ကျုပ်ပြောချင်တာက ဗုဒ္ဓဘာသာဝင်တို့ရဲ့သဒ္ဓါ စိတ်၊ ကုသိုလ်အကျိုး။ တစ်ခါတစ်လေမှာ လိုင်းကား ပေါ်မှာ သံဃာလေးငါးပါး ပြိုင်တူဆုံမိတတ်ကြတယ်။ ဘတ်စ်ကားပေါ်မှာ သံဃာထိုင်ဖို့ သတ်မှတ်ထားတာ ကနှစ်ခုံထဲ။ သံဃာကလေးငါးပါးဆိုတော့ ထိုရဟန်း သံဃာတွေမှာ ခရီးဆုံးအထိ လူကြားထဲမိုးတိုး မတ်တတ်။လူချောင်နေရင်ကိစ္စမရှိ။ ရုံးချိန်ကျောင်းချိန် ဆိုရင်လူတွေကြားထဲ ရဟန်းသံဃာတွေမှာ အမြင် မတော်။ ရဟန်းများအနေနဲ့ တွေ့ရာလွတ်ရာ တိုးဝှေ့ စီးလို့လဲမသင့်တော်။ သံဃာထိုင်ခုံမဟုတ်လို့ ဘယ်ဗုဒ္ဓ ဘာသာဝင်မှ နေရာမဖယ်ပေးကြပါ။ နေရာမလှူကြ။ မသိဟန် မမြင်ဟန်ပြု၍ မျက်နှာလွှဲနေကြတတ်ပါ တယ်။ နေရာမှထပေးဖို့ကောင်းတယ်။ နေရာလှူဖို့ ကောင်းတယ်။ ကုသိုလ်ယူဖို့ကောင်းတယ်။
တစ်လောက ကားပေါ်မှာ ကိုယ်တိုင်တွေ့မြင်ခဲ့ ရတာပြောချင်တယ်။ ဘတ်စ်ကားပေါ်မှာ ရဟန်းတစ် ပါး။ သက်တော်က ငါးဆယ်ခန့်။ ဘတ်စ်ကားနဲ့ လက်ဝဲဘက် သံဃာခုံမှာ လူတစ်ယောက်က ၀င်ထိုင်နေတယ်။ အသက်သုံးဆယ်လောက်ပဲ။ လက် ဆွဲအိတ်နက်တစ်လုံး ပေါင်ပေါ်မှာတင်ထားတယ်။ ၀တ်စားဆင်ယင်မှုက ခေတ်ပညာတတ်ပုံစံ။ သူထိုင်နေ တာက သံဃာထိုင်ခုံ။ဒါပေမယ့် အဲဒီရဟန်းကို အမှန်တကယ် မမြင်မတွေ့လို့လား။မမြင်ချင်ဟန် ဆောင်တာလားမသိ။ ကားကတဖြည်းဖြည်းလူကျပ် လာ။ ဆွမ်းခံ<ကမည့် ကိုရင်ငယ်သုံးပါးလည်း သပိတ်ကိုယ်စီနဲ့ ဘတ်စကားပေါ်တက်လာ။ လူကျပ် ကျပ်ထဲမှာ သံဃာတစ်ပါးနဲ့ ဆွမ်းခံကိုရင်သုံးပါးတို့မှာ တရကြမ်းမောင်းနှင်နေသော ဘတ်စ်ကားထဲမှာ ယိုင်ထိုးနေတာ၊ ဒုက္ခကြီးမားနေတာ ထိုင်ခုံမှာထိုင်နေ ကြတဲ့လူတွေ မြင်တွေ့နေကြသည်မှာ မလွဲပါ။သို့သော် ဘယ်သူကမှ ကိုယ်ချင်းစာနာ၊ ညှာတာစိတ်နဲ့ နေရာထ-ဖယ်မပေးကြ။ ဘာသိဘာသာပင် မမြင်ချင် ဟန်ပြုနေကြတယ်။ မိမိတို့နိုင်ငံက ထေရ၀ါဒနိုင်ငံ။ ထေရ၀ါဒနိုင်ငံဖြစ်ပါလျှက်၊ ဗုဒ္ဓဘာသာဝင်တွေဖြစ်ပါ လျှက် ရဟန်းသံဃာ၊ သာမဏေ သီလရှင်တွေထိုင်ဖို့ နေရာထိုင်ခင်းမရှိတော့ပြီလား။ သံဃာတော်ထိုင်ခုံလို့ ရေးမထားပေမယ့် ကိုယ်ပိုင်နေရာ တစ်နေရာစာ လောက်ကိုမျှ ခရီးသွားများက နေရာထိုင်ခင်း မလှူဒါန်းနိုင်ကြတော့ပြီလား။ ဒီစာစုဟာ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေလိုတဲ့ စေတနာမပါပါဘူး။ ကိုယ့်ရဲ့ အတွေးအမြင်ခံစားမှု တစ်ပိုင်းတစ်စကို ရိုးသားစွာ ရေးပြတာပါ။
ဒေါက်တာဒဂုန် (ဏ့.ီ)
0 comments
ဘတ်စ်ကားပေါ်က သံဃာထိုင်ခုံ
Published on Sunday, November 25, 2012 in ဘာသာရေး ဆောင်းပါးများ
Related Posts
Labels:
ဘာသာရေး ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No Response to "ဘတ်စ်ကားပေါ်က သံဃာထိုင်ခုံ"
Add Your Comment