တစ်ခါက
နယ်ကလာပြီး ဆေးကုတဲ့အညာက ဦးကြီးတစ်ယောက်က ဝေဒင်္ဂဆီလာပြီး လက္ခဏာ မေးပါတယ်၊ သူအဓိက
သိချင်တာကတော့ “မျက်စိ ကွယ်နိုင်မလားတဲ့”။
ဒီတော့ ဝေဒင်္ဂက သူ့ရဲ့လက်ဖ၀ါးပြင်ကို
လေ့လာလိုက်တယ်၊ အဲဒီ့မှာ ထူးခြားတဲ့ လက္ခဏာ ရပ်တစ်ချို့ကတော့……
(၁) မဟာတြိဂံ (အသက်လမ်း၊ ဥာဏ်လမ်း၊
ကျန်းမာရေးလမ်းကြောင်းတို့နဲ့ တည်ရှိနေတဲ့ တြိဂံ) အတွင်းမှာ အသက်လမ်းကြောင်းနဲ့
ကပ်လျက် ကြယ်သဏ္ဍာန်အမှတ်အသားတစ်ခုရှိနေတယ်။
(၂) အသက်လမ်းကြောင်းပေါ်မှာ စက်ဝိုင်းအမှတ်
အသားရှိနေတယ်။
(၃) ကျန်းမာရေးလမ်းကြောင်းပေါ်မှာ ကြက်ခြေ
အမှတ်အသားရှိနေတယ်။
(၄) ဥာဏ်လမ်းကြောင်းပေါ်မှာ စက်ဝိုင်းအမှတ် အသားရှိသလို ကြက်ခြေခတ်လဲရှိနေတယ်။
ဒီလက္ခဏာ အမှတ်အသားတွေအရ ပြောရ ယင်
လက္ခဏာလာမေးတဲ့ ဦးကြီးဟာ မျက်စိကွယ် နိုင်တယ်။
သူကလည်း ဖြစ်နိုင်ပါတယ်လို့ကို
ဝန်ခံသွား တယ်၊ ဘာဖြစ်လို့လဲဆိုတော့ မျက်စိကောင်းအောင် ကုရမယ့်ကာလနဲ့ နေရမယ့်
သက်တမ်းတွက်စစ် ကြည့်ယင် ကုရမယ့် ကာလကြာရှည်ပြီး နေရမယ့် သက်တမ်းက တိုနေလို့ပါပဲတဲ့။
No Response to "မျက်စိကွယ်နိုင်မလား"
Add Your Comment