၁။ အားလုံးကောင်းတယ်ဆိုတာကိုယ်ကောင်းမှဖြစ်တာပါ။ ၂။ ကိုယ့်လုပ်ရပ်ကို သူများအားကျအောင် လုပ်နိုင်ဖို့ လိုတယ်။ ၃။ ကျုပ်သေသွားရင်ကျုပ်ဘာတွေ လုပ်ခဲ့သလဲဆိုတာ ကျုပ်ရဲ့စာအုပ်တွေက ခင်ဗျားတို့ကိုပြောပြပါလိမ့်မယ်။ ၄။ သိထားတဲ့အခါမှာကျေနပ်နေရင် သိထားတာနဲ့ပဲ ကိစ္စပြီးသွားလိမ့်မယ်။ ၅။ နည်းနည်းလေးမှားတာကို ခွှင့်လွှတ်ခဲ့ရင် မဟာအမှား ကြီးဖြစ်သွားလိမ့်မယ်ဆိုတာ ကြပ်ကြပ်သတိထား။ ၆။ ဘာပဲကုန်သွား ကုန်သွား၊ ကျုပ်ဆီမှာ အမြဲရှိနေတာက မျှော်လင့်ချက်ပဲ။ ၇။ မြင့်မြတ်ချင်ရင်မြင့်မြတ်တဲ့အလုပ်ကိုလုပ်ရပါမယ်။ ၈။ လုပ်မယ်လို့စိတ်ကူးရဲရင်အဲဒီ့အလုပ်ဟာအောင်မြင်ဖို့ သေချာသွားပြီလို့ ကျုပ်ယုံကြည်တယ်။ ၉။ မောပြီဆိုပြီး သွားမရပ်လိုက်နဲ့။ ပိုပြီးမောသွားလိမ့်မယ်။ ဆက်သာလုပ်။ အောင်မြင်တဲ့အခါ သူ့ဘာသာသူ အမောပြေသွားလိမ့်မယ်။ ၁၀။ တန်ဖိုးဆိုတာ သိတဲ့လူအပေါ်မှာပဲ တည်တယ်။ မသိတဲ့ လူတွေအတွက် ဘာမှတန်ဖိုးမရှိဘူး။ ၁၁။ မုန်းတဲ့လူကမချစ်တာထက်၊ ချစ်တဲ့သူတွေက မမုန်းဖို့ ကျုပ်မှာတာဝန်ရှိတယ်။ ၁၂။ အခွင့်အရေးရယ်၊ အချိန်အခါရယ်၊ ပံ့ပိုးမှုရယ်၊ စိတ်ဆန္ဒရယ်မပါဘဲ ဘယ်အလုပ်မှ မအောင်မြင်ဘူး။ ၁၃။ ပြီးပြီးရောလုပ်ခဲ့တဲအလုပ်တွေအားလုံးဟာနောင်လာနောက်သားတွေကိုချောက်တွန်းခဲ့တာပဲဖြစ်တယ်။ ၁၄။ လုပ်ပြီဆိုကတည်းက သမိုင်းတင်ချင်လို့ပဲ။ ၁၅။ မြင့်မြင့်ပျံရင်တော့ များများမောမှာပဲ။ များများမောမှလည်း မြန်မြန်ရောက်မယ်။ ၁၆။ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာရိုးသားစွာ လိပ်ပြာသန့်နေရင် ဘယ်သူ့ကိုမှ မှုစရာမလိုဘူး။ ၁၇။ မကောင်းဘူးလို့တစ်သံတည်းမထွက်သရွေ့ ကိုယ်လုပ်တဲ့အလုပ်ဟာ ကောင်းနေတယ်လို့ ကျုပ်ယူဆထားတယ်။ ၁၈။ လုပ်ချင်သလောက် မလုပ်နိုင်သေးရင် လုပ်နိုင်သလောက် လုပ်ထားမှာပဲ။ ၁၉။ ရန်သူတစ်ယောက်ထက်၊ ပတ်ချာလည်ဝိုင်းနေတဲ့မိတ်ဆွေတုတွေကို ကျုပ်ကပိုကြောက်တယ်။ ၂၀။ လုပ်ကြည့်လို့မှားသွားရင် ၀မ်းသာပေတော့။ ၂၁။ နှိုက်သလောက်ရတာ ပညာပါပဲ။ ၂၂။ ဘယ်ကိစ္စကိုမဆို ပီပီပြင်ပြင် မတီထွင်နိုင်ရင် ရယ်ချင်စရာဖြစ်သွားမှာ။ ၂၃။ သူများလုပ်ပြတာတွေကို အားရစရာမလိုဘူး။ အားကျဖို့ပဲလိုတယ်။ ကိုယ်တိုင်လုပ်နိုင်ဖို့လိုတယ်။ ၂၄။ လုပ်ခဲ့တာတွေအပေါ်မှာ ယစ်မူးမနေဘူး။လုပ်ချင်တာတွေအပေါ်မှာ စိတ်ကူးမယဉ်ဘူး။ လုပ်နေတာတွေအပေါ်မှာဘဲ ကျေနပ်တယ်။ ၂၅။ တစ်လောကလုံးမှာ လုံခြုံတဲ့နေရာဟာ စိတ်ထဲမှာပဲရှိတယ်။ ၂၆။ ကိုယ်ဘာလုပ်နေသလဲဆိုတာ သူများသိဖို့မလိုဘူး။ ကိုယ်သိဖို့ပဲလိုတယ်။ ၂၇။ မျက်စိကန်းတာအရေးမကြီးဘူး၊ စိတ်ဓါတ်မကန်း ဖို့အရေးကြီးတယ်။ ၂၈။ လက်ခုပ်တီးတိုင်း ကိုယ့်ကိုအားပေးတယ်မထင် နဲ့၊ ကိုယ့်ကိုတောထုတ်တာလဲဖြစ်နိုင်တယ်။ ၂၉။ ပညာလိုချင်ရင် မာနထား၊ ပညာပေးချင်ရင် မာနချ၊ ဒါမှပညာရှင်ဖြစ်တယ်။ ၃၀။ ၀ိုင်းမြှောက်တိုင်း မြှောက်သွားရင် ပေါက်သွားမှာ လဲ သတိထားဦး။ ၃၁။ ကြိုက်နေတယ် ဆိုတာ အားလုံးကောင်းနေလို့ ဆိုပြီးမထင်နဲ့။ သူ့အတွက် ကြိုက်တာလား၊ ကိုယ့်အတွက် ကြိုက်တာလား၊ စဉ်းစားကြည့်။ ၃၂။ ကိုက်မယ့်အလုပ်ထက် ကြိုက်တဲ့အလုပ်ကိုလုပ် ရတာ ကျုပ်ပိုပျော်တယ်။ ၃၃။ လုပ်နိုင်သလောက်ကိုပဲပြော၊ ပြောသလောက်မ လုပ်နိုင်ရင် ကွယ်ရာမှာ ရယ်စရာဖြစ်နေမယ်။ ၃၄။ လမ်းမြင်တာနဲ့ ပန်းဝင်ပြီလို့မထင်နဲ့၊ အဝေးကြီး လိုသေးတယ်။ဆက်သာပြေး၊ အချိန်တန်ရောက် သွားလိမ့်မယ်။ ၃၅။ ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်းကို လိုချင်လို့မရပါ။ တန်ဖိုးကြီးကြီးပေးခဲ့မှ တန်ဖိုးရှိတာတွေ အားလုံး ရမယ်လို့ ကျုပ်ခံယူတယ်။ ၃၆။ ထီးလိုနေမလား၊ ဘိနပ်လိုနေမလား၊ လွယ်အိတ် လိုလိုက်မလား၊ ကိုယ့်အခြေအနေကို ပြတ်ပြတ် သားသား ဆုံးဖြတ်နိုင်ဖို့လိုတယ်။ ၃၇။ လမ်းသစ်ထွင်ရင် ဆူးနင်းမိမှာဘဲ။ ဆူးကြောက် ပြီးဒူးထောက်မိခဲ့ရင်မူးနောက်ပြီးလဲသွားလိမ့်မယ် ၃၈။ စိတ်မကုန်မချင်းလုပ်လို့ ကောင်းနေတဲ့ အလုပ် တွေဟာ စိတ်ကုန်သွားတာနဲ့ရပ်သွားမှာပဲ။ ၃၉။ အရိုးစူးတယ်ဆိုတာငါးစားလို့။ အမှားများတယ် ဆိုတာအလုပ်လုပ်လို့။ အဲဒါဘာဖြစ်သလဲ။ မှားစမ်းပါစေ။ ၄၀။ တမာရွက်ခါးတာ၊ သကြားချိုတာ၊ ငရုတ်သီး စပ်တာ၊ ရှောက်သီးချဉ်တာ သူတို့အလုပ် သူတို့လုပ်တာမို့ ကျုပ်ဂုဏ်ယူပါတယ်။ ၄၁။ အချိန်ကိုကိုယ်ကစောင့်ရတာ၊ အချိန်ကကိုယ့်ကို ဘယ်တော့မှမစောင့်ဘူး၊ အဲဒါသိပ်မတရားဘူး။ ၄၂။ ကကြီးကို ပက်လက်လှန်မကြည့်နဲ့၊ ကပက်လက် တော့ဖြစ်မှာမဟုတ်ဘူး၊ ယပလက်ပဲဖြစ်သွားမှာ။ ၄၃။ ပညာတော်တယ်ဆိုတာ ပညာရှာတော်တော့လို့ ပြောတာမဟုတ်ဘူး။ ဆက်ကြိုးစားဖို့ သတိပေး နေတာ။ ၄၄။ စိန်ခေါ်တယ်ဆိုတာ အနိုင်ရရေးအတွက်မဟုတ်ဘူး၊ အရှုံးမပေးဘူးဆိုတာသိဖို့အတွက်ပဲ။ ၄၅။ စာသာကောင်းပါစေ၊ ဘာလာတောင်းစရာရှိပါ့မလဲ၊ အားလုံးပြည့်စုံနေလိမ့်မယ်။ ၄၆။ ကျုပ်ရေးတဲ့စာဟာကျုပ်ဖတ်ဖို့မဟုတ်ဘူး။အားလုံးဖတ်ဖို့။ အားလုံးနဲ့တန်အောင် ကြိုးစားရမယ်။ ၄၇။ ညာစရာရှိလို့ပြင်တာကို ပညာရှိလို့ခေါ်တယ်တဲ့။ ဟုတ်လဲဟုတ်ပဲနဲ့။ ၄၈။ နောက်ဆုံးစက္ကန့်အထိပညာရပ်အပေါ်မှာရပ်တည်နိုင်ခြင်းဟာယောကျာ်းကောင်းရဲ့စိတ်ဓါတ်ပါပဲ။ ၄၉။ ပညာရပ်တစ်ခုကိုမမှန်ဘူးဆိုတာ သိနေရဲ့သားနဲ့ မှန်ပါတယ်လို့ လက်ခံနေရတာလောက် ခံပြင်းစရာကောင်းတာမရှိဘူး။ ၅၀။ ဂုဏ်ရှိအောင် ကြိုးစားတာထက် ရှိတဲ့ဂုဏ်ကို ထိန်းသိမ်းရတာ ပိုခက်တယ်။ ၅၁။ သူများလုပ်လို့ဖြစ်တာကို ၀မ်းသာနိုင်တဲ့လူဟာ သူတော်ကောင်းဖြစ်တယ်။ ၅၂။ တန်ဖိုးဆိုတာပေးတဲ့လူအပေါ်မူတည်တတ်တယ်။ ၅၃။ အောင်မြင်မှုရဲ့အောက်ကို ငုံ့ကြည့်ပါ။ ဆူးညှောင့် ခလုတ်တွေ ရှိနေပါတယ်။ အသီးစားချင်ရင်တော့ သစ်ပင် စိုက်ရမှာပဲ။ ဒါမှ ထိုက်ထိုက်တန်တန် စားရမှာပေါ့။ ၅၄။ ယုံကြည်တယ်ဆိုတာတစ်ယောက်ကတစ်ယောက်ကိုယုံရင်ကြည်တာပဲ။မယုံရင်မကြည်ဘူး။ ဟုတ်တယ်မဟုတ်လား။ ၅၅။ ခေါင်းမာတာကို အထင်မကြီးဘူး။ စိတ်ဓါတ်ခိုင်မာတာကိုပဲ ကျုပ်ကလေးစားတာ။ ၅၆။ လုပ်ပြနိုင်တာအားလုံးဟာ သတ္တိတွေဖြစ်တယ်။ ၅၇။ စိတ်ကူးတွေဟာပန်းတိုင်ရောက်ဖို့ပထမခြေလှမ်းဖြစ်တယ်။ ၅၈။ ပညာဆိုတာ သိတဲ့သူတွေအတွက်သာ အသုံးကျတာ။ မသိတဲ့သူတွေအတွက် ဘာမှအသုံးမကျဘူး။ ၅၉။ ကိုယ့်ဘာသာကိုယ် ဘာလုပ်နေသလဲဆိုတာ မှန်မှန်ကန်ကန်သိရင် လူတော်ဖြစ်ပြီ။ ၆၀။ သိနေတဲ့ပညာကို မလိုချင်ဘူး၊ ရှိတဲ့ပညာကိုပဲလိုချင်တယ်။ ဒါမှအသုံးကျတာ။ ၆၁။ မနာလိုမဖြစ်နဲ့၊ လုပ်တဲ့လူဟာနေရာရမှာပဲ။ ၆၂။ အသက်ရှင်ပြီး အသိသေနေတဲ့သူမဖြစ်ရအောင် ကြိုးစားတာဟာ ကျုပ်ရဲ့အလုပ်ပဲ။ ၆၃။ မလုပ်နိုင်ဘဲ ပြောနေတာထက်၊ လုပ်ပြီးမပြောတဲ့သူကို ကျုပ်လေးစားတယ်။ ၆၄။ ဆရာမတူတာနဲ့၊ အတွေးမတူတာနဲ့၊ အပြစ်ရှာတတ်တဲ့ပညာရှိဟာ ပညာမဲ့တဲ့သူသာဖြစ်တယ်။ ၆၅။ နောက်မပင်ပန်းချင်ရင် အခုပင်ပန်းတဲ့အလုပ်တွေကို လုပ်ပါ။ ၆၆။ ပညာမှာအရှုံးမရှိဘူး၊ဆက်မလုပ်ရင်သာကိုယ်ကရှုံးတာ။ ၆၇။ ဦးနှောက်က သိလို့မရဘူး၊ နှလုံးသားကသိမှ သိတယ်လို့ခေါ်တာ။ ၆၈။ ပညာဆိုတာ အရိပ်လိုပဲ၊ ခင်ဗျားသွားရင် သူကလိုက်မယ်။ ခင်ဗျားရပ်ရင် သူကရပ်တယ်။ ၆၉။ မနိုင်မယ့်အလုပ်ကို အရင်စမလုပ်နဲ့။ လုပ်နိုင်တဲ့အလုပ်ကိုပဲစပြီးလုပ်။မနိုင်မယ့်အလုပ်ကိုဆက်လုပ်နိုင်လိမ့်မယ်။ ၇၀။ အပြောလွယ်ပေမယ့် အလွယ်မပြောပါနဲ့။ ၇၁။ ကျုပ်သေသွားခဲ့ရင် ကျုပ်ဝိဥာဉ်လေးဟာ ဗေဒင်ပညာနဲ့အတူ ခင်ဗျားဆီ ရောက်လာပါလိမ့်မယ်။

0 comments

လူကြီးလက်မို့ ကြည့်ချင်တာပါ ........လို့ ဆိုသူများအတွက်

Published on Tuesday, November 27, 2012 in

ဗေဒင်ဆရာ လက္ခဏာဆရာဘ၀မှာ ခက်ခဲတဲ့ အလုပ်တွေ အမျိုးမျိုးရှိတဲ့အနက် တစ်ခုကဂုဏ်သရေရှိ
ပုဂ္ဂိုလ်တွေ၊ အာဏာကြီးတဲ့ပုဂ္ဂိလ်တွေ၊ ဥစ္စာဓနပေါများ တဲ့ ပုဂ္ဂိုလ်တွေ၊ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေရဲ့ ဇာတာတွေ၊ လက္ခဏာတွေ၊ အတ္ထုပ္ပတ္တိတွေ၊ရှာဖွေပြီး လေ့လာရ တာအခက်ဆုံးပါ။
    သူကလည်း ကိုယ့်ကိုမသိ၊ ကိုယ်ကလည်းသူ့ ကိုမသိ၊ ဘယ်လိုမှ မနီးစပ်နိုင်တဲ့အခါ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်တတ်ပါတယ်။ ဒါကို ဖြေရှင်းနိုင်ဖို့ လိုတယ်။

    ဗေဒင်လက္ခဏာ ဆရာဖြစ်ပီဆိုရင်ဆင်ခြင်ရတဲ့အချက်တွေရှိပါတယ်။
(၁) လက္ခဏာရှင်ကို ချီးကျူးခြင်း။
(၂)တစ်ဖက်သားရဲ့သိက္ခာကို ထိပါးစေတဲ့စကားတွေကို
အကြိမ်ကြိမ်ပြောမိခြင်း။
(၃)လက်ဝါးမှာတစ်မျိုး၊ ကြားဖူးနားဝါးရှိတဲ့ဟောတာက
တစ်မျိုး ဖြစ်တတ်ပါတယ်။
(၄) ကိုယ့်အသိနဲ့ကိုယ်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ထင်
ရာမဟောရပါဘူး။
(၅)လက္ခဏာရှင်ကကိုယ့်ကို၊ ကိုယ့်ပညာကို မယုံနိုင်တဲ့
အခါမှာ သမားဂုဏ်ပြပြီး မိုးပြော ဂျိုးပြောဟောတာ
မှားပါတယ်။
    အကောင်းဆုံက ကိုယ့်ဟာကိုယ်လေ့လာပြီး စိတ်ထဲထားတာအကောင်းဆုံးပါပဲ။

    အမှတ်တရတစ်ခုခုပြောရမယ်ဆိုရင် ကျွန်တော်ကျေးဇူးတင်ရမယ့်ဆရာတစ်ယောက်က နှစ်ပေါင်း(၆၀)တိတိ လူတစ်ယောက်ရဲ့ဇာတာကို အစိတ်စိတ်အပိုင်းပိုင်း ဖြန့်ကျက်ပြီး လေ့လာခဲ့ပါတယ်။  လေ့လာတဲ့ပုဂ္ဂိုလ် သေဆုံးသွားသော်လည်း  သူရှာဖွေထားတာတွေ  ကျန်ခဲ့ပါတယ်။  ဒါပေမယ့်  အလေ့လာခံရတဲ့ ဇာတာရှင်ကတော့ သူမသိခဲ့ပါဘူး။ အခုဆိုရင် နှစ်ယောက်စလုံးဆုံးသွားရှာပါပြီ။
    မေးသူကလည်း မမေး၊ ဟောသူကလည်းသွားမဟော၊ ကိုယ်မြင်တာတွေ ရှာဖွေပြီး ကိုယ့်ဘာသာကိုယ်လေ့လာနေတာဖြစ်ပါတယ်။ ဒါကို ပညာရှာတယ်လို့ ခေါ်ပါတယ်။
    တွေ့ထားတဲ့တက်ဝါး၊ ဇာတာကိုအကြောင်းတစ်ခုခုနဲ့ရခဲ့တဲ့အခါ ကိုယ်ကျိုးအတွက် မသုံးမိဖို့အရေးပါပါတယ်။ အခုဟာက ဗေဒင်ဆရာ၊ လက္ခဏာဆရာတစ်ချို့ကတော့ အဲသလို မဟုတ်ပါဘူး။
အဓိပ္ပါယ်မဲ့ သူ့ကိုပဲ ခေါ်တွေ့သလိုလို၊ သူ့ကိုပဲ အားကိုးနေရသလိုလို၊ <ကားလုံးထုတ်ပြီး အကြောင်းမဲ့ ကိုယ်ကျိုးရှာတတ်ကြပါတယ်။ အဲဒါ အရမ်းသတိထား ရမယ့်ကိစ္စပါ။
    ကျွန်တော့်ကို ဗေဒင်ဆရာ လက္ခဏာဆရာ တစ်ချို့က၊ ဒီပုဂ္ဂိုလ်လက်ကို ကြည့်ဖူးသလား၊ ဟိုပုဂ္ဂိလ် ဇာတာကိုရော ဟောဖူးသလား စသည်ဖြင့် သူမှာ ရှိသလိုလိုနဲ့ <ကားလုံးထုတ်တတ်ပါတယ်။ အမှန်ပြော မယ်။ ကျွန်တော်ဘယ်သူ့ကိုမှ မဟောပြောခဲ့ပါဘူး။ ဟောပြောဖြစ်အောင်လည်း တမင်္ဂလာ မကျိုးစားခဲ့ပါ ဘူး။ ကျွန်တော်ဖေဖေပြောတဲ့စကားကို အမြဲတမ်း ကျွန်တော်နားထောင်နေပါတယ်။ဖေဖေကပြောပါတယ်
    ]] နာမည်ကြီးတဲ့   ပုဂ္ဂိုလ်၊   ဂုဏ်ရှိတဲ့ ပုဂ္ဂိုလ်၊
အာဏာရှိတဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီနေရာရဖို့ မြောက်မြားစွာ ပေးဆပ်ကြရတယ်၊ အချိန်တွေ အများကြီးကုန်ကြရတယ်၊  ပျော်ရွှင်ခြင်း၊၀မ်းနည်းခြင်း၊  အဆင်ပြေခြင်း၊မပြေခြင်းတွေနဲ့ သားကောင်ဖြစ်ခဲ့ဖူး သူတွေပါပဲ၊ ဘယ်သူမှ ရာဇပလ’င်ကို ခုံခုထိုင်ပြီးအခန့် သားစားသောက်နေထိုင်လို့မရပါဘူး။ အဲဒီတော့ -- ဇာတာရှင်၊ လက္ခဏာရှင်တွေရဲ့ မမြင်ရတဲ့မသိရတဲ့ အနေအထားတွေအပေါ် ဘယ်လိုဆုံးဖြတ်မှာလဲ၊ ဘယ်လိုဆုံးဖြတ်ရမလဲ။ သိသယောင်နဲ့ ဟောပြနေရင်
<ကားတာပဲဖြစ်မှာပေါ့။ ယုတ္တိမဲ့တဲ့ ကံကောင်းခြင်းတွေ၊ ကံဆိုးခြင်းတွေ၊ ယုတ္တိမဲ့တဲ့ ဒုက္ခသုခတွေအခြေခံပြီး အတည်ပေါက်နဲ့ ပြောပြနေရင် ကာယကံရှင်ကို စော်ကားတာကလွဲလို့ ဘာမှ ပိုဖြစ်မလာပါဘူး။}}
    ဒါကြောင့်ဘယ်လောက်အတွေ့အကြုံများများ၊ ကာယကံမြောက် မသိရင်တော့ပါးနပ်စွာ ရှောင်ကြဉ်လိုက်တာအကောင်းဆုံးပါပဲ။
    ကျွန်တော်သည်လဲဘဲ နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့လက္ခဏာ ရယူချင်ပါတယ်၊ လေ့လာချင်ပါတယ်၊
ဟောချင်ပါတယ်၊ ကျွန်တော့်ကို သနားသောအားဖြင့် တစ်ယောက်မှ လက်ပုံတွေမမေးကြပါ။ ရှာဖွေတွေ့ရှိတဲ့၊ သူများတွေတွေ့ရှိထားတဲ့ လက်ဝါးပုံတွေကလဲ ၀ါးတားတားပါပဲ။
    ကဲအောက်မှာကြည့်ပါ။
    ဒီလက္ခဏာရှင်ဟာ ကျွန်တော်တို့ပြည်သူတွေ အရမ်းချစ်ပြီး သံယောဇဉ်ကြီးတဲ့ လက်ရှိနိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ လက်ဝါးပြင်ပုံဖြစ်ပါတယ်။
    ကဲဒီလို ၀ိုးတိုးဝါးတား မြင်နေရတဲ့လက်ဝါး ပြင်ပုံဟာ သမ္မတကြီးဦးသိန်းစိန်၊ အမေရိကမှ မြန်မာပြည် ပြန်အလာ လေဆိပ်မှာလာကြိုနေကြတဲ့ ပရိတ်သတ်တွေကို ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်နေတဲ့
ပုံကို အင်တာနက်မှတစ်ဆင့် တွေ့ခွင့်ရပြီး ပုံကြီးချဲ့ထားတဲ့ပုံဖြစ်ပါတယ်။
    လက်ချောင်းတွေရယ်၊ လမ်းကြောင်းတွေရယ်၊ ဗွေတွေကိုထင်ရှားစွာ မြင်နေရမှာဖြစ်ပါတယ်။ အဲဒီတော့ လက္ခဏာပညာလေ့လာလိုသူများ၊ ဟောပြောလိုသူများအတွက်၊ စိတ်ကူးယဉ်ပြီးအိပ်မက်မက်လို့ ကောင်းတဲ့လူတွေအတွက်၊ လေ့လာနိုင်ဖို့ ဒီ လက်ပုံလေးကို လက်ဆောင်ပေးလိုက်ပါတယ်။
    ပုံနမူနာ ပေးတာပါ။ ကိုယ့်စိတ်ကူးနဲ့ကိုယ် ကြိုက်သလိုဟောလို့ ရပါတယ်။ ကျွန်တော်ကို ဟော
ပြပါဆိုရင်တော့ --------။
မှတ်ချက် ။    ။ သမ္မတကြီးဦးသိန်းစိန် လက်ဝါးလိုပဲ လက်ဝါးတွေအများကြီးသိမ်းထားပါတယ်။


Spread The Love, Share Our Article

Related Posts

No Response to "လူကြီးလက်မို့ ကြည့်ချင်တာပါ ........လို့ ဆိုသူများအတွက်"

Add Your Comment