သုခီ အတ္တာနံ ပရိဟရန္တု ဆိုတာက
အတ္တာနံ = မိမိကိုယ်ကို
သုခီ = ချမ်းသာစွာ
ပရိဟရန္တု =ဆောင်ရွက်နိုင်ကြပါစေလို့ မြန်မာလိုအဓိပ္ပါယ်ရတယ်။ ဒီပါဠိတော်ကို မြန်မာမှုပြုတဲ့အခါအဲဒီလိုအဓိပ္ပါယ်သက်ရောက်တယ်။ ရှိရှိသမျှသတ္တ၀ါတွေဟာ မိမိတို့ကိုယ် အတ္တဘောကို စောင့်ရှောက်ရွက်ဆောင်ကာ အသက်ဝိညာဉ်နှင့်တကွ တည်ရှိနေကြတယ်။ မိမိတို့ ကိုယ်အတ္တဘောကို မစောင့်ရှောက်၊မရွက်ဆောင်ရတဲ့သတ္တ၀ါရယ်လို့မရှိဘူး။ စောင့်ရှောက်ခြင်း၊ ရွက်ဆောင်ခြင်းဆိုတာလည်း မိမိတို့ကိုယ်အတ္တဘောကို အရှည်တည်တံ့ အောင်မွေးမြူခြင်းကိုဆိုလိုတာပါပဲ။အသက်မွေးမြူခြင်းလို့လည်း ဆိုနိုင်ပါတယ်။ အဲဒီလို အသက်မွေးမြူစောင့်ရှောက်တဲ့ကိစ္စမှာ ချမ်းချမ်းသာသာမွေးမြူရခြင်းနှင့် ဆင်းဆင်းရဲရဲနဲ့စောင့်ရှောက်မွေးမြူရခြင်းဆိုပြီး နှစ်မျိုးရှိတယ်။
ဆင်းဆင်းရဲရဲနဲ့မွေးမြူရရင်တော့ အဲဒီသတ္တ၀ါဟာ ချမ်းသာသုခကိုမရနိုင်တော့ဘူး။ လောကမှာ အသက်မွေးမြူမှုအလုပ်ပေါင်းများစွာတို့ကို လုပ်ကိုင်ပြီးတော့ မိမိတို့ရဲ့အသက်မွေးမြူနေကြရာမှာ အချို့မှာ
ချမ်းချမ်းသာသာမွေးမြူနိုင်ကြတယ်။ တစ်ချို့ကြတော့ နေ့စဉ်ရက်ဆက် အသက်မွေးမှုအလုပ်ကို ဆင်းရဲငြိုငြင်စွာ လုပ်ကိုင်ပြီး ပင်ပန်းကြီးစွာအသက်မွေးကြရတယ်။
မေတ္တာပွားများတဲ့ ပုဂ္ဂိုလ်ရဲ့ အာသီသမှာတော့ -ဆင်းရဲငြိုငြင်စွာ အသက်မွေးမြူမှုတို့မှ လွတ်ကင်း၍ချမ်းသာစွာ အသက်မွေးမြူကာ ပျော်ပျော်ရွှင်ရွှင် နေစေချင်တယ်။ သည်လိုနေစေချင်တာ ဘာ့ကြောင့်လဲဆိုတော့ ချမ်းသာစေချင်လို့ပါ။ အဲဒါကြောင့်ချမ်းချမ်းသာသာနဲ့ ထက်သန်တဲ့ပတ္တနာဖြင့် အာသီသဂါထာကို ကျူးရင့်ကြတာဖြစ်တယ်။
သုခီ အတ္တာနံ ပရိဟရန္တု သိရပါတန္တု လို့ မေတ္တာအာသီသနဲ့ တောင့်တတဲ့အခါမှာ သတ္တ၀ါတို့အပေါ်မှာ ချမ်းချမ်းသာသာအသက်မွေးမြူနိုင်ကြပါစေလို့ မေတ္တာညှို့ဓာတ်နဲ့ ထက်ထက်သန်သန်တောင့်တကြရမယ်။
အထူးတလည် အာရုံစူးစိုက်ပြီးတော့ မေတ္တာပို့တက်အောင်ပြောပြနေတာပါ။ ဗုဒ္ဓဘာသာဝင်တွေအတွက် မသိမဖြစ်သိကိုသိထားကြရမှာပါ။ တော်ရုံတန်ရုံပေါ့ပေါ့ဆဆ မနေလိုက်ကြပါနဲ့။ ဒါတွေဟာ-လူတွေအားလုံး ကြားဖူးပြီးသားစကားလုံးတွေ။ နားယဉ်ပြီးသားစကားတွေ။ ခတ်တာက - ဒီ စကားလုံး
တစ်လုံးစီရဲ့ မြန်မာလို အရပ်စကားနဲ့မသိကြ၊ နားမလည်ကြလို့-ဒီလောက်အထိ ပေါ့ပေါ့ဆဆနေနေကြတာ။ ဒါကိုတော့ အလေးအနက်သတိပေးပါတယ်။ သိအောင်လုပ်ကြပါ။ နားလည်အောင် လုပ်ထားကြပါ။
0 comments
သုခီ အတ္တာနံ ပရိဟရန္တု
Published on Sunday, November 25, 2012 in ဘာသာရေး ဆောင်းပါးများ
Related Posts
Labels:
ဘာသာရေး ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No Response to "သုခီ အတ္တာနံ ပရိဟရန္တု"
Add Your Comment