စီးပွားရေးဆိုတာ ဘယ်တော့မှ နောက်မကျပါဘူး။ အမြဲတမ်းစောနေတာပါပဲ။ ကျွန်တော်တို့ မြန်မာလူမျိုးဟာ ကြိုးစားတတ်ပြီး အမြင်ကျယ်တဲ့ လူမျိုးဖြစ်ပါတယ်။
ဒီစာအုပ်မှာ ကဏ္ဍနှစ်ခုပါပါတယ်။
ပထမကဏ္ဍက ဆရာကြီးဘူတာနေရဲ့ စီးပွား ရေးဗေဒင်ကျမ်းကို ဘာသာပြန်ထားပါတယ်။ နောက်တစ်ခန်းကတော့ ကျွန်တော်တို့ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ စီးပွားရေးဗေဒင် (ကုန်အပေါအရှား) တွက်တဲ့ နည်းမျိုးစုံကို တင်ပြထားပါတယ်။
နက္ခဗေဒင်ပညာကို လိုက်မမီတဲ့ ပုဂ္ဂိုလ်တွေ အတွက် ရှေးဟောင်း မြန်မာ့ဗေဒင်ကျမ်းပေါင်း (၂၀) ကျော်ကို အခြေခံပြီး ပြုစုထားတာဖြစ်ပါတယ်။
အရှေ့တိုင်းဗေဒင်မှာရော၊ အနောက်တိုင်း ဗေဒင်မှာပါစီးပွားရေး၊ ဗေဒင်တွက်နည်းရှိသလို ကျွန်တော်တို့မြန်မာဗေဒင်မှာလည်း စီးပွားရေးဗေဒင် တွက်နည်းတွေရှိတယ်ဆိုတာ ဂုဏ်ယူချင်လို့ တင်ပြ ရတာဖြစ်ပါတယ်။
ဒီစာုပ်က ကျွန်တော်တို့ မြန်မာပြည်မှာ ပုံနှိပ် စာအုပ်အဖြစ်တစ်ခါမှ မထွက်ဖူးသေးတဲ့ စာအုပ်ပါ။ ကုန်ဈေးနှုန်းအတက်အကျ၊ အရောင်းအ၀ယ်ကောင်း ခြင်း၊ မကောင်းခြင်းတွေဟာ နက္ခဗေဒင်ပညာရပ်က ဘယ်လိုများ ဖန်တီးပေးနိုင်သလဲဆိုတာ သိနိုင်ဖို့ ပြုစုထားတဲ့စာအုပ်ဖြစ်ပါတယ်။
စီးပွားရေးဗေဒင်စာအုပ်တွင် အောက်ပါအကြောင်း အရာများကို ပါဝင်ပါတယ်။
ပထမကဏ္ဍ
အပိုင်း (က)
အရှေ့တိုင်း ကုန်ဈေးနှုန်း အတက်အကျ တွက်ချက် နည်းများ
အပိုင်း(ခ)
ကုန်ဈေးနှုန်းအတက်အကျကို တိကျစွာ ဆုံးဖြတ်နိုင်တဲ့ နည်းများ
ဒုတိယပိုင်းကဏ္ဍ
၁။ ကံဆိုးခြင်းကံကောင်းခြင်းကိစ္စများ
၂။ လူတစ်ယောက်ကံဆိုးကံကောင်း
၃။ ဘယ်ကုန်ကိုရောင်းမှာလဲ
၎။ ဘယ်တော့ရောင်းမှာလဲ
၅။ ကုန်နံဘယ်လိုရွေး
၆။ ကုန်အပေါအရှာတွက်ပုံ (တစ်နှစ်အတွင်း)
၇။ လပိုင်းရက်ပိုင်း ကုန်အပေါအရှားတွက်နည်း
၈။ ၁၀-ရက်အတွင်းကုန်အပေါအရှားတွက်နည်း
၉။ ဘယ်အချိန်မှာ ဈေးရောင်းလို့ကောင်းမလဲ
၁၀။ ရောင်းမယ့်ပစ္စည်းက ကိုယ်နဲ့ကိုက်မကိုက်
၁၁။ ဈေးရောင်းကောင်းစေတဲ့ ယတြာ
၁၂။ ဈေးရောင်းကောင်းစေတဲ့ဗုဒ္ဓဂါထာတော်
ထုတ်ဝေကာလ = ၁၉၉၆
1 Response to စီးပွားရေးဗေဒင်
စာအုပ်တွေရဲ့လင့်တွေတင်ပေးလို့ရမလားဗေဒင်ဘာဖြစဖြစ်ဝါသနာပါလို့တစ်ဖတ်တစ်လမ်းကကူညီပါ
Add Your Comment