၁။ အားလုံးကောင်းတယ်ဆိုတာကိုယ်ကောင်းမှဖြစ်တာပါ။ ၂။ ကိုယ့်လုပ်ရပ်ကို သူများအားကျအောင် လုပ်နိုင်ဖို့ လိုတယ်။ ၃။ ကျုပ်သေသွားရင်ကျုပ်ဘာတွေ လုပ်ခဲ့သလဲဆိုတာ ကျုပ်ရဲ့စာအုပ်တွေက ခင်ဗျားတို့ကိုပြောပြပါလိမ့်မယ်။ ၄။ သိထားတဲ့အခါမှာကျေနပ်နေရင် သိထားတာနဲ့ပဲ ကိစ္စပြီးသွားလိမ့်မယ်။ ၅။ နည်းနည်းလေးမှားတာကို ခွှင့်လွှတ်ခဲ့ရင် မဟာအမှား ကြီးဖြစ်သွားလိမ့်မယ်ဆိုတာ ကြပ်ကြပ်သတိထား။ ၆။ ဘာပဲကုန်သွား ကုန်သွား၊ ကျုပ်ဆီမှာ အမြဲရှိနေတာက မျှော်လင့်ချက်ပဲ။ ၇။ မြင့်မြတ်ချင်ရင်မြင့်မြတ်တဲ့အလုပ်ကိုလုပ်ရပါမယ်။ ၈။ လုပ်မယ်လို့စိတ်ကူးရဲရင်အဲဒီ့အလုပ်ဟာအောင်မြင်ဖို့ သေချာသွားပြီလို့ ကျုပ်ယုံကြည်တယ်။ ၉။ မောပြီဆိုပြီး သွားမရပ်လိုက်နဲ့။ ပိုပြီးမောသွားလိမ့်မယ်။ ဆက်သာလုပ်။ အောင်မြင်တဲ့အခါ သူ့ဘာသာသူ အမောပြေသွားလိမ့်မယ်။ ၁၀။ တန်ဖိုးဆိုတာ သိတဲ့လူအပေါ်မှာပဲ တည်တယ်။ မသိတဲ့ လူတွေအတွက် ဘာမှတန်ဖိုးမရှိဘူး။ ၁၁။ မုန်းတဲ့လူကမချစ်တာထက်၊ ချစ်တဲ့သူတွေက မမုန်းဖို့ ကျုပ်မှာတာဝန်ရှိတယ်။ ၁၂။ အခွင့်အရေးရယ်၊ အချိန်အခါရယ်၊ ပံ့ပိုးမှုရယ်၊ စိတ်ဆန္ဒရယ်မပါဘဲ ဘယ်အလုပ်မှ မအောင်မြင်ဘူး။ ၁၃။ ပြီးပြီးရောလုပ်ခဲ့တဲအလုပ်တွေအားလုံးဟာနောင်လာနောက်သားတွေကိုချောက်တွန်းခဲ့တာပဲဖြစ်တယ်။ ၁၄။ လုပ်ပြီဆိုကတည်းက သမိုင်းတင်ချင်လို့ပဲ။ ၁၅။ မြင့်မြင့်ပျံရင်တော့ များများမောမှာပဲ။ များများမောမှလည်း မြန်မြန်ရောက်မယ်။ ၁၆။ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာရိုးသားစွာ လိပ်ပြာသန့်နေရင် ဘယ်သူ့ကိုမှ မှုစရာမလိုဘူး။ ၁၇။ မကောင်းဘူးလို့တစ်သံတည်းမထွက်သရွေ့ ကိုယ်လုပ်တဲ့အလုပ်ဟာ ကောင်းနေတယ်လို့ ကျုပ်ယူဆထားတယ်။ ၁၈။ လုပ်ချင်သလောက် မလုပ်နိုင်သေးရင် လုပ်နိုင်သလောက် လုပ်ထားမှာပဲ။ ၁၉။ ရန်သူတစ်ယောက်ထက်၊ ပတ်ချာလည်ဝိုင်းနေတဲ့မိတ်ဆွေတုတွေကို ကျုပ်ကပိုကြောက်တယ်။ ၂၀။ လုပ်ကြည့်လို့မှားသွားရင် ၀မ်းသာပေတော့။ ၂၁။ နှိုက်သလောက်ရတာ ပညာပါပဲ။ ၂၂။ ဘယ်ကိစ္စကိုမဆို ပီပီပြင်ပြင် မတီထွင်နိုင်ရင် ရယ်ချင်စရာဖြစ်သွားမှာ။ ၂၃။ သူများလုပ်ပြတာတွေကို အားရစရာမလိုဘူး။ အားကျဖို့ပဲလိုတယ်။ ကိုယ်တိုင်လုပ်နိုင်ဖို့လိုတယ်။ ၂၄။ လုပ်ခဲ့တာတွေအပေါ်မှာ ယစ်မူးမနေဘူး။လုပ်ချင်တာတွေအပေါ်မှာ စိတ်ကူးမယဉ်ဘူး။ လုပ်နေတာတွေအပေါ်မှာဘဲ ကျေနပ်တယ်။ ၂၅။ တစ်လောကလုံးမှာ လုံခြုံတဲ့နေရာဟာ စိတ်ထဲမှာပဲရှိတယ်။ ၂၆။ ကိုယ်ဘာလုပ်နေသလဲဆိုတာ သူများသိဖို့မလိုဘူး။ ကိုယ်သိဖို့ပဲလိုတယ်။ ၂၇။ မျက်စိကန်းတာအရေးမကြီးဘူး၊ စိတ်ဓါတ်မကန်း ဖို့အရေးကြီးတယ်။ ၂၈။ လက်ခုပ်တီးတိုင်း ကိုယ့်ကိုအားပေးတယ်မထင် နဲ့၊ ကိုယ့်ကိုတောထုတ်တာလဲဖြစ်နိုင်တယ်။ ၂၉။ ပညာလိုချင်ရင် မာနထား၊ ပညာပေးချင်ရင် မာနချ၊ ဒါမှပညာရှင်ဖြစ်တယ်။ ၃၀။ ၀ိုင်းမြှောက်တိုင်း မြှောက်သွားရင် ပေါက်သွားမှာ လဲ သတိထားဦး။ ၃၁။ ကြိုက်နေတယ် ဆိုတာ အားလုံးကောင်းနေလို့ ဆိုပြီးမထင်နဲ့။ သူ့အတွက် ကြိုက်တာလား၊ ကိုယ့်အတွက် ကြိုက်တာလား၊ စဉ်းစားကြည့်။ ၃၂။ ကိုက်မယ့်အလုပ်ထက် ကြိုက်တဲ့အလုပ်ကိုလုပ် ရတာ ကျုပ်ပိုပျော်တယ်။ ၃၃။ လုပ်နိုင်သလောက်ကိုပဲပြော၊ ပြောသလောက်မ လုပ်နိုင်ရင် ကွယ်ရာမှာ ရယ်စရာဖြစ်နေမယ်။ ၃၄။ လမ်းမြင်တာနဲ့ ပန်းဝင်ပြီလို့မထင်နဲ့၊ အဝေးကြီး လိုသေးတယ်။ဆက်သာပြေး၊ အချိန်တန်ရောက် သွားလိမ့်မယ်။ ၃၅။ ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်းကို လိုချင်လို့မရပါ။ တန်ဖိုးကြီးကြီးပေးခဲ့မှ တန်ဖိုးရှိတာတွေ အားလုံး ရမယ်လို့ ကျုပ်ခံယူတယ်။ ၃၆။ ထီးလိုနေမလား၊ ဘိနပ်လိုနေမလား၊ လွယ်အိတ် လိုလိုက်မလား၊ ကိုယ့်အခြေအနေကို ပြတ်ပြတ် သားသား ဆုံးဖြတ်နိုင်ဖို့လိုတယ်။ ၃၇။ လမ်းသစ်ထွင်ရင် ဆူးနင်းမိမှာဘဲ။ ဆူးကြောက် ပြီးဒူးထောက်မိခဲ့ရင်မူးနောက်ပြီးလဲသွားလိမ့်မယ် ၃၈။ စိတ်မကုန်မချင်းလုပ်လို့ ကောင်းနေတဲ့ အလုပ် တွေဟာ စိတ်ကုန်သွားတာနဲ့ရပ်သွားမှာပဲ။ ၃၉။ အရိုးစူးတယ်ဆိုတာငါးစားလို့။ အမှားများတယ် ဆိုတာအလုပ်လုပ်လို့။ အဲဒါဘာဖြစ်သလဲ။ မှားစမ်းပါစေ။ ၄၀။ တမာရွက်ခါးတာ၊ သကြားချိုတာ၊ ငရုတ်သီး စပ်တာ၊ ရှောက်သီးချဉ်တာ သူတို့အလုပ် သူတို့လုပ်တာမို့ ကျုပ်ဂုဏ်ယူပါတယ်။ ၄၁။ အချိန်ကိုကိုယ်ကစောင့်ရတာ၊ အချိန်ကကိုယ့်ကို ဘယ်တော့မှမစောင့်ဘူး၊ အဲဒါသိပ်မတရားဘူး။ ၄၂။ ကကြီးကို ပက်လက်လှန်မကြည့်နဲ့၊ ကပက်လက် တော့ဖြစ်မှာမဟုတ်ဘူး၊ ယပလက်ပဲဖြစ်သွားမှာ။ ၄၃။ ပညာတော်တယ်ဆိုတာ ပညာရှာတော်တော့လို့ ပြောတာမဟုတ်ဘူး။ ဆက်ကြိုးစားဖို့ သတိပေး နေတာ။ ၄၄။ စိန်ခေါ်တယ်ဆိုတာ အနိုင်ရရေးအတွက်မဟုတ်ဘူး၊ အရှုံးမပေးဘူးဆိုတာသိဖို့အတွက်ပဲ။ ၄၅။ စာသာကောင်းပါစေ၊ ဘာလာတောင်းစရာရှိပါ့မလဲ၊ အားလုံးပြည့်စုံနေလိမ့်မယ်။ ၄၆။ ကျုပ်ရေးတဲ့စာဟာကျုပ်ဖတ်ဖို့မဟုတ်ဘူး။အားလုံးဖတ်ဖို့။ အားလုံးနဲ့တန်အောင် ကြိုးစားရမယ်။ ၄၇။ ညာစရာရှိလို့ပြင်တာကို ပညာရှိလို့ခေါ်တယ်တဲ့။ ဟုတ်လဲဟုတ်ပဲနဲ့။ ၄၈။ နောက်ဆုံးစက္ကန့်အထိပညာရပ်အပေါ်မှာရပ်တည်နိုင်ခြင်းဟာယောကျာ်းကောင်းရဲ့စိတ်ဓါတ်ပါပဲ။ ၄၉။ ပညာရပ်တစ်ခုကိုမမှန်ဘူးဆိုတာ သိနေရဲ့သားနဲ့ မှန်ပါတယ်လို့ လက်ခံနေရတာလောက် ခံပြင်းစရာကောင်းတာမရှိဘူး။ ၅၀။ ဂုဏ်ရှိအောင် ကြိုးစားတာထက် ရှိတဲ့ဂုဏ်ကို ထိန်းသိမ်းရတာ ပိုခက်တယ်။ ၅၁။ သူများလုပ်လို့ဖြစ်တာကို ၀မ်းသာနိုင်တဲ့လူဟာ သူတော်ကောင်းဖြစ်တယ်။ ၅၂။ တန်ဖိုးဆိုတာပေးတဲ့လူအပေါ်မူတည်တတ်တယ်။ ၅၃။ အောင်မြင်မှုရဲ့အောက်ကို ငုံ့ကြည့်ပါ။ ဆူးညှောင့် ခလုတ်တွေ ရှိနေပါတယ်။ အသီးစားချင်ရင်တော့ သစ်ပင် စိုက်ရမှာပဲ။ ဒါမှ ထိုက်ထိုက်တန်တန် စားရမှာပေါ့။ ၅၄။ ယုံကြည်တယ်ဆိုတာတစ်ယောက်ကတစ်ယောက်ကိုယုံရင်ကြည်တာပဲ။မယုံရင်မကြည်ဘူး။ ဟုတ်တယ်မဟုတ်လား။ ၅၅။ ခေါင်းမာတာကို အထင်မကြီးဘူး။ စိတ်ဓါတ်ခိုင်မာတာကိုပဲ ကျုပ်ကလေးစားတာ။ ၅၆။ လုပ်ပြနိုင်တာအားလုံးဟာ သတ္တိတွေဖြစ်တယ်။ ၅၇။ စိတ်ကူးတွေဟာပန်းတိုင်ရောက်ဖို့ပထမခြေလှမ်းဖြစ်တယ်။ ၅၈။ ပညာဆိုတာ သိတဲ့သူတွေအတွက်သာ အသုံးကျတာ။ မသိတဲ့သူတွေအတွက် ဘာမှအသုံးမကျဘူး။ ၅၉။ ကိုယ့်ဘာသာကိုယ် ဘာလုပ်နေသလဲဆိုတာ မှန်မှန်ကန်ကန်သိရင် လူတော်ဖြစ်ပြီ။ ၆၀။ သိနေတဲ့ပညာကို မလိုချင်ဘူး၊ ရှိတဲ့ပညာကိုပဲလိုချင်တယ်။ ဒါမှအသုံးကျတာ။ ၆၁။ မနာလိုမဖြစ်နဲ့၊ လုပ်တဲ့လူဟာနေရာရမှာပဲ။ ၆၂။ အသက်ရှင်ပြီး အသိသေနေတဲ့သူမဖြစ်ရအောင် ကြိုးစားတာဟာ ကျုပ်ရဲ့အလုပ်ပဲ။ ၆၃။ မလုပ်နိုင်ဘဲ ပြောနေတာထက်၊ လုပ်ပြီးမပြောတဲ့သူကို ကျုပ်လေးစားတယ်။ ၆၄။ ဆရာမတူတာနဲ့၊ အတွေးမတူတာနဲ့၊ အပြစ်ရှာတတ်တဲ့ပညာရှိဟာ ပညာမဲ့တဲ့သူသာဖြစ်တယ်။ ၆၅။ နောက်မပင်ပန်းချင်ရင် အခုပင်ပန်းတဲ့အလုပ်တွေကို လုပ်ပါ။ ၆၆။ ပညာမှာအရှုံးမရှိဘူး၊ဆက်မလုပ်ရင်သာကိုယ်ကရှုံးတာ။ ၆၇။ ဦးနှောက်က သိလို့မရဘူး၊ နှလုံးသားကသိမှ သိတယ်လို့ခေါ်တာ။ ၆၈။ ပညာဆိုတာ အရိပ်လိုပဲ၊ ခင်ဗျားသွားရင် သူကလိုက်မယ်။ ခင်ဗျားရပ်ရင် သူကရပ်တယ်။ ၆၉။ မနိုင်မယ့်အလုပ်ကို အရင်စမလုပ်နဲ့။ လုပ်နိုင်တဲ့အလုပ်ကိုပဲစပြီးလုပ်။မနိုင်မယ့်အလုပ်ကိုဆက်လုပ်နိုင်လိမ့်မယ်။ ၇၀။ အပြောလွယ်ပေမယ့် အလွယ်မပြောပါနဲ့။ ၇၁။ ကျုပ်သေသွားခဲ့ရင် ကျုပ်ဝိဥာဉ်လေးဟာ ဗေဒင်ပညာနဲ့အတူ ခင်ဗျားဆီ ရောက်လာပါလိမ့်မယ်။

0 comments

ဒီကမ္ဘာကြီးလောက် ချစ်တယ်

Published on Tuesday, January 15, 2013 in


“အဲဒါ ဘယ်လိုလုပ်တိုင်းတာလဲ ကိုကို” ဒီက “ချစ်ရဲ့လား” လို့မေးတယ်။
          ချစ်က “သိပ်ချစ်ပါတယ်” တဲ့။
          “ဘယ်ထိချစ်……..”
          “ဟောဒီ ကမ္ဘာကြီးလောက်ချစ်”တဲ့၊
          “ကမ္ဘာကြီးက ဘယ်လောက်လောက်ကြီး”
          “ပြောတတ်ဘူး၊ အကြီးကြီးဆိုတာပဲသိတယ်”
          “ဒါဆို ကိုကိုပြောပြမယ်………
          တိတိကျကျပြောရယင်၂၄၉၀.၃၇၈၆ မိုင်ပေါ့”
          “ဒါက အီကွေတာ တစ်လျှောက်က အတိုင်း အတာလေ”

          ချစ်က မျက်မှောင်လေးကုတ်ပြီး စိတ်ဝင်တစားနဲ့မေးတယ်၊ ဒီတော့လည်း ဖြေရမှာပေါ့၊ သိပ္ပံ နည်းစနစ်နဲ့တိုင်းတာတာပေါ့၊ ဒါပေမယ့် အလွယ်    တကူနဲ့ အနီးစပ်ဆုံး တိုင်းတာနိုင်တဲ့ နည်းတစ်ရပ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၂၀၀ကျော် လောက်ကပေါ် ပေါက်ခဲ့တယ်။
          “ပြောပါဦး ကိုကို”
          “ကိုကိုသလောက် ပြောရယင် ခရစ်မပေါ်ခင် ၂၂၆ခုနှစ်ကပေါ့၊ အီဂျစ်ပြည် အလက်ဇနြ္ဒီးယာမြို့ မှာပိဋကတ်တိုက်ကြီးတစ်ခုရှိခဲ့တယ်”
          ဒီပိဋကတ်တိုက်ရဲ့ အုပ်ချုပ်သူက ခေါမသင်္ချာ “ပါရဂူအီရာတော်စ်သီးနီးစ်ဆိုသူပဲ၊ သူဟာ ကမ္ဘာကြီး ရဲ့အရွယ်ပမာဏကို ဦးဦးဖျားဖျားနဲ့ အနီးစပ်ဆုံး တွက်ချက်နိုင်သူပေါ့”
“သူကဘယ်လို တွက်တာလဲဟင်”
ဒီလိုအချစ်ရဲ့ “ဒီလိုသူရဲ့တွက်နည်းကို သူ ကိုယ်တိုင်လေ့လာစူးစမ်းတာနဲ့ သူ့အရင် သင်္ချာ    ပါရဂူတွေရဲ့ ဂျီသြမေတြီ သီအိုရမ်တွေနဲ့ ပေါင်းစပ် ဖော်ထုတ်ထားတာပဲ”
ဘယ်လိုစူးစမ်းတာလဲ။
“ကဲကဲ ကိုကို အစအဆုံးပြောပြမယ်၊ ချစ်က ဘာမှဝင်မမေးနဲ့ ဟုတ်လား”
“ဟုတ်ပါသတဲ့ရှင်”
“ခေတ်မီ နက္ခတ်ဗေဒအရပဲဖြစ်ဖြစ်၊ ကမ္ဘာ ကြီးဟာ နေကိုလှည့်ပတ်နေတယ်၊ တခြားဂြိုဟ်တွေ ဟာလဲ ဒီလိုပဲလှည့်ပတ်နေတယ်လေ၊ ဒီလိုလှည့် ပတ်နေတဲ့အခါမှာ နေရဲ့တည့်မတ် ရောင်ခြည်ကို တစ်ပတ်မှာတစ်ခါရတယ်၊ ကိုကိုတို့ ကမ္ဘာကြီးအဖို့ ဆိုယင်တစ်နေရာမှာ တစ်နှစ်မှာ တည့်မတ်ရောင် ခြည်ရရှိတယ်၊ ပထမဆုံးအချက်ကို အီရာတော်စ်သီး နီးစ်”ကစပြီး သတိထားမိတယ်။
“သူသိတဲ့နေရာကတော့ နိုင်းလဲမြစ်ကြီး မြစ် ဖျားခံရာအနီးမှာရှိတဲ့ အဆွန် ဆိုတဲ့ဒေသပဲ၊ ဒီနေရာ မှာနေဟာမွန်းတည့်ချိန် ရောက်ယင်မြေပြင်ပေါ်မှာ အရိပ်မထိုးကျပဲ တည့်မတ်ရောင်ခြည်ကို ရတယ်၊ ဘယ်လောက်ထိ တည်လဲဆိုယင် အင်မတန်နက်တဲ့ ရေတွင်းထဲကတောင် နေရောင်ခြည်ကိုမြင်ရတယ်”
ချစ်ကစိတ်ဝင်တစားနဲ့ နားထောင်နေတာမို့ ကိုကိုကဆက်ပြောတယ်။
“အဲလို အဆွမ်ဒေသမှာ နေရောင်ခြည်ဟာ တည့်မတ်နေတဲ့အချိန် တစ်ချိန်တည်းမှာပဲ။ အဆွမ်း ကမိုင်၅၀၀လောက်ဝေးတဲ့ အလက်ဇနြ္ဒီးယားမှာ ၇. ၃၀’ ရှိတဲ့ အရိပ်ဟာ ထိုးကျနေတယ်၊ ကိုကိုတို့နေတဲ့ ကမ္ဘာကြီးက လုံးဝန်းနေတော့ တစ်နေရာမှာ တည့် မတ်နေတဲ့ မျဉ်းနဲ့အပြိုင်လာတဲ့ တစ်ခြားမျဉ်းတွေ ဟာတစ်ခြားကနေရာမှာတော့ စောင်းနေမယ်လေ။ ဟုတ်ရဲ့လား” ဒီလိုလေ့လာတွေ့ရှိချက်တွေကို ဂျီသြ မေတြီသီအိုရမ်၂ခုနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ ကမ္ဘာ ကြီးရဲ့အ၀န်းပမာဏကိုရရှိတာပေါ့၊ အသုံးပြုတဲ့သီအို ရမ်နှစ်ခုက
-      မျဉ်းဖြောင့်နှစ်ကြောင်းဖြစ်ယင် ထိပ်ဆိုင် ထောင့်တွေ တူတယ်ဆိုတဲ့ မှန်ကန်ချက်။
-      မျဉ်းပြိုင်နှစ်ကြောင်းကို တစ်ခြားမျဉ်းဖြောင့် တစ်ကြောင်းက ဖြတ်ခဲ့ယင် ဖြစ်ပေါ်လာတဲ့ ဆီလျော်ထောင့်(၀ါ)သက်ဆိုင်ရာထောင့်တွေ တူညီတယ်ဆိုတဲ့ မှန်ကန်ချက်ကိုပဲပေါ့ ချစ်။
ဒီမှန်ကန်ချက် နှစ်ခုကို ပေါင်းစပ် ပြီးတော့ ကမ္ဘာကြီးဗဟိုမျက်နှာ ၇. ၃၀’ ရှိတဲ့ ထောင့်တစ်ခုရဲ့လက်တံနှစ်ခုအကွာဟာ မြေပြင်ပေါ်မှာ မိုင် ၅၀၀လောက် ရှိတယ်ဆိုတာ သိလာရတယ်။
ပြီးတော့ သိထားတာတစ်ခုရှိသေးတယ်၊ စက် ၀န်းတစ်ခုမှ ၃၆၀.ရှိတယ်ဆိုတာပဲပေါ့၊ အဲတော့ ၃၆၀. ထဲကို ၇.၃၀’ က အကြိမ်ပေါင်း ၄၈ကြိမ်လောက်ဝင်နိုင်တယ်၊ တစ်နည်းအားဖြင့် ၇. ၃၀’ ရဲ့ ၄၈ဆဟာ စက်ဝန်းတစ်ပတ်ပဲပေါ့။
“ဒါကြောင့် ၇.၃၀’ ထောင့်ဟာ မြေပြင်ပေါ်မှာ မိုင်၅၀၀၊ ၃၆၀.ဆိုယင် ဘယ်လောက်လဲ၊ မိုင်၅၀၀ ကို ၄၈ဆနဲ့ မြှောက်လိုက်ရုံပေါ့၊ ဟုတ်ဘူးလား ဒီ တော့ ၄၈×၅၀၀=၂၄၀၀မိုင်ပေါ့။”
တကယ်တော့ ကမ္ဘာဗဟိုမှာ ၇. ၃၀’ တန်ဖိုးရှိ တဲ့ထောင့်တစ်ခုရဲ့ လက်တံမျဉ်းနှစ်ကြောင်းဟာ ကမ္ဘာမြေပြင်ပေါ်မှာ ၅၁၈.၇၉၉၆ မိုင်နီးပါးကွာတယ် ချစ်၊ ဒီတော့ ၅၁၈.၇၉၉၆ကို ၄၈နဲ့မြှောက်ယင်၂၄၉၀၂.၃၇၈၆မိုင်ရတယ်၊ ဒါကပျမ်းမျှသဘောနဲ့ တွက်တာအဲတော့ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင် ကျော်လောက်က တွက်ခဲ့တဲ့ပမာဏနဲ့ သိပ္ပံပညာ ရပ်အရမ်းထွန်းကားတဲ့ ခေတ်မှာတွက်တာနဲ့ဆိုယင် ၉၀၂.၃၇၈၆မိုင်ကွာခြားတာပေါ့၊ ဘာပဲဖြစ်ဖြစ်လေ အလွယ်ဆုံးနဲ့အနီးစပ်ဆုံးပမာဏထွက်အောင် တွက်ပြခဲ့တဲ့ ပုဂ္ဂိုလ်နဲ့တွက်နည်းကိုတော့ မှတ်သားစရာပေါ့”
          “စိတ်ဝင်စားဖို့ကောင်းတယ်ကိုကို၊ ဒါနဲ့တွက် ရာမှာ  နေကိုပဲ၊ သုံးလို့ရလား၊ တစ်ခြားကမ္ဘာပေါ်က မြင်နိုင်တဲ့ နက္ခတ်တာရာတစ်လုံး၊ ဂြိုဟ်တစ်လုံးကို ရောသုံးလို့ မရဘူးလား”
          “ရတာပေါ့ ကိုကိုနေတဲ့ ကမ္ဘာကြီးဟာ ကိုယ့်ဝင်ရိုးပေါ်မှာ ၃၁၀.တိမ်းစောင်းပြီး လည်နေတာပဲ ဒီ တော့သုံးချတဲ့ ကြယ်တစ်လုံးကို သတ်မှတ်သူရဲ့ အလင်းတန်း တည့်တည့်မတ်မတ်ကျတဲ့ နေရာရယ်၊၇၁၀.တိမ်းစောင်းပြီးရတဲ့ နေရာရယ်ကိုမှတ် အဲသည် နှစ်နေရာရဲ့ အကွာအဝေးကိုတိုင်း၊ ရတဲ့အကွာအဝေး ကို၄၈နဲ့မြှောက်လိုက်ရုံဘဲပေါ့၊ ကဲ-ကမ္ဘာကြီးရဲ့ ပမာ ဏတွက်ရတာ ဘယ်လောက်လွယ်လဲ၊ ဒီတော့ချစ်ရဲ့ အချစ်ပမာဏဟာလည်း တွက်လို့ လွယ်လွယ်က လေးရယ်”
          “ကိုကိုနော်…စကားအကောင်း ပြောနေယင်း ကဖောက်ချင်တယ် ဟင်း”
          “ကမ္ဘာကြီးလောက် ချစ်တယ်ဆိုတဲ့သူကို သ ဘောကျလို့ပါကွယ်၊ ကဲ-နောက်ချစ်တာ ကမ္ဘာကြီး လောက်နဲ့တင် ကျေနပ်နိုင်မှာလား”
          “ဒါတော့ ကိုကိုအသိဆုံးပါ”
          “ဒါဆို ဘယ်အထိချစ်”
          “ကိုကိုရဲ့ စကြ၀ဋ္ဌာ နဂါးငွေ့တန်းတွေရဲ့ အဆအရာ၊ ထောင်ပေါင်းမက ချစ်”
          “ကျေနပ်ပြီလား”
          “ကျေနပ်ပါပြီဗျာ၊ ကျေနပ်ပါပြီ”

Spread The Love, Share Our Article

Related Posts

No Response to "ဒီကမ္ဘာကြီးလောက် ချစ်တယ်"

Add Your Comment