မိတ်ဆွေ ။ ။
ဟေ့ဝေဒင်္ဂ၊ လူတစ်ယောက် ကိုကြည့်ပြီး မှတ်ဥာဏ်ကောင်းသလား၊ မကောင်းဘူး လားဆိုတာ
ဆုံးဖြတ်လို့ရသလား။
ဝေဒင်္ဂ ။ ။
ပညာဥာဏ်မျက်စိရှိသူတွေ အဖို့တော့ ကောင်းကောင်းခွဲခြား ဆုံးဖြတ်တတ်နိုင်
လို့ရယ်တာပေါ့။
မိတ်ဆွေ ။ ။
သာမာန်လူတစ်ယောက် အမြင်မှာ ပြောတာကွ။
ဝေဒင်္ဂ ။ ။
ဒါကတော့ဦးခေါင်းအနေ အထား၊ နားရွက်၊ ကိုယ်ရည်ကိုယ်သွေး၊ မျက်လုံးရဲ့
တောက်ပမှုတွေကိုကြည့်ပြီး ဆုံးဖြတ်နိုင်တယ်၊ သေချာတာကတော့….
မိတ်ဆွေ ။ ။
ဘာကိုကြည့်ရမှာလဲ။
ဝေဒင်္ဂ ။ ။
လက်ဝါးပြင်ပေါ့ကွ၊ မှတ် ဥာဏ်နဲ့ ပတ်သက်လို့ လက်ဝါးပြင်ကိုကြည့်ရတာ
ဘာမှမခက်ခဲလှပါဘူး။
မိတ်ဆွေ ။ ။
ဆိုပါဦး။
ဝေဒင်္ဂ ။ ။
ဥာဏ်လမ်းကြောင်းဟာ အပြစ်ကင်းစင်ပြီးလှပဖြောင့်တန်းနေမယ်၊ ကျန်းမာ
ရေးလမ်းကြောင်းကောင်းမွန်မယ်၊ လက်သန်းနဲ့ လက်ညှိုးထိပ်တို့ကိုကြည့်ယင်
ချွန်းနေမယ်ဆိုယင် ဒီလက္ခဏာရှင်ဟာ မှတ်ဥာဏ်ကောင်းတယ်။
မိတ်ဆွေ ။ ။
သုံးချက်ထဲပေါ့။
ဝေဒင်္ဂ ။ ။
မှတ်ဥာဏ်ထုံထိုင်းတဲ့သူကျ တော့သူ့ဥာဏ်လမ်းကြောင်းဟာ ကျိုးပြတ်နေတယ်၊
ကျန်းမာရေးလမ်းကြောင်းကိုကြည့်ယင် လှိုင်းတွန့် ကလေးတွေလိုဖြစ်နေပြီး မှေးမှိန်တယ်။
ကဲ..ကျေနပ် ပြီလား။
မိတ်ဆွေ ။ ။
ကျေနပ်ပါပြီတဲ့ဗျာ။
No Response to "မှတ်ဥာဏ်ကောင်းသလား"
Add Your Comment