လက္ခဏာဆရာ။ ။ ဒီမယ်ကိုယ့်ညီ၊ မင်းဟာငါ့ ဆီလာပြီး ဆွေးနွေးတယ်ဆိုတော့၊
စီးပွားရေးကိစ္စလို့ ထင်ရပေမယ့်၊ တကယ်တော့ အိမ်ထောင်ရေးကိစ္စပဲ မဟုတ်လား။
လက္ခဏာမေးသူ။ ။ ဟုတ်ပါတယ်ဆရာ၊ ကျွန်
တော့်စီးပွားရေးလုပ်ငန်းတွေအဆင်ပြေပါတယ်။ ဒါ ပေမယ့် မိန်းမကိစ္စကြောင့်……။
ဆရာ ။ ။
စိတ်ညစ်နေရတယ်မဟုတ် လား။
မေးသူ ။ ။
ဟုတ်ပါတယ်ဆရာ။
ဆရာ ။ ။
ဒါက ညီငယ့်သွင်ပြင်နဲ့ ၀တ်လာတဲ့ အ၀တ်အစားအရောင်အသွေးကိုကြည့် ပြီးပြောတာပါ၊
ပိုသေချာအောင် ညီငယ့်ရဲ့လက်ဖ၀ါး ကိုဖြန့်လိုက်ပါ။
မေးသူ ။ ။
ဟုတ်ကဲ့ဆရာ။
ဆရာ ။ ။
သေချာနေပြီကွ၊ ဒီမှာကြည့်
(၁)
အသက်လမ်းကြောင်း ဟာတနင်္လာဂြိုဟ်ခုံမှာလာပြီး အဆုံးသတ်နေတယ်။
(၂) တနင်္လာဂြိုဟ်ခုံဟာ ကျယ်ပြန့်နေတယ်၊ (တစ်ချို့
လဲ
တနင်္လာဂြိုဟ်ခုံ ပေါ်မှာ လမ်းကြောင်းတွေ ရှုပ်ထွေး နေတတ်တယ်။)
(၃) အဲဒီ့တနင်္လာဂြိုဟ်ခုံ ပေါ်မှာပဲ ကြက်ခြေအမှတ်အ
သားရှိနေတယ်။
(၄) အင်္ဂါဂြိုဟ်ခုံတွေဟာ ထင်ရှား ပေါ်လွင်ခြင်း
မရှိပါ ဘူး၊ ဒါကြောင့် အိမ်ထောင် ဘက်၊ ဒါမှမဟုတ် ရည်းစား အတွက်နဲ့ စိတ် သောက
ရောက်ရမယ်။
မေးသူ ။ ။
စိတ်ညစ်ရပါလားဆရာ ရယ်။
No Response to "စိတ်ညစ်ရပါလားဆရာရယ်"
Add Your Comment