ပါဠိလို မေတ္တာပို့တဲ့အခါ၊ အနိဃာဟောန္တု ဆိုတဲ့ စာပိုဒ်တစ်ပိုဒ်ရှိတယ်။ မြန်မာလိုကတော့ အနီဃာ=ဆင်းရဲခြင်းကင်းကြပါစေ၊ ဟောန္တု =ဖြစ်ကြပါ စေသတည်းလို့ အဓိပ္ပါယ်ရတယ်။
ဒီနေရာမှာ ဆင်းရဲခြင်း ကင်းကြပါစေဆိုတဲ့ စကားမှာ ဆင်းရဲတယ်ဆိုတာကလည်း အများကြီး ရှိနေပြန်တယ်။
လိုရင်းအချုပ်ကတော့-
(က) ကိုယ်၏ဆင်းရဲခြင်း
(ခ) စိတ်၏ဆင်းရဲခြင်းလို့ နှစ်မျိုးရှိတယ်။
သတ္တ၀ါတို့ရဲ့ဓမ္မတာအလေ့မှာ နှစ်ခြိုက်ဖွယ်မဟုတ်၊ အလိုရှိဖွယ်မဟုတ်တဲ့ အနိဠာရုံတို့နှင့် တွေ့ကြုံရတဲ့ အခါ ချမ်းသာခွင့်ကိုမရဘဲ ဆင်းရဲကြတယ်။ အဲဒါကြောင့် အလိုမရှိအပ်တဲ့အနိဌာရုံကိုဆင်းရဲခြင်း၏ အကြောင်းရင်းလို့ ဆိုထိုက်တယ်။
အနိဠာရုံတိုနှင့် ကွေကွင်းပြီး အလိုရှိအပ်၊ နှစ်သက်အပ်တဲ့ ဣဌာရုံတို့နှင့် တွေ့ကြုံရပါလျှင် သတ္တ၀ါတို့၏ ဓမ္မတာ၊ ချမ်းသာလေ့ရှိကြတယ်။ ဒါကြောင့်ဣဌာရုံကတော့ ချမ်းသာခြင်းရဲ့ အကြောင်း ရင်းလို့ဆိုထိုက်တယ်။
မေတ္တာပွားတဲ့ပုဂ္ဂိုလ်အနေနဲ့ သတ္တ၀ါအများ ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေဟုဆိုလျှင် အနိဌာရုံ အမျိုးမျိုးမှ ကင်းဝေးကြပါစေ၊ ဣဌာရုံအမျိုးမျိုးတို့နှင့် တွေ့ကြုံကြပါစေ-လို့ တောင့်တချက်ကိစ္စလဲ တစ်ခါထဲ ပြီးစီးသွားပါတယ်။
အနီဃာဟောန္တု မေတ္တာအာသီသနဲ့ တောင့်တ တဲ့အခါမှာ သတ္တ၀ါတို့အပေါ်မှာ ထိထိခိုက်ခိုက် စူးစူးစိုက်စိုက် အာရုံထားပြီး ဆင်းရဲခြင်းကင်းဝေး
ကြပါစေလို့ မေတ္တာညှို့ဓါတ်နဲ့ ထက်ထက်သန်သန် တောင့်တကြရမှာပါ။
အခုခေတ် ဗုဒ္ဓဘာသာဝင် ဆိုတာတွေဟာ မှတ်ပုံတင်ကဒ်ပြားထဲမှာပဲ ရှိတော့တယ်။ ဗုဒ္ဓရဲ့ တရား တစ်လုံး၊ စကားတစ်လုံးနားလည်အောင် မကြိုးစားကြ တော့ဘူး။ စိတ်လဲ မ၀င်စားကြတော့ဘူး။ ဒီလိုပဲ စားဝတ်နေရေးတွေနောက်မှာလိုက်ပြီး တစ်ရက်ပြီး တစ်ရက် အချိန်ကုန်ခံကြတော့မှာလား။ ကိုယ့်အတွက် ဘာမှထည့်မစဉ်းစားကြတော့ဘူးလား။ သံသရာဆိုတာ ရှိတယ်။ အောက်သံသရာ ရောက်သွားရင်တော့ မလွယ်တော့ဘူး။ သာသနာရှိပါလျှက် တေ့လွဲ လွဲခံ ကြတော့မှာလား။
0 comments
အနိဃာ ဟောန္တု
Published on Sunday, November 25, 2012 in ဘာသာရေး ဆောင်းပါးများ
Related Posts
Labels:
ဘာသာရေး ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No Response to "အနိဃာ ဟောန္တု"
Add Your Comment