ကွေ့မယ်……….ကိုင်ထား……..
အဲလိုသာ…….ကားစပယ်ယာက သတိပေးတဲ့အနေနဲ့ မအော်ခဲ့ရင်
ယာဉ်ပေါ်မှာပါလာတဲ့ မတ်တတ်ခရီးသည်တွေဟာ ကိုယ်ဟန် ပျက်သွားနိုင်တယ်၊ တစ်ယောက်နဲ့တစ်ယောက်
ဖိမိ၊ တွန်းမိ၊ တိုက်မိ၊ ခိုက်မိခဲ့ကြပေမယ်။အဲဒါကိုအခွင့်ကောင်းယူပြီး ကိုရွှေခါးပိုက်နှိုက်တို့လက်စွမ်းကြောင့်
ပါလာတာလေးတွေပါသွား နိုင်တယ်။
ကျေးဇူးတင်စရာ ကောင့်တဲ့ကားစပယ်ယာရဲ့သတိပေးမှုကြောင့်
ကိုင်စရာတခုခုကို မိမိရရကိုင်ထားမယ်။ ပါလာတဲ့ ပိုက်ဆံလေးတွေ ရှိရာနေရာကို သတိနဲ့ဖိကပ်ထားပါမှအရာရာကသက်သာခွင့်ရနိုင်မယ်လေ။
ဒီလိုကားက အရှိန်နဲ့ကွေ့ချနီးမှာကားစပယ်ယာ
သတိပေးသလို ဝေဒင်္ဂကလည်း ကိုယ့်ပရိသတ်တွေကို သတိပေးချင်တာလေး တွေ ရှိနေပါတယ်။
ဘ၀ခရီးမှာ အသက်အရွယ်ရောက်ရင် ဘယ်လိုအန္တရာယ်မျိုးတွေ
ဆုံတွေ့နိုင်တယ် ဆိုတာကိုပဲ အဓိကထားပြောချင်ပါတယ်။ ကြိုကြိုတင်တင်သိထားတော့ သတိနဲ့ဆင်ခြင်ပြီး
အန္တရာယ်ကိုရှောင်ရှားတတ်ဖို့ ဝေဒင်္ဂစေတနာ ထားတယ်လေ။
စာဖတ်သူရဲ့ ဘယ်အချိန်မှာ
ကွေ့မယ် ဆိုတာသိရင် ကိုင်ထားဖို့က သိပ်မခက်ပါဘူး။ ဒါကြောင့် မြန်မာ့ဗေဒင်မှာ မဟာဘုတ်နဲ့
ဂြိုဟ်အနေ အထားတွေကို အခြေခံပြီး လွယ်လွယ်နဲ့တွက်တဲ့ ပညာ ရပ်တွေရှိနေပါတယ်။ သိထား ရင်တတ်ထားရင်
အဖိုးတန်တယ်ဆိုတာ ဒီဆောင်းပါး ဖတ်ပြီးရင် နားလည်ပါလိမ့်မည်။
အပေါ်မှာ ဂြိုဟ်တည်ပုံ
အနေအထားနဲ့ ဂြိုဟ် သက်တွေသိရင် ကိုယ့်အသက်အရွယ်အရ ဘယ်ဂြိုဟ် ခွင်ထဲမှာ ကျရောက်နေတယ်ဆိုတာ
သိနိုင်တယ်။
ဥပမာလေးတွေ
တွက်ပြမယ်။
အင်္ဂါသားတယောက်ဟာ
၃၉နှစ်ဆိုပါတော့။
အင်္ဂါဂြိုဟ်သက် = ၈နှစ်
ဗုဒ္ဓဟူး + ၁၇နှစ်
၂၅နှစ်
စနေ ၁၀နှစ်
၃၅နှစ်
ကြာသပတေး ၁၉နှစ်
၅၄နှစ်
၃၆နှစ်ဟာ ၃၅နှစ်နဲ့ ၅၄ကြားမှာ ရှိတာကြောင့်
ကြာသပတေးဂြိုဟ်ခွင်မှာ ကျနေတယ်။
ကြာသပတေးတစ်ယောက်ဟာ အသက် ၃၀ဆိုပါစို့။ ကြာသပတေးက
စတွက်
၅တေး = ၁၉နှစ်
ရာဟု = ၁၂နှစ်
၃၁နှစ်
အသက် ၃၀နှစ်ဟာ ၁၉နဲ့၃၁ကြား ရှိတာမို့ ရာဟုထဲမှာကျနေတယ်၊
တကယ်လို့၃၁နှစ်ကျော်ပြီး ၂၀နှစ်အတွင်း(၄၂နှစ်ထိပေါ့)၆ကြာထဲမှာကျမယ်၊ ဒါကိုဂြိုဟ်အိမ်လို့
ခေါ်တယ်။
ကဲ ကိုယ့်မွေးတဲ့ ဂြိုဟ်ကစပြီး ဂြိုဟ်ခွင်ကို
လက်ယာရစ်အတိုင်း ကိုယ့်အသက်ထိ ရောက်အောင် ပေါင်းတတ်ရင် ကိုယ်အသက်ဂြိုဟ်ခွင်မှာ ရှိနေတယ်
ဆိုတာ တွက်တတ်ပါပြီ။
ဒါကိုပဲ အခြေခံပြီး ကွေ့မယ့် နှစ်တွေရှာကြ
ရအောင်
ကျန်းမာရေးထိခိုက်နိုင်တဲ့ဘုမ္မိနယ်
ကိုယ်မွေးနေ့ဂြိုဟ်ခွင်ကနေ လက်ယာရစ် ပထမ
၎ခွင် မြောက်မှာ ကိုယ့်အသက်ကျရောက်နေရင် ဘုမ္မိနယ်မိနေပြီ။
ကိုယ့်မွေးနေ့ ဂြိုဟ်ကနေ လက်ယာရစ် ၄ခွင်
မြောက်ရင် ဘုမ္မိနယ်ဖြစ်လို့ အားလုံးအတွက် ဘုမ္မိနယ် တွေ ပြောလိုက်မယ်။
၁နွေ သားသမီးတို့အတွက်ဘုမ္မိနယ်
= ဗုဒ္ဓဟူး
၂င်္လာသားသမီးတို့အတွက်ဘုမ္မိနယ်
= စနေ
၃င်္ဂါ သားသမီးတို့အတွက်ဘုမ္မိနယ်
= ကြာသပတေး
၎ ဟူး သားသမီးတို့အတွက်ဘုမ္မိနယ်
= ရာဟု
စနေသားသမီးတို့အတွက်ဘုမ္မိနယ်
= သောကြာ
၅တေး သားသမီးတို့အတွက်ဘုမ္မိနယ်
= တနင်္ဂနွေ
ရာဟု သားသမီးတို့အတွက်ဘုမ္မိနယ်
= တနင်္လာ
သောကြာ သားသမီးတို့အတွက်ဘုမ္မိနယ်
= အင်္ဂါ
ဘယ်နေ့သားတွေအတွက် ဘယ်ဂြိုဟ်ခွင်ဟာ ဘုမ္မိနယ်ဆိုတာသိရင်
ကိုယ့်သက်ရောက်အရ ဘုမ္မိ နယ် မိမိဆိုတာ တွက်လို့ရပါပြီ။
တွက်ပုံက ကိုယ့်မွေးနဲ့ဂြိုဟ်ကစပြီး အခု
ရောက်တဲ့ အသက်အထိလက်ယာရစ် တွက်သွား ရမယ်။ ဥပမာ စနေသားတစ်ယောက်ဟာ ၂၈နှစ်ဆိုပါစို့၊ စနေဂြိုဟ်ခွင်ကစပြီး
၂၈ထိ လက်ယာရစ်ရေသွား ရင်သောကြာဂြိုဟ်ခွင်မှာ သွားကျတယ်၊ စနေသား သမီးရဲ့ဘုမ္မိနယ်က သောကြာဖြစ်နေတော့
ဒီစနေသား သမီး ၂၈ဖြစ်မှာ ဘုမ္မိနယ်ကျလိမ့်မယ်၊ တွက်ကြည့်ရင် စနေသားသမီးဟာ ၄-နှစ်၊ ၁၂-နှစ်၊
၂၀-နှစ်တွေမှာ လည်း ဘုမ္မိနယ်ကျခဲ့တယ်ဆိုတာ တွေ့ရလိမ့်မယ်။
သင့်သက်ရောက်တို့ကို တွက်ကြည့်လို့ ဘုမ္မိ
နယ်မှာ မိနေရင် ကျန်းမာရေး၊ ထိခိုက်တတ်ပါတယ်။ ဒါကြောင့်
အအိပ်အနေ၊ အစားအသောက်၊ အသွား အလာ၊ ရေချိုးဆင်ခြင်ပါ၊
အိပ်ရေးပျက်မခံပါနဲ့၊ ကိုယ် နဲ့မတည့်တဲ့ အစားအစာ အသောက်တွေကို ဘယ် လောက်ပဲကြိုက်ကြိုက်ဝေးဝေးက
ရှောင်ပါ။ ဥစ္စာကံ စောင့်အသက်ဥာဏ်စောင့်ဆိုတဲ့စကားလည်း ရှိသားပဲ။
ဘုမ္မိလေး
ကိုယ့်မွေးနံဂြိုဟ်ခွင်ကနေ လက်ယာရစ်(၇)ခုမြောက်
ဂြိုဟ်ခွင်က ကိုယ့်အတွက် ဘုမ္မိလေးနက်ပဲ၊ သူ့တွက်ကြည့်ရင်
၁နွေသားသမီးတွေအဖို့ = ရာဟု
၂င်္လာသားသမီးတွေအဖို့ = သောကြာ
၃င်္ဂါ သားသမီးတွေအဖို့ = တနင်္ဂနွေ
၎ဟူးသားသမီးတွေအဖို့ = တနင်းလာ
ဝနေသားသမီးတွေအဖို့ = အင်္ဂါ
၅တေး သားသမီးတွေအဖို့ = ဗုဒ္ဓဟူး
ရာဟု သားသမီးတွေအဖို့ = စနေ
သောကြာ သားသမီးတွေအဖို့ = ကြာသပတေး
တို့ဟာဘုမ္မိလေးကျတယ်ပေါ့။
ဘုမ္မိလေးနယ် ကျမကျဆိုတာလည်း စောစော က ဘုမ္မိတွက်သလိုပါပဲ
ကိုယ်မွေးနံကစပြီး ကိုယ်အသက်ထိရေသွား၊ ကိုယ်နဲ့ဆိုင်တဲ့ ဘုမ္မိလေးနယ်မှာ ရှိ နေရင် ဘုမ္မိလေးကျတယ်ပေါ့။
ဥပမာ-တနင်္ဂနွေသားတစ်ယောက်ဟာ
၂၃နှစ်ဆိုပါစို့။ သူသက်ရောက်ဟာ ရာဟုမှာ
တကယ်တော့ ရာဟုဟာ တနင်္ဂနွေ သားသမီး တွေအဖို့
ဘုမ္မိနယ်၊ ဒါကြောင့် ဒီတနင်္ဂနွေသားဟာ ၂၃နှစ်မှာ ဘုမ္မိလေးကျခဲ့ပါတယ်၊ (၇နှစ်နဲ့ ၁၅နှစ်မှာ
လည်း ဘုမ္မိလေးကျခဲ့ပါတယ်)။
ဘုမ္မိလေးကျတဲ့ အကျိုးသက်ရောက်မှုကတော့ ကျန်းမာရေးချွတ်ယွင်းခြင်းပါပဲ။
ဒီတော့ ပြောခဲ့သလို အအိပ်၊ အစား၊ အသွား၊ အလာ ဆင်ခြင်ပေတော့…။
နှစ်ပြန်ထပ်ဘုမ္မိ
ကိုယ့်မွေးနေ့ဂြိုဟ်ခွင်ကနေ စရေရင် ၄ခွင်
မြောက်ဂြိုဟ်အိပ်ရော၊ သက်ရောက်ပါကျနေရင် နှစ်ပြန် ထပ်ဘုမ္မိမှာ မိနေတယ်လို့ဆိုပါတယ်။
ဥပမာ-
အသက် ၄၄နှစ်ရှိတဲ့ ၆ကြာသားဆိုပါတော့။ သူရဲ့ဂြိုဟ်အိပ်ကို
ရှာကြည့်ရင်
သောကြာ = ၂၁နှစ်
တနင်္ဂနွေ = ၆နှစ်
၂၇နှစ်
တနင်းလာ = ၁၅နှစ်
၄၂နှစ်
အင်္ဂါ = ၈နှစ်
၅၀နှစ်
၄၄နှစ်ဟာ ၄၂နဲ့၅၀ကြားရှိတာကြောင့် သူဟာ အင်္ဂါမှာ အိပ်နေတယ်။
တခါ ၄၄နှစ်ရောက်အောင် ၆ကြာကနေစရေ ရင် အင်္ဂါမှာပဲပြန့်ကျဲနေတယ်။
အင်္ဂါကိုပြန်ကြည့်ရင် ၆ကြာနေဆိုရင် လက်ယာ ရစ် ၄ခုမြောက်မှာ ရှိနေလေရဲ့……….။
အဲတော့ သူ့မွေးနံကနေ ၄ခုမြောက်ခွင်မှာ ဂြိုဟ်အိမ်ရော၊ သက်ရောက်ပါကျနေတာကြောင့်
နှစ် ပြန်ထပ် ဘုမ္မိကျနေပါတယ်။
သားသမီးတိုင်းအတွက် နှစ်ထပ်ပြန် ဘုမ္မိကျ မယ့်နှစ်တွေ တွက်ပေးလိုက်တယ်၊
ကိုယ်တိုင်တွက် ပြီးတော့ တိုက်ဆိုင်ကြည့်ပေါ့။
၁နွေ သားသမီးများအတွက် ၃၆-နှစ်၊ ၄၄-နှစ်
၂င်္လာ သားသမီးများအတွက် ၄၄-နှစ်
၃င်္ဂါ သားသမီးများအတွက် ၃၆- ၄၄-၅၂နှစ်
၎ဟူး သားသမီးများအတွက် ၅၂-နှစ်
စနေ သားသမီးများအတွက် ၄၄-၅၂-၆၀နှစ်
၅တေး သားသမီးများအတွက် ၅၂-နှစ်
ရာဟု သားသမီးများအတွက် ၅၂-နှစ်
သောကြာ သားသမီးများအတွက်
၄၄-နှစ်
အဲဒီထပ်နှစ်ပြန် ဘုမ္မိကျရောက်တဲ့နှစ်တွေမှာ
ကျန်းမာရေး အထူးချို့ယွင်းမယ်၊ ဆေးရုံတက်ရမယ်၊ ခွဲစိတ်ကုသမှု ခံယူရမယ်။ ဘုမ္မိ ဘုမ္မိလေး
ကျတာ ထက်ကို ပိုးဆိုးမှာမို့ ဖော်ပြထားတဲ့နှစ်တွေမှာ အထူး သတိထားပါ၊ မဟုတ်ရင်တော့……….
ဘုမ္မကြီး
ကိုယ့်အသက်အရ ဂြိုဟ်အိမ်ဟာ ဘုမ္မိ(ကိုယ့်
မွေးနံကလက်ယာရစ်-၄ခွင်မြောက်မှာ ရှိနေပြီ)
ကိုယ့်မွေးနံက စတင်ရေတွက်တဲ့ သက်ရောက် ခွင်ဟာ
ကိုယ့်အဖို့ဘုမ္မိလေးကျတဲ့ခွင် (၇ခွင်မြောက် ပေါ့)မှာရှိနေရင် ဘုမ္မိကြီး ကျရောက်တယ်လို့
ဆိုပါ တယ်။
ဥပမာအဖြစ်နဲ့ တနင်္ဂနွေသားသမီးတစ်ယောက် ကို တွက်ပြပါ့မယ်။
တနင်္ဂနွေ သားသမီးရဲ့ ဂြိုဟ်အိပ်ဟာ ဘုမ္မိကျ တဲ့နှစ်တွေကို ရွေးထုတ်လိုက်ရင်
၂၉-နှစ်ပြည့်ပြီးကနေ ၆-နှစ်ပြည့်ပြီးထိ။
တနင်္ဂနွေသားသမီးအတွက ဘုမ္မိလေးကျတဲ့ နှစ်တွေက ၇-၁၅-၂၃-၃၁-၃၉-၄၇-၅၅-စသည်ဖြင့်ပေါ့။
ဒီတော့-၂၉ကနေ ၄၆နှစ်ထိ ပါဝင်တဲ့နှစ်တွေ ထဲကနေ ၇-၁၅-၂၃-၃၁-၃၉-၄၇-၅၅-ထဲကတူ
တာကို ရွေးထုတ်လိုက်ရင် ၃၁နဲ့ ၃၉ထွက်လာမယ်။
ဒါကြောင့် တနင်္ဂနွေ သားသမီးတွေ ဘုမ္မိကြီး ကျတဲ့နှစ်က၃၁နဲ့၃၉နှစ်မှာပေါ့……..ကဲကျန်သားသမီးတွေအတွက်
တစ်ခါတည်း တွက်ပေးလိုက်မယ်………
၂င်္လာသားသ္မီးတွေအတွက်ဘုမ္မိကြီးကျတဲ့နှစ်
=၄၇-နှစ်
၃င်္ဂါသားသ္မီးတွေအတွက်ဘုမ္မိကြီးကျတဲ့နှစ်
=၃၉-နှစ်
=၄၇-နှစ်
၎ဟူး သားသ္မီးတွေအတွက်ဘုမ္မိကြီးကျတဲ့နှစ်
=၄၇-၅၅
စနေ သားသ္မီးတွေအတွက်ဘုမ္မိကြီးကျတဲ့နှစ်
=၄၇-၅၅
၅တေးသားသ္မီးတွေအတွက်ဘုမ္မိကြီးကျတဲ့နှစ်=
၅၅
ရာဟုသားသ္မီးတွေအတွက်ဘုမ္မိကြီးကျတဲ့နှစ်
=၃၉-၄၇
၆ကြာ သားသ္မီးတွေအတွက်ဘုမ္မိကြီးကျတဲ့နှစ်
=၄၇
အဲဒီ နှစ်တွေကတော့ ဘ၀ရဲ့တဆစ်ချိုး ကွေ့ တွေပဲ၊
ခပ်မြဲမြဲလေး ကိုင်ထားပါမှ တော်ကာကျမယ့်နှစ် တွေပဲ၊ ဘ၀သက်တမ်း တစ်လျှောက်လုံးဒီနှစ်တွေဟာ
အဆိုးဆုံးပဲလို့ ပြောရမှာပဲ……..
အဲဒီနှစ်တွေမှာ
အိုးအိမ်ပျက်စီးနိုင်တယ်
မီးဘေးသင့်နိုင်တယ်
အိမ်ထောင်ကွဲနိုင်တယ်၊ အိမ်တွင်းရေး ပြဿ
နာတွေ အကြီးအကျယ်တက်မယ်။
ရာထူးတွေကျမယ်၊ အလုပ်ပြုတ်နိုင်တယ်
ဂုဏ်ပျက်စရာတွေ ကြုံရမယ်၊ လူတကာကြား မှာ
မျက်နှာမပြ၀ံ့ လောက်အောင် သိက္ခာကျမယ်။
အသက်အန္တရာယ်လည်း တကယ်ပဲ စိုးရိမ်ရ မယ်။
ကိုယ်မသေယင်တောင်မှ တစ်ဦးတစ်ယောက်ဟာ ကိုယ့်ဆီလာသေပြီး
အဲ့ဒီလူ သေတာနဲ့ပတ်သက်လို့ အမှုအခင်းရင်ဆိုင်ရမယ်၊ သိက္ခာကျမယ်၊ ငွေကြေးကုန် ကျမယ်၊ မိသားစုအကြီးအကျယ်စိတ်သောက
ရောက် ရမယ်။
ကဲ ဒီတော့ သင့်ဘ၀လမ်းခရီးရဲ့ တဆစ်ချိုး ကွေ့တွေလည်း
သိပြီးဒီတဆစ်ချိုးတွေမှာ ဖြစ်နိုင်မယ်၊ ဖြစ်တတ်တဲ့ ဖြစ်နေကျတဲ့ အန္တရာယ်အသွယ်သွယ် ကိုလည်း
သိနေပြီ…….
သင်ဘာလုပ်မလဲ………….
လမ်းခရီး တစ်ခုခုကို မလျှောက်ချင်လို့ မ
လျှောက်ဝံ့လို့မလျှောက်ပဲ နေလို့ရပေမယ့် ဘ၀ခရီးဆို တာက မသွားချင်လဲမရဘူး။ ဘာမှမလုပ်ပဲနေလည်း
အချိန်ဆိုတဲ့ ယာဉ်ကြီးက သင့်ကိုသယ်ဆောင်သွား မှာပဲ၊ ဒီအခါမှာ အန္တရာယ်တဆစ်ချိုးကွေ့တွေကို
မလွဲ မသွေရောက်လာဦးမှာပဲ။
ကဲ………..ဘာလုပ်မလဲ။
အန္တရာယ်တွေကျရောက်မယ့်ကာလကို ကြိုတင်သိထား၊
ဒီကာလရောက်ရင် ဖြစ်တတ်တာ တွေ၊ ဖြစ်နိုင်တာတွေသိထားပြီး မဖြစ်အောင် သတိနဲ့ ကာကွယ်ပေတော့။
လူဆိုတာ(ပုထုဇဉ်ကို ပြောတာနော်)
ထမင်းဆာရင် တခုခုကို စောင့်ဆိုင်းရတာ ကြာသည်ထက်ကြာလာရင်
စိတ်တိုတတ်တယ်၊ ဒေါသ ဖြစ်လွယ်တယ် ဒါကိုသိထားရင် ထမင်းသိပ်ဆာတဲ့အခါ စောင့်ဆိုင်းရတာကို
စိတ်မရှည်တဲ့အခါ စိတ်မတို အောင် ဒေါသမဖြစ်အောင် ကိုယ်စိတ်ကိုကိုယ် သတိ ဆိုတဲ့ချွန်းနဲ့အင်း
စိတ်ဆင်ရိုင်းကို ယဉ်ပါးအောင်ထိန်း။
ကိုယ့်စိတ်ထဲကဖြစ်တဲ့ အန္တရာယ်အရိုင်းစိတ်ကို
နိုင်ရင် တခြားပြင်ပက အန္တရာယ်တွေကိုနိုင်ဖို့ရာတော့ ပါဘူး……။
ဒါကြောင့် သတိပေးလိုက်ဦးမယ်၊ ကွေ့မယ်..
ကိုင်ထား…….။
No Response to "ကွေ့မယ် ကိုင်ထား"
Add Your Comment