ဆရာကြီး
မဟာဒေ၀ ရေးသားပြုစုခဲ့တဲ့ “ဇာတကတတွကျမ်း” အခန်းက(က)အပိုဒ်ရေ(၆၄) မှာဆိုယင် သမ္ဗန္ဓ
(သို့)ဆက်သွယ်မှုနဲ့ပတ်သက်လို့ လေးမျိုး ရှင်းပြခဲ့ပါတယ်။
မှတ်ချက်။
စက်ရှင်တရားသူကြီးဟောင်း ဦးသိန်းဖေ ဟာဇာတကတတွကိုနှစ်တွဲခွဲပြီး ထုတ်ဝေထားပါတယ်။
ဝါသနာရှင်များ ရှာဖွေဖတ်ရှုနိုင်ပါတယ်။
အဲဒီ့သမ္ဗန္ဓ လေးမျိုးက
တစ်ခြားမဟုတ်ပါဘူး။
(က) ဂြိုဟ်တစ်လုံးကို
တစ်လုံး အပြန်အလှန်မြင် ကြခြင်း (ဂြိုဟ်တစ်လုံးနဲ့ တစ်လုံးခုနှစ်တန့်
အနေနဲ့နေတာကို ဆိုလိုတာပါ။ ပြိဿရာသီ မှာရှိတဲ့ အင်္ဂါဂြိုဟ်ကို ဗြိစ္ဆာရာသီမှာရှိတဲ့
တနင်္ဂနွေဂြိုဟ်က ခုနှစ်တန့်အမြင်မြင်တာ မျိုး၊ မိဿရာသီမှာရှိတဲ့စနေကို မကာရရာသီ
မှာရှိတဲ့ အင်္ဂါက လေးတန့်နဲ့သော်လည်း ကောင်း၊ စနေက အင်္ဂါကို ၁၀တန့်အမြင်နဲ့
သော်လည်းကောင်း အပြန်အလှန်မြင်တာ မျိုးကို
ဆိုလိုတာပါ။)
(ခ) ဂြိုဟ်တစ်လုံးက
တစ်လုံးကို မြင်ထားခြင်း
(ဥပမာ-သိဟ်ရာသီမှာရှိတဲ့
တနင်္လာကို မေထုန်ရာသီမှာရှိတဲ့ စနေက သုံးတန့်အမြင် နဲ့မြင်ထားတာမျိုးပါ။)
(ဂ) ရာသီအိမ်ပိုင်ချင်း
ဖလှယ်နေကြခြင်း
မိဿမှာ
ဗုဒ္ဓဟူးရှိပြီး မေထုန်မှာ သောကြာ ရပ်တည်တဲ့သဘောမျိုးပါ။ အမေရိကန် သမ္မတထရူးမင်းရဲ့ ဇာတာမှာဆိုယင် ကန်၊
လဂ်၊ ပြိဿရာသီ(ကိုးတန့်)မှာ ဗုဒ္ဓဟူးရှိပြီး (၁၀)တန့် မေထုန်ရာသီမှာ သောကြာဂြိုဟ်
ရပ်ထားပါတယ်။)
(ဃ) ဂြိုဟ်နှစ်လုံးဟာ
ကိန်း၊ တြိကောဏသခင်ဖြစ် ပြီး တစ်နေရာမှာပူးပြီး ရပ်နေကာ သူ့ရဲ့ ကိန်း၊
တြိကောဏအိမ်ကို မြင်ထားခြင်း
(ဥပမာ-၀ီလျှံ
အီးဂလက်စတုံးရဲ့ ဇာတာလိုပါ။ ဓနုလဂ်ဖြစ်ပြီး ကိုးတန့်သခင် တနင်္ဂနွေနဲ့
ဆယ်တန့်သခင်ဗုဒ္ဓဟူးဟာ လဂ်နဲ့အတူပူး နေပါတယ်။ ပြီးတော့..ပူးနေတဲ့ တနင်္ဂနွေနဲ့
ဗုဒ္ဓဟူးရဲ့ ကိုးတန့်နဲ့ ဆယ်တန့် (ကိန်း၊ တြိ ကောဏအိမ်) ဟာသူတို့ပိုင် အိမ်တွေမှာ
နေ ပါတယ်။)
ဂြိုဟ်တစ်လုံးရဲ့ရပ်တည်မှုဌာနဟာ
အင်မတန်အရေးကြီးပါတယ်။ ဥစ်ဂြိုဟ်၊
ကသစ်ဂြိုဟ်၊ မိတ်ဂြိုဟ်ဟာဖြင့် ဘယ်လိုပင် အားရှိနေပေမယ့် ရပ်တည်ရာဌာန မကောင်း ယင်အားမရှိပါ။
ရေခံမြေခံမကောင်းယင် အဲဒီ့ အသီးအပွင့်ကို စားရခွင့်မရှိပါ။ ဂြိုဟ်အနေ ကောင်းမှ
လူတစ်ယောက်ရဲ့ အခြေခံအနေ အထားမှန်ကန်မှာဖြစ်ပါတယ်။ ဒီအတွက် သမ္ဗန္ဓဟာ
ဘယ်လောက်အရေးကြီးသလဲ ဆိုတာ သိသာပါတယ်။
ဘယ်လို လိမ္မာတဲ့ကလေး ဖြစ်ပါစေ၊
ပတ်ဝန်းကျင်မကောင်းယင် ပျက်စီးဖို့ လက် မတင်လေး လိုနေတတ်သလို၊ ဆိုးတဲ့ကလေး
ဖြစ်ပါစေ၊ ပတ်ဝန်းကျင်ကောင်းယင်ကောင်း သလိုပြန်လည်လိမ္မာဖို့ သေချာနေပါတယ်။
ဒါကြောင့် ဂြိုဟ်တစ်လုံးဟာ ဥစ်ဖြစ်နေလို့ ဆိုပြီး ၀မ်းသာစရာမရှိပါ။ ဥစ်မူတဲ့
ဂြိုဟ်ဖြစ် လင့်ကစား ရန်ဂြိုဟ်နဲ့ ဆက်သွယ်နေမယ်၊ အတ္တမိတဲ့ဂြိုဟ်နဲ့ ဆက်သွယ်နေမယ်၊
နိစ်မူ တဲ့ဂြိုဟ်နဲ့ ဆက်သွယ်နေမယ်ဆိုယင် ဥစ် တော့ဥစ်ပါပဲ။
ဖွတ်ကျားဥစ်ဖြစ်မှာသေချာပါ တယ်။
ဥစ်ရဲ့အကျိုးပေးကို အပြည့်အ၀ မခံ
စားရတော့ပါ။ အဲသလိုပဲ၊ ဂြိုဟ်တစ်လုံး ရန် အိမ်မှာနေလို့၊ နိစ်မူနေလို့ စသည်ဖြင့်
အား ငယ် စိတ်ပျက်စရာမလိုပါ။ မိတ်ဂြိုဟ်၊ ဥစ် ဂြိုဟ်၊ ကသစ်ဂြိုဟ် စသည်ဖြင့်တွေနဲ့
ဆက် သွယ်ထားယင် အဲဒီ့ဂြိုဟ်ဟာ ဆိုးပင်ဆိုးလင့် ကစား အဆိုးကြီး မဆိုးတော့ပါ။
ဒုက္ခကြီး မပေးတော့ပါ။ ဒီအတွေးအခေါ်ကလဲ သမ္ဗန္ဓ
သီအိုရီကနေပြီး ခွဲထွက်ခဲ့တာပဲဖြစ်ပါတယ်၊ အခုဆောင်းပါးကလဲ သမ္ဗန္ဓနဲ့ပတ်သက်လို့ ဘယ်လောက်အရေးပါသလဲဆိုတာ
ပြောပြ မယ့်ဆောင်းပါးပါ။ နောက်တစ်ချက်က ဂြိုဟ် တစ်လုံးအနေမှန်လို့
ဧကန်အကျိုးပေးတယ် ဆိုတာ ပြောပြမှာပါ။
အခုဟာက
ဇာတာကျမ်းမှာ သမ္ဗန္ဓ လေးမျိုး ခွဲပြထားပေမယ့် အမှန်တကယ်တော့ သမ္ဗန္ဓ
(၅)မျိုးရှိတယ်လို့ဆိုနိုင်ပါတယ်။ ဘာကြောင့် ဆိုတော့ ဂြိုဟ်၂လုံးပူးခြင်း၊
(သို့)၅-အံသာအ တွင်း တည်ရှိခြင်းဟာလဲ သမ္ဗန္ဓတစ်ခုဖြစ်လို့ ပဲ။
ဒီသမ္ဗန္ဓနဲ့ ပတ်သက်လို့ အိန္ဒိယနိုင်ငံ
ကကျော်ကြားတဲ့ နိုင်ငံရေးသမားကြီးတစ်ဦး ဖြစ်တဲ့ သီရိကမရာချိနာဒါရဲ့ ဇာတာကို လေ့
လာကြည့်ယင် သိနိုင်ပါတယ်။ လဂ်သခင် တနလာင်္ဟာ ၈တန့်(ကုံရာသီ)မှာ၊ ၂၈အံ့သာ လောက်မှာ
ရပ်တည်ပြီး ၉တန့်(မိနရာသီ)မှာ ကြာသပတေးဟာ ၂အံ့သာလောက်မှာ ရပ် တည်နေတော့ ကြည့်လိုက်
ယင်တော့ တနင်္လာဟာ ၈တန့်၊ ကြာသပတေးဟာ ၉ တန့်လို့ထင်ရပေမယ့် ၅အံသာအတွင်းမှာ
ပူးယှဉ်နေတော့ ဂဇကေသရီယုဂ်ရပြီး ပဉ္စမ
သမ္ဗန္ဓဖြစ်ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် ဒီပဉ္စမသမ္ဗန္ဓကိုလဲ အရေးတယူ လေ့လာသင့် ပါတယ်။
ဂြိုဟ်တစ်လုံး အားရှိယင် တစ်ခြား ဂြိုဟ်တွေကို
စိုးမိုးနိုင်တယ်ဆိုတာ မှတ်ယူ နိုင်ပါတယ်။
ဇာတာတစ်စောင်မှာ လဂ်သခင်နဲ့ စန်းသခင်
အနေကောင်းဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ဟာ ဥပမာပြဇာတာတွေကို
လေ့လာကြည့်ယင် သိနိုင်ပါလိမ့်မယ်။
ဂြိုဟ်တစ်လုံးအနေကောင်းတဲ့အတွက်(သို့)
အနေအထား မှန်ကန်မှုနဲ့ ပတ်သက်လို့ အောက်ပါ ကမ္ဘာကျော်ပုဂ္ဂိုဟ်တွေရဲ့ ဇာတာတွေကို
လေ့လာ ကြည့်ပြီး သိနိုင်ပါတယ်။ လေ့လာဖို့လဲကောင်းပါ တယ်။
ပုတ်ရဟန်းမင်းကြီး(၁၅)(ပိုက်ဘဲနယ်ဒစ်)ရဲ့
ဇာတာဖြစ်ပါတယ်။ ၂၁၊ ၁၁၊ ၁၈၅၄ခု၊ နံနက် ၉း၄၅ နာရီအချိန် အီတလီနိုင်ငံ၊
ပစ်ဂလိမြို့မှာ မွေးတယ်။ (မ-၄၄.၂၅၊၅၈-၄၉) ဗုဒ္ဓဟူးဒသာ ၁၀နှစ်၂လ ၈ရက်။
၁နွေ
၇-၈-၂၅၊ ၂င်္လာ ၇-၂၁-၂၀။ ၃င်္ဂါ ၈-၁၀-၂၀ ၄ဟူး
၇-၃-၃၆(၀ဂ္ဂ)၊ ၅တေး ၉-၄-၀၆၊ ၆ကြာ ၇-၃-၀၂၊ စနေ ၁-၂၃-၀၆၊ ရာဟု ၁-၁-၁၇၊ လဂ် ၈-၁၀-၄၂။
(က) တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊
ကိတ်ဂြိုဟ်တို့ဟာ ၁၂တန့်မှာရပ်တည်ပြီး ၁၂တန့် သခင်ဟာ လဂ်နဲ့လာပူးနေပါတယ်။
(ခ) ၁၂တန့်သခင်ဟာ သူမိတ်အိမ် (ကြာသပ
တေးပိုင်အိမ်)မှာ သွားရပ်ပါတယ်။
(ဂ) ဓနုလဂ်သမားအတွက် ၅တန့်သခင် အင်္ဂါ ဟာ
အရမ်းအားရှိပါတယ်။ ၁၂တန့်သခင်ဖြစ်လင့် ကစားအင်္ဂါဟာ ၅တန့်သခင်လဲဖြစ်တဲ့အတွက်၊ ၅
တန့်သခင်အနေနဲ့ ပေးတဲ့ဒသာတွေမှာ ပုတ်ရဟန်း မင်းကြီးအတွက် ထူးခြားစေပါတယ်။
(ဃ) ဒီပုဂ္ဂိုလ်ကြီးဟာ ၃-၉-၁၉၁၄မှာ ပုတ်ရဟန်း
မင်းကြီးအဖြစ် တင်မြောက်ခြင်း ခံခဲ့ရပါတယ်။ အဲဒီ အချိန်ဟာအင်္ဂါထူလသောကြာအန္တရမှာဖြစ်ပါတယ်။
(င) ၂၂-၁-၁၉၂၂ရက်နေ့မှာ ဟောဒီပုဂ္ဂိုလ်ကြီး
ဟာကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်ဟာ စနေ ထူလ၊ ရာဟုအန္တရမှာဖြစ်ပါတယ်။ လဂ်ရဲ့ ၆တန့်
နဲ့ စန်းရဲ့ ၇တန့်မှ စနေနဲ့ရာဟုရပ်တည်ခဲ့တာ သတိ ပြုမိပါလိမ့်မယ်။ ဘယ်လောက်
စိတ်ဝင်စားစရာ ကောင်းသလဲ၊ လေ့လာပါ။
ကလယမ်းဘာရ်မာ ပြုစုခဲ့တဲ့ သာရာဝလီ
ကျမ်းမှာဆိုယင် ဂြိုဟ်တို့ရဲ့ရပ်တည်မှု အနေအထား တွေနဲ့ပတ်သက်ပြီး အသေးစိတ်ရေးသားထားတာ
တွေ့ရပါလိမ့်မယ်။ အထူးသဖြင့် တနင်္လာဂြိုဟ်ရဲ့ ရပ်တည်မှုအကြောင်း
အသေးစိတ်ရေးသားပါတယ်။ (အခန်း ၁၁၊ ဂါထာ ၁၂၊ ၁၃၊ ၁၇ မှာသော်လည်း ကောင်း၊ အခန်း ၂၀၊
ဂါထာ ၂၅နဲ့ ၂၉မှာသော် လည်းကောင်း၊ အခန်း ၂၅၊ ဂါထာ ၁၂၅၊ ၁၄၅နဲ့
၁၇၅မှာသော်လည်းကောင်း စန်းရဲ့အနေအထား အကြောင်း အသေးစိတ်ရေးထားပါတယ်။)
ဂျပန်ဘုရင်
ဟီရိုဟီတိုရဲ့ ဇာတာဖြစ်ပါတယ်။
၂၉-၃-၁၉၀၁ခု၊
ည၁၀း၁၀နာရီ၊ ဂျပန်နိုင်ငံ တိုကျိုမြို့ ဥယျာနာမနန်းတော်မှာ မွေးပါတယ်။ (မ-၃၅-၄၀နဲ့
ရ၁၃၉-၄၅) တနင်္ဂနွေဒသာ ၃နှစ် ၁၀လကျန်တယ်။
၁နွေ
ဝ၊၁၇၊၂၈၊ ၂င်္လာ ၅၊၄၊၂၉၊ ၃င်္ဂါ ၄၊၅၊ ၂၈၊ ၄ဟူး ၀၊၁၊၂၂၊ ၅တေး ၈၊၂၂၊ ၀၁၊ ၆ကြာ ၀၊၂၇၊ ၀၄၊
စနေ ၈၊၂၅၊၂၁(၀ဂ္ဂ)၊ ရာဟု ၇၊၂၊၃၂၊ လဂ် ၈၊၁၊၀၀
(က) စန်းရဲ့သခင်
ဗုဒ္ဓဟူးဟာ လဂ်ရဲ့ ၉တန့်သခင် တနင်္ဂနွေနဲ့ ပူးပြီး၅တန့်မှာသွားရပ်နေတယ်။
(ခ) ၉တန့်သခင်
တနင်္ဂနွေနဲ့ ၁၀တန့်သခင် ဗုဒ္ဓဟူးဟာ လဂ်ရဲ့သခင်၅တန့်မှာ သွားရပ်
ကာသောမဂြိုဟ်အစစ်ဖြစ်တဲ့ သောကြာဂြိုဟ် နဲ့ လာပူးထားပါတယ်။
(ဂ) လဂ်သခင်ဂြိုဟ်
ကြာသပတေးဟာ ၉တန့်နဲ့ ၁၀တန့်သခင်ကို ၅တန့်အမြင်နဲ့ မြင်ထား ပါတယ်။
(ဃ) စန်းရဲ့သခင်ဟာ
စန်းရဲ့၈တန့်မှာ အားရှိစွာ နဲ့ရပ်တည်နေပါတယ်။ (စန်းသခင် အားရှိ မှုကိုကြည့်ပါ။)
(င) ၅တန့်သခင်
အင်္ဂါနဲ့ ၉တန့်သခင် တနင်္ဂနွေ တို့ဟာ အိမ်ချင်းဖလှယ်နေပြီး သမ္ဗန္ဓပြုနေ ပါတယ်။
ဒီလို
ဂြိုဟ်နေကောင်းမွန်မှုကြောင့် ဂျပန်ဘုရင် ဟီရိုဟီတိုဘုရင်ဟာ ကမ္ဘာမှာ
ချမ်းသာတဲ့ပုဂ္ဂိုလ်ကြီးလဲ ဖြစ်သလို၊ ဘုရင် တစ်ပါးလဲဖြစ်ခဲ့ပါတယ်။
ဂျပန်လူမျိုးတွေရဲ့ ထုံးတမ်းစဉ်လာ အယူအဆအရ၊ ဧကရာဇ် ဟာဂျပန်တစ်နိုင်ငံလုံးကို
ပိုင်ဆိုင်တယ်ဆိုတဲ့ ခံယူချက်အရ၊ တစ်ကမ္ဘာလုံးမှာ လူရော ပစ္စည်းပါ
အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။
ဒါဟာဂြိုဟ်ရဲ့
အနေအထား ကောင်းမွန်မှုကို ဆိုနိုင်ပါတယ်။
နယ်သာလင်ဘုရင်မကြီး ဂျူလီယားနားရဲ့
ဇာတာဖြစ်ပါတယ်။
၃၀-၄-၁၉၈၉ခု၊
နယ်သာလင်နိုင်ငံမှာ မွေး တယ်။ (မ-၅၂၊ ၀၅နဲ့ ရှ ၄၊၂၀) သောကြာ ဒသာ၉နှစ် ၇လ
၂၄ရက်ကျန်တယ်။
၁နွေ
ဝ၊၁၈၊၀၈၊ ၂င်္လာ ၄၊၂၀၊၁၄၊ ၃င်္ဂါ ၉၊၂၂၊ ၂၃၊ ၄ဟူး ၀၊၂၇၊၄၂၊ ၅တေး ၄၊၁၃၊၁၂(၀ဂ္ဂ)၊ ၆ကြာ
ဝ၊၁၈၊ ၃၃၊ စနေ ၁၀၊၂၅၊၁၅၊ ရာဟု ၁၊ ၂၇၊ ၃၀၊ လဂ် ၂၊၂၊၁၉
(က) စန်းသခင်
တနင်္ဂနွေဟာ လဂ်နဲ့ ၁၁တန့်မှာ ဥစ်မူနေတယ်။
(ခ) တနင်္ဂနွေဟာ
သောမဂြိုဟ်တွေဖြစ်တဲ့ ဗုဒ္ဓဟူး နဲ့သောကြာဂြိုဟ်တို့ လာပူးယှဉ်နေတယ်။
(ဂ) ကြာသပတေးကလဲ
အားကောင်းလှတဲ့ စန်း သခင်တနင်္ဂနွေကို ၉တန့်အမြင်နဲ့ မြင်ထား ပါတယ်။
၂တန့်သခင်
တနင်္လာဟာ အရမ်းအား ကောင်းနေတော့
ဒီဘုရင်မကြီးဟာ ကမ္ဘာမှာ အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲမှာတစ်ယောက်
အပါအ၀င်ဖြစ်တယ်။ ဒေါ်လာ ကုဋေ ခြောက်ဆယ်
ချမ်းသာပိုင်ဆိုင်ခဲ့ပါတယ်။
စန်းသခင်အနေကောင်းမှ
အကြောင်းလှတာ သတိပြုမိပါလိမ့်မယ်။ အခုကျွန်တော်တို့ လဂ်သခင် အနေကောင်းဖို့လဲ
ဘယ်လောက် အရေးကြီးသလဲဆိုတာလဲ အောက်ပါ ဥပမာ ပြဇာတာအရ လေ့လာကြည့်နိုင်ပါတယ်။
ဒီဇာတာရှင်ဟာ ကမ္ဘာကျော် စက်မှုဗိသုကာ
ပညာရှင် နော်မန်ဘဲလ်ဂိတ်ဖြစ်ပါတယ်။
၂၇၊
၎၊ ၁၈၉၃ခု၊ ည ၉း၃၉ နာရီမှာ
အမေရိကန်နိုင်ငံ၊ ချီမီဂန်မြို့၊ အက်ရိမ်းအရပ် မှာမွေးဖွားတယ်။ ၂င်္လာ ဒသာ
၅နှစ် ၉လ ၂၃ ရက်ကျန်တယ်။
၁နွေ၊
ဝ၊၁၇၊ ၀၉၊ ၂င်္လာ ၅၊၁၅၊၃၅၊ ၃င်္ဂ ၁၊၂၈၊ ၅၀၊ ၄ဟူး ၁၁၊၂၀၊ ၂၁၊ ၅တေး ၀၊၁၇၊၀၃၊ ၆ကြာ ၀၊၁၆၊၀၊
စနေ ၅၊၁၆၊၂၇(၀ဂ္ဂ)၊ ၈ဟု ၀၊၇၊ ၂၃၊ လဂ် ၇၊၂၀၊ ၁၂
(က) ဗြိစ္ဆာလဂ်ဖြစ်တယ်။
(ခ) လဂ်သခင်အင်္ဂါဟာ
လဂ်ရဲ့၇တန့်မှာနေ တယ်။
(ဂ) ၇တန့်သခင်
သောကြာနဲ့ လဂ်သခင် အင်္ဂါ တို့ဟာ ပရိစတ္တန သမ္ဗန္ဓပြုနေကြတယ်။
(ဃ) ၂တန့်သခင်နဲ့
၇တန့်သခင်ဟာ လာပူးနေ တယ်။
လဂ်သခင်
အားကောင်းတဲ့အတွက် ဒီပုဂ္ဂိုလ် ကြီးဟာ ကမ္ဘာကျော်ဗိသုကာကြီးတစ်ဦး ဖြစ်ခဲ့ရပါတယ်။
၂၃-၅-၁၈၈၃ခု၊ နံနက် ၉း၀၀နာရီမှာ ကိုလိုရာ
ဒိုနယ်၊ ဒင်ဗားမြို့မှာမွေးတယ်။
(မ၃၉-၄၅နဲ့
န၁၀၉-၄၅) ဗုဒ္ဓဟူး ဒသာ ၁နှစ် ၅လ ၂၆ရက်ကျန်တယ်။
၁နွေ
၁-၁၁-၂၂၊ ၂င်္လာ ၇-၂၈-၅၀၊ ၃င်္ဂါ ၀-၄-၂၀၊
၎ဟူး
၂-၀-၀၄၊ ၅တေး ၂-၁၂-၅၆၊ ၆ကြာ ၀-၉-၅၁၊
စနေ
၁-၉-၀၆၊ ၈ဟု ၆-၁၉-၃၇၊ လဂ် ၃-၁၀-၂၆၊
(က) လဂ် ကရကဋ် ဗြိစ္ဆာစန်းဖြစ်တယ်။
(ခ) စန်းရဲ့
၅တန့်သခင် ကြာသပတေးဟာ လဂ် သခင် တနင်္လာပိုင်ရာသီဖြစ်တဲ့ ကရကဋ် ရာသီရဲ့ ၁၂တန့်ဖြစ်တဲ့ မေထုန်ရာသီမှာ သွားရပ်နေပါတယ်။
ဒါကြောင့် သူဟာ စကြာ ယုဂ်ကို ရထားပါတယ်။
(ဂ)
စန်းသခင် ဂြိုဟ်အင်္ဂါဟာ မိမိပိုင် ကရကဋ် ရာသီမှ ၁၀တန့်ဘာဝဖြစ်တဲ့ အင်္ဂါပိုင် မိဿ
ရာသီမှာ သွားရပ်နေပါတယ်။
(ဃ) ၅တေးရပ်တည်တဲ့
မေထုန်ရာသီသခင် ဗုဒ္ဓဟူးဂြိုဟ်ကလည်း ကိုယ့်အိမ်မှာကိုယ် သွားရပ်ပါတယ်။
(င) ကြာသပတေးဟာ
မိမိပိုင်ဓနုရာသီကို ၇တန့် အမြင်နဲ့ မြင်ထားပါတယ်။
ဒါကြောင့်
ယုဂ်တစ်ခုဟာ ပျက်စီးသွားပြီး အကျိုးမရှိဖြစ်ခဲ့ရပါတယ်။ အိမ်ချင်းဖလှယ်နေ ခြင်း၊ ဘာဝသခင်ချင်းဖလှယ်နေမှုကို
ပရိဝတ္တ နသမ္ဗန္ဓယုဂ်လို့ခေါ်တာ ခင်ဗျားတို့သိပြီး ဖြစ် ပါတယ်။ ဘယ်ဂြိုဟ်ပဲဖြစ်ဖြစ်၊
မိမိရပ်တည် ရာ နေရာဌာနမကောင်းယင် နွံထဲ ပေါက်တဲ့ ရွှေကြာပဲဖြစ်ပါမယ်။
ဘုရင့်ဥယျာဉ်ထဲက ရေကန်မှာပေါက်တဲ့
ရွှေကြာပင်လောက် နေရာမရမှာတော့
သေချာပါတယ်။
နောက်ထပ်ထင်ရှားတဲ့
ဇာတာတစ်စောင်ကို ပြောပြရမယ်ဆိုယင် ၀ိတိုရိယားဘုရင်မကြီး
ရဲ့ဇာတာကိုလေ့လာရပါလိမ့်မယ်။ ပြိဿလဂ် ဖြစ်ပြီး ၉တန့်(မကာရ)မှာ ကြာသပတေးနိစ်
မူနေတယ်။ ၁၁တန့်(မိန်ရာသီ)မှာ စနေသွား ရပ်နေပါတယ်။ စနေနဲ့ကြာသပတေးဟာ
အိမ်ချင်းဖလှယ်ပြီးနေတဲ့ ပရိဝတ္တနသမ္ဗန္ဓဖြစ် ပါတယ်။
အင်္ဂလန်မှာ
ဘုရင်မအဖြစ် ဆက်ခံတဲ့အချိန် ဟာ ရာဟုထူလ ကြာသပတေးအန္တရာယ် ကာလဖြစ်ပါတယ်။ နိစ်မူတဲ့
ကြာသပတေး ဟာပရိဝတ္တနသမ္ဗန္ဓအပြုကောင်းလို့ အကျိုး ပေးသွားတာပါ။
၁၉၂၀
နှစ်လောက်က ကမ္ဘာကျော် ကောင်းဘွိုင် မင်းသားကြီး တစ်ဦးဖြစ်တဲ့ တွန်မစ်ရဲ့ဇာတာကို
လေ့လာမယ်ဆိုယင် ဟောဒီအတိုင်းသတိပြုခဲ့ပါလိမ့်မယ်။
ဥပမာ
ဇာတာ(၇)
ကမ္ဘာကျော်
ရုပ်ရှင်မင်းသား တွန်မစ်ရဲ့ ဇာတာပါ။
၆-၁-၁၈၈၀ခုနှစ်
နံနက် ၃-၃၅ နာရီမှာ ပင်ဆိုင်လ်ဇာနီးယားပြည်နယ်၊ ဓရိစ်ဝုဒ်မြို့ အနီးမှာ မွေးတယ်။(မ
၄၁-၅နဲ့ န-၇၈-၁၀)။ ရာဟုဒသာ ၁၅နှစ် ၁လ ၅ရက်ကျန်တယ်။
၁နွေ
၈၊၂၄၊၄၄၊ ၂င်္လာ ၆၊၈၊၄၉၊ ၃င်္ဂါ ၀၊၂၄၊၅၅၊
၎ဟူး
၈၊၃၊၁၉၊ ၅တေး ၁၀၊၁၉၊၁၈၊ ၆ကြာ ၇၊ ၁၀၊ ၃၅၊ စနေ ၁၁၊ ၁၈၊၄၉၊ ၈ဟု ၈၊၂၄၊ ၅၇ လဂ် ၇၊၃၊ ၁၆၊
(က) စနေနဲ့
ကြာသပတေးဟာ အိမ်ချင်း ဖလှယ်ပြီး ပရိဝတ္တနသမ္ဗန္ဓပြုနေတာ သတိပြုမိတယ်။
(ခ) စန်းမှရေတွက်ယင်
၅တန့်နဲ့ ၆တန့် သခင် ပရိဝတ္တနပြုတာဖြစ်ပြီး၊ ၄တန့် နဲ့၅တန့်သခင် ပရိဝတ္တနပြုတာ ဖြစ်
ပါတယ်။ ၄ တန့်နဲ့ ၅တန့်သခင် ဆက်သွယ်မှု ဟာရာဇယုဂ် တစ်ခုဖြစ် ပါတယ်။
စန်းမှ ၆တန့်သခင်အဖြစ် ကြာသပတေးရပ်
တည်တဲ့အလုပ်လုပ်ချိန်မှာ အာရိဘာဝ သဘော တရားအရ ရန်သူတွေကိုတိုက်ခိုက်ခဲ့ရင်း
စစ်ပွဲတွေ မြောက်များစွာကို ရင်ဆိုင်ခဲ့ရတဲ့ စစ်သား တစ်ယောက်ဖြစ်ခဲ့ပါတယ်။
လဂ်မှ ၅တန့်သခင်အဖြစ် ကြာသပတေးက
အလုပ်လုပ်မှာ သူဟာ ကမ္ဘာကျော်မင်းသား
တစ်ယောက်အဖြစ်ရပ်တည်ခဲ့နိုင်ပါတယ်။
အဲဒါကိုကြည့်ချင်းအားဖြင့်
ဂြိုဟ်တို့ရဲ့တည် နေရာ၊ ရပ်တည်ရာ၊ အခြေအနေဟာ ဘယ်လောက် အရေးကြီးသလဲဆိုတာ
တွေ့နိုင်ပါတယ်။
ဂြိုဟ်တစ်လုံးကို
ဝေဖန်သုံးသပ်ကြည့်မယ်ဆို ယင်ကျွန်တော်တို့က အောက်ပါ အချက်တွေကို
ခေါင်းထဲထည့်သွင်းပြီးမှ စဉ်းစားသင့်ပါတယ်။
(က) ဂြိုဟ်တို့ရဲ့ရပ်တည်ရာဌာန။
(ခ) ဂြိုဟ်ရဲ့ပင်မအား။
(ဂ) ဂြိုဟ်ရဲ့ရပ်တည်ရာသခင်နဲ့အား။
(ဃ) ဂြိုဟ်ရဲ့ရပ်တည်ရာ သခင်ကသွားပြီး ရပ်
တည်တဲ့ရာသီစသဖြင့် (၄)ချက်ကို ခေါင်းထဲ ထည့်သွင်းပြီး ဝေဖန်ကြည့်ယင် မကောင်းပါ
ဘူးလို့ဝေဖန်ထားတဲ့ ဇာတာတွေထဲက ကောင်းကွက်တွေ တွေ့လာသလို ကောင်း
ပါတယ်လို့ဝေဖန်ထားတဲ့ ဇာတာတွေထဲက အညံ့စားကြီးတွေ တွေ့လာပါလိမ့်မယ်။
အဲဒီ့အချက် ကလေးကို ကျွန်တော်တို့ သုတေသနပြုကြည့်ကြယင်
မကောင်းပေဘူး လား။
ကမ္ဘာကျော် တေးဂီတပညာရှင် ဂျရွမ်းကန်း
ဖြစ်ပါတယ်။ ၂၇-၁-၁၈၈၅ခု၊ ညနေ၄း၃၀နာရီ မှာနယူးရော့မြို့မှာ မွေးပါတယ်။ (မ-၄၀-၄၅နဲ့
၇၃-၄၇)ရာဟုဒသာ ၁၅နှစ် ၆လ ၉ရက် ကျန်တယ်။
၁နွေ
၉၊၁၇၊၂၃၊ ၂င်္လာ ၂၊၈၊၃၀၊ ၃င်္ဂါ ၉၊၂၀၊၂၅၊ ၄ဟူး ၈၊၂၂၊၃၄၊ ၅တေး ၄၊၁၂၊ ၅၂(၀ဂ္ဂ)၊ ၆ကြာ
၈၊၂၃၊၂၃၊
စနေ
၁၊၂၆၊၅၂၊(၀ဂ္ဂ)ရာဟု ၅၊၁၇၊၀၁၊ လဂ်၃၊ ၁၀၊၀၃
(က) လဂ်သခင်
တနင်္လာဟာ လဂ်ရဲ့၁၂တန့်မှာ နေပါတယ်။
(ခ) လဂ်သခင်ရပ်တည်ရာ၊
ရာသီသခင်(၂တန့် သခင်)ဗုဒ္ဓဟူးဟာ သောမဂြိုဟ်ဖြစ်တဲ့ သောကြာဂြိုဟ်နဲ့ ပူးထားပါတယ်။
(ဂ) အဲဒီ့ဗုဒ္ဓဟူးနဲ့
သောကြာပူးယှဉ်ထားမှုကို ကြာသပတေးက ၅တန့်အမြင်နဲ့ မြင်ထားပါ တယ်။
လဂ်သခင်ဟာ
၁၂တန့်မှာနေလင့်ကစား ၁၂ တန့်သခင် အနေကောင်းသွားတဲ့အတွက်၊ အမြင်ကောင်းတွေ
ကြုံတဲ့အတွက် ဒီပုဂ္ဂိုလ် ကြီးဟာ ကမ္ဘာကျော်တေးဂီတပညာရှင်ကြီး
တစ်ယောက်ဖြစ်ခဲ့ရပါတယ်။
ရာဟုနဲ့
ကိတ်ဂြိုဟ်တို့ရဲ့ သခင်ဂြိုဟ်တွေ ဟာအနေကောင်းယင် သူတို့ဒသာတွေမှာ
အကျိုးပေးတတ်ပါတယ်။ ရာဟုနဲ့ကိတ်ဂြိုဟ် တို့ရဲ့ သခင်ဂြိုဟ်တွေက ဇာတာရှင်ကို သိ
သိသာသာ အလုပ်လုပ်ပေးပါတယ်။ ကောင်း ယင်ကောင်းသလို၊ ဆိုးယင်ဆိုးသလို အလုပ်
လုပ်ပေးပါတယ်။
ဂုလိကာဂြိုဟ်ရဲ့
ရပ်တည်ရာ သခင်ဂြိုဟ် (သို့)ဆက်သွယ်တဲ့ ဂြိုဟ်ကလည်း ဇာတာ ရှင်ကိုသိသိသာသာ
ဖန်တီးပေးနေပါတယ်။ အမေရိကန်အထက်လွှတ်တော် အမတ်ကိုး၊ ဗီ၊ လောင်းရဲ့ ဇာတာမှာဆိုယင်
စန်းနဲ့ မန္ဒိဂြိုဟ်ပူးနေပါတယ်။ တနင်္လာဟာ လဂ်
သခင်ဖြစ်ပြီး ၉တန့်မှာ မန္ဒိပါနဲ့ ပူးနေတာပါ။ သူဟာ တနင်္လာဒသာမှာ အသတ်ခံခဲ့ရပါ
တယ်။
(ဒီဟောဆိုချက်နဲ့ ပတ်သက်လို့ ဇာတာက ပါရိဇာတာကျမ်း
အခန်း၁၈၊ ဂါထာ ၃၇မှာ အတိအကျ ပါပါတယ်။)
တစ်ချို့ယုဂ်တွေဟာ အကျိုးပေးတဲ့ယုဂ်တွေ
ဖြစ်ပေမဲ့၊ လက်တွေ့မှာ လုံးဝအကျိုးမပေးတာဟာ ဂြိုဟ်အနေ၊ ဂြိုဟ်အပူးမကောင်းလို့ပါ။
ဂြိုဟ်အနေ အထားမကောင်းယင်တော့ ဘယ်လိုယုဂ်တွေရပါစေ အကျိုးပေးဖို့မလွယ်ပါ။
၇၊၂၊၁၉၂၉ ရက်နေ့မှာ မွေးဖွားသူ၊ ရာဇ၀တ်
မှုကျူးလွန်ခဲ့သူတစ်ယောက်ရဲ့ဇာတာမှာ လေ့လာ ကြည့်ယင်၊ မိဿမှာ ကြာသပတေးရှိပြီး
မကာရ ရာသီမှာ စန်းရှိပါတယ်။
စန်းရဲ့ကိန်းအိမ်မှာ ကြာသပတေးရှိတဲ့အတွက်
ဂဇကေသရိယုဂ်ကောင်း ကိုရ ထားပါတယ်။
ဒါပေမယ့် မိဿရာသီသခင် အင်္ဂါဂြိုဟ်နဲ့
မကာရရာသီသခင် စနေတို့ဟာ သမသတ်နေလိုက် တော့ဂဇကေသရိယုဂ်ဟာ ပျက်သွားခဲ့ပါတယ်။
ဒါကြောင့်ကြာသပတေးဒသာမှာ ထောင်ထဲသွားနေ ခဲ့ရတယ်။
အဲဒီ့တော့ ကျွန်တော်တို့ဟာ ဘယ်လို
ကောက်ချက်ချနိုင်သလဲဆိုတော့ ဂြိုဟ်တစ်လုံးဟာ အနေကောင်းမှလည်း အကျိုးပေးပြီး၊
အနေမကောင်း ယင်ပင်မဂြိုဟ်ရဲ့အကျိုးပေးကိုပါ ဖျက်ဆီးပစ်တယ် ဆိုတာသိလာနိုင်ပါတယ်။
တစ်ချို့ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့
ဇာတာကို လေ့လာကြည့်ယင်၊ စကြာယုဂ်ရထားတာတွေ့ရပါ တယ်။
အဲဒါလဲအံ့သြစရာကောင်းတဲ့အချက်တစ်ချက် ပါ။
ကမ္ဘာကျော် ရုပ်ရှင်မင်းသားကြီးဆာ ဒေါက်
ကလပ်ဖဲယာဗင့်ရဲ့ ဇာတာဖြစ်ပါတယ်။
No Response to "ဂြိုဟ်အနေကောင်းမှုနှင့် နက္ခတ်ဗေဒင်ပညာ"
Add Your Comment