မိန်းကလေး ။ ။
ကျွန်မဟာ အိမ်ထောင်ရေး ကံကောင်းနိုင်ပါ့မလားဆရာ။
လက္ခဏာဆရာ။ ။ အိမ်တွင်းရေးကတော့ မဆိုး ပါဘူး၊
အဆင်ပြေပါတယ်၊ မင်းကိုချစ်ခင်မြတ်နိုးမယ့် လင်ကောင်းသားကောင်းရနိုင်ပါတယ်၊
ဒါပေမယ့်..။
မိန်းကလေး ။ ။
ဒါပေမယ့် ဘာဖြစ်လဲဆရာ၊ ကောင်းကောင်းဆိုးဆိုး မကွယ်မ၀ှက်ပြောပါ၊ ကျွန်မ
စိတ်မဆိုးတတ်ပါဘူး၊ ဒီတော့အားမနာပါနဲ့ရှင်။
ဆရာ ။ ။
ဒါဆိုလဲ ပြောရတာပေါ့၊ ညီမလက္ခဏာမှာ နှလုံးလမ်းကြောင်းဆီကို စိုက်ဆင်း နေတယ်၊
ပြီးတော့ ကံလမ်းကြောင်းကလည်း ကျိုး ပြတ်နေသေးတယ်။ နှလုံးလမ်းကြောင်းက လမ်း
ကြောင်းငယ်လေးတစ်ခုဟာ ကံကြမ္မာ လမ်းကြောင်း ဆီဘက်ကို ထိုးတက်နေတယ်၊ ဒါ့အပြင်…..
အိမ်ထောင်ရေးလမ်းကြောင်းအပေါ်မှာ
အမည်းစက် ကလေးရှိနေတာမို့။
မိန်းကလေး ။ ။
ဘာဖြစ်လဲဆရာ။
ဆရာ ။ ။
ဒီလက္ခဏာတွေ စုံညီနေ ယင်အကြင်မိန်းကလေးဟာ မုဆိုးမဖြစ်တတ်တယ် လို့လက္ခဏာကျမ်းတွေမှာ
ပါရှိတယ်။
မိန်းကလေး ။ ။
“ရှင်”မုဆိုးမဖြစ်မယ်ဟုတ် လား။
ဆရာ ။ ။
ဒါပညာကပြောတာနော်၊ ဆရာကပြောတာမဟုတ်ဘူး။
No Response to "ဘ၀ရဲ့အရှုံးကလေးတစ်ခု"
Add Your Comment