နက္ခတ်ဗေဒင်ပညာရပ်မှာ ကောဇာစနစ်ဟာ အလွယ်ဆုံးစနစ်ပါ။ ကမ္ဘာအရပ်ရပ်မှာလဲ ကောဇာ ဂြိုဟ်စီးဂြိုဟ်နင်းပညာကို တလေးတစားလိုက်စား ကြတဲ့ ပညာရှင်တွေရှိသလို ကောဇာစနစ်ကို ဖယ် ထုတ်ဖို့ ကြိုးစားတဲ့ပုဂ္ဂိုလ်တွေကလည်း ဒုနဲ့ဒေးပါ။ ပထမတွဲကတည်းက ကျွန်တော်ပြောချင်တာတွေ ပြောပြီးပါပြီ၊ ဒုတိယတွဲမှာလည်း စုံစေ့နေအောင် ပြောချင်တာတွေ ပြောထားပြီးဖြစ်ပါသည်။
ကောင်းပြီ၊ အခုဒီတတိယတွဲမှာလဲ ကျွန်တော်ပြောစရာတွေ တစ်ထောကြီး ရှိပါတယ်။
ဒီစာအုပ်မှာ ခက်တာတွေလွယ်အောင်၊ လွယ် တာတွေ နားလည်အောင်၊ နားလည်တာတွေ မှတ်မိအောင် တမင်ပြောထားတာပါ။
ဒီတတိယတွဲမှာ လက်တွေ့အသုံးချလို့ရတဲ့ နည်းစနစ်တွေ အများကြီး တင်ပြထားပါတယ်။ ပြီးတော့ ရှိနေပြီး၊ သုံးဖို့မေ့နေတဲ့ နည်းတွေကို တင်ပြထားပါတယ်။
အခု … ကျွန်တော် ကောဇာတတိယတွဲကို ထုတ်ဝေလိုက်ပါပြီ။ ကျွန်တော်ကတော့ ကျေနပ် ပါတယ်။ အနာဂတ်လူငယ်လူရွယ်တွေအတွက် မျှော် မှန်းချက်ကြီးကြီးနဲ့ ရေးနေတာဖြစ်ပါတယ်။
ဒီစာအုပ်မှာ တင်ပြထားတာတွေအားလုံးဟာ ကျွန်တော့်အပြောမဟုတ်ပါ။ ရှေးဟောင်းကျမ်း မှတ်စု မှတ်တမ်း ပုရပိုဒ်၊ ပေစာ၊ မှတ်စာတွေ၊ အတွေ့အကြုံ တွေကို အခြေခံပြီး ပြောပြတာပါ။ နှလုံးသားနဲ့ ရင်းပြီး လှိုက်လှိုက်လှဲလှဲ ပုံအောရေးထားတာပါ။ စုဆောင်း ထားတာတွေအားလုံး တစ်ခါတည်းပေးလိုက်ပါတယ်။ မြန်မာ့ရိုးရာကောဇာဂြိုလ်စီးဂြိုလ်နင်းဗေဒင်ပညာတတိယတွဲတွင် အောက်ပါ အကြောင်းအရာများ ပါဝင် ပါတယ်။
(၄၈) ကောဇာကတော့ မာမာချာချာပဲ
(၄၉) နေလကြတ်တုန်း မင်းဘယ်မှာပုန်းမလဲ
(၅၀) သတ်မိန့်ပေးတဲ့ တနင်းလာဂြိုလ်
(၅၁) ငွေရှာပေးတဲ့ တနင်းလာဂြိုလ်
(၅၂) တယ်လဲဒေါသကြီးပါလားကိုဘောမရယ်
(၅၃) ထီထိုးဖို့ ထီးမိုးပြီးလိုက်နေတဲ့ကိုတာ
(၅၄) စနေဂြိုဟ်မင်း (ခုနှစ်နှစ်ခွဲကာလ)
(၅၅) ကာလသရမဟုတ်
(၅၆) ဘယ်ကလာပြီး ဘာကိုလုပ် အဟုတ်ကျုပ် မသိ
(၅၇) ဘယ်အချိန်အလုပ်ပြောင်းရမှာလဲ
(၅၈) ကျားကိုခုန်တဲ့ဂြိုဟ်တွေ
(၅၉) နင်းပြီးနင်ဆင်းတစ်လုံးချင်း
(၆၀) ဂြိုဟ်ထရင်
(၆၁) နေမထိထိုင်မသာ
(၆၂) မနက်ဖြန်ရဲ့ကောဇာ
(၆၃) ဂျင်းပင်ဝတ်ပြီး ဂျွိုင်းင်းနေကြတဲ့ဂြိုဟ်တွေ
(၆၄) န၀င်းဖြတ်တာကိုလဲကြည့်
(၆၅) တိုတိုထွာထွာကိုကောဇာ
(၆၆) ပန်းခြံထဲက အတွဲလေးတွေ
(၆၇) ကောဇာ ကံစမ်းမဲ
(၆၈) ဘယ်လိုနားလည်ရမှာလဲ
(၆၉) ကောဇာနဲ့ ယတြာ
လွမ်းသလိုကြီးပါပဲနော်
ထုတ်ဝေသည့်လ = ၁၉၉၂ ခု၊ မေလ
No Response to "မြန်မာ့ရိုးရာကောဇာဂြိုဟ်စီးဂြိုဟ်နင်းဗေဒင်ပညာ (တတိယတွဲ)"
Add Your Comment