၁။ အားလုံးကောင်းတယ်ဆိုတာကိုယ်ကောင်းမှဖြစ်တာပါ။ ၂။ ကိုယ့်လုပ်ရပ်ကို သူများအားကျအောင် လုပ်နိုင်ဖို့ လိုတယ်။ ၃။ ကျုပ်သေသွားရင်ကျုပ်ဘာတွေ လုပ်ခဲ့သလဲဆိုတာ ကျုပ်ရဲ့စာအုပ်တွေက ခင်ဗျားတို့ကိုပြောပြပါလိမ့်မယ်။ ၄။ သိထားတဲ့အခါမှာကျေနပ်နေရင် သိထားတာနဲ့ပဲ ကိစ္စပြီးသွားလိမ့်မယ်။ ၅။ နည်းနည်းလေးမှားတာကို ခွှင့်လွှတ်ခဲ့ရင် မဟာအမှား ကြီးဖြစ်သွားလိမ့်မယ်ဆိုတာ ကြပ်ကြပ်သတိထား။ ၆။ ဘာပဲကုန်သွား ကုန်သွား၊ ကျုပ်ဆီမှာ အမြဲရှိနေတာက မျှော်လင့်ချက်ပဲ။ ၇။ မြင့်မြတ်ချင်ရင်မြင့်မြတ်တဲ့အလုပ်ကိုလုပ်ရပါမယ်။ ၈။ လုပ်မယ်လို့စိတ်ကူးရဲရင်အဲဒီ့အလုပ်ဟာအောင်မြင်ဖို့ သေချာသွားပြီလို့ ကျုပ်ယုံကြည်တယ်။ ၉။ မောပြီဆိုပြီး သွားမရပ်လိုက်နဲ့။ ပိုပြီးမောသွားလိမ့်မယ်။ ဆက်သာလုပ်။ အောင်မြင်တဲ့အခါ သူ့ဘာသာသူ အမောပြေသွားလိမ့်မယ်။ ၁၀။ တန်ဖိုးဆိုတာ သိတဲ့လူအပေါ်မှာပဲ တည်တယ်။ မသိတဲ့ လူတွေအတွက် ဘာမှတန်ဖိုးမရှိဘူး။ ၁၁။ မုန်းတဲ့လူကမချစ်တာထက်၊ ချစ်တဲ့သူတွေက မမုန်းဖို့ ကျုပ်မှာတာဝန်ရှိတယ်။ ၁၂။ အခွင့်အရေးရယ်၊ အချိန်အခါရယ်၊ ပံ့ပိုးမှုရယ်၊ စိတ်ဆန္ဒရယ်မပါဘဲ ဘယ်အလုပ်မှ မအောင်မြင်ဘူး။ ၁၃။ ပြီးပြီးရောလုပ်ခဲ့တဲအလုပ်တွေအားလုံးဟာနောင်လာနောက်သားတွေကိုချောက်တွန်းခဲ့တာပဲဖြစ်တယ်။ ၁၄။ လုပ်ပြီဆိုကတည်းက သမိုင်းတင်ချင်လို့ပဲ။ ၁၅။ မြင့်မြင့်ပျံရင်တော့ များများမောမှာပဲ။ များများမောမှလည်း မြန်မြန်ရောက်မယ်။ ၁၆။ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာရိုးသားစွာ လိပ်ပြာသန့်နေရင် ဘယ်သူ့ကိုမှ မှုစရာမလိုဘူး။ ၁၇။ မကောင်းဘူးလို့တစ်သံတည်းမထွက်သရွေ့ ကိုယ်လုပ်တဲ့အလုပ်ဟာ ကောင်းနေတယ်လို့ ကျုပ်ယူဆထားတယ်။ ၁၈။ လုပ်ချင်သလောက် မလုပ်နိုင်သေးရင် လုပ်နိုင်သလောက် လုပ်ထားမှာပဲ။ ၁၉။ ရန်သူတစ်ယောက်ထက်၊ ပတ်ချာလည်ဝိုင်းနေတဲ့မိတ်ဆွေတုတွေကို ကျုပ်ကပိုကြောက်တယ်။ ၂၀။ လုပ်ကြည့်လို့မှားသွားရင် ၀မ်းသာပေတော့။ ၂၁။ နှိုက်သလောက်ရတာ ပညာပါပဲ။ ၂၂။ ဘယ်ကိစ္စကိုမဆို ပီပီပြင်ပြင် မတီထွင်နိုင်ရင် ရယ်ချင်စရာဖြစ်သွားမှာ။ ၂၃။ သူများလုပ်ပြတာတွေကို အားရစရာမလိုဘူး။ အားကျဖို့ပဲလိုတယ်။ ကိုယ်တိုင်လုပ်နိုင်ဖို့လိုတယ်။ ၂၄။ လုပ်ခဲ့တာတွေအပေါ်မှာ ယစ်မူးမနေဘူး။လုပ်ချင်တာတွေအပေါ်မှာ စိတ်ကူးမယဉ်ဘူး။ လုပ်နေတာတွေအပေါ်မှာဘဲ ကျေနပ်တယ်။ ၂၅။ တစ်လောကလုံးမှာ လုံခြုံတဲ့နေရာဟာ စိတ်ထဲမှာပဲရှိတယ်။ ၂၆။ ကိုယ်ဘာလုပ်နေသလဲဆိုတာ သူများသိဖို့မလိုဘူး။ ကိုယ်သိဖို့ပဲလိုတယ်။ ၂၇။ မျက်စိကန်းတာအရေးမကြီးဘူး၊ စိတ်ဓါတ်မကန်း ဖို့အရေးကြီးတယ်။ ၂၈။ လက်ခုပ်တီးတိုင်း ကိုယ့်ကိုအားပေးတယ်မထင် နဲ့၊ ကိုယ့်ကိုတောထုတ်တာလဲဖြစ်နိုင်တယ်။ ၂၉။ ပညာလိုချင်ရင် မာနထား၊ ပညာပေးချင်ရင် မာနချ၊ ဒါမှပညာရှင်ဖြစ်တယ်။ ၃၀။ ၀ိုင်းမြှောက်တိုင်း မြှောက်သွားရင် ပေါက်သွားမှာ လဲ သတိထားဦး။ ၃၁။ ကြိုက်နေတယ် ဆိုတာ အားလုံးကောင်းနေလို့ ဆိုပြီးမထင်နဲ့။ သူ့အတွက် ကြိုက်တာလား၊ ကိုယ့်အတွက် ကြိုက်တာလား၊ စဉ်းစားကြည့်။ ၃၂။ ကိုက်မယ့်အလုပ်ထက် ကြိုက်တဲ့အလုပ်ကိုလုပ် ရတာ ကျုပ်ပိုပျော်တယ်။ ၃၃။ လုပ်နိုင်သလောက်ကိုပဲပြော၊ ပြောသလောက်မ လုပ်နိုင်ရင် ကွယ်ရာမှာ ရယ်စရာဖြစ်နေမယ်။ ၃၄။ လမ်းမြင်တာနဲ့ ပန်းဝင်ပြီလို့မထင်နဲ့၊ အဝေးကြီး လိုသေးတယ်။ဆက်သာပြေး၊ အချိန်တန်ရောက် သွားလိမ့်မယ်။ ၃၅။ ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်းကို လိုချင်လို့မရပါ။ တန်ဖိုးကြီးကြီးပေးခဲ့မှ တန်ဖိုးရှိတာတွေ အားလုံး ရမယ်လို့ ကျုပ်ခံယူတယ်။ ၃၆။ ထီးလိုနေမလား၊ ဘိနပ်လိုနေမလား၊ လွယ်အိတ် လိုလိုက်မလား၊ ကိုယ့်အခြေအနေကို ပြတ်ပြတ် သားသား ဆုံးဖြတ်နိုင်ဖို့လိုတယ်။ ၃၇။ လမ်းသစ်ထွင်ရင် ဆူးနင်းမိမှာဘဲ။ ဆူးကြောက် ပြီးဒူးထောက်မိခဲ့ရင်မူးနောက်ပြီးလဲသွားလိမ့်မယ် ၃၈။ စိတ်မကုန်မချင်းလုပ်လို့ ကောင်းနေတဲ့ အလုပ် တွေဟာ စိတ်ကုန်သွားတာနဲ့ရပ်သွားမှာပဲ။ ၃၉။ အရိုးစူးတယ်ဆိုတာငါးစားလို့။ အမှားများတယ် ဆိုတာအလုပ်လုပ်လို့။ အဲဒါဘာဖြစ်သလဲ။ မှားစမ်းပါစေ။ ၄၀။ တမာရွက်ခါးတာ၊ သကြားချိုတာ၊ ငရုတ်သီး စပ်တာ၊ ရှောက်သီးချဉ်တာ သူတို့အလုပ် သူတို့လုပ်တာမို့ ကျုပ်ဂုဏ်ယူပါတယ်။ ၄၁။ အချိန်ကိုကိုယ်ကစောင့်ရတာ၊ အချိန်ကကိုယ့်ကို ဘယ်တော့မှမစောင့်ဘူး၊ အဲဒါသိပ်မတရားဘူး။ ၄၂။ ကကြီးကို ပက်လက်လှန်မကြည့်နဲ့၊ ကပက်လက် တော့ဖြစ်မှာမဟုတ်ဘူး၊ ယပလက်ပဲဖြစ်သွားမှာ။ ၄၃။ ပညာတော်တယ်ဆိုတာ ပညာရှာတော်တော့လို့ ပြောတာမဟုတ်ဘူး။ ဆက်ကြိုးစားဖို့ သတိပေး နေတာ။ ၄၄။ စိန်ခေါ်တယ်ဆိုတာ အနိုင်ရရေးအတွက်မဟုတ်ဘူး၊ အရှုံးမပေးဘူးဆိုတာသိဖို့အတွက်ပဲ။ ၄၅။ စာသာကောင်းပါစေ၊ ဘာလာတောင်းစရာရှိပါ့မလဲ၊ အားလုံးပြည့်စုံနေလိမ့်မယ်။ ၄၆။ ကျုပ်ရေးတဲ့စာဟာကျုပ်ဖတ်ဖို့မဟုတ်ဘူး။အားလုံးဖတ်ဖို့။ အားလုံးနဲ့တန်အောင် ကြိုးစားရမယ်။ ၄၇။ ညာစရာရှိလို့ပြင်တာကို ပညာရှိလို့ခေါ်တယ်တဲ့။ ဟုတ်လဲဟုတ်ပဲနဲ့။ ၄၈။ နောက်ဆုံးစက္ကန့်အထိပညာရပ်အပေါ်မှာရပ်တည်နိုင်ခြင်းဟာယောကျာ်းကောင်းရဲ့စိတ်ဓါတ်ပါပဲ။ ၄၉။ ပညာရပ်တစ်ခုကိုမမှန်ဘူးဆိုတာ သိနေရဲ့သားနဲ့ မှန်ပါတယ်လို့ လက်ခံနေရတာလောက် ခံပြင်းစရာကောင်းတာမရှိဘူး။ ၅၀။ ဂုဏ်ရှိအောင် ကြိုးစားတာထက် ရှိတဲ့ဂုဏ်ကို ထိန်းသိမ်းရတာ ပိုခက်တယ်။ ၅၁။ သူများလုပ်လို့ဖြစ်တာကို ၀မ်းသာနိုင်တဲ့လူဟာ သူတော်ကောင်းဖြစ်တယ်။ ၅၂။ တန်ဖိုးဆိုတာပေးတဲ့လူအပေါ်မူတည်တတ်တယ်။ ၅၃။ အောင်မြင်မှုရဲ့အောက်ကို ငုံ့ကြည့်ပါ။ ဆူးညှောင့် ခလုတ်တွေ ရှိနေပါတယ်။ အသီးစားချင်ရင်တော့ သစ်ပင် စိုက်ရမှာပဲ။ ဒါမှ ထိုက်ထိုက်တန်တန် စားရမှာပေါ့။ ၅၄။ ယုံကြည်တယ်ဆိုတာတစ်ယောက်ကတစ်ယောက်ကိုယုံရင်ကြည်တာပဲ။မယုံရင်မကြည်ဘူး။ ဟုတ်တယ်မဟုတ်လား။ ၅၅။ ခေါင်းမာတာကို အထင်မကြီးဘူး။ စိတ်ဓါတ်ခိုင်မာတာကိုပဲ ကျုပ်ကလေးစားတာ။ ၅၆။ လုပ်ပြနိုင်တာအားလုံးဟာ သတ္တိတွေဖြစ်တယ်။ ၅၇။ စိတ်ကူးတွေဟာပန်းတိုင်ရောက်ဖို့ပထမခြေလှမ်းဖြစ်တယ်။ ၅၈။ ပညာဆိုတာ သိတဲ့သူတွေအတွက်သာ အသုံးကျတာ။ မသိတဲ့သူတွေအတွက် ဘာမှအသုံးမကျဘူး။ ၅၉။ ကိုယ့်ဘာသာကိုယ် ဘာလုပ်နေသလဲဆိုတာ မှန်မှန်ကန်ကန်သိရင် လူတော်ဖြစ်ပြီ။ ၆၀။ သိနေတဲ့ပညာကို မလိုချင်ဘူး၊ ရှိတဲ့ပညာကိုပဲလိုချင်တယ်။ ဒါမှအသုံးကျတာ။ ၆၁။ မနာလိုမဖြစ်နဲ့၊ လုပ်တဲ့လူဟာနေရာရမှာပဲ။ ၆၂။ အသက်ရှင်ပြီး အသိသေနေတဲ့သူမဖြစ်ရအောင် ကြိုးစားတာဟာ ကျုပ်ရဲ့အလုပ်ပဲ။ ၆၃။ မလုပ်နိုင်ဘဲ ပြောနေတာထက်၊ လုပ်ပြီးမပြောတဲ့သူကို ကျုပ်လေးစားတယ်။ ၆၄။ ဆရာမတူတာနဲ့၊ အတွေးမတူတာနဲ့၊ အပြစ်ရှာတတ်တဲ့ပညာရှိဟာ ပညာမဲ့တဲ့သူသာဖြစ်တယ်။ ၆၅။ နောက်မပင်ပန်းချင်ရင် အခုပင်ပန်းတဲ့အလုပ်တွေကို လုပ်ပါ။ ၆၆။ ပညာမှာအရှုံးမရှိဘူး၊ဆက်မလုပ်ရင်သာကိုယ်ကရှုံးတာ။ ၆၇။ ဦးနှောက်က သိလို့မရဘူး၊ နှလုံးသားကသိမှ သိတယ်လို့ခေါ်တာ။ ၆၈။ ပညာဆိုတာ အရိပ်လိုပဲ၊ ခင်ဗျားသွားရင် သူကလိုက်မယ်။ ခင်ဗျားရပ်ရင် သူကရပ်တယ်။ ၆၉။ မနိုင်မယ့်အလုပ်ကို အရင်စမလုပ်နဲ့။ လုပ်နိုင်တဲ့အလုပ်ကိုပဲစပြီးလုပ်။မနိုင်မယ့်အလုပ်ကိုဆက်လုပ်နိုင်လိမ့်မယ်။ ၇၀။ အပြောလွယ်ပေမယ့် အလွယ်မပြောပါနဲ့။ ၇၁။ ကျုပ်သေသွားခဲ့ရင် ကျုပ်ဝိဥာဉ်လေးဟာ ဗေဒင်ပညာနဲ့အတူ ခင်ဗျားဆီ ရောက်လာပါလိမ့်မယ်။

0 comments

ဘယ်အချိန် အလုပ်နေရာပြောင်းရမှာလဲ

Published on Tuesday, January 15, 2013 in


ဘ၀တစ်သက်စံဖို့ အများလက်ခံတဲ့အလုပ် တစ်ခုရှိဖို့ သိပ်အရေးကြီးပါတယ်။ အလုပ်တစ်ခုကို လုပ်ပြီဆိုကတည်းက အလုပ်ရဲ့တန်ဖိုးအရ နေရာ အပြောင်းအလဲဆိုတာလဲ ရှိတတ်ပါတယ်။ အလုပ် ပြောင်းရွှေ့မှု၊ နေရာပြောင်းရွှေ့မှု၊ ဌာနပြောင်းရွှေ့မှု စသည်ဖြင့် အပြောင်းအရွှေ့နဲ့ ပတ်သက်လျှင် နက္ခတ်ဗေဒင်ပညာရပ် ဝေဖန်သုံးသပ်ကြည့်ကြမယ် ဆိုယင် သိပ်စိတ်ဝင်စားစရာကောင်းပါတယ်။
          ဂြိုဟ်ရဲ့ ပြောင်းရွှေ့မှု အကျိုးပေးပေါ်မူတည် ပြီးအလုပ်နေရာပြောင်းရွှေ့ရခြင်း၊ ဌာနတွင်းဆိုင်ရာ ပြောင်းရွှေ့ရခြင်း၊ နယ်မြေပြောင်းရခြင်း၊ ခရီးဝေးသွား ရခြင်းများကို ဖြစ်စေပါတယ်။ အလုပ်ဌာနပြောင်းရွှေ့ မှုနဲ့ပတ်သက်ယင် အဓိကကတော့ ကောဇာပြောင်း လဲမှုပဲဖြစ်ပါတယ်။ အဲဒါဟာ အတိအကျလဲဖြစ်တယ်၊ မှန်လဲမှန်ပါတယ်။
          အလုပ်အပြောင်းအရွှေ့နဲ့ ပတ်သက်ယင် မင်းသားကတော့ ရာဟုဂြိုဟ်ပဲဖြစ်ပါတယ်၊ မူလ ဇာတာမှာ ရာဟုဂြိုဟ်အနေမကောင်းယင် နဂိုဘာဝ အရကိုက အပြောင်းအရွှေ့များတတ်လေ့ရှိပါတယ်။ ပြီးတော့ ကောဇာမှာ ရာဟုနဲ့ပတ်သက်ပြီး လေ့လာရ မယ်ဆိုယင်-
(က)    မူလရာဟုပေါ် ရာဟုဂြိုဟ်စီးနင်းခြင်း။
(ခ)     မူလ ၁၀တန့်ဘာဝနဲ့ ၁၀တန့်သခင်ပေါ် ရာဟုစီးနင်းခြင်း။
(ဂ)     မူလ တနင်္ဂနွေဂြိုဟ်ပေါ် ရာဟုဂြိုဟ်စီးနင်း ခြင်း။
(ဃ)    မူလလဂ်နဲ့ လဂ်သခင်အပေါ် ရာဟုဂြိုဟ်      စီးနင်းခြင်း။
(င)     ၁၀တန့် သခင် ကောဇာမှာ ၁၀တန့်ပေါ်စီး နေစဉ် ရာဟုနက္ခတ်စီးနေခြင်းစသည်ဖြင့် အချက်တွေအရ အလုပ် ဌာနပြောင်းလဲမှုဖြစ်စေတတ်ပါတယ်။
                   အလုပ်ပြောင်းရွှေ့တာနဲ့ ပတ်သက် လို့လဲအောက်ပါအမျိုးအစားအလိုက် ခွဲဝေ နားလည်ရပါလိမ့်မယ်။
(က)    မိမိလိုချင်တဲ့နေရာကိုပြောင်းရွှေ့ခြင်း။
(ခ)     မိမိမလိုချင်လဲပြောင်းရွှေ့ရခြင်း။
(ဂ)     နှစ်စေ့၍ ပြောင်းရွှေ့ရခြင်း။
(ဃ)    ပြဿနာဖြစ်၍ ပြောင်းရွှေ့ရခြင်း။
(င)     သဘောကျ၍ ခေါ်ယူပြောင်းရွှေ့ရခြင်း။
(စ)     ရာထူးတိုး၍ ပြောင်းရွှေ့ရခြင်း။
(ဆ)    လက်ရှိရာထူးနဲ့ ပြောင်းရွှေ့ရခြင်း။
(ဇ)     ရာထူးအဆင့်ကျ၍ ပြောင်းရွှေ့ရခြင်း စသည် ဖြင့်ခွဲခြားနားလည်သင့်ပါတယ်။ အပြောင်း အရွှေ့အဲသလို ရှစ်ချက်ခွဲခြားသလို အလုပ် အပြောင်းအရွှေ့နဲ့ ပတ်သက်ယင်လဲ။
          (က)    ဌာနတွင်းဆိုင်ရာ ပြောင်းရွှေ့မှု
(ခ)     ဌာနတူလင့်ကစား မြို့တွင်းနေရာ       ပြောင်းရွှေ့မှု
(ဂ)     ဌာနတူလင့်ကစား တစ်မြို့တစ်ရွာသို့ ပြောင်းရွှေ့မှု
(ဃ)    လုံးဝအလုပ်ဌာနမတူပဲ တစ်ခြားဌာန ပြောင်းရွှေ့မှု စသည်ဖြင့် ခွဲခြားနား လည်သင့်ပါတယ်။
          အခုဟာက အလုပ်ပြောင်းရမယ်လို့သာ ဆို တာပါ၊ ဘယ်လိုပြောင်းရမလဲဆိုတဲ့ စနစ်တကျဆုံး ဖြတ်မှုကို ဖော်ပြလေ့မရှိပါ၊ TransFer လို့ခေါ်တဲ့ ပြောင်းရွှေ့မှုဟာ အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းတာအမှန်ပါ။
          ပြီးတော့ ကောဇာဂြိုဟ်ဟာ သွားနေစမြဲပါ။ သတ်မှတ်ထားတဲ့ ဥပဒေဘောင်ထဲရောက်တိုင်းလဲ အလုပ်ဌာနပြောင်းရွှေ့မှု မရှိတတ်ပါ။ ဥပဒေဘောင် ထဲမရောက်လဲ ပြောင်းချင်ပြောင်းရတတ်ပါတယ်။ အဲဒီ့အတွေးအခေါ်နဲ့ ပတ်သက်လို့ နောက်ပိုင်းရှင်း ပြပါမယ်။
          အခုဖော်ပြမယ့် အလုပ်ဌာနပြောင်းရွှေ့မှုနဲ့ ပတ်သက်လို့ အွန်ဂျူတီလို့ခေါ်တဲ့ တာဝန်ထမ်း ဆောင်နေဆဲမှ ခေတ္တလွှဲပြောင်းမှုကို မဆိုလိုပါ။        တာဝန်အရ တစ်ဆယ့်ငါးရက် တစ်လစာရင်းသွားစစ်ရခြင်း၊ ဆေးသွားကုခြင်း၊ ဗိသုကာလုပ်ငန်း ထမ်း ဆောင်ခြင်း၊ စစ်တိုက်ခြင်းများနဲ့ မဆိုင်ပါ။    ဆိုလိုတာကလုံးဝမိသားစုလိုက် အနေအထားပြောင်းရွှေ့မှုသာ ဖြစ်ပါတယ်။
          ရန်ကုန်မှာ လုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက် မန္တလေးကိုသွားပြီး နှစ်နှစ်၊ သုံးနှစ်တာဝန်ထမ်း ဆောင်တာကို ဆိုလိုပါတယ်။ နောက်တစ်ချက် စာရင်းအင်းဌာနကနေ အုပ်ချုပ်ရေးဌာနပြောင်းတာ မျိုးကို လုံးဝပြောင်းရွှေ့တယ်လို့ မခေါ်ပါ။
          စောစောက ကောဇာရာဟုအကြောင်း မိတ် ဆက်အနေနဲ့ ပြောပြခဲ့ပြီးဖြစ်ပါပြီ။ နောက်ဒီ         အပြောင်းအလဲမျိုးက လခစားမှာတင်မဟုတ်ပဲ ကိုယ်ပိုင် အလုပ်မှာလဲ အပြောင်းအလဲဖြစ်တတ်ပါတယ်။ တစ်ခုရှိတယ်၊ အပြောင်းအလဲဆိုကတည်း ကအကောင်းဖြစ်စေ၊ အဆိုးဖြစ်စေ နည်းနည်းပါးပါး ကြုံတွေ့လေ့ရှိပါတယ်။ သွားချင်တဲ့နေရာ မသွားရတာတို့၊ မသွားချင်ပဲသွားရတာတို့ ပျော်ပျော် ပါးပါးသွားရတာတို့ စသည်ဖြင့်ပေါ့လေ။
          အလုပ်အပြောင်းအရွှေ့နဲ့ ပတ်သက်ယင်       မူလဇာတာမှာကော ပြဿနာဇာတာ (သို့) ဟူးရား ဇာတာမှာပါ နှစ်မျိုးစလုံး လေ့လာဆုံးဖြတ်ရပါတယ်။ အလုပ်အပြောင်းအလဲနဲ့ ပတ်သက်ယင် ၁တန့်၊ ၄တန့်၊ ၇တန့်၊ ၁၀တန့် ဘာဝတွေဟာ အရေးပါ ပါတယ်။ အထူးသဖြင့် ၁၁တန့် ဘာဝဟာ အလုပ် အကိုင်နဲ့ ပတ်သက်လို့ အသက်သွေးကြောမို့ ဦးစားပေးကြည့်ရပါမယ်။
          ၁၀တန့်ဘာဝနဲ့ ၁၀တန့်သခင်၊ ၁၀တန့် ဘာဝကို ကာရကပြုတဲ့ဂြိုဟ်တွေပေါ်မူတည်ပြီး   ကောဇာဂြိုဟ်အစီးအနင်း အပြောင်းအရွှေ့မျိုးဖြစ်လေ့ရှိတာသုတေသနပြုပြီး တွေ့ခဲ့ရပါတယ်။
          ၁တန့်ဘာဝ(သို့)လဂ်ဟာ မိမိရဲ့ ခန္ဓာကိုယ် နဲ့ပတ်သက်ပြီး ကိုယ်ကိုယ်တိုင်တောင်းဆိုပြီးပြာင်း ရွှေ့တာနဲ့ ပတ်သက်ပါတယ်။ ၄တန့်ဘာဝဟာ      ရာထူးတိုးခြင်း၊ တိုးတက်ခြင်းစသဖြင့် ကောင်းတဲ့    သဘောတရားအရ ပြောင်းရွှေ့ခြင်းဖြစ်ပါတယ်။ ၇တန့်ဘာဝက သိပ်မကြိုက်ဘဲ အောင့်သက်သက်နဲ့ ပြောင်းရွှေ့တာနဲ့သက်ဆိုင်ပါတယ်။ ဒါကြောင့် အပြောင်းအရွှေ့တစ်ရပ်လုံး ဆုံးဖြတ်ဝေဖန်မိပြီဆို ကတည်းက လဂ်၊ ၄တန့်၊ ၇တန့်၊ ၁၀တန့်လေး ဘာဝစလုံးကို စုံစုံလင်လင် လေ့လာဝေဖန်ရမှာ သေချာပါတယ်။
          ဘာဝတင်လားမဟုတ်သေးပါ။ ရာသီရော ဂြိုဟ်ပါ တွဲဖက်ပြီး ပါလာပါသေးတယ်။ စရ ရာသီ တွေမှာ လဂ်ရှိမယ် (သို့) ၁၀တန့်ဘာဝ ၁၀တန့် သခင်ရှိမယ်ဆိုယင် သဘာဝအရကိုက အပြောင်း  အလဲများမယ်လို့ ဆိုနိုင်ပါတယ်။
          နောက်ပြိဿရာသီ၊ သိဟ်ရာသီ၊ ဗြိစ္ဆာရာသီ၊ ကုံရာသီတွေဟာ ထိရရာသီတွေဖြစ်တဲ့အတိုင်းပဲ အဲဒီရာသီတွေမှာ လဂ်၊ လဂ်သခင်၊ ၁၀တန့်၊ ၁၀ တန့်သခင်တွေရှိခဲ့ယင် သဘာဝကိုက ပြောင်းရွှေ့ရ ခက်တတ်ပြီး တစ်နေရာတည်းမှာ အကြာကြီး မြဲနေ ရပါလိမ့်မယ်။ ပြောင်းရွှေ့ဖို့ ကြံတိုင်းလဲ ခက်ခဲနေရ ပါလိမ့်မယ်။ ပြီးတော့ မေထုန်၊ ကန်၊ ဓနူ၊ မိန်ရာသီ တွေကတော့ဒွေဒဟရာသီတွေဆိုတော့အဲဒီရာသီ တွေမှာ လဂ်၊ လဂ်သခင်၊ ၁၀တန့်၊ ၁၀တန့်သခင် တွေရှိယင် တစ်နေရာတည်းမှာ စွဲစွဲမြဲမြဲနဲ့ ကြာရှည် နေဖို့မလွယ်ပါ၊ မကြာခဏ ပြောင်းရွှေ့ရတတ်ပါ တယ်။ မျှော်လင့်တဲ့အချိန်မှာ အပြောင်းအလဲမဖြစ်ပဲ၊ မမျှော်လင့်တဲ့အချိန်မှာ ဖြုန်းကနဲ ပြောင်းရတာဟာ ဒွေးဒဟရာသီပိုင်ရှင်တွေပဲဖြစ်ပါတယ်။
          နည်းနည်းလေးထပ်ပြီး ခွဲစိတ်ပြောရမယ်ဆို ယင်…………………
          စရရာသီသမားတွေဟာ ရာထူးတက်တာ မတက်တာတာထက် နေရာဌာနပြောင်းရွှေ့နေရယင် ပျော်ပျော်နေတတ်ပြီး၊ ထိရရာသီသမားတွေက ရာထူးတက်ပြီးမှ ပြောင်းရွှေ့လိုမယ်။ ဒွေးဒဟရာသီ သမားတွေက ပျော်သလိုနေ ကိုယ့်လူရေဆိုသလို ပြောင်းရွှေ့လဲမထူး၊ မပြောင်းရလဲ မထူးဆိုသလို ဖြစ်နေပြီး ခဏခဏ အပြောင်းအရွှေ့ဖြစ်နေမယ်။ ပြီးတော့ဒွေးဒဟရာသီသမားတွေဟာ ကိုယ့်အခွင့်     အရေးအတွက် အကြံအဖန်အတွက် အလုပ်ပြောင်းချင် တတ်ကြပါတယ်။
          ဂြိုဟ်တွေကလဲ အလုပ်ဌာနအပြောင်းအရွှေ့ နဲ့ပတ်သက်လို့ စိုးမိုးထားပါတယ်။ မူလဇာတာမှာ ဆိုယင် တနင်္ဂနွေဟာ ဥစ်၊ ဥစ်န၀င်း၊ မိတ်၊ မိတ်န၀င်း မှာစီးနင်းပြီး၊ အားရှိနေယင် အပြောင်းအရွှေ့နည်းပါး လေ့ရှိပြီး နိစ်-နိစ်န၀င်း၊ ရန်-ရန်န၀င်းစီးထားမယ်ဆို ယင် ရန်ဂြိုဟ်နဲ့ ပူးနေမယ်ဆိုယင် ရန်ဂြိုဟ်နဲ့ ပူးနေ မယ်ဆိုယင် လုပ်တဲ့အလုပ်မှာ မတည်မြဲပဲ မကြာခဏ အပြောင်းအလဲဖြစ်နိုင်ပါတယ်။ ပြောင်းရွှေ့တဲ့အခါလဲ ကိုယ်ကကျေနပ်ပြီး ပြောင်းရွှေ့တာမျိုးမဟုတ်ပဲ။ မကျေမနပ်ပဲ ပြောင်းရတတ်ပါတယ်။
          စနေ၊ နက်ပကျွန်း၊ ယူရေးနဗ်(စ်)ဂြိုဟ်တို့က မူလမှာ အနေမကောင်းယင်လဲ ကိုယ်စိတ်နှစ်ပါး ဆင်းရဲရပြီး မျှော်လင့်ချက်မပြည့်ဝမီ ရည်ရွယ်ချက် မအောင်မြင်ခင် အလုပ်ပြောင်းရွှေ့ရတာမျိုးဖြစ် တတ်ပါတယ်။ သိက္ခာကျပြီး နာမည်ပျက်ပြီး ထုချေလွှာ အတောင်းခံရပြီး ပြောင်းရွှေ့ရတတ်ပါ တယ်။
          အင်္ဂါဂြိုဟ်ကတော့ ဒီလိုပါပဲ။ မထင်တဲ့အချိန် မှာလည်းကောင်း၊ မသွားချင်တဲ့အချိန်မှာလည်း ကောင်း၊ ဖြုန်းကနဲသွားရတာမျိုး၊  ပြောင်းဖြစ်သွား တာမျိုးဖြစ်စေတတ်ပါတယ်။ သိပ်ပြောင်းရွှေ့ချင်တဲ့ အချိန်မှာ မပြောင်းရသေးဘဲ၊ အနယ်ထိုင်ပြီဆိုတဲ့ အချိန်ကျမှ ဖြုန်းကနဲပြောင်းရတာမျိုးကို ဖြစ်စေတတ် ပါတယ်။
          ကောဇာ- တနင်္ဂနွေ(သို့)အင်္ဂါဂြိုဟ်ဟာ လဂ် (သို့) ၄တန့်ဘာဝ (သို့)၁၀တန့်ပေါ်စီးနင်းခဲ့ယင် အလုပ်ပြောင်းရွှေ့ရခြင်း၊ လက်ရှိအလုပ်မှာ မပျော် ပိုက်ခြင်း၊ နေရာပြောင်းရွှေ့ဖို့ ကြိုးစားခြင်းများဖြစ် စေတတ်ပါတယ်။ (အနေအထားကလဲ ပြောင်းဖို့ ရွှေ့ဖို့ ဖြစ်လာစေတတ်ပါတယ်။)
          မှတ်ချက်။       ။ ကောဇာတနင်္ဂနွေဟာ  တစ်လ၊ အင်္ဂါဟာ ၄၅ရက်ခန့်နေတတ်ပြီး၊ တစ်နှစ်မှာ လေးခေါက်ထက်မနည်းတနင်္ဂနွေ အမြင်ကြုံခွင့်ရှိ နိုင်ပါတယ်။ အမြဲတမ်းပြောင်းရွှေ့ရတာမဟုတ်ပါ။ အဲ ဒီအမြင်ကြုံတဲ့အခါ ပြောင်းဖို့ရွှေ့ဖို့ ကြိုးစားယင် လွယ်ကူတယ်ဆိုတဲ့သဘောပါ။ ရာဟုဂြိုဟ်ကသာ လျှင်ပြောင်းရွှေ့စေတာပါ။

Spread The Love, Share Our Article

Related Posts

No Response to "ဘယ်အချိန် အလုပ်နေရာပြောင်းရမှာလဲ"

Add Your Comment