၁။ အားလုံးကောင်းတယ်ဆိုတာကိုယ်ကောင်းမှဖြစ်တာပါ။ ၂။ ကိုယ့်လုပ်ရပ်ကို သူများအားကျအောင် လုပ်နိုင်ဖို့ လိုတယ်။ ၃။ ကျုပ်သေသွားရင်ကျုပ်ဘာတွေ လုပ်ခဲ့သလဲဆိုတာ ကျုပ်ရဲ့စာအုပ်တွေက ခင်ဗျားတို့ကိုပြောပြပါလိမ့်မယ်။ ၄။ သိထားတဲ့အခါမှာကျေနပ်နေရင် သိထားတာနဲ့ပဲ ကိစ္စပြီးသွားလိမ့်မယ်။ ၅။ နည်းနည်းလေးမှားတာကို ခွှင့်လွှတ်ခဲ့ရင် မဟာအမှား ကြီးဖြစ်သွားလိမ့်မယ်ဆိုတာ ကြပ်ကြပ်သတိထား။ ၆။ ဘာပဲကုန်သွား ကုန်သွား၊ ကျုပ်ဆီမှာ အမြဲရှိနေတာက မျှော်လင့်ချက်ပဲ။ ၇။ မြင့်မြတ်ချင်ရင်မြင့်မြတ်တဲ့အလုပ်ကိုလုပ်ရပါမယ်။ ၈။ လုပ်မယ်လို့စိတ်ကူးရဲရင်အဲဒီ့အလုပ်ဟာအောင်မြင်ဖို့ သေချာသွားပြီလို့ ကျုပ်ယုံကြည်တယ်။ ၉။ မောပြီဆိုပြီး သွားမရပ်လိုက်နဲ့။ ပိုပြီးမောသွားလိမ့်မယ်။ ဆက်သာလုပ်။ အောင်မြင်တဲ့အခါ သူ့ဘာသာသူ အမောပြေသွားလိမ့်မယ်။ ၁၀။ တန်ဖိုးဆိုတာ သိတဲ့လူအပေါ်မှာပဲ တည်တယ်။ မသိတဲ့ လူတွေအတွက် ဘာမှတန်ဖိုးမရှိဘူး။ ၁၁။ မုန်းတဲ့လူကမချစ်တာထက်၊ ချစ်တဲ့သူတွေက မမုန်းဖို့ ကျုပ်မှာတာဝန်ရှိတယ်။ ၁၂။ အခွင့်အရေးရယ်၊ အချိန်အခါရယ်၊ ပံ့ပိုးမှုရယ်၊ စိတ်ဆန္ဒရယ်မပါဘဲ ဘယ်အလုပ်မှ မအောင်မြင်ဘူး။ ၁၃။ ပြီးပြီးရောလုပ်ခဲ့တဲအလုပ်တွေအားလုံးဟာနောင်လာနောက်သားတွေကိုချောက်တွန်းခဲ့တာပဲဖြစ်တယ်။ ၁၄။ လုပ်ပြီဆိုကတည်းက သမိုင်းတင်ချင်လို့ပဲ။ ၁၅။ မြင့်မြင့်ပျံရင်တော့ များများမောမှာပဲ။ များများမောမှလည်း မြန်မြန်ရောက်မယ်။ ၁၆။ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာရိုးသားစွာ လိပ်ပြာသန့်နေရင် ဘယ်သူ့ကိုမှ မှုစရာမလိုဘူး။ ၁၇။ မကောင်းဘူးလို့တစ်သံတည်းမထွက်သရွေ့ ကိုယ်လုပ်တဲ့အလုပ်ဟာ ကောင်းနေတယ်လို့ ကျုပ်ယူဆထားတယ်။ ၁၈။ လုပ်ချင်သလောက် မလုပ်နိုင်သေးရင် လုပ်နိုင်သလောက် လုပ်ထားမှာပဲ။ ၁၉။ ရန်သူတစ်ယောက်ထက်၊ ပတ်ချာလည်ဝိုင်းနေတဲ့မိတ်ဆွေတုတွေကို ကျုပ်ကပိုကြောက်တယ်။ ၂၀။ လုပ်ကြည့်လို့မှားသွားရင် ၀မ်းသာပေတော့။ ၂၁။ နှိုက်သလောက်ရတာ ပညာပါပဲ။ ၂၂။ ဘယ်ကိစ္စကိုမဆို ပီပီပြင်ပြင် မတီထွင်နိုင်ရင် ရယ်ချင်စရာဖြစ်သွားမှာ။ ၂၃။ သူများလုပ်ပြတာတွေကို အားရစရာမလိုဘူး။ အားကျဖို့ပဲလိုတယ်။ ကိုယ်တိုင်လုပ်နိုင်ဖို့လိုတယ်။ ၂၄။ လုပ်ခဲ့တာတွေအပေါ်မှာ ယစ်မူးမနေဘူး။လုပ်ချင်တာတွေအပေါ်မှာ စိတ်ကူးမယဉ်ဘူး။ လုပ်နေတာတွေအပေါ်မှာဘဲ ကျေနပ်တယ်။ ၂၅။ တစ်လောကလုံးမှာ လုံခြုံတဲ့နေရာဟာ စိတ်ထဲမှာပဲရှိတယ်။ ၂၆။ ကိုယ်ဘာလုပ်နေသလဲဆိုတာ သူများသိဖို့မလိုဘူး။ ကိုယ်သိဖို့ပဲလိုတယ်။ ၂၇။ မျက်စိကန်းတာအရေးမကြီးဘူး၊ စိတ်ဓါတ်မကန်း ဖို့အရေးကြီးတယ်။ ၂၈။ လက်ခုပ်တီးတိုင်း ကိုယ့်ကိုအားပေးတယ်မထင် နဲ့၊ ကိုယ့်ကိုတောထုတ်တာလဲဖြစ်နိုင်တယ်။ ၂၉။ ပညာလိုချင်ရင် မာနထား၊ ပညာပေးချင်ရင် မာနချ၊ ဒါမှပညာရှင်ဖြစ်တယ်။ ၃၀။ ၀ိုင်းမြှောက်တိုင်း မြှောက်သွားရင် ပေါက်သွားမှာ လဲ သတိထားဦး။ ၃၁။ ကြိုက်နေတယ် ဆိုတာ အားလုံးကောင်းနေလို့ ဆိုပြီးမထင်နဲ့။ သူ့အတွက် ကြိုက်တာလား၊ ကိုယ့်အတွက် ကြိုက်တာလား၊ စဉ်းစားကြည့်။ ၃၂။ ကိုက်မယ့်အလုပ်ထက် ကြိုက်တဲ့အလုပ်ကိုလုပ် ရတာ ကျုပ်ပိုပျော်တယ်။ ၃၃။ လုပ်နိုင်သလောက်ကိုပဲပြော၊ ပြောသလောက်မ လုပ်နိုင်ရင် ကွယ်ရာမှာ ရယ်စရာဖြစ်နေမယ်။ ၃၄။ လမ်းမြင်တာနဲ့ ပန်းဝင်ပြီလို့မထင်နဲ့၊ အဝေးကြီး လိုသေးတယ်။ဆက်သာပြေး၊ အချိန်တန်ရောက် သွားလိမ့်မယ်။ ၃၅။ ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်းကို လိုချင်လို့မရပါ။ တန်ဖိုးကြီးကြီးပေးခဲ့မှ တန်ဖိုးရှိတာတွေ အားလုံး ရမယ်လို့ ကျုပ်ခံယူတယ်။ ၃၆။ ထီးလိုနေမလား၊ ဘိနပ်လိုနေမလား၊ လွယ်အိတ် လိုလိုက်မလား၊ ကိုယ့်အခြေအနေကို ပြတ်ပြတ် သားသား ဆုံးဖြတ်နိုင်ဖို့လိုတယ်။ ၃၇။ လမ်းသစ်ထွင်ရင် ဆူးနင်းမိမှာဘဲ။ ဆူးကြောက် ပြီးဒူးထောက်မိခဲ့ရင်မူးနောက်ပြီးလဲသွားလိမ့်မယ် ၃၈။ စိတ်မကုန်မချင်းလုပ်လို့ ကောင်းနေတဲ့ အလုပ် တွေဟာ စိတ်ကုန်သွားတာနဲ့ရပ်သွားမှာပဲ။ ၃၉။ အရိုးစူးတယ်ဆိုတာငါးစားလို့။ အမှားများတယ် ဆိုတာအလုပ်လုပ်လို့။ အဲဒါဘာဖြစ်သလဲ။ မှားစမ်းပါစေ။ ၄၀။ တမာရွက်ခါးတာ၊ သကြားချိုတာ၊ ငရုတ်သီး စပ်တာ၊ ရှောက်သီးချဉ်တာ သူတို့အလုပ် သူတို့လုပ်တာမို့ ကျုပ်ဂုဏ်ယူပါတယ်။ ၄၁။ အချိန်ကိုကိုယ်ကစောင့်ရတာ၊ အချိန်ကကိုယ့်ကို ဘယ်တော့မှမစောင့်ဘူး၊ အဲဒါသိပ်မတရားဘူး။ ၄၂။ ကကြီးကို ပက်လက်လှန်မကြည့်နဲ့၊ ကပက်လက် တော့ဖြစ်မှာမဟုတ်ဘူး၊ ယပလက်ပဲဖြစ်သွားမှာ။ ၄၃။ ပညာတော်တယ်ဆိုတာ ပညာရှာတော်တော့လို့ ပြောတာမဟုတ်ဘူး။ ဆက်ကြိုးစားဖို့ သတိပေး နေတာ။ ၄၄။ စိန်ခေါ်တယ်ဆိုတာ အနိုင်ရရေးအတွက်မဟုတ်ဘူး၊ အရှုံးမပေးဘူးဆိုတာသိဖို့အတွက်ပဲ။ ၄၅။ စာသာကောင်းပါစေ၊ ဘာလာတောင်းစရာရှိပါ့မလဲ၊ အားလုံးပြည့်စုံနေလိမ့်မယ်။ ၄၆။ ကျုပ်ရေးတဲ့စာဟာကျုပ်ဖတ်ဖို့မဟုတ်ဘူး။အားလုံးဖတ်ဖို့။ အားလုံးနဲ့တန်အောင် ကြိုးစားရမယ်။ ၄၇။ ညာစရာရှိလို့ပြင်တာကို ပညာရှိလို့ခေါ်တယ်တဲ့။ ဟုတ်လဲဟုတ်ပဲနဲ့။ ၄၈။ နောက်ဆုံးစက္ကန့်အထိပညာရပ်အပေါ်မှာရပ်တည်နိုင်ခြင်းဟာယောကျာ်းကောင်းရဲ့စိတ်ဓါတ်ပါပဲ။ ၄၉။ ပညာရပ်တစ်ခုကိုမမှန်ဘူးဆိုတာ သိနေရဲ့သားနဲ့ မှန်ပါတယ်လို့ လက်ခံနေရတာလောက် ခံပြင်းစရာကောင်းတာမရှိဘူး။ ၅၀။ ဂုဏ်ရှိအောင် ကြိုးစားတာထက် ရှိတဲ့ဂုဏ်ကို ထိန်းသိမ်းရတာ ပိုခက်တယ်။ ၅၁။ သူများလုပ်လို့ဖြစ်တာကို ၀မ်းသာနိုင်တဲ့လူဟာ သူတော်ကောင်းဖြစ်တယ်။ ၅၂။ တန်ဖိုးဆိုတာပေးတဲ့လူအပေါ်မူတည်တတ်တယ်။ ၅၃။ အောင်မြင်မှုရဲ့အောက်ကို ငုံ့ကြည့်ပါ။ ဆူးညှောင့် ခလုတ်တွေ ရှိနေပါတယ်။ အသီးစားချင်ရင်တော့ သစ်ပင် စိုက်ရမှာပဲ။ ဒါမှ ထိုက်ထိုက်တန်တန် စားရမှာပေါ့။ ၅၄။ ယုံကြည်တယ်ဆိုတာတစ်ယောက်ကတစ်ယောက်ကိုယုံရင်ကြည်တာပဲ။မယုံရင်မကြည်ဘူး။ ဟုတ်တယ်မဟုတ်လား။ ၅၅။ ခေါင်းမာတာကို အထင်မကြီးဘူး။ စိတ်ဓါတ်ခိုင်မာတာကိုပဲ ကျုပ်ကလေးစားတာ။ ၅၆။ လုပ်ပြနိုင်တာအားလုံးဟာ သတ္တိတွေဖြစ်တယ်။ ၅၇။ စိတ်ကူးတွေဟာပန်းတိုင်ရောက်ဖို့ပထမခြေလှမ်းဖြစ်တယ်။ ၅၈။ ပညာဆိုတာ သိတဲ့သူတွေအတွက်သာ အသုံးကျတာ။ မသိတဲ့သူတွေအတွက် ဘာမှအသုံးမကျဘူး။ ၅၉။ ကိုယ့်ဘာသာကိုယ် ဘာလုပ်နေသလဲဆိုတာ မှန်မှန်ကန်ကန်သိရင် လူတော်ဖြစ်ပြီ။ ၆၀။ သိနေတဲ့ပညာကို မလိုချင်ဘူး၊ ရှိတဲ့ပညာကိုပဲလိုချင်တယ်။ ဒါမှအသုံးကျတာ။ ၆၁။ မနာလိုမဖြစ်နဲ့၊ လုပ်တဲ့လူဟာနေရာရမှာပဲ။ ၆၂။ အသက်ရှင်ပြီး အသိသေနေတဲ့သူမဖြစ်ရအောင် ကြိုးစားတာဟာ ကျုပ်ရဲ့အလုပ်ပဲ။ ၆၃။ မလုပ်နိုင်ဘဲ ပြောနေတာထက်၊ လုပ်ပြီးမပြောတဲ့သူကို ကျုပ်လေးစားတယ်။ ၆၄။ ဆရာမတူတာနဲ့၊ အတွေးမတူတာနဲ့၊ အပြစ်ရှာတတ်တဲ့ပညာရှိဟာ ပညာမဲ့တဲ့သူသာဖြစ်တယ်။ ၆၅။ နောက်မပင်ပန်းချင်ရင် အခုပင်ပန်းတဲ့အလုပ်တွေကို လုပ်ပါ။ ၆၆။ ပညာမှာအရှုံးမရှိဘူး၊ဆက်မလုပ်ရင်သာကိုယ်ကရှုံးတာ။ ၆၇။ ဦးနှောက်က သိလို့မရဘူး၊ နှလုံးသားကသိမှ သိတယ်လို့ခေါ်တာ။ ၆၈။ ပညာဆိုတာ အရိပ်လိုပဲ၊ ခင်ဗျားသွားရင် သူကလိုက်မယ်။ ခင်ဗျားရပ်ရင် သူကရပ်တယ်။ ၆၉။ မနိုင်မယ့်အလုပ်ကို အရင်စမလုပ်နဲ့။ လုပ်နိုင်တဲ့အလုပ်ကိုပဲစပြီးလုပ်။မနိုင်မယ့်အလုပ်ကိုဆက်လုပ်နိုင်လိမ့်မယ်။ ၇၀။ အပြောလွယ်ပေမယ့် အလွယ်မပြောပါနဲ့။ ၇၁။ ကျုပ်သေသွားခဲ့ရင် ကျုပ်ဝိဥာဉ်လေးဟာ ဗေဒင်ပညာနဲ့အတူ ခင်ဗျားဆီ ရောက်လာပါလိမ့်မယ်။

0 comments

အကယ်ဒမီကျော်သူရခဲ့သော ဒေါက်တာဘွဲ့နှင့် ဒေါက်တာဘွဲ့အမျိုးမျိုး၊ ဘွဲ့တံဆိပ် အမျိုးမျိုးတို့အကြောင်း

Published on Sunday, November 25, 2012 in

မကြာမီကာလက ဂျာနယ်အသီးသီး တို့၏ စာမျက်နှာပေါ်၌ ရေပန်းစားသော သတင်းတစ်ပုဒ်မှာ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူအာှးုာာညေကနွှူ့နသူသါငခှေူုညျအငအကအန မှ ဦးဆောင်၍ ဗန်ကောက်မှခ့သသူ သ်ွှ့နသူသါပ ၊ သြစတြေးလျမှ ဥညူငညန ငြဘူန ဃသူနါနှုညအနမညအေငသညေူ တို့ပူးပေါင်း၍ီသခအသမ သ်ံကာညှေသခငှေူနမလငခန လူသားချင်း စာနာမှုဆိုင်ရာ ၀န်ဆောင်မှု ဒေါက်တာဘွဲ့ချီးမြှင့်သော ၀မ်းသာစရာ သတင်းတစ်ပုဒ် ဖြစ်ပါတယ်။
    ယင်းဒေါက်တာဘွဲ့သည် ကျောင်းတက်၊ စာကျက်ပြီးရတာ မဟုတ်သော်လည်း အခြား ဒေါက်တာဘွဲ့များထက်မြင့်မားပုံကို နှိုင်းယှဉ်နိုင်ရန် ဒေါက်တာဘွဲ့ အမျိုးမျိုးကို ခွဲခြမ်းစိတ်ဖြာပြလိုပါသည်။
(၁)သားကျွေးမှု၊မယားကျွေးမှုလောက်ပဲအဆင့်ရှိတဲ့
   ဒေါက်တာဘွဲ့
    စာရေးသူ ကျွန်တော်သည် ဆေးတက္ကသိုလ်-၁ ရန်ကုန်၌ (၇)နှစ် ပညာသင်ယူပြီး ဆရာဝန်ဘွဲ့ရခဲ့ရာ မိမိရဲ့နာမည်ရှေ့မှာ ]ဒေါက်တာ}လို့တပ်နေပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆေးဘက်ဆိုင်ရာ ဥပဒေပုဒ်မ ၁၆အရလည်း ဆရာဝန်ဘွဲ့ရသူများကို မိမိ ၏နာမည်ရှေ့၌ ဒေါက်တာလို့တပ်ခွင့်ပြုခဲ့ပါသည်။ ဒါပေမယ့် ကျွန်တော်သည် မိမိကိုယ်ကိုယ် ပြန်သုံးသပ်
တော့သားကျွေးမှု၊ မယားကျွေးမှုအတွက် ပညာသင်ခဲ့ရ တာပါ။ ဆရာဝန်ပညာသင်တာ ကျေးလက်ပြည်သူတို့
အလုပ်အကျွေးပြုဖို့၊ ကျန်းမာရေးအဆင့်အတန်းကို မြှင့်တင်ဖို့၊ လူတွေရဲ့အသက်ကို ကယ်ဖို့စသဖြင့် လျှောက်ပြောမယ်ဆိုရင်တော့ အတိုင်းအတာတစ်ခု အထိတော့မှန်ကောင်း မှန်ပါလိမ့်မယ်။ သို့သော် အများအကျိုးအတွက်
ကိုယ်ကျိုးတစ်စက်မှ မပါဘဲ ဘ၀တစ်ခုလုံးကို မြှပ်နှံတဲ့ ဆရာဝန်ဆိုတာကတော့ ရှားမှာပါ။ ကျွန်တော်ကတော့ ကျွန်တော်ရခဲ့တဲ့ ဆရာဝန်ဘွဲ့(ဒေါက်တာ)ဆိုတာကို သားကျွေးမှု၊ မယား ကျွေးမှု အဆင့်လောက်ပဲ သက်မှတ်ထားပါတယ်။
(၂)ပါရဂူဘွဲ့ (သို့မဟုတ်) ပီအိပ်ခ်ျဒီ
    ဏ့.ီ ဘွဲ့နဲ့ အလားတူ ဘွဲ့တွေကလည်း ဒေါက်တာတွေပဲ ဖြစ်ပါတယ်။ တက္ကသိုလ်တစ်ခုကပေး တဲ့အမြင့်ဆုံးဘွဲ့လို့လည်း အဘိဓါန်မှာ အဓိပ္ပါယ် သတ်မှတ်ပါတယ်။ သို့သော်သူတို့လည်း သားကျွေးမှု၊ မယားကျွေးမှု အတွက်စာကျက်ရပါတယ်။ အများ အကျိုးအတွက် ဏ့.ီ ယူတာ ကိုယ်ကျိုးလုံးလုံး မဖက်ဘူးဆိုရင် ဒီလိုလူမျိုးရှိတော့ ရှိတယ်၊ ရှားမယ် ထင်ပါတယ်။
(၃)ခရေစီ (ရူးသွပ်မှု) ကြောင့်ရတဲ့ ဒေါက်တာဘွဲ့
    ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ဆရာဝန် ဘွဲ့ဆိုတာ စား၊၀တ်၊နေရေး အတွက် ဘ၀အာမခံချက် ရှိခဲ့ပါတယ်။ ယခု မျက်မှောက်ခေတ်မှာတော့ ဆရာဝန်ဘွဲ့ရလည်း ဘ၀အာမခံချက် မရှိကြတော့ ပါဘူး။ သို့သော် လူငယ်လေးတစ်ယောက်ကတော့ ဆေးတက္ကသိုလ်တက်ပြီး စာမကြိုးစားဘူးလို့ ဆိုပါ တယ်။ ဒီတော့ဆရာကြီးတွေက ဘာကြောင့်စာမကြိုး စားတာလဲမေးတယ်။ သူငယ်လေးရဲ့အဖြေကတော့ သူဟာ ဆရာဝန်ဘွဲ့ရပြီးရင် ကုန်သည်လုပ်မှာပါ။ ဒီတော့ သူရဲ့နာမည်ကို ကုန်သည်ကြီး ဦး------လို့ ဆိုတာထက် ကုန်သည်ကြီး ဒေါက်တာ--ဆိုပြီးတပ်ချင်
လို့ဆေးကျောင်းလာတက် ရတာပါလို့ ဖြေလို့ ဆေးပညာသင်ပေးသော ဆရာကြီးများ စိတ်ပျက်ရ ပါတယ်။ ဒီတော့ ဒီသူငယ်လေးဟာ ]ဒေါက်တာ}ဆိုတဲ့ ဝေါဟာရကို ခရေစီဖြစ်တာပေါ့။ ဒီလိုဒေါက်တာမျိုးကို ခရေစီဒေါက်တာ အမျိုးအစားလို့ ခေါ်နိုင်ပါတယ်။
(၄)ရှင်ဘုရင်ရှေ့မှာ ဒူးထောက်မယ်ပြောလို့ရတဲ့
   ဘွဲ့တံဆိပ် အမျိုးအစား
    တစ်ခါတုန်းက ဂရိတ် ဗြိတိန်နိုင်ငံမှာ ၀ိတိုရိယ
ဘုရင်မကြီး စိုးစံတော်မူပါတယ်။ အဲဒီမှာ စာရေးဆရာ ရိုက်ဒါ ဟားဂါတ် ဆိုတာရှိတယ်။ သူဝတ္ထုတစ်ပုဒ်ရေး ပါတယ်။ ၀တ္ထုရဲ့အမည်ကှံန  (ရှီ)လို့ခေါ်တယ်။ ဇာတ်ဝင်ခန်းက ဘယ်လိုလဲဆိုတော့ ဇာတ်ဆောင် မင်းသားဟာ ဂရိတ်ဗြိတိန် နိုင်ငံသားဖြစ်တယ်။
    တစ်နေ့တော့ ဇာတ်လိုက်မင်းသားဟာ အဖော် တစ်သိုက်နဲ့ အာဖရိက တောနက်ကြီးထဲကို ခရီးထွက် ခဲ့တယ်။ အဲဒီတောနက်ကြီးထဲမှာ လူရိုင်းတွေနေကြ တယ်။ လူရိုင်းတွေက ဇာတ်လိုက်မင်းသားကို ဖမ်းမိ သွားပြီး သူတို့ရဲ့ အင်မတန်ချောမောလှပတဲ့ ဘုရင်မ ဆီခေါ်သွားတယ်။ ဘုရင်မရှေ့တော်မှောက်ရောက်တဲ့ အခါကျတော့ လူရိုင်းတိုင်းပြည်က အမတ်ကြီးတွေက ဇာတ်လိုက်မင်းသားကို ဒူးထောက်ခိုင်းပြီး ဘုရင်မကို အရိုအသေပြုခိုင်းတယ်။ ဇာတ်လိုက်မင်းသားက သူ့ကို သတ်ချင်သတ်လိုက်ပါ။ ဒူးမထောက်နိုင်ဘူးလို့ ပြောတယ်။ ဘာကြောင့်လဲလို့မေးတော့ ဂရိတ်ဗြိတိန် နိုင်ငံသားက ဖြေတာကတော့ သူဟာ ဂရိတ်ဗြိတိန် နိုင်ငံရဲ့ဘုရင်မကြီး ၀ိတိုရိယ ရှေ့တော်မှောက်ကလွှဲလို့ ဘယ်သူ့ကိုမှ ဒူးမထောက်ဘူးရယ်လို့ ရဲရဲတောက်ပြန် ပြောတဲ့ ဇာတ်ဝင်ခန်းပါ။ အဲဒှီံန  ဆိုတဲ့ဝတ္ထုကို ဗြိတိန်က ၀ိတိုရိယ ဘုရင်မကြီး ဖတ်ကြည့်တော့ သဘောကြတော်မူပြီး ၀တ္ထုရေးဆရာရိုက်ဒါဟားဂါတ်
ကို ဆာ(ှငမ )ဘွဲ့တံဆိပ်ချီးမြှင့်လို့ ဆာရိုက်ဒါ ဟားဂါတ်ရယ်လို့ ဖြစ်လာရပါတယ်။
    အဲဒါကတော့ ၀ိတိုရိယ ဘုရင်မကြီးရဲ့ ရှေ့တော်မှောက်မှာ ဒူးထောက်မယ် ပြောလို့ရတဲ့ ဘွဲ့မျိုးပါ။
(၅) ပူဆာလို့ရတဲ့ ဘွဲ့တံဆိပ်အမျိုးအစား
    မြန်မာနိုင်ငံတော်ဝယ်တရံရောအခါကဘိုးတော် ဘုရား ဘုရင်ကြီးရှိပါတယ်။ ဘိုးတော်ဘုရား ဘုရင်ကြီးရဲ့ မိဖုရားခေါင်ကြီးတို့မှာ ငယ်ကျွန်]ရွှေလေး} ဆိုတာရှိတယ်။ ရွှေလေးကစာမတတ်ပါဘူး။ ဒါပေမယ့် ဘုရင်ကြီးကို နှိပ်နယ်ပေးတယ်၊ မိဖုရားခေါင်ကြီး၏ ထွေးခံကို သွန်ပေးတယ်။ လက်တိုလက်တောင်း ခိုင်းလို့သိပ်ကောင်းပါတယ်။ ဘုရင်တွေလက်ထက်က တည်းက လူတော်တွေကို ဘွဲ့တံဆိပ်အမျိုးမျိုး ချီးမြှင့်လေ့ရှိပါတယ်။ ဘုန်းကြီးတွေကို သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တွေ၊ စစ်သူကြီးတွေကို သူရဲကောင်း ဆိုင်ရာ ဘွဲ့တံဆိပ်တွေ၊ ပညာရှိအမတ်ကြီးတွေကို ပညာဆိုင်ရာ ဘွဲ့တွေချီးမြှင့်ရပါတယ်။ ဒီတော့သူ့ကို လည်း ဘွဲ့ပေးဖို့ ဘုရင်နဲ့မိဖုရားကြီးကို ခဏခဏပူဆာ တယ်။ ဘုရင်ကလည်း သူ့ကိုဘွဲ့ပေးချင်ပါတယ်။ ဒါမေယ့် သူကစာမတတ်တော့ ပညာရပ်ဆိုင်ရာဘွဲ့ ပေးလို့လည်းမရဘူး။ ဘုန်းကြီးမဟုတ်တော့ သာသနာ တော်ဆိုင်ရာ ဘွဲ့ပေးလို့လည်းမရပါ။ သူရဲကောင်းဆိုင် ရာဘွဲ့ပေးချင်လို့ စစ်သူကြီးတွေ၊ ရှေ့တန်းစစ်တိုက် ထွက်တဲ့အခါ လိုက်ပါလို့ပြောတော့လည်း ကြောက်လို့ မလိုက်ရဲဘူး။ ဒီတော့ဘာဘွဲ့ ပေးရမလဲမသိဘူး။ ဒါနဲ့ သူ့ကို ဘာဘွဲ့ပေးရင်ကောင်းမလဲဆိုပြီး ဘိုးတော် ဘုရားကပညာရှိအမတ်ကြီး ဦးပေါ်ဦးကိုတိုင်ပင်တယ်။ ဦးပေါ်ဦးက ဒီအတွက်တော့ သူ့တာဝန်ထားပါ။ ဘွဲ့အမည်ရေးပေးရုံမက  ဘွဲ့တံဆိပ်ပါ   တစ်ခါတည်း
လုပ်လာပါမယ် ပြောပြီးအိမ်ပြန်သွားတယ်။ ဦးပေါ်ဦး ကပန်းထိန်ဆရာဆီသွားပြီး ဘွဲ့တံဆိပ်ကြေးပြားတစ်ခု မှာ ]သုဝဏ္ဏနု} ဆိုပြီး စာသားခတ်နှိပ်စေပြီး ရွှေလေးကို ပေးရန် ဘွဲ့တံဆပ်ပါဆိုပြီး ဘုရင်ကိုဆက် သတယ်။ နောက်တစ်နေ့ လွှတ်တော်ညီလာခံမှာ ဘုရင် ကိုယ်တိုင် ရွှေလေးကို
]သုဝဏ္ဏဓနု}ဘွဲ့ချီးမြှင့်ပါတယ်။ ရွှေလေးလည်း အလွန်ဝမ်းသာရှာတယ်။
    ဒီလိုနဲ့နေလာကြရာ တစ်နေ့မှာဘုရင်ကြီးက နန်းဦးကျောင်း ဆရာတော်ဘုရားကြီးကို နန်းတော်ထဲ ဖိတ်၍ ဆွမ်းကပ်ချင်လို့ ရွှေလေးကို နန်းဦးကျောင်း သို့လွှတ်၍ ဆရာတော်ပင့်ခိုင်းတယ်။ ဒီတော့ ဆရာတော်က ရွှေလေးကိုမြင်တော့ နုတ်ဆက်ပုံက ဒီလိုပါ။
ဆရာတော်    - ဟဲ့ ငရွှေလေးနေကောင်းလား။
ရွှေလေး    - မှန်လှပါ တပည့်တော်ကို ငရွှေလေး လို့မခေါ်ပါနဲ့ဘုရား။
ဆရာတော်    - ဟဲ့ ဘယ်လိုဖြစ်ရတာလဲ။နင့်နာမည် တစ်သက်လုံး ငရွှေလေးမဟုတ်လား။ နာမည်ပြောင်း လို့လား။
ရွှေလေး    - နာမည်မပြောင်းပါဘူး။ ဒါပေမဲ့ တပည့်တော်ကို ဘုရင်က ဘွဲ့တံဆိပ်ချီးမြှောက်လို့ တပည့်တော်ဟာ ဘွဲ့ရပုဂ္ဂိုလ်ဖြစ်နေပါပြီ။ ဘွဲ့နာမည် က ]သုဝဏ္ဏဓန}ပါဘုရား။ ဒါကြောင့်တပည့်တော်ကို သုဝဏ္ဏဓန ဦးရွှေလေး လို့ခေါ်ပါဘုရား။
ဆရာတော်    - ဟဲ့ဟဲ့ ---ဘယ်လိုတွေဖြစ်ကုန်ကြ တာလဲ။ နေပါဦးဟဲ့ နင့်နာမည်ကို အဓိပ္ပါယ်ဖော်လိုက် ဦးမယ်။ သုဝဏ္ဏ ဆိုတာက ပါဠိစကားကွဲ့ ရွှေလို့အဓိပ္ပါယ်ရတယ်။ ဓနုဆိုတာကလည်း ပါဠိ စကားပဲ။ လေးသောလို့ အဓိပ္ပါယ်ရတယ်။ သုဝဏ္ဏဓနု ဆိုတော့ လေးသောရွှေလို့ရတယ်။ အဲဒါရွှေလေးပဲပေါ့
ဟဲ့။ နင့်နာမည်ကို ဘွဲ့လုပ်ပြီး နင့်ကိုပြန်ပေးထားတာ ဟုပြောလိုက်ပါကြောင်း။ အဲဒါကတော့ ရှင်ဘုရင်ကို ခဏခဏ ပူဆာလို့ရလာတဲ့ ဘွဲ့ပါ။
(၆) တန်ဆာဆင်တဲ့ ဒေါက်တာဘွဲ့
    လစ်ဗျားအာဏာရှင် ကဒါဖီကတော့ နိုင်ငံရဲ့ အမြင့်ဆုံးရာထူးလဲရတယ်။ ပြီးတော့ အကျင့်ပျက် ခြစားထားလို့ ဒေါ်လာဘီလီယံ ၈၀ လောက်လဲ ချမ်းသာတယ်။ ကဲဘာလိုသေးလဲလို့ မေးရင် လိုသေး တာပေါ့။ ဒေါက်တာဆိုတဲ့ ဂုဏ်လို့ဖြေရပါမယ်။ ဒီတော့ ကဒါဖီဟာ သူရဲ့သား ဆာအိကို လန်ဒန်ရဲ့ အထင်ကရ တက္ကသိုလ်ကြီးဖြစ်တဲူ့ညေိသညှခ့သသူ သ် နခသညသာငချ ကိုလွှတ်ပြီး ဏ့.ီဘွဲ့ယူစေပါတယ်။  ဆာအိက အဲဒီတက္ကသိုလ်ကို လာဘ်ထိုးတဲ့သဘောမျိုး နဲ့မျက်နှာလိုမျက်နှာရလုပ်ပြီး ဒေါ်လာတွေသန်းနဲ့ချီပြီး လှူခဲ့တယ်။ ဆာအိလည်း ဏ့.ီ ရခဲ့တယ်။ နောက်တော့မှ တက္ကသိုလ်တာဝန်ရှိ ပုဂ္ဂိုလ်တွေက ငွေတွေအများကြီးယူထားတာ ပေါ်ကုန်လို့ တက္ကသိုလ် အာဏာပိုင်လည်း အလုပ်ပြုတ် ဆာအိလည်း သိက္ခာကျခဲ့ရပါတယ်။ အဲဒါမျိုး ဒေါက်တာလဲရှိ သေးတယ်။
(၇) စာခိုးချတဲ့ဒေါက်တာဘွဲ့
    ဂျာမဏီကကာကွယ်ရေးဝန်ကြီး ကားလ်သီအိုဒို ဖရိုင်ဟာ ဇူဂူတင်ဘ့ာခ်ျ ဆိုသူကလည်း ဥပဒေဆိုင်ရာ ပါရဂူဘွဲ့ရခဲ့တယ်။ ဒါပေမဲ့ ပြည်သူတွေက သူရေးတဲ့ ဏ့.ီ ဘွဲ့ ကျမ်းပြုစာတမ်းကို အင်တာနက်မှာ ဖတ်ကြည့်ကတော့ သူစာခိုးချတာ ပေါ်သွားတယ်။ ဒီတော့သူဟာ ကာကွယ်ရေးဝန်ကြီး ဘ၀ကနေ နုတ်ထွက်သွားရပါတယ်။

(၈)ဂုဏ်သိက္ခာအရှိဆုံးဒေါက်တာဘွဲ့ဆိုတာဘာလဲ။
    မြန်မာနိုင်ငံမှာ အထင်ကရ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ်တော် တော်များများက ဒေါက်တာဘွဲ့ချီးမြှင့်ခဲ့ပါတယ်။
    ဦးကျော်သူကိုလည်း ခရစ်ယာန်အသင်းတော် ကဒေါက်တာဘွဲ့ချီးမြှင့်ခဲ့တယ်။ သူတို့ရတဲ့ ဒေါက်တာ ဘွဲ့တွေကိုလေ့လာရင် ၀ိတိုရိယ ဘုရင်မကြီးရှေ့မှာ ဒူးထောက်မယ် ပြောလို့ရတှဲှွုျ့ ဘွဲ့မဟုတ်။ ဘိုးတော်ဘုရားကို နားပူနားဆာလုပ်လို့ ပေးလိုက်တဲ့ သုဝဏ္ဏဓနုလို ဘွဲ့တံဆိပ်မျိုးမဟုတ်။ သားကျွေးမှု၊ မယားကျွေးမှု (သို့မဟုတ်)လင်ကျွေးဖို့၊ သားကျွေးဖို့ စာကျက်၊ သင်တန်းတတ်ပြီးရယူတဲ့ အသက်မွေးဝမ်း ကျောင်းဖို့ဘွဲ့မဟုတ်ဘူး။
    ဒါဆိုရင် သူတို့ကို ဘာကြောင့် ဒေါက်တာဘွဲ့ ချီးမြှင့်တာလဲဆိုရင် သူတို့ရဲ့ ယုံကြည်မှုအတွက် ဘ၀ တစ်ခုလုံးကို မြှုပ်နှံပြီး ပေးဆပ်လို့ချီးမြှင့်ခံရတဲ့ ဘွဲ့မျိုး လို့ထင်ပါတယ်။ ဘ၀ကို ပေးဆပ်လို့ရတဲ့ဘွဲ့မျိုးပါ။ ဒီလိုဒေါက်တာမျိုးဟာ ဒေါက်တာဘွဲ့ အမျိုးမျိုးမှာ အမြင့်ဆုံးပဲလို့ ထင်ပါတယ်။
    ယခုခေတ် မျက်မှောက်ကာလမှာ ဆရာဝန် ဒေါက်တာတွေ သိပ်များနေပါပြီ။ ဒါကြောင့် စာဆိုတစ် ခုတောင် ရှိလာခဲ့တယ်။ တွေ့သူမျှလူ၊ ပါရဂူ၊ မြင်မြင်သမျှ ပါမောက္ခရယ်လို့တောင် ပြောစမတ်ရှိ တယ်။
    အဲဒီလိုတွေ့သမျှလူ ပါရဂူဆိုပြီး များပြားတဲ့ အရေအတွက်ဟာ တကယ်တော့ အသက်မွေးဝမ်းကျောင်းသမား၊ သားကျွေးမှု၊ မယားကျွေးမှု သမားတွေ များပါတယ်။
    မိမိဘ၀တစ်ခုလုံးကို ပေးဆပ်လို့ရတဲ့ ပါရဂူဘွဲ့ ကတော့ရှိတော့ရှိတယ်၊သို့သော်ရှားပါတယ်။ဒါကြောင့်
ရှားရှားပါးပါး လူမျိုးကို လိုက်ရှာပြီး ဒေါက်တာဘွဲ့ ပေးသော ခရစ်ယာန်အသင်းတော်များနှင့် ကမ္ဘာ့ တက္ကသိုလ်ကြီး တစ်ချို့ကိုလည်း လေးစားချီးမွမ်းထိုက် သည်ဟု ဆိုချင်ပါကြောင်း။
ဒေါက်တာထွန်းဝင်းရေးသားသောဆောင်းပါ ကိုကြိုက်နှစ်သက် သဖြင့် ထပ်မံဖော်ပြရခြင်း ဖြစ်ပါ တယ်။

ပါဠိစာပေမှာ အတ္တာနူဝါဒဘေး ဆိုတဲ့ဝေါဟာရ တစ်ခုရှိတယ်။
    ဒီစာပိုဒ်ကို သေသေချာချာ ဖတ်ဖို့လိုတယ်။ အရေးကြီးလို့ပါ။ ]]တစ်ခြားလူတွေက၊ ကိုယ့်ကို မကောင်းပြောဆို စွပ်စွဲလာမှုတွေဟာ ကိုယ့်အတွက် အရေးအကြီးပါဘူး။ ကိုယ့်ကိုယ်တိုင် မကောင်းတာတွေ ပေါ်တင်ကြီးလုပ်၊ ကိုယ်မကောင်းတာလုပ်တာ၊ ကိုယ်ကိုယ်တိုင်ကလဲသိ။ အဲဒီတော့ ငါဟာမကောင်းတာ တွေလုပ်ကိုင်ပြောဆိုနေတာပါလားလို့ မိမိကိုယ်မိမိ မကောင်းသောအရာများဖြင့် စွပ်စွဲတဲ့ဘေးဆိုတာက တော့ ကိုယ့်ဘ၀အတွက် သေရာပါသွားနိုင်တယ်။ မကောင်းတဲ့
ဘုံဘ၀တွေဆီ ရောက်သွားနိုင်တယ်။ ကိုယ့်ကိုဘယ်သူတွေက ဘယ်လောက်ကောင်းပါတယ် လို့ ချီးမွမ်းတာဖြစ်ဖြစ်၊ မကောင်းပါဘူးလို့ ဘယ်လောက်ပင် ရုတ်ချ ရုတ်ချ ကိုယ့်အကြောင်း ကိုယ်သာအသိဆုံးဖြစ်တယ်။ ကိုယ်ကောင်းတာလုပ်နေ သလား၊ ကိုယ်ပဲအသိဆုံးဖြစ်တယ်။ ဒီ အတ္တာနူဝါဒ ဘေးဆိုတာက ကိုယ်လုပ်ခဲ့တဲ့ မကောင်းမှုတွေကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ဘေးမျိုးကိုခေါ်တယ်။ အဲဒါ ကြောင့် ဒီလိုဘေးမျိုးတွေ မပေါ်ပေါက်ရလေအောင် ကိုယ်ကိုယ်တိုင်က ယုတ်မာသော၊ ညစ်ညမ်းသော မကောင်းမှုအကုသိုလ်တွေကို မလုပ်မိဖို့ ကြိုးစားနေ
ထိုင်ပါ။
    မိမိပြုသော မကောင်းမှုကို အခြေခံပြီး ကိုယ့်ကိုယ်ကို မကောင်းသဖြင့် ပြန်လည်စွပ်စွဲနေမှုကြီး
တန်းလန်းနဲ့ သေသွားရင်တော့မကောင်းတဲ့ ဘုံဘ၀ဆီ ရောက်နိုင်တာမို့ အဲဒီလိုစွပ်စွဲမှုတွေကိုချေဖျက်ပစ်ပါ။ စိတ်ထဲစွဲမထားပါနဲ့။ ဒါန၊ သီလ၊ ဘာဝနာ ၀ိပဿနာ ကုသိုလ်ထူးထူးများနဲ့ ပြုလုပ်ဖုံးလွှမ်းပြီး ချေဖျက်ပစ်ပါ။ အဲဒီလိုချေဖျက်ပစ်ပါမှ ကိုယ့်ကိုယ်ကို မကောင်းသဖြင့် စွတ်စွဲထားမှုတွေဟာ တစ်စတစ်စ နည်ပါးလာမယ်။ ကုသိုလ်အာသန္နကံအဖြစ်ပြောင်းလဲပြီး ဘ၀ကူးကောင်း နိုင်မှာပါ။ အတ္တာနူဝါဒဘေးမှ ကင်းဝေးစေဖို့ ကြိုတင် ကောင်းမှုတွေကြိုးစားပြုဖို့လိုပါတယ်။
ဒေါက်တာဒဂုန် (ဏ့.ီ)

Spread The Love, Share Our Article

Related Posts

No Response to "အကယ်ဒမီကျော်သူရခဲ့သော ဒေါက်တာဘွဲ့နှင့် ဒေါက်တာဘွဲ့အမျိုးမျိုး၊ ဘွဲ့တံဆိပ် အမျိုးမျိုးတို့အကြောင်း"

Add Your Comment