ့ ကြာသပတေးကို အင်္ဂါကသူ့အိမ်မှာ သူထားပြီး မြင်ထားပါတယ်။
(ဂ)
စနေကလည်း ၆တန့်အိမ်ကို ၃တန့်အမြင်နဲ့ မြင်ထားပါတယ်။
(ဃ)
လဂ်သခင်ဟာ ၈တန့်မှာ ၃တန့်သခင်နဲ့ ပူးပြီးရှိနေပါတယ်။
(င)
၇တန့်သခင် အင်္ဂါဟာ ၄တန့်သခင် တနင်္ဂနွေနဲ့ ပရိဝတ္တနသမ္မန္ဓ ဖြစ်နေပါတယ်။
(စ)
၁၅-၂-၁၉၇၂ နှစ်မှာ မိန်းကလေးတစ်ယောက်ကို ဓါးနဲ့ ထိုးသတ်လို့ ထောင်ကျခဲ့ပါတယ်။ အင်္ဂါထူလ
ကိတ်နက္ခတ်စီး ဗုဒ္ဓဟူးအန္တရ ၅တေးနက္ခတ်စီးထဲမှာ ဖြစ်ပါတယ်။ (၇တန့် ၈တန့်) လွှမ်းမိုးချိန်မှာ
ဖြစ်ပါတယ်။
(ဆ)
လဂ်နဲ့ရာဟုရယ်၊ ကိတ်ရယ်၊ တနင်းလာ ဂြိုဟ်ရယ်ဟာ အရးကြီးတဲံ အံသာထဲမှာ ရှိနေတာ သတိပြုမိပါလိမ့်မယ်။
ဒီပုဂ္ဂိုလ်ကတော့ ဖင်လန်ဘုရင်ခံကိုလည်း သတ်ပြီး
ကိုယ့်ကိုယ်ကိုလည်း သတ်သေသွားတဲ့ ရှောင်မိန့်ဆိုတဲ့ပုဂ္ဂိုလ်ပါပဲ။ သူဟာ ၁၀-၅-၁၈၇၅ ရက်မှာ
မွေးပြီး၊ ၆-၆-၁၉၄၀ ခုနှစ်မှာ ဒီရာဇ၀တ်မှုကို ကျူးလွန်တာ ဖြစ်ပါတယ်။
ရာဇ၀တ်မှုနဲ့ ပတ်သက်ယင် ၃တန့်၊ ၅တန့်၊ ၉တန့်ဘာဝတွေကို
ဦးစားပေးကြည့်ပါ။ အင်္ဂါနဲ့စနေ တို့ကို ဂရုစိုက်ရမယ်ဆိုတာ ကျွန်တော် ပြောပြီး သားပါ။
(က)
၃တန့်ဘာဝကို အင်္ဂါက ၈တန့်အမြင်နဲ့ မြင်ထားပါတယ်။
(ခ)
၅တန့်သခင်ဟာ ၁၂တန့်မှာ တနင်္ဂနွေနဲ့ အံသာချင်းနီးကပ်စွာ ပူးနေပြီး စနေက ၃တန့် အမြင်နဲ့
မြင်ထားတယ်။
(ဂ)
စနေဟာ ဗြိစ္ဆာရာသီမှာ န၀င်းစီးနေတယ်။
(ဃ)
လဂ်သခင်သောကြာနဲ့ရာဟုဟာ အံသာနီးကပ် စွာ ပူးနေတယ်။
(င)
ဗုဒ္ဓဟူးဟာ တနင်္ဂနွေနက္ခတ်ကို စီးထားတယ်။
(စ)
စနေဟာ အင်္ဂါနက္ခတ်ကို စီးထားတယ်။
(ဆ)
အမှုကျူးလွန်ချိန်ဟာ ဗုဒ္ဓဟူးထူလ တနင်္ဂနွေ နက္ခတ်စီး၊ တနင်းလာအန္တရဒသာ ၅တေးနက္ခတ်စီး မှာ
ဖြစ်ပါတယ်။
(ဇ)
တနင်္ဂနွေ ဗျာယသခင်ဟာ (၄)တန့်တွင် ၅တေး ၇တန့်ရယ် ၈တန့် ၁၁တန့်သခင်တို့ရဲ့ လွှမ်းမိုးချိန်
ဖြစ်တယ်။
ဒီဇာတာရှင်ကတော့ အမျိုးသမီးပါ။ ၃၀၊ ၈၊ ၁၈၇၉
ရက်နေ့က မွေးဖွားခဲ့ပါတယ်။ သူဟာ အသက်အာမခံငွေတွေရဖို့အတွက် အဖွားရယ်၊ အစ်ကိုရယ်၊ သူ့ယောက်ျားရယ်ကိုပါ
အဆိပ်ခတ်ပြီး သတ်ခဲ့ပါတယ်။
(က)
လဂ်နဲ့အင်္ဂါပူးနေတာကို စနေဟာ ၀ဂ္ဂသွားပြီး ၃တန့် အမြင်နဲ့ မြင်ထားပါတယ်။
(ခ)
ဝဂ္ဂသွားတဲ့ ကြာသပတေးနဲ့ တနင်းလာဟာ ပူးနေပါတယ်။
(ဂ)
၅တန့်သခင်ဟာ ဗျဂစ္ဃာ ကျင့်နေပါတယ်။
(ဃ)
အင်္ဂါက ၄တန့်အမြင်နဲ့ ကြာသပတေးနဲ့ တနင်းလာက ၇တန့်အမြင်နဲ့ ဗုဒ္ဓဟူးဂြိုဟ်ကို မြင်ထားပါတယ်။
(င)
၅တန့်မှာ လဂ်သခင်ဟာ နိစ်အဖြစ်နဲ့ ရပ်တည် နေတာကို စနေက ၇တန့်နဲ့ မြင်ထားပါတယ်။
(စ)
လဂ်ကို ညံ့တာက အင်္ဂါပူးထားခြင်းဖြစ်တယ်။ ခေါင်းမာမှု၊ ရက်စက်ကြမ်းကြုပ်မှု၊ တစ်ဖက်သတ်ဆန်
မှုများ ဖြစ်စေတယ်။
(ဆ)
လဂ်နှင့်အင်္ဂါကို စနေက မြင်ထားလို့ ရက်စက်တာပါ။ လုပ်ရက်တာပါ။
(ဇ)
၃တန့်မှာ ကိတ်ရှိတော့ မကောင်းတဲ့အကြံမှာ ၀ီရိယစိုက်ထုတ်ပြီး လုပ်ဖြစ်တာပါ။
(စ်)
အင်္ဂါ၊ ကြာသပတေး၊ ဗုဒ္ဓဟူး၊ တနင်းလာ တွေဟာ အရေးကြီးတဲ့ အံသာတွေရှိနေတာ ဂရုစိုက် ပါ။
(ည)
၁၁တန့် သခင်ဂြိုဟ်(သို့မဟုတ်) ဓနကာရ ကဂြိုဟ် ကြာသပတေးဆိုးပြီး ၂တန့်သခင်ဂြိုဟ် ဗုဒ္ဓဟူးဆိုးတဲ့အတွက်
ငွေကြေးဥစ္စာကြောင့် ရက်စက် သတ်ဖြတ်ရဲတာ ဖြစ်ပါတယ်။
ဒီဇာတာရှင်ဟာ ၂၄-၁၂-၁၉၀၆ ရက်မှာ မွေးပါတယ်။
သူ့ဇနီးကိုလဲ သတ်ပစ်တယ်။ သူ့ကိုယ် သူလဲ သေနတ်နဲ့ ပစ်သတ်သွားတဲ့ ပုဂ္ဂိုဟ်ရဲ့ ဇာတာ ပါ။
(က)
ဗုဒ္ဓဟူးနဲ့ စနေဟာ အရေးကြီးတဲ့ အံသာတွေ မှာ ရှိနေပါတယ်။
(ခ)
၃တန့်ဘာဝကို တနင်းလဂြိုဟ်က ၇တန့် အမြင်နဲ့ လှမ်းမြင်တဲ့အတွက် စိတ်မတည်ငြိမ်မှု၊ အကျိုးမဲ့ဝိရီယစိုက်ထုတ်မှုကို
ဖြစ်စေပါတယ်။
(ဂ)
၅တန့်မှာရှိတဲ့ ဗုဒ္ဓဟူးကို စနေက ၁၀တန့်အမြင်နဲ့ မြင်ထားပါတယ်။
(ဃ)
ရာဟုနဲ့ လဂ်သွားပူးမိလို့ အားပျက်သွားတယ်။
(င)
၇တန့်သခင်ဟာ(ဂ)တန့်မှာရှိပြီး ၇တန့်ကို အင်္ဂါက ၄တန့်အမြင်နဲ့ မြင်ထားပါတယ်။
(စ)
ကြာသပတေးက အင်္ဂါကို ၅တန့်အမြင်နဲ့ မြင်ထားတာဟာသာမန် ကောင်းပေမယ့် ၁၂တန့်မှာ သာရှိနေတဲ့အတွက်အား
ပျက်သွားပါတယ်။
(ဆ)
၅တန့်မှာရှိတဲ့ ဗုဒ္ဓဟူးနဲ့ သောကြာတို့က ဒီအမှုဖြစ်အောင် အားပေးတာ ဖြစ်ပါတယ်။
ဒီဇာတာရှင်ဟာ မိန်းမဖြစ်ပြီး သူ့ယောက်ျား
ကို အဆိပ်ခတ်သတ်သူဖြစ်ပါတယ်။ ၁၉၀၄ ခု၊ ဇန်န၀ါရီမှာ အပြစ်မရှိဆိုပြီး အမှုက တရားသေလွတ်
လိုက်ပါတယ်။
(က)
၇တန့်သခင်(၈)တန့်သခင်တို့ဟာ ၂တန့်မှာ လာပြီး ၀ဂ္ဂသွားနေတဲ့ အင်္ဂါကမြင်ထားပါတယ်။
(ခ)
၃တန့်သခင် သောကြာဟာ ၁၂တန့်မှာ ရပ်ပြီး ဘယ်ဂြိုဟ်ရဲ့အမြင်မှ မခံရပါ။
(ဂ)
၅တန့်မှာ ၁၂တန့် သခင်ရှိပါတယ်။
(ဃ)
၈တန့်မှာ အင်္ဂါရှိတဲ့အတွက်ကြောင့် သူ့ ယောက်ျားကို လုပ်ရက်တာ ဖြစ်ပါတယ်။
(င)
လဂ်နဲ့စန်းအားရှိလို့ အမှုမှ အပြစ်ပေးခြင်း မခံရ ပါ။ ဒါဟာ ထူးခြားချက်ပါ။
ဒီဇာတာရှင်ကတော့ ၁၆ရာစုကနာမယ် ကျော်ဒါးပြကြီးဖြစ်ပါတယ်။
ရက်စက်မှုအဖုံဖုံနဲ့ ဆိုးခိုး တိုက်ခိုက်ရာက ၁၅၇၅ခုမှာ ဈေးလယ်ခေါင်မှာ ကြိုးပေးခံရပြီး
ဒါးနဲ့ထပ်ပြီး အခုတ်ခံရသူဖြစ်ပါတယ်။ သူဟာဆိုယင် ၁၉-၁-၁၅၂၁ ရက်မှာ မွေးခဲ့ပါတယ်။ အသက်ခံရတာတောင်မှ
နှစ်ထပ်ကွမ်းအသတ်ခံ ခဲ့ရ သူပါ။
(က)
လဂ်သခင်ဟာ ၅တန့်မှာ အရေးကြီးတဲ့အံသာ ထဲရောက်နေပါတယ်။
(ခ)
လဂ်သခင်ဟာ ၉တန့် ၁၂တန့်သခင်ဖြစ်တဲ့ ဗုဒ္ဓဟူးနဲ့ ပူးနေတာကို နိစ်ဖြစ်နေတဲ့အင်္ဂါက ၈တန့်
အမြင်နဲ့ မြင်နေပါတယ်။
(ဂ)
တနင်္ဂနွေနဲ့စနေကို အင်္ဂါက ၇တန့် အမြင်နဲ့ မြင်ထားပါတယ်။
(ဃ)
တနင်းလာ-ဗုဒ္ဓဟူး-သောကြာဂြိုဟ်တေါကို ရာဟုနက္ခတ်က စီးထားပါတယ်။
(င)
၃တန့်သခင် ကြာသပတေးဟာ အင်္ဂါအိမ်ဗြိစ္ဆာ ရာသီမှာ ရှိနေပါတယ်။
(စ)
လဂ်ကိုအင်္ဂါက ၄တန့်အမြင်နဲ့ စနေက ၁၀တန့် အမြင်နဲ့ ထူးခြားစွာ မြင်ထားပါတယ်။
ဥပမာဇာတာအဖြစ်တင်ပြဖို့မလိုတဲ့ရာဇ၀တ်မှု ကျူးလွန်သူတစ်ယောက်ရဲ့
ဇာတာမှာဆိုယင် မိဿလဂ်ဖြစ်ပြီး သတ်ရဲသေရဲတဲ့ မိန်းမပါပဲ။ ကိုယ့်ကလေး ၃ယောက်ကိုသတ်ပြီး
ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့သူဖြစ်ပါတယ်။ ဒီအမျိုးသမီးဟာ ၉-၃-၁၈၉၄ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။
(က)
လဂ်နဲ့အင်္ဂါကို ၀ဂ္ဂသွားနေတဲ့ ဥစ်အိမ်မှာ ရှိတဲ့ စနေက ၃တန့်အမြင်နဲ့ မြင်ထားပါတယ်။
(ခ)
အင်္ဂါဟာ ၄တန့်အမြင်နဲ့ ၇တန့်၊ ၈တန့်၊ ၁၁တန့် သခင်တွေကို လှမ်းမြင်ထားပါတယ်။
(ဂ)
၉တန့်သခင်ဟာ ၃တန့်မှာ ရှိနေပါတယ်။
(ဃ)
၂တန့် ၃တန့် ၁၁တန့် ၆တန့်သခင် ပရိဝတ္တနဖြစ်နေပါတယ်။
(င)
ကြာသပတေးဟာ ၆တန့်ကနေ လဂ်ရဲ့ ၂တန့် ကို ၉တန့်အမြင်နဲ့ လှမ်းမြင်ထားပါတယ်။
(စ)
တနင်းလာဟာ စနေနက္ခတ်ကို စီးထားပါတယ်။
(ဆ)
စနေဟာ အင်္ဂါနက္ခတ်ကို စီးထားပါတယ်။
(ဇ)
၂တန့်မှာ ၆ကြာရှိတာ မကောင်းပါ။
ကဲ-ဇာတာ ၁၁ခု လေ့လာပြီးကြပြီ၊ ရှေ့ပိုင်းမှာ
ဂယ်ပေါက်အဖြစ်သဘောတရားလေးတွေ ရှင်းပြထားပြီးပါပြီ။ ဒီဇာတာ ၁၁ခု ကို ဝေဖန်သုံးသပ် ခြင်းအားဖြင့်
သဘောတရား မှန်ကန်ချက်တွေ ပေါ်ပေါက်လာပါလိမ့်မယ်။
လက်တွေ့ဟာ စာတွေ့ကို ပြောင်းလဲ စေတတ်တဲ့နိယာမ
သဘောတရားအရ အောက်ပါ မှန်ကန်ချက်သီအိုရီတွေကို ထုတ်ထားနိုင်ပါတယ်။
(က)
ပြိဿရာသီရဲ့ (၁)အံသာမှာ ရာဟု(သို့) အင်္ဂါရှိခဲ့ယင်
ပြိဿရာသီရဲ့
၂၆အံသာမှာ လဂ်(သို့) ကြာသပ တေးရှိခဲ့ယင်
ပြိဿရာသီရဲ့
၁၈ အံသာမှာ ကိတ်ရှိခဲ့ယင် -
(၂)
ကြကဋ်ရာသီရဲ့ ၈အံသာမှာ ကိတ်ရှိခဲ့ယင်
(၃)
သိဟ်ရာသီရဲ့၁၊ ၄၊ ၁၉ အံသာတေါမှာ စနေ (သို့)ဗုဒ္ဓဟူး သို့မဟုတ် တနင်းလာ တစ်လုံးလုံး ရှိခဲ့ယင်
(၄)
ကန့်ရာသီရဲ့ ၁၃၊ ၂၄ အံသာမှာ ကြာသပတေး သို့မဟုတ် ကိတ်ရှိခဲ့ယင်
(၅)
တူရာသီရဲ့ ၄အံသာမှာ ကြာသပတေးရှိခဲ့ယင်
(၆)
ဗြိစ္ဆာရာသီရဲ့ ၁အံသာမှာ ကိတ် ရှိခဲ့ယင်
(၇)
ဓနုရာသီရဲ့ ၂၄ အံသာမှာ တနင်းလာ ရှိခဲ့ယင်
(၈)
ကုံရာသီရဲ့ ၁၉ အံသာမှာ တနင်းလာ သို့မဟုတ် ကြာသပတေးရှိခဲ့ယင်
ကုံရာသီရဲ့
၁၈ အံသာမှာ ၆ကြာရှိခဲ့ယင်
ကုံရာသီရဲက
၁အံသာမှာ ဗုဒ္ဓဟူး ရှိခဲ့ယင်
(၉)
မိန်ရာသီရဲ့ ၂၄ အံသာမှာ စနေ သို့မဟုတ် သောကြာ သို့မဟုတ် ရာဟုရှိခဲ့ယင်
ရာဇ၀တ်မှုကို ပြုလုပ်တတ်ပါတယ်။ ရာဇ ၀တ်မှုကို
ကျူးလွန်ရန် ၀န်မလေးတဲ့ အံသာတွေ တော့ သိထားပါ
အရေးကြီးတဲ့ ဂြိုဟ်တွေအနေအရ
၁။
စနေဟာ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးကိုလည်းကောင်း၊ လဂ်နဲ့ ရာဟုကိုလည်းကောင်း၊ ဗုဒ္ဓဟူးကို လည်း
ကောင်း၊ လဂ်နဲ့ရာဟုကိုလည်းကောင်း၊ ဗုဒ္ဓဟူးကို လည်းကောင်း၊ လဂ်နဲ့ အင်္ဂါကိုလည်းကောင်း
တနင်း လာနဲ့ ရာဟုကိုလည်းကောင်း၊ ရာဟုကိုလည်း ကောင်း ၀ိသေသအမျိုးမျိုးနဲ့ မြင်ခဲ့ယင်
ရာဇ၀တ်မှု ကျူးလွန်ဖို့ သေချာတယ်လို့ ဆိုနိုင်ပါတယ်။
၂။
အင်္ဂါဂြိုဟ်ဟာ တနင်းလာကိုလည်းကောင်း၊ တနင်္ဂနွေ၊ ကြာသပတေး၊ စနေကိုလည်းကောင်း၊ စနေတစ်လုံးတည်းကိုလည်းကောင်း၊
ဗုဒ္ဓဟူး၊ တနင်း လာကိုလည်းကောင်း၊ တနင်္ဂနွေတလုံးတည်းကို လည်းကောင်း၊ လဂ်ကိုလည်းကောင်း၊
ဗုဒ္ဓဟူး သောကြာကိုလည်းကောင်း မြင်ခဲ့ယင်လဲ ရာဇ၀တ်မှု ကျူးလွန်နိုင်တယ်လို့ ဆိုတာ သတိထားပါ။
၃။
ဗြိစ္ဆာရာသီကို အမြင်များယင်လဲ ရာဇ၀တ်မှု ကျူးလွန်နိုင်ပါတယ်။
၎။
တနင်းလာ၊ ကြာသပတေး ဆက်သွယ်မှုကို တနင်္ဂနွေ၊ ဗုဒ္ဓဟူးတို့ကို မြင်ထားယင်
၅။
၃တန့်သခင်ကို စနေမြင်ယင်
၆။
၃တန့်ကို တနင်းလာမြင်ယင်
၇။
၃တန့်သခင် ၁၂တန့်မှာနေယင်
၈။
၃တန့်သခင် ၁နွေဟာ ဗုဒ္ဓဟူး၊ ရာဟုနဲ့ ပူးပြီး ဆက်သွယ်မှုရှိယင်
၉။
၃တန့်သခင်ဟာ လဂ်နဲ့ ၃တန့်သောကြာတို့ကို မြင်ယင်
၁၀။
၉တန့်သခင်ဟာ လဂ်နဲ့ ၃တန့်သောကြာ တို့ကို မြင်ယင်
၁၁။
၈တန့်မှာ အင်္ဂါရှိပြီး ၃တန့်ကို တနင်းလာ မြင်ယင်
၁၂။
လဂ်နဲ့အင်္ဂါ သို့မဟုတ် စနေ သို့မဟုတ် ရာဟု တစ်ခုခုပူးခဲ့ယင်
၁၃။
၃တန့်သခင်ဟာ ၁၂တန့် သို့မဟုတ် ၈တန့်မှာ နေယင်
၁၄။
တနင်းလာဟာ ၈တန့်မှာနေယင်
၁၅။
စနေနဲ့အင်္ဂါ ဆက်သွယ်မှု ရှိခဲ့ယင်
၁၆။
ကြာသပတေးဟာ ဗြိစ္ဆာရာသီမှာရှိခဲ့ယင်
ရာဇ၀တ်မှု ကျူးလွန်တတ်ပါတယ်။ ဒီအချက် တွေဟာ
ကျမ်းတွေနဲ့ လက်တွေ့ပိုင်းနဲ့ ဆက်စပ် ထားတာဖြစ်ပါတယ်။ လက်တွေကပြောကြည့်တဲ့ အခါမှာ ရာဇ၀တ်မှု
ကျူးလွန်မိခြင်း ကံဇာတာ အကြောင်းကို လေ့လာမိပါလိမ့်မယ်။
0 comments