ဒီစာအုပ်ဟာ ကောဇာကို ကောဇာလို ပီပီပြင်ပြင် မြင်လာအောင် တင်ပြမယ့်စာအုပ်ပဲ ဖြစ်ပါတယ်။ ကျွန်တော်လက်ဝယ် ကောဇာနဲ့ပတ်သက်တဲ့ စာအုပ် စာတမ်း၊ မှတ်စုမှတ်တမ်းပေါင်း (၈၀)ကျော်ရှိပါတယ်။ အားလုံးကို နှစ်နဲ့ချီပြီးလေ့လာခဲ့ပါတယ်။ နှစ်နဲ့ချီ ကြာလာတဲ့အခါ ကျွန်တော်ဟာ ကောဇာဂြိုဟ်စီး ဂြိုဟ်နင်းနဲ့ ပတ်သတ်ပြီး ဘာတွေရေးရမယ်။ ဘာတွေ ပြောပြရမယ်ဆိုတာ သိလာပါတယ်။
အနာဂတ်ကို ဟောပြောတဲ့နည်းစနစ်တွေ ထဲမှာ ကောဇာဂြိုဟ်စီး ဂြိုဟ်နင်းစနစ်ကို ကျွန်တော် အကြိုက်ဆုံး ဖြစ်ပါတယ်။
မြန်မာ့ရိုးရာ ကောဇာဂြိုဟ်စီးဂြိုဟ်နင်း ဗေဒင် ပညာစာအုပ်ကို ရေးတော့မယ်လို့ ဆုံးဖြတ်ကတည်းက စဉ်းစားထားတာ တစ်ခုရှိပါတယ်။ ဗေဒင်ပညာရှင်တွေ သိပြီးဖြစ်တဲ့ ကောဇာအဟောစနစ်တွေအတိုင်း ပုံသေ နည်းတွေကို လုံးဝမရေးတော့ဘဲ စာဖတ်သူ မေ့နေတဲ့ အကြောင်းအရာတွေ၊ မသိလို့ မသုံးဖြစ်တဲ့အကြောင်း အရာတွေ၊ သုံးရကောင်းမှန်းတော့ သိပါရဲ့၊ ဘယ်လို သုံးရမှန်းမသိလို့ ချန်ခဲ့ရတဲ့ အကြောင်းအရာတွေကို သန့်သန့်လေး တင်ပြထားပါတယ်။
သစ်လွင်ဆန်းသစ်ပြီး၊ အတွေးအခေါ်ပါတဲ့၊ လက်တွေ့သုံးလို့ရတဲ့ ဟောကိန်းတွေကို တင်ပြချင်လို့ ဒီစာအုပ်ကို ရေးတာပါ။
မြန်မာ့ရိုးရာကောဇာဂြိုဟ်စီးဂြိုဟ်နင်း စာအုပ်တွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါတယ်။
(၁) ကောဇာမြို့ဟောင်းကို လက်တစ်ဆုံး နှိုက်ကြည့်ခြင်း
(၂) ဆရာကြီးဦးရာမ၏ လက်တွေ့ဗေဒင်ဟောကိန်းမှ ကောဇာဂြိုဟ်စီးဂြိုဟ်နင်းအယူအဆ
(၃) ဝေဒဆီနှစ်ဟောနည်းစစ်ကျမ်းမှ ကောဇာဂြိုဟ် စီးဂြိုဟ်နင်း အယူအဆများ
(၄) ဆရာဦးမြတ်အောင်၏ ကောဇာဂြိုဟ်စီး ဂြိုဟ်နင်း အယူအဆများ
(၅) ဒေါက်တာဖေဉာဏ်၏ ကောဇာဂြိုဟ်စီး ဂြိုဟ်နင်း အယူအဆများ
(၆) ပျဉ်းမနားဦးသန်းမောင်၏ ကောဇာဂြိုဟ်စီး ဂြိုဟ်နင်း အယူအဆများ
(၇) လျှပ်စစ်ဗေဒင်ဦးအုန်းသင်၏ ကောဇာဂြိုဟ်စီး ဂြိုဟ်နင်း အယူအဆများ
(၈) မိုးတာဦးထွန်းရှိန်၏ ကောဇာဂြိုဟ်စီး ဂြိုဟ်နင်း အယူအဆများ
(၉) ဆရာဦးသူရိန်၏ ကောဇာဂြိုဟ်စီး ဂြိုဟ်နင်း အယူအဆများ
(၁၀) ဆရာဦးမြကြီး၏ ကောဇာဂြိုဟ်စီး ဂြိုဟ်နင်း အယူအဆများ
(၁၁) ဆရာဦးဖုန်းကြူဖေ၏ ကောဇာဂြိုဟ်စီး ဂြိုဟ်နင်း အယူအဆများ
(၁၂) ပုဏ္ဏားဆရာဖြူ၏ ကောဇာဂြိုဟ်စီး ဂြိုဟ်နင်း အယူအဆများ
(၁၃) ယောမင်းကြီးဦးဘိုးလှိုင်၏ ကောဇာဂြိုဟ်စီး ဂြိုဟ်နင်း အယူအဆများ
(၁၄) ဒေါက်တာဗိုလေး ကောဇာဂြိုဟ်စီး ဂြိုဟ်နင်း အယူအဆများ
No Response to "မြန်မာ့ရိုးရာ ကောဇာဂြိုဟ်စီးဂြိုဟ်နင်းဗေဒင်ပညာ (ပထမတွဲ)"
Add Your Comment