ဘယ်သူတွေ ဘာပြောပြော
ကိုယ့်အခြေအနေ ဘယ်လိုပဲဖြစ်နေနေ လူတိုင်းလိုလို
ကိုယ်ပိုင်ကားစီးလိုကြသည်။ အထူးသဖြင့်ကား ကျပ်ကျပ်စီးရသည့်အခါတိုင်း၊ ကားစောင့်ရသည့်အခါ
တိုင်း၊ လိုင်းကားစီးရသည့်ဒုက္ခ ခဏခဏတွေ့တိုင်း ကိုယ်ပိုင်ကားစီးရနိုင်ဖို့ တောင့်တကြသည်။ ယုတ်စွ
အဆုံး သမုတိနယ် တွင် ကားမရှိသည့်ဒုက္ခ ရှိသလို
ကားရှိလျှင်လည်း ကားရှိသည့်ဒုက္ခတွေ့ရသည့်အတူ ကိုယ်ပိုင်ကားစီးပြီး ကိုယ်ပိုင်ကား စီးရသည့်ဒုက္ခကိုပဲ ရယူချင်ကြသည်။
မည်သို့ဆိုစေ-
နက္ခတ်ဗေဒင်ကျမ်းအစောင်စောင်က ညွှန်သောအချက်များအရ ကိုယ်ပိုင်ကား(ကိုယ်ပိုင်ယာဉ်)ပိုင်ဆိုင် နိုင်သူများ၏ ဂြိုဟ်နေဂြိုဟ်ထားကို ဟိုကျမ်းကြား၊
ဒီကျမ်းကြား၊ ဟိုနေရာဒီနေရာ ၌တွေ့ရ၊ လေ့လာရ
မှတ်သားရဖူးပါသည်။ ထိုသို့ ဟိုတစ်ဒီတစ်ဖြစ်နေသော
ကိုယ်ပိုင်ကားစီးနိုင် သည့်ယုဂ်များကို စုစည်းလိုက်သောအခါ
ဝေဒင်္ဂအတွက်ဆောင်းပါးတပုဒ်ရလာသည်။ထိုဆောင်းပါးကိုဝေဒင်္ဂ၏ ဗီဒိုထဲတွင် သော့ပိတ်၍မထားလို။
ဝေဒင်္ဂ နည်းတူ ကိုယ်ပိုင်ကားစီးလိုသူတိုင်းအတွက် မျှဝေချင်သည်။ သို့ကြောင့်လည်း …….။ သင်သည် ကိုယ်ပိုင်ကားစီးလိုပါက
(သို့မဟုတ်) ကိုယ်ပိုင်ကားစီးနိုင်သည့် ကံပါမပါ သိလိုပါက နက္ခတ်ဗေဒင်နှင့် ဆိုင်သော
ဤအခြေခံအချက် ကလေး တစ်ချက်နှစ်ချက်ကိုတော့ သိထားဖို့ လိုပါ သည်။ထိုအချက်မှာ- ၁။ ဇာတာတွင်
မိဿ၊ ပြိဿ၊ မေထုန်၊ ကရကဋ်၊ သိဟ်၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုံ၊ မိန် စသောရာသီ၁၂ပါးရှိပြီး-
၂။ ထို၁၂ပါးကိုဂြိုဟ်(၇)လုံးကဤသို့ပိုင်ဆိုင်ပါသည်။
(၁) တနင်္ဂနွေဂြိုဟ်ပိုင်သောရာသီ= သိဟ် (၂) တနင်္လာ ဂြိုဟ်ပိုင်သောရာသီ = ကရကဋ် (၃) အင်္ဂါ ဂြိုဟ်ပိုင်သောရာသီ
= မိဿ၊ ဗြိစ္ဆာ (၄) ဗုဒ္ဓဟူး ဂြိုဟ်ပိုင်သောရာ = မေထုန်၊ကန် (၅) ကြာသပတေး = ဓနု၊ မိန် (၆) သောကြာ = ပြိဿ၊
တူ (၇) စနေ = မကာရ၊ ကုံ ရာသီကို ပိုင်သောဂြိုဟ်ကို ရာသီသခင်ဂြိုဟ်ဟု
ခေါ်သည်။ဥပမာ - မေထုန်ရာသီ၏ရာသီသခင်ဂြိုဟ်သည် = ဗုဒ္ဓဟူးဂြိုဟ်
၃။ဇာတာတွင်
ရာသီ၁၂ပါးတည်ပုံမှာ အထက်ပါ အတိုင်းဖြစ်ပါသည်။ ၄။ ဇာတာတွင်
ကြည့်ပါက ရာသီခွင်တစ်ခုတွင် လ ဟုရေးထားသည်ကို
တွေ့ရပါမည်။ ၄င်းမှာ လဂ်ဖြစ် ပြီး မိဿတွင်ရှိပါက မိဿလဂ်ဖွား ဟု ဇာတာရှင်ကို သတ်မှတ်လေ့ရှိပါသည်။ ရာသီကို ပိုင်သည့်ဂြိုဟ်ကို လဂ်လည်း၁၂မျိုးရှိပါသည်။ ၅။ လဂ်ရှိသော
ရာသီကို ပိုင်သည့်ဂြိုဟ်ကို လဂ် လခင်ဂြိုဟ်ဟုခေါ်သည်။ ဥပမာ-ကန်တွင် လဂ်ရှိပါက
ကန်ကိုပိုင်သော ဗုဒ္ဓဟူးဂြိုဟ်သည်လဂ်သခင်ဂြိုဟ်ဖြစ်သည်။ ၆။ ဇာတာတွင် လဂ်ရှိသောရာသီမှစ၍၁တန့်၊၂တန့် ၃တန့်၊ စသည်ဖြင့် နာရီလက်တံပြောင်းပြန်ပတ် သည့်တိုင်း
ရေတွက်ပါ။ ၂တန့်ကို ၂တန့်ဘာဝဟု လည်းကောင်းစသည်ဖြင့်ခေါ်ပါသည်။ ၇။ ၂တန့်ဘာဝဖြစ်သော ရာသီအားပိုင်ဆိုင်သည့်
ဂြိုဟ်ကို ၂တန့်ဘာဝသခင်ဂြိုဟ်ဟုခေါ်သည်။ ဥပမာ-မိန်ရာသီတွင်လဂ်ရှိပါက ၂တန့်ဘာဝသည်
မိဿရာသီဖြစ်သည်။ မိဿရာသီကို အင်္ဂါဂြိုဟ်က ပိုင်ဆိုင်သောကြောင့် ၂တန့်ဘာဝသခင်ဂြိုဟ်သည် အင်္ဂါဂြိုဟ်ဖြစ်သည်။
သုဘယုဂ်
ဂြိုဟ်တစ်လုံးလုံးသည်
သောမရာသီများဖြစ်သော ပြိဿမေထုန်၊ ကရကဋ်၊ ကန်၊ တူ၊ ဓနု၊ မိန်တို့တွင် ရပ်တည်လျှင်ဖြစ်စေ၊
သောမဂြိုဟ်များဖြစ်သည့် ၂င်္လာ၊၉ဟူး၊၅တေး၊၆ကြာတို့အကြားတွင်ရှိသည်ဖြစ်စေ၊ထိုသောမဂြိုဟ်များနှင့်မြင်ခြင်း၊ယှဉ်ခြင်းရှိလျှင်ဖြစ်စေ၊ထိုဂြိုဟ်သည်သုဘယုဂ်ဖြင့်ရပ်တည်သည်ဟုဆိုသည်။
ကိန်းအိမ်
ကိန်းအိမ်လဂ်မှ၎တန့်၊
၇တန့်၊ ၁၀တန့် ဖြစ်သောရာသီအိမ်
တြိကောဏအိမ်
တြိကောဏအိမ်လဂ်မှ၅တန့်၊၉တန့်ဖြစ်သောရာသီခွင်။
ကိုယ်ပိုင်ကားစီးရမည့်သူတို့၏ ဇာတာမှဂြိုဟ်ရပ်
တည်မှုများ၁။ လဂ်သခင်ဂြိုဟ်သည် အားအပြည့်နှင့် ၄တန်ဘာဝ တွင်ရပ်တည်ပြီးသုဘယုဂ်ရထားခြင်း။
၂။ ၄တန့်ဘာဝသခင်ဂြိုဟ်သည် လဂ်တွင်ရပ်တည် ပြီးသုဘယုဂ်ရထားခြင်း။ ၃။ ၄တန့်ဘာဝသခင်ဂြိုဟ်သည်
၁၁တန့်တွင်ရပ် တည်ခြင်း၊ ၄။ ၇တန့်ဘာဝသခင်ဂြိုဟ်သည်
၎တန့်ဘာဝတွင် ရပ်တည်ခြင်း။
၅။ လဂ်သခင်ဂြိုဟ်သည် ၄တန့်ဘာဝတွင် ၄တန့် ဘာဝသခင်ဂြိုဟ်နှင့်အတူရပ်တည်ခြင်း။ ၆။ ၃တန့်ဘာဝသခင်ဂြိုဟ်သည်
၎တန့်ဘာဝသခင် ဂြိုဟ်နှင့်အတူရပ်တည်ခြင်း။ ၇။ လဂ်ဘာဝတွင်
သောကြာဂြိုဟ်ရပ်တည်ပြီး ထိုသောကြာဂြိုဟ်သည်၎တန့်ဘာဝသခင်ဂြိုဟ်ဖြစ်နေခြင်း။
၈။၎တန့်ဘာဝသခင်ဂြိုဟ်သည်၎တန့်ဘာဝ၌ပင့်လျှောက်ရပ်တည်နေခြင်း။ ၉။ ၄တန့်ဘာဝသခင်ဂြိုဟ်သည်
၆တန့်ဘာဝသခင် ဂြိုဟ်နှင့်အတူရပ်တည်နေခြင်း။ ၁၀။ ၄တန့်ဘာဝသခင်ဂြိုဟ်သည်
၉တန့်ဘာဝ သခင် ဂြိုဟ်နှင့်အတူ ရပ်တည်ရာတွင် ထို၉တန့် ဘာဝသခင်ဂြိုဟ်သည် သောကြာဂြိုဟ်ဖြစ်နေခြင်း။ ၁၁။၎တန့်ဘာဝသခင်ဂြိုဟ်သည် ၁၀တန့်ဘာဝတွင်
၁၀တန့်ဘာဝသခင်ဂြိုဟ်နှင့် အတူ ရပ်တည်နေခြင်း။ မှတ်ချက်။(ဤသို့သောဂြိုဟ်များရပ်တည်မှု၌
ဇာတာရှင်သည် ကိုယ်ပိုင်ကားဝယ်၍မစီးနိုင်သည့် တိုင်ဇာတာရှင်၏ရာထူးနှင့် တာဝန်ဝတ္တရားအရ သက်ဆိုင်ရာဌာနကသုံးစွဲခွင့်ပြုထားသောကားကို ရရှိနိုင်ပါသည်။။)
၁၂။ ၄တန့်ဘာဝသခင်ဂြိုဟ်သည် ကိန်းအိမ်၊ တြိ ကောဏအိမ်တို့တွင်ရပ်တည်ခြင်း။ (လဂ်မှ ၄တန့်ဘာဝ၊ ၅တန့်ဘာဝ၊ ၇တန့်ဘ၀၊
၉တန့်ဘာဝ၊ ၁၀တန့်ဘာဝစသော ဘာဝတစ်ခုခု တွင်ရပ်တည်ခြင်းကိုဆိုလိုသည်။) ၁၃။ ၅တန့်ဘာဝသခင်ဂြိုဟ်သည်
လဂ်သခင်ဂြိုဟ် နှင့်အတူရပ်တည်နေခြင်း။ ၁၄။ ၅တန့်ဘာဝသခင်ဂြိုဟ်သည်
၎တန့်ဘာဝတွင် ၄တန့်ဘာဝသခင်ဂြိုဟ်နှင့်အတူ ရပ်တည်နေခြင်း။ ၁၅။ ၅တန့်ဘာဝသခင်ဂြိုဟ်သည်
၉တန့်ဘာဝ သခင်ဂြိုဟ်နှင့်အတူရပ်တည်ခြင်း။ဤရပ်တည်မှုမျိုးအတွက်လည်း အမှတ်စဉ်(၁၁)ရှိ မှတ်ချက်ပဲကဲ့သို့ယူဆပါ။ ၁၇။ ၆တန့်ဘာဝသခင်ဂြိုဟ်သည်
၆တန့်ဘာဝတွင် ၂င်္လာ၊ ၄ဟူး၊ ၅တေး၊ ၆ကြာစသည့်
သောမဂြိုဟ်များ နှင့်အတူယှဉ်၍ရပ်တည်ခြင်း။
၁၈။ ၇တန့်ဘာဝသခင်ဂြိုဟ်သည် ၉တန့်ဘာဝတွင် ၂င်္လာ၊ ၄ဟူး၊ ၅တေး၊ ၆ကြာစသည်သောမဂြိုဟ်များ နှင့်အတူယှဉ်၍ရပ်တည်ခြင်း။ ၁၉။ ၈တန့်ဘာဝသခင်ဂြိုဟ်သည်
၈တန့်ဘာဝတွင် ၂င်္လာ၊ ၄ဟူး၊ ၅တေး၊
၆ကြာစသည့် သောမဂြိုဟ်များ နှင့်အတူရပ်ပါက
လုပ်ငန်းသဘောအရ၊ သက်ဆိုင်ရာ ကထုတ်ပေးသောကားကိုစီးနိုင်ပါသည်။ ၂၀။ ၉တန့်ဘာဝသခင်ဂြိုဟ်သည်
လဂ်ဘာဝတွင် လဂ်သခင်ဂြိုဟ်နှင့် သောမဂြိုဟ်များ အတူရပ်တည် ခြင်း။
၂၁။ ၉တန့်ဘာဝသခင်ဂြိုဟ်သည် ၂တန့်ဘာဝတွင် ၂တန့်ဘာဝသခင်ဂြိုဟ်နှင့် အတူရပ်တည်ခြင်း။ ၂၂။ ၉တန့်ဘာဝသခင်ဂြိုဟ် ၄တန့်ဘာဝတွင်
၎တန် သခင်ဂြိုဟ် ( ထိုနှစ်လုံးအနက်တစ်လုံးသည်
၆ ကြာ ဂြိုဟ်ဖြစ်ရမည်)နှင့်အတူရပ်တည်ခြင်း။ ၂၃။ ၉တန့်ဘာဝသခင်ဂြိုဟ်သည်
၅တန့်တွင်၅တန့် ဘာဝသခင်ဂြိုဟ်နှင့်အတူရပ်တည်ခြင်း။ ၂၄။ ၉တန့်ဘာဝသခင်ဂြိုဟ်သည် ၆တန့်ဘာဝတွင် ၆တန့်ဘာဝသခင်ဂြိုဟ်နှင့်အတူရပ်တည်ခြင်း။ (ထိုရပ်တည်မှု၌ကြာသပတေးဂြိုဟ်အားကောင်းမည်။) ၂၅။ ၉တန့်ဘာဝသခင်ဂြိုဟ် ၇တန့်ဘာဝသခင်ဂြိုဟ် နှင့်အတူသောမဂြိုဟ်များ (၂င်္လာ၊ ၄ဟူး၊ ၅တေး၊ ၆ကြာ)တို့နှင့်ပူးယှဉ်ရပ်တည်ခြင်း၊ဤရပ်တည်မှုမျိုး၌
ဇာတာရှင်သည်ချမ်းသာကြွယ်ဝသောဆွေစဉ်မျိုးဆက်မှ ပေါက်ဖွားလာသူဖြစ်၍ သူမွေးစဉ်ကပင် ကိုယ်ပိုင်ကားများရှိနေလိမ့်မည်။
၂၆။
၁၀ တန့်ဘာဝသခင်ဂြိုဟ်သည် လဂ်အိမ်တွင် လဂ်သခင်ဂြိုဟ်နှင့်အတူရပ်တည်ခြင်း။
၂၇။ ၁၀တန့်ဘာဝသခင်ဂြိုဟ်သည် ၂တန့်ဘာဝ တွင် ၂တန့်ဘာဝသခင်ဂြိုဟ်၊ သောမဂြိုဟ်(၂င်္လာ၊ ၄ဟူး၊ ၅တေး၊ ၆ကြာ )တို့နှင့်အတူ ပူးယှဉ်ရပ်တည်
ခြင်း။
၂၈။ ၁၀တန့်ဘာဝသခင်ဂြိုဟ်သည် ၅တန့်ဘာဝ တွင် ၅တန့်ဘာဝသခင်ဂြိုဟ်နှင့် အတူရပ်တည်နေ ခြင်း။ ( သောမဂြိုဟ်များပါ ရပ်တည်နေလျှင် ပို၍
သေချာပါသည်။) အမှတ်စဉ် (၁၁)မှ မှတ်ချက်ကဲ့
သို့ယူဆပါ။ ၂၉။ ၁၀တန့်ဘာဝသခင်ဂြိုဟ်သည်
၉တန့်တွင် ၉တန့်ဘာဝသခင်ဂြိုဟ်များနှင့် အတူရပ်တည်ခြင်း။ (ထိုဘာဝသခင်ဂြိုဟ်များ၂လုံးအနက် တစ်လုံးလုံးသည်
သောကြာဂြိုဟ်ဖြစ်ပါက ပို၍သေချာပါသည်။) ၃၀။ ၁၀တန့် ဘာဝသခင်ဂြိုဟ်သည်
၁၀တန့်ဘာဝ တွင်သောမဂြိုဟ်များနှင့်အတူ ပူးယှဉ်ရပ်တည်ခြင်း။ ၃၁။ ၁၁တန့်ဘာဝသခင်ဂြိုဟ်သည် လဂ်တွင်ရပ် တည်ခြင်း။
၃၂။ ၁၁တန့်ဘာဝသခင်ဂြိုဟ်သည် ၂တန့်ဘာဝ တွင်၂တန့်ဘာဝဂြိုဟ်နှင့်အတူရပ်တည်ခြင်း။ (သုဘယုဂ်ရရှိပါမည်။) ၃၃။
၁၁တန့်ဘာဝဂြိုဟ်သည် ၄တန့်ဘာဝဂြိုဟ်တွင် ၄တန့်ဘာဝသခင်ဂြိုဟ်နှင့်အတူရပ်တည်ခြင်း။ အထက်ပါဂြိုဟ်တို့၏ ရပ်တည်မှုများသည်
ကားစီး နိုင်သော ယုဂ်များပင်ဖြစ်ပါသည်။ အခြားယုဂ်များလည်း ရှိလျှင်ရှိနိုင်ပါသေးသည်။
ထိုယုဂ်များထဲ တွင် တစ်ချို့သည် မိမိကိုယ်တိုင်ဝယ်စီးနိုင်ပြီး၊ တစ်ချို့မှာ ကိုယ်ပိုင်ငွေဖြင့်ကားအမျိုးမျိုး၊
ယာဉ်အမျိုးမျိုးပင် ပိုင်ဆိုင်နိုင်ပါသည်။
မည်သို့ဆိုစေ-
ကိုယ်ပိုင်ကားတစီးတော့ ဟန်ကျပန်ကျ စီးချင်ကြသူ တိုင်းစိတ်ချမ်းသာလက်ချမ်းသာ
စီးနိုင်ကြပါစေဟု ဆန္ဒပြုပါသည်။
ပက်လက်ဖောင်းပေါ်က
ဝေဒင်္ဂ
No Response to "ဒါလေးဖတ်ပြီးမှ ကိုယ်ပိုင်ကားစီးဖို့စိတ်ကူးပ"
Add Your Comment