သိပ်အံ့သြစရာကောင်းတာက နက္ခတ်ဗေဒင်ပညာနဲ့ တော်တော်ခက်ခက်ခဲခဲစစ်စစ်ပေါက်ပေါက် ရှာဖွေရတဲ့ အဖြေတစ်ချို့ဟာ ဆန်းကျမ်းဗေဒင်စည်းကမ်းအရ သိပ်ပြီးလွယ်လွယ်ကူကူရှာဖွေလို့ ရတာတွေ့ရပါမယ်။
သမားဂုဏ်ပြမေးခွန်းတွေကို ဖြေတဲ့နေရာမှာတော့မှားတာမှန်တာအပထား၊ ချစ်စရာကောင်းပြီး စိတ်ဝင်စားစရာကျောင်းတာအမှန်ပါ။
ကျွန်တော့်အနေနဲ့ ဒီစာအုပ်ကို ပြုစုတော့မယ်လို့ ဆုံးဖြတ်ပြီး၊ ထင်ရှားတဲ့ ဆန်းကျမ်းဗေဒင်ပညာရှင်ပေါင်းများစွာနဲ့ ပညာနှီးနှောဖလှယ်တာတို့ ကိုယ်တိုင်ကိုယ်ကျသင်တာတို့ လုပ်ခဲ့ရပါတယ်။ ဒီဘက်ခေတ်မှာ ဆန်းကျမ်းဗေဒင်စာအုပ်က သိပ်ရှားပါတယ်။ စာအုပ်တွေထက် လူပုဂ္ဂိုလ်တွေဆီက မေးမြန်းလေ့လာ သုတေသနပြုပြီးမှ ရေးထားတာပါ။
ဒါ့ကြောင့် ဒီစာအုပ်ကို ကျွန်တော်ရေးတယ် ဆိုတာထက် ပညာရှင်တွေ စုပေါင်းရေးတယ်လို့ မှတ်ယူကြပါ။
ဒီစာအုပ်ဟာ လမ်းဖွင့်ပေးတဲ့ စာအုပ်၊တံခါးဖွင့်ပေးတဲ့ စာအုပ်ပါ။ ပန်းတိုင်မဟုတ်သေးပါ။
မူကတော့ အားလုံးရဲ့ မူပါဘဲ။ စနစ်အားလုံး၊ မူအားလုံးထဲက စာဖတ်သူအတွက်အကျိုးရှိမယ့် ကောင်းနိုးရာရာတွေကို စုစည်းတင်ပြထားပါတယ်။
မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်ပညာတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါတယ်။
(၁) အခြေခံဆန်းကျမ်း
(၂) ဂြိုဟ်ကြီးရှစ်လုံးအဖွင့်
(၃) ဆန်းဒသာ
(၄) ဆန်းကျမ်းဗေဒင်နားသို့ ချဉ်းကပ်ခြင်း
(၅) သက်ရှိသက်မဲ့
(၆) ဆန်းပရိယာယ်များ
(၇) ဆန်းကျမ်းဗေဒင် စတင်ဟောပြောခြင်း
(၈) တိုင်ခြောက်ပါး၏ အခြေခံသဘောတရားများ
(၉) အဟောပရိယာယ်
(၁၀) ကပ်ဂြိုဟ်များ
(၁၁) တိုင်အဟော
(၁၂) ဟောရင်သတိပြု
(၁၃) ဆန်းနိမိတ်
(၁၄) ဆန်းစကား
(၁၅) ဆန်းအနှစ်
(၁၆) မွေးသက္ကရာဇ် မသိသူကိုဟောနည်း
(၁၇) နံပါတ်ဟောမှုများ
(၁၈) အဆောင်ပေးပုံ
(၁၉) ထူးခြားသောဟောကွက်
(၂၀) တွေးမှပေါ်မယ့် ဆန်းပညာ
(၂၁) ယတြာ
(၂၂) နာမက္ခရဆန်း
(၂၃) အခြေခံအင်္ဂါ (၁၀)ပါး
(၂၄) နာမက္ခရတိုင်စဉ် (၇)တိုင်
(၂၅) မဆုံးသေးသောနိဂုံး
ထုတ်ဝေသောကာလ (၁၉၈၈) ခု သြဂုတ်လ
No Response to "မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်ပညာ"
Add Your Comment