နက္ခတ်ဗေဒင်ပညာရပ်
ရှင်သန်တိုးတက်လာ တာနဲ့ပတ်သက်ယင် ရှေးခေတ်ကပညာရှင်ကြီးတွေရဲ့ ဥာဏ်ပညာအတွေးအခေါ်တွေဟာ
အံ့မခန်းဖြစ်တယ် ဆိုတာ တွေ့ရပါတယ်။ အခြေခံကျကျလေ့လာကြမယ် ဆိုတာ နက္ခတ်ဗေဒင်ပညာဟာ အင်မတန်မှကျယ်ပြန့်
လှပါတယ်။ ထင်သလောက်မလွယ်တာ အမှန်ပါ။ ပြီး တော့ လွယ်သလိုလိုနဲ့က နက်ရှိုင်းတာလဲ အမှန်ပါ။
ပြောကြတော့ ရာသီက ၁၂ခု၊ ဘာဝက ၁၂ခု၊ ဂြိုဟ်က
၉လုံးရယ်ပါ။ အဲဒီ(၃၃)ချက်ကို ပိုင်သယောင် ယောင်နဲ့ကနေ့အထိလည်တယ်တယ်ဖြစ်နေကြတာဟာ ဒီလောက်ခက်တယ်ဆိုတာ
လက်တွေ့ပြောပြ နေတာ။ နက္ခတ်ဗေဒင်စည်းမျဉ်း၊ နက္ခတ်ဗေဒင်အပေါ်ယုံကြည်ချက်တွေအားလုံး ခြုံပြီးဟောပြောမှု၊
တွက် ချက်မှုမှာ အသုံးပြုရမှာဖြစ်ပါတယ်။
ကျွန်တော်တို့အခုအပတ်တော့ ကာလတြဘာ ၀(၀ါ)အိမ်ထောင်ရေးဘာဝ(၀ါ)ရတန့်
ဘာဝအကြောင်း ကို ပြောပါမယ်။ အပွင့်လင်းဆုံးပြောကြဆိုကြရယင် ၇တန့်ဘာဝဟာ ဆောင်းပါးတစ်ပုဒ်မဆိုနဲ့
စာမျက်နှာ ငါးရာနဲ့လဲ လုံလောက်တဲ့အနေအထားမှာ ရှိပါတယ်။ အခုဟာက(၇)တန့်ဘာဝကအိမ်ထောင်ရေးတွေအပေါ်ဘယ်လို
တုံ့ပြန်သလဲဆိုတာ မိတ်ဆက်အနေနဲ့ ရေးမှာပါ။
တစ်နေ့သတင်းစာတွေထဲမှာရော၊ကိုယ့်ရပ်ရွာ၊
မြို့နယ်အတွင်းမှာပါ အများဆုံးကြားသိနေရတာက ကိုယ့်သားမိန်းမခိုးလာတာတို့ သူ့သမီးလင်နောက်
လိုက်ပြေးကြတာတို့ပါ အမွေဖြတ်တဲ့ဟာကလဲဖြတ်၊ အောင့်သက်သက်နဲ့လက်ခံရတဲ့ မိဘကလဲလက်ခံနဲ့
ရှုပ်ယှက်ကို ခတ်နေတာပါပဲ။
အင်းဗျာ အိမ်ထောင်ပြုတယ်ဆိုတာ ခဏလေး ဖြစ်ပေမယ့်
အိမ်ထောင်သည်ဘ၀ဆိုတာ တစ်ဘ၀လုံး ဆိုတော့ တော်တော်လေးခက်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်
အိမ်ထောင်ဘက်ဟုတ်မဟုတ် မစဉ်းစားပဲ ပိုင်ဆိုင်လိုမှုတစ်ခုတည်းနဲ့ ဒီလိုလုပ်သွားကြတော့
ကြာကြာဝါးမှ ခါးမှန်းသိတဲ့ဘ၀ကို ရောက်မှန်းမသိ ရောက်သွားကြပါလိမ့်မယ်။
တစ်ယောက်နဲ့တစ်ယောက်မေတ္တာရှိရင်ပြီးရော ဆိုတဲ့
အတွေးအခေါ်ဟာ လက်တွေ့မှာ မလုံလောက် ပါဘူး။ အချစ်ရေးမှာ ခွင့်လွှတ်နိုင်တဲ့ကိစ္စတွေ၊ အိမ်
ထောင်သည်ဘ၀ရောက်လာချိန်မှာ ခွင့်မလွှတ်နိုင်တာ အပုံကြီးပါ။ ချစ်လို့ အဆင်းရဲခံနိုင်တယ်ဆိုတာခဏပါ။
ဧ၀ရတ်တောင်ထိပ်ခေါ်လဲလိုက်မှာပဲဆိုတာလက်တွေ့မှာစောင်တို့အနွေးထည်တို့ မပါပဲ ဧ၀ရတ်တောင်ထိပ်
သွားယင်တော့ စောစောစီးစီးနမိုးနီးယားနဲ့ သေသွား မှာအမှန်ပါ။ ဒါကြောင့်ချစ်တာကိုချစ်တာမှာထားပြီးဘ၀နှစ်ခုပေါင်းမှအိမ်ထောင်တစ်ခုဖြစ်လာဖို့ကအကျိုး
ပေးဆိုတာ လိုပါတယ်။
အိမ်ထောင်ရေးအကျိုးပေးကိုသိဖို့ အိမ်ထောင်
ပြုတော့မယ်ဇာတာရှင်နှစ်ယောက်ရဲ့ဇာတာကို စနစ်တ ကျ စစ်ဆေးပြီးမှ တိုက်ဆိုင်ပြီးမှ အိမ်ထောင်ပြုခွင့်ပေး
ရပါမယ်။ ရှေးပညာရှင်တွေက ဇာတာမကောင်း တစ် သက်၊ အခါမကောင်း တစ်ချက်လို့ ဆိုခဲ့ပါတယ်။
အိမ်ထောင်ရေးမှာ မဖြစ်သင့်တာ မဖြစ်အောင်၊
သာယာသထက်သာယာအောင် အချိန်ကာလအခါကို ရွေးရတာပါ။ ဒီနေရာမှာပြောစရာရှိတယ်။ အခါရွေးပြီး
ဇာတာတို့ မရှိဘူးလားဆိုပြီးပါ။ မှန်တာပေါ့။ လင် နောက်ပဲ လိုက်ပြေးပြေး၊ အင်းလျားလိတ်မှာ
ကရ ၀ိတ်မှာ စနစ်တကျပဲ လက်ထက်လက်ထပ်၊ ဗေဒင် ဆရာ တစ်ရာလောက်ကိုပဲ ဇာတာတိုက်ခိုင်း တိုက်ခိုင်း
ဖြစ်စရာရှိတဲ့ ၀ိပါတ်ကြမ္မာကတော့ လွတ်မှာ မဟုတ်ပါ ဘူး။ မှန်ပါတယ်။ ဇာတာချင်း တိုက်ဆိုင်ထား
တဲ့အတွက် ကြီးမားတဲ့အမှုငယ်ပြီး ငယ်တဲ့အမှုပ ပျောက်နိုင်စွမ်းအား ရှိပါတယ်။ ဇာတာနှစ်စောင်တိုက်
ကြည့်ထားတဲ့အတွက် ဖြစ်လာနိုင်တဲ့ ဖြစ်ရပ်တွေကို ပွင့်ပွင့်လင်းလင်း အကြံပေးထားနိုင်ပါတယ်။
လိုအပ်သ လို ကူညီနိုင်ပါတယ်။
ဇာတာတိုက်ဆိုင်ပြီး အိမ်ထောင်ပြုခြင်းဟာ
အကောင်းဆုံးလို့ မပြောချင်ပေမယ့် အင်မတန်မှ သင့် တော်လျော်ကန်တဲ့ အလုပ်တစ်ခုလို့တော့
ပြောချင်ပါ တယ်။
ကောင်းပြီ အိမ်ထောင်ပြုရာမှာ ဘယ်ဂြိုလ်တွေ၊
ဘယ်ဘာဝတွေကို ကြည့်ရပါမလဲ၊ ရှေးဟောင်းကျမ်း ကြီးတွေမှာတော့ ၅တန့်ဘာဝသခင်နဲ့ ဘာဝကာရက
သောကြာဂြိုဟ်(မိန်းမဆိုရင်အင်္ဂါဂြိုဟ်)တို့ကို ဦးစား ပေးကြည့်ပါလို့ဆိုခဲ့ပါတယ်။ ၅တန့်နဲ့
၅တန့်သခင် ၇တန့်နဲ့ ၇တန့်သခင်၊ သောကြာဂြိုဟ်တို့ အနေ ကောင်းရင်အပြစ်မရှိရင် အားရှိတယ်။
အိမ်ထောင်ရေး ကံကောင်းစေမယ်လို့ဆိုပါတယ်။
ဒီဘက်ခေတ်က ဗေဒင်ပညာရှင်တွေဟာ လင် မယားနှစ်ယောက်ဇာတာတိုက်ဆိုင်တဲ့နေရာမှာ
၇တန့် ဘာဝနဲ့သခင်၊ သောကြာ (အင်္ဂါ)ဂြိုဟ်တို့လောက်သာ ကြည့်တာတွေ့ရပြီး ၅တန့်ဘာဝကို ပယ်ထားတာ
တွေ့ရပါတယ်။
အိမ်ထောင်ပြုမှုနဲ့ ပတ်သက်ရင် ၇တန့်ဘာဝ၊ ၇တန့်ဘာဝသခင်၊
၇တန့်ကို ကာရကပြုတဲ့ဂြိုဟ် (သောကြာ-အင်္ဂါ)တို့ကိုသာလျှင် အဓိကထား စဉ်းစား ရမှာဖြစ်ပေမယ့်
၅တန့်ဘာဝကိုလဲ ထည့်စဉ်းစားသင့် တာ အမှန်ပါ။
၇တန့်ဘာဝနဲ့ ၇တန်သခင်၊ ၇တန်ကို ကာရ ကပြုတဲ့
သောကြာဂြိုဟ်တို့ဟာ အားကောင်းရင် အိမ်ထောင်ရေး ကံကောင်းမယ်၊ အိမ်ထောင်ရေးသာ ယာဖြောင့်ဖြူးမယ်ဆိုတာ
ယေဘုယျအားဖြင့် ပြောနိုင် ပါတယ်။ တကယ်လို့ အားမကောင်းခဲ့ရင်တော့ အိမ်ထောင်ရေးမှာ ပုံစံအမျိုးမျိုးနဲ့
အနှောင့်အယှက် တွေ့ဖို့မလွယ်ပါဘူး။ သာမန်ကသိကအောင်ဖြစ်တာကအစ နောက်ဆုံးမပန်းလုံးရတဲ့အဆင့်အထိ
စိတ်ဆိုး စိတ်ကောက်တဲ့နေရာကနေ အပြတ်ကွဲသွားတဲ့ အဆင့် အထိ ဂြိုဟ်အားပေါ်မူတည်ပြီး ဖြစ်မှာသေချာပါတယ်။
ဟိုးရှေးခေတ်က လင်မယား ခဏတွဲတာတို့ ပြတ်စဲကွာရှင်းမူတို့နဲ့တော့
ဗေဒင်ကျမ်းတွေမှာ ဟော ကိန်းနည်းနည်းပဲ ဖော်ပြထားပါတယ်။ အများဆုံးဖော်ပြ ကြတာက အိမ်ထောင်ဘက်များက
အိမ်ထောင်လုံးဝ မပြုမှု၊ နှစ်ဖက်သစ္စာဖောက်မှု လိင်စိတ်ပြင်းထန်မှု တွေကိုသာ ဦးစားပေးဖော်ပြထားကြထာ
တွေ့ရပါ တယ်။
ကြုံလို့ နည်းနည်းပြောချင်ပါတယ်။ ဗြို့ဟဇ်ဇာ
တာက ဇာတာကလင်္ကာရဇာတာကတကွ ကျမ်းတို့မှာ ဆင်တူယိုးမှားအဖြစ်ပါနေတဲ့ အချက်တစ်ချက်ကတော့
၇တန့်သခင် ၅တန့်မှာနေပြီး ၅တန့်သခင်၊ ၇တန့်မှာ နေရင် မိန်းမသေမယ်လိုဆိုတဲ့ဟောကိန်းနဲ့
ပတ်သက် လို့ပါပဲ။ ၇တန့်သခင်ဟာ မာရကသခင်ဖြစ်တော့ ၅တန့်မှာ ကလေးတွေအတွက် ထိခိုက်ရပါမယ်။
မိန်းမ ဖြစ်ရာ မရှိပါ။ ၅တန့်သခင် ၇တန့်မှာနေရင်လဲ မာရက အိမ်မှာ လာနေတဲ့အတွက် ကလေးတွေပဲ
ဥပဒ်ကြုံ နိုင်ပါတယ်။ ဘာကြောင့်အိမ်ထောင်ဘက်နဲ့ စပ်လျဉ်း ဟောရသလဲဆိုတာ စဉ်းစားလို့
မရပါ။
တွေးကြည့်ရမယ်ဆိုရင် ၅တန့်ဟာ ၇တန့်ရဲ့ ၁၁တန့်
ဖြစ်ပါတယ်။ (၈တန့်မှ ၄တန့်၊ အပ္ပသရဗ သဘောအရ)ဖြစ်လို့၅တန့်ဟာမကောင်းပါ)။ဒါကြောင့် ၅တန့်သခင်နဲ့
၇တန့်သခင်တို့ကို ရန်ဂြိုဟ်တွေလို့ မှတ်ယူထားသလားလို့ ထင်စရာရှိပါတယ်။ အဲဒီလိုဆိုရင်လဲ
၅တန့်သခင် ၇တန့်မှာနေရင် အိမ်ထောင်ရေးထိခိုက်နိုင်ပေတယ်။ ၇တန့်သခင် ၅တန့်မှာ သွားနေရင်
သားသမီးရေးရာမှာ ထိခိုက်နိုင်ပါတယ်။ ၅တန့်မှာ ဗဓက အိမ်ရှင်မရှိရင်တော့ သိပ်ပူစရာမရှိပါ။
ခက်တာက ဗေဒင်ပညာမှာ ဆရာတဆူ ပုံစံတမျိုးသဘောတမျိုးစီ
ဖြစ်နေတော့ ကိုယ့်မူနဲ့ ကိုယ်ကတော့ ဟုတ်နေတာပေါ့။ လေ့လာတဲ့ပုဂ္ဂိုဟ် အဖို့က လိုက်စားလေ
ရှုပ်ထွေးလေနဲ့ လူရောမျက်စိပါ မကြာခဏ လည်သွားရပါတယ်။
ကဲ…. ၇တန့် ဘာဝအားကောင်းတယ်ဆိုတာ ဘယ်လို
ဝေဖန်ကြရမလဲ။
(က) ၇တန့်ဘာဝကို
ပါပဂြိုဟ်အမြင် အယှဉ်ရပ် တည်မှု မရှိခြင်း။
(ခ) ၇တန့်ဘာဝကို
ပါပဂြိုဟ်(သို့)ဒုဌာနသခင်များမြင်ယှဉ်မနေခြင်း။
(ဂ) ၇တန့်ဘာဝသခင်ကို
ပါပဂြိုဟ်ညှပ်မနေခြင်း။
(ဃ) ၇တန့်ဘာဝ
သခင်ကိုလည်း ပါပဂြိုဟ်(သို့)ဒုဌာနသခင်များ မြင်ယှဉ်ပူးပြီး သမ္မဒ္ဓပြု ခြင်းများ၊ မရှိရခြင်း။
(င) ၇တန့်သခင်
နိစ်မိခြင်း၊ ရန်အိမ်မှာနေခြင်း၊ အတ္တမိခြင်းများ မရှိစေခြင်း။
(စ) ၇တန့်သခင်အားကောင်းသလို
လဂ်သခင်လည်း အားကောင်းနေရခြင်း။
(ဆ) ၇တန့်
ဘာဝကာရက သောကြာဂြိုဟ်အား ကောင်းပြီးနေခြင်း။
(ဇ) အဓိကမှာ
၇တန့်ဘာဝ၊ ၇တန့်သခင်၊ ၇တန့်ကာရက သောကြာဂြိုဟ်တို့ဟာ အင်္ဂါဂြိုဟ်က ပူးခြင်း၊ ယှဉ်ခြင်း၊
မြင်ခြင်း၊ သမ္မဒ္ဓပြုခြင်း လုံးဝမရှိရင် အိမ်ထောင်ရေး ကံကောင်းမှာ သေချာပါတယ်၊ မလွဲပါဘူး
(အင်္ဂါဂြိုဟ်ဟာ ယောဂကာရကဂြိုဟ်ဖြစ်ရင် တော့ နည်းနည်းသက်သာပါလိမ့်မယ်)တခြား ပါပဂြိုဟ်
တွေ ဖျက်ဆီးတာထက် အင်္ဂါဂြိုဟ်က လိုက်ဒုက္ခပေး တာက ပိုပါတယ်။ ပိုပြီး ဆိုးပါတယ်။
ဟုတ်မဟုတ် အောက်ပါဇယားလေးတွေကို နမူနာ အဖြစ်ထားပြီး လေ့လာကြည့်ကြရအောင်……..
၂၄.၁၁.၁၉၁၉ခု၊ နေ့လယ် ၁း၃၀(မြောက် ၃၃°
၊ အရှေ့ ၇၂°)မှာ မွေးတယ်။
(က) ၇တန့် သခင်ဟာ ရန်အိမ်မှာနေပြီး
လဂ်နဲ့လာပူး နေတယ်။
(ခ) သောကြာဟာ နိစ်အိမ်မှာနေပြီး
အင်္ဂါနဲ့ လာပူး နေတယ်။
(ဂ) စနေဟာ ၇တန့်ကို ၇တန့်အမြင်နဲ့
မြင်ထားလို့ အိမ်ထောင်ကျမယ်ဆိုတာပြောလို့ ရပါတယ်။ (၇တန့် သခင် ၇တန့်ကို မြင်ရင် မုချအိမ်ထောင်ကျတတ်
ပါတယ်)။
(ဃ) ၇တန့်သခင်ဟာ ရန်အိမ်မှာနေတဲ့အတွက်မပြေပြစ်မှုများ၊
မကျေနပ်စရာတွေ ကြုံတွေ့ရမှာ သေချာပါတယ်။
(င) သောကြာဟာ နိစ်ဖြစ်နေတာကို စန်းရဲ့ကိန်းအိမ်
(၁၀တန့်)မှာရှိလို့ နိစ္စဘင်္ဂယုဂ်ရပေမယ့် အင်္ဂါနဲ့လာပူး တဲ့အတွက် ၇တန့်ဘာဝရဲ့ ကာရကဂြိုဟ်က
ဆိုးပါ တယ်။
(စ) စန်းကို အင်္ဂါက ၄တန့်အမြင်နဲ့
မြင်ထားပါတယ်။ (ယောက်ျားဟာ လိင်စိတ်ပြင်းထန်ပြီး ယူမယ့်မိန်းမဟာ လိင်စိတ်ကုန်ခန်းရောဂါ
ဖြစ်မယ်။)
(ဆ) စန်းမှ ပြန်စဉ်းစားရင်လဲ စန်းရဲ့
၇တန့်သခင် ဗုဒ္ဓဟူးဟာ ၁၂ တန့်မှာ လာနေပြီး အတ္တမိတာ ရာဟုနဲ့ လာပူးထားပါတယ်။
(ဇ) စန်းရဲ့ ၁၀တန့်သခင် ဗုဒ္ဓဟူးနဲ့
၁၂တန့်နဲ့ ၅တန့်သခင်အင်္ဂါတို့ဟာ ပရိဝတ္တနသမ္မဒ္ဓ ဖြစ်နေလို့ သားသမီးကြောင့် စီးပွားပျက်ခဲ့ရတယ်လို့
ပြောနိုင်ပါ တယ်။
ဒီဇာတာကိုကြည့်ခြင်းအားဖြင့် ၇တန့်သခင်နဲ့ ၇တန့်ကာရကညံ့လို့ အိမ်ထောင်ရေးညံ့တယ်ဆိုတာ
ပြောလို့ရပါတယ်။
နောက်ဇတာတစ်စောင်လေ့လာကြည့်ရအောင်
ဗေဒင် ကျမ်းကြီးတွေမှာ ၇တန့်ဘာဝမှာ တည် ရှိတဲ့ဂြိုဟ်တွေအရ အိမ်ထောင်ဘက်များမယ်လို့
ဆို ထားပါတယ်။ ပါပဂြိုဟ်များရင် သေတဲ့အိမ်ထောင် ဖြစ်ပြီး သောမဂြိုဟ်များရင် ကွဲမယ်လို့ဆိုထားပါတယ်။
ဟုတ်နိုင်ပါ့မလား၊ ဒီလိုပြောတိုင်း လက်ခံရပါမလား။
လူငယ်စကားပြောရရင် ၇တန့်မှာ ဂြိုဟ်နှစ်လုံး ရှိလို့ မိန်းမနှစ်ယောက်ရမယ်ဆိုရင်တော့
ထောစိန် ပေါ့နော်၊ အလကားပါ။ အခု ကျွန်တော်တို့က ကျမ်း အဆိုတစ်ချို့မှားတယ်ဆိုတာ လက်တွေ့ပြောချင်လို့
ဆောင်းပါးရေးရတာပါ။
၁-၄-၁၉၄၇ ခု၊ ညနေ ၅း၃၀နာရီ (မြောက် ၉°၊ အရှေ့ ၅၃°)မှာ မွေးတယ်။ ဗုဒ္ဓဟူးဒသာ ၆နှစ်
၆လကျန် တယ်။
(က) ၇တန့်မှာ
အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာ ရှိနေပါတယ်။
(ခ) ကာရကဂြိုဟ်
ကာရကပြုတဲ့အိမ်မှာ နေရင် ၄င်း အိမ်ကို ဖျက်ဆီးပါတယ်ဆိုတဲ့ ဥပဒေအရ ၇တန့်ကို ကာရကပြုတဲ့သောကြာဟာ၇တန့်မှာပဲနေလို့၇တန့်ဘာဝ
အားနည်းနေပါတယ်။
(ဂ) ဘာဝနေဂြိုဟ်တစ်လုံးနိစ်(သို့)အဘမိရင်
ဘာကို အကျိုးမပြုဆိုတဲ့ဥပဒေအရ ၇တန့်မှာ အင်္ဂါဂြိုဟ်ဟာ အတ္တမိပြီး ရပ်တည်နေပါတယ်။ (အံသာအရကြည့်)။
(ဃ) နပုန်းဂြိုဟ်ဖြစ်တဲ့
ဗုဒ္ဓဟူးဟာ ၇တန့်မှာ လာနေပါတယ်။ (ဗုဒ္ဓဟူးဟာ ပါပနဲ့ပူးလို့ပါပဂြိုဟ်ဖြစ် နေပါတယ်)။
ဒီအချက်ကြောင့်အိမ်ထောင်ပြုပြီးမှမကြာလိုက်ဘူး၊ အိမ်ထောင်ရေး မသာယာတဲ့အတွက်
မိန်းမက ကွာရှင်းခွင့်ပြုပါလို့ ပြောလာပါတယ်။ အကြောင်းက ဘာဝအားနည်းလို့ပါပဲ။
(င) လဂ်သခင်
၈တန့်မှာနေရင် (၇တန့်ရဲ့ ၂တန့် ဖြစ်လို့) အိမ်ထောင်ဘက်ထံမှ ငွေကြေးအစုလိုက် အပုံလိုက်ရ
တတ်ပါတယ်။ ဒီဇာတာရှင်လဲ လဂ်သခင်တနင်္ဂနွေဟာ ၈တန့်(မိန်ရာသီ)မှာသွားရပ်တည်နေလို့မိန်းမဘက်က
ငွေကြေးအကူအညီ အထောက်အပံ့တွေ အများကြီးရ လိုက်ပါတယ်။
(စ) စန်းရဲ့
၇တန့်မှာနေရင် (၇တန့်သခင်ဟာ စန်းနဲ့လာပူးပြီး ၇တန့်(သူ့ဘာဝကိုသူ)ကိုပြန်မြင်ထား ပါတယ်။
(ဆ) လဂ်ရဲ့
၎တန့်မှာ ကြာသပတေးနဲ့ ကိန်းရှိလို့ (၇တန့်နဲ့ ၁၀တန့်)အိမ်ထောင်ရေးတစ်သက်လုံး တွဲ သွားစရာ
မရှိပါ။ ပြန်ပေါင်းထုပ်ရမယ်ဆိုတာ ပြောနိုင် ပါတယ်။
၇တန့်မှာ ဂြိုဟ်များတိုင်း အိမ်ထောင်များများ
ကျမယ်လို့ မဟောနိုင်တာ လက်တွေ့ပါ။ အိမ်ထောင် ရေးသာယာဖို့ ၇တန့်မှာနေတဲ့ အင်္ဂါ အတွက်စိန်၊
ဗုဒ္ဓဟူးအတွက် မြကျောက်တွေကို လက်စွပ်ကွင်းဝတ် ထားပါလို့ အဆောင်ယတြာ ပေးနိုင်ပါတယ်။
ဒါဆိုရင် အိမ်ထောင်ရေးမှာ သာယာနိုင်တယ်လို့ ဟောနိုင်ပါ တယ်။
အောက်ပါဇာတာကို ထပ်လေ့လာကြည့်ရ
အောင်…………..
၃၁-၁၀-၁၉၄၀၊ နံနက် ၆း၃၀မှာ မွေးတယ်။ ၄တန့်၊
၅တန့်၊ စနေဟာ ယောဂကာရကဂြိုဟ်ဖြစ်ပြီး နိဂ်ဖြစ်နေတယ်။
၇တန့်သခင်ဟာ ၁၂တန့်မှာ နိစ်သောကြာနဲ့ လာပူးပြီး
ရာဟုနဲ့ပါပဲ အတူရှိနေပါတယ်။ ဒီနှစ်ချက်ကို ကြည့်ခြင်းအားဖြင့် အိမ်ထောင်ရေး ဘယ်လိုနေနိုင်
ပါမလဲ။
(က) ၇တန့်မှာ
ကြာသပတေးဂြိုဟ်နေလို့ အိမ်ထောင် ကောင်းနဲ့ အိမ်ထောင်ကျမယ်။
(ခ) ၇တန့်မှာ
ယောဂကာရကဂြိုဟ်ပါရှိနေလို့ အဆင့်အတန်းမြင့်တဲ့ အိမ်ထောင်ဘက်မျိုးနဲ့ညားမယ်။
(ဂ) ယောဂကာရကဂြိုဟ်ဟာ
နိစ်ဖြစ်နေလို့ ကြီးကြီး ကျယ်ကျယ် ချမ်းသာမှာ မဟုတ်ပဲ သာမန်အိမ်ထောင်ဖက်သာ ဖြစ်မယ်။
(ဃ) ကြာသပတေးဟာ
၆တန့်သခင်လဲဖြစ်လို့ အိမ်ထောင်ဖက်ရဲ့ကျန်းမာရေး ချို့တဲ့မယ်။
(င) ၇တန့်သခင်အင်္ဂါ
၁၂တန့်မှာ သွားနေလို့ ၇တန့် ရဲ့ ကာရကဂြိုဟ်ပါ ၁၂တန့်မှာ သွားနေတော့ အိမ်ထောင်ပြုကတည်းက
သာယာဖို့မလွယ်ဘူး။
(ဆ) ဒါပေမယ့်
ပုတ္တရကာရက ကြာသပတေးကို တနင်းလာက လာမြင်ထားလို့ သားသမီးရပါလိမ့်မယ်။
ဒါတွေဟာ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ ဆုံးဖြတ်တဲ့
နည်းကလေးတွေပါ။
၇တန့်ဘာဝ၊ ၇တန့်သခင်၊ ၇တန့်ဘာဝ နေဂြိုဟ်၊
၇တန့်ကို ကာရကပြုတဲ့ ဂြိုဟ်သုံးလုံးကို လေ့လာပြီးမှ
ကောင်း၏ဆိုး၏ ဟောရပါမည်။
နိဂုံးအနေနဲ့ ပြောပြချင်တာကတော့ ၇တန့် ဘာဝဟာ
၁၁တန့်ဘာဝရဲ့ ၁၀တန့်ဌာနဖြစ်လို့ စီးပွား ရေး၊ ဆက်ဆံရေးကိုလဲ ဟောနိုင်တယ်။ စီးပွားရေးနဲ့
ပတ်သက်ပြီး စဉ်းစားရမယ့်ဘာဝလဲ ဖြစ်ပါတယ်။ ကြုံတဲ့အခါ စီးပွားရေးနဲ့ ပတ်သက်ပြီး ၇တန့်ဘာဝကို
ဝေဖန်ပြပါဦးမယ်။



No Response to "၇-တန့် ဘာဝရဲ့ ရောင်ပြန်ဟပ်မှု"
Add Your Comment