ကောဇာဂြိုဟ်စီးဂြိုဟ်နင်းဗေဒင်ပညာစာအုပ်ကို ရေးတဲ့ အခါမှာလဲ မဟာဘုတ်ပုံစံမျိုးပါပဲ။ ကြိုက်သလိုဖတ်၊ ကြိုက်တဲ့အခန်းကိုဖတ်၊ ဖတ်တဲ့အခန်းနဲ့ ပတ်သက်တဲ့ ဗဟုသုတကို သိပါလိမ့်မယ်။
ကျွန်တော်ရဲ့စေတနာကို သူတော်ကောင်း ပညာရှင်တွေသိကြပါလိမ့်မယ်။ အခု ကျွန်တော် ကောဇာဂြိုဟ်စီးဂြိုဟ်နင်းဗေဒင်ပညာ ဒုတိယတွဲကို တင်ပြလိုပါတယ်။ ဗေဒင်ပညာနဲ့ပတ်သက်တဲ့ လျို့ဝှက်ချက်တွေအားလုံး ပွင့်လင်းစွာ တင်ပြထား ပါတယ်။ ကျွန်တော်တို့ ဘိုးစဉ်ဘောင်ဆက် နှစ်ပေါင်း ၁၀၀ကျော် အတွေ့အကြုံများဟာ စာအုပ်တစ်တွဲ နှစ်တွဲနဲ့ စာမျက်နှာ နည်းနည်းပါးပါးနဲ့ ပြီးသွားခြင်း၊ ကုန်သွားခြင်း မရှိပါ။ ကျွန်တော်ပြောချင်တာတွေ တစ်ဝကြီး ပြောပါရစေ။
အခုဖော်ပြထားတဲ့ အကြောင်းအရာကိုလဲ ဖတ်ကြည့်ပါ။
ကောဇာဂြိုဟ်စီးဂြိုဟ်နင်းနဲ့ ပတ်သက်ပြီး ထွက်ခဲ့သမျှစာအုပ်တွေထဲမှာ ဒီလောက် အသေးစိတ် ပြည့်ပြည့်စုံစုံ ဘယ်စာအုပ်မှာမှ မပါခဲ့ပါ။ အခုလို ပြောပြတာလဲ ကြွားချင်လို့ မဟုတ်ပါ။ ဘယ်လို တင်ပြ ထားသလဲဆိုတာ ပြောပြချင်လို့ပါ။
မြန်မာ့ရိုးရာကောဇာဂြိုဟ်စီးဂြိုဟ်နင်းဗေဒင်ပညာ ဒုတိယတွဲတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
ဒုတိယကဏ္ဍ
(၁၅) ဗေဒ၀ိဇ္ဇာလင်္ကာရ
(၁၆) စလေဦးပုည
(၁၇) ဂြိုဟ်စီးဂြိုဟ်နင်းမြင်သုတေသန
(၁၈) ဗေဒသာဂရ (ပ-တွဲ)
(၁၉) ဗေဒ ၀ဏ္ဏ ဋီကာသစ်
(၂၀) ပစ္စည်းပျောက်ရှာ ငါဆရာ
(၂၁) တာဝ ၁၂ပါး
(၂၂) ဝေဒဥသျှောင်
(၂၃) နက္ခတ်စီးဗေဒင်
(၂၄) ရှေ့ဖြစ်
(၂၅) ကိုးစောင်တွဲ
(၂၆) ဗေဒစက္ခု
(၂၇) ရာဖေားလ်
(၂၈) ဖလဒီပိက
(၂၉) သုခကာရ
တတိယကဏ္ဍ
(၃၀) ဂြိုဟ်တွေက မျက်စိမှိတ်ပြခြင်း
(၃၁) ဂြိုဟ်တွေကို ချောင်းကြည့်ခြင်း
(၃၂) ဂြိုဟ်စီးဂြိုဟ်နင်းဆိုတာဘာလဲ
(၃၃) လဂ်နဲ့စန်း ဘယ်ဒင်းက ဇာတ်လိုက်လဲ
(၃၄) အခြေခံဥပဒေမပါဘဲ ဘယ်လမ်းကကြွမှာလဲ
(၃၅) လဂ်တစ်လက်ချင်းအတွက်
(၃၆) ရာဇ၀င်ထဲက အိုးခြမ်းပဲ့
(၃၇) နေမင်းဆီသို့ ခြေတစ်လှမ်း
(၃၈) ငွေစန္ဒာလရထား
(၃၉) လက်သီးဆုပ်ပြတဲ့ အင်္ဂါဂြိုဟ်
(၄၀) ပျော်တော်ဆက်ကလေး မပျော်နိုင်
(၄၁) ကယ်တင်ရှင်ကြာသပတေးဂြိုဟ်
(၄၂) အလှမှာ အယဉ်ဆင့်
(၄၃) သူတွယ်ရင်တော့
(၄၄) ရာဟုမင်းသား
(၄၅) တို့လဲလိုက်မယ်
(၄၆) သံဒေါင်းတို့က
(၄၇) စစ်ဗျူဟာခင်းနေတဲ့ ဂြိုဟ်နတ်မင်းတို့လေး
ထုတ်ဝေကာလ = ၁၉၉၂ ခု၊ မေလ
No Response to "မြန်မာ့ရိုးရာကောဇာဂြိုဟ်စီးဂြိုဟ်နင်းဗေဒင်ပညာ (ဒုတိယတွဲ)"
Add Your Comment