တောမေးတောင်မေးတော့
လျှောက်မမေး နဲ့ကွာ။ ငါစကားပြောရင် ကြားဖောက်မေးတာ မကြိုက်ဘူး။
ငါပြောလိုက်တာတွေကို နားထောင်၊ လိုက်မှတ်။
မှားသလား၊ မှန်သလားဆိုတာကို မင့်ဥာဏ်
နဲ့မဝေဖန်နဲ့။ လောကမှာ မင်းဥာဏ်မမှီသေးတာ တွေအများကြီးရှိတယ်။
ငါ့ပါးစပ်ကထွက်တာဆိုတော့ အမှန်ပဲလို့ယူဆပေတော့။ ဟုတ်ပြီလား။
ငါပြောပြောနေတာ ရှင်းရှင်းကလေး။ ငါ့ကို
မင်းအတုခိုးစရာမလိုဘူး။ င့ါရဲ့သီလ၊ သမာဓိ၊ ပညာ ကိုအတုခိုးစရာ မလိုဘူး။
ငါပြောတာကိုမှတ်။
ဆိုင်းဘုတ်ကြီးတွေ ကြီးကြီးကျယ်ကျယ်တွေ
ရေးပြီး ရန်ကုန်မြို့မှာ အလုပ်မဖြစ်တဲ့ ဗေဒင်ဆရာ တွေအများကြီးရှိတယ်။ အဲဒီ့မှာ
မင်းဘာရမလဲ၊ ဆိုင်း ဘုတ်ရေးတဲ့ပညာပဲရမယ်။ ဟုတ်ပြီလား။
ငါ့ဆီကို ဘယ်လိုလူမျိုးတွေလာတယ်၊ ဘယ်
လိုကားမျိုးတွေစီးလာတယ်။ ယတြာဓါတ်ရိုက်ဓါတ် ဆင်အတွက် ဘယ်လောက်ပူဇော်သွားကြတယ်ဆို
တာမင်းမျက်မြင်ပဲ။ အဲဒါတွေကိုမြင်လို့ မင်းငါ့ဆီမှာ တပည့်ခံတာမဟုတ်ဘူးလား။
ပြောလေကွာ။
ငါယတြာစွမ်းတာမစွမ်းတာမင်းအလုပ်မဟုတ်ဘူး။
ငါသင်ပြတာကို မှတ်ယူထားဖို့က မင်း အလုပ်။
တစ်နေ့မင်းငါ့လိုပဲကြီးပွားမယ်။
ယတြာရဲ့အသုံးကတော့ ပြောမဆုံးပေါင်၊ တောသုံးတောင်ပဲဟေ့။
လူကိုအကဲခတ်လိုက်တယ်။ ငွေရွှင်မယ်။ ငွေ
ထွက်ဖို့ အလားအလာကောင်းမယ် ဆိုရင်သည် ယတြာကိုပဲပေးလိုက်တယ်။
ငါ့အဖို့ရာ လွယ်လဲလွယ်တယ်။ တစ်ဖက်လူ
ကလဲမျက်စိရှုတ်တယ်။ ငါ့ကိုလဲပဲ အထင်ကြီးသွား နိုင်တယ်။ စွမ်းလဲစွမ်းတယ်ထင်ပါရဲ့။
အလျိုလျို ရောက်လာကြတာပဲ။ မင့်အမြင်ပဲလေ။
အေး…..အရိုးခံအတိုင်း ပြောရရင် ငါ့ကိုယ်
တိုင်အတွက်တော့ ငါဒီယတြာကို မသုံးဘူး။ မင်းသိရ အောင်အရှင်းဆုံးပြောရရင်
ဘာယတြာကိုမှ ငါမသုံး ဘူး။
လေရှည်တယ်ကွာ၊ တိုတိုပဲဖြတ်ရအောင်။
ကဲ…………….မှတ်ပေတော့။
သည်ယတြာကို ယတြာဖမ်းတာလဲသုံးတယ်။ စုန်း၊
တစ္ဆေ၊ မြေဖုတ်ဘီလူး စတာတွေ နှောက်ယှက် ရင်လဲသုံးတယ်။ နောက်ဆုံးကွာ-လင်ကွာ မယားကွာ
ကအစသုံးလို့ရတယ်။
ငါ့နည်းက ငါကကွန့်ထားတာဆိုပေမယ့် မင်း
ကတော့ထပ်ပြီးမကွန့်လိုက်နဲ့နော်၊ ချော်ကုန်လိမ့် မယ်။ တပည့်ကဆရာထက်
လက်စောင်းထက်တယ် ရယ်လို့ပြောစမှတ်ပြုကြတာတော့ရှိတာပေါ့။
ဒါပေမယ့်ငါပြောမယ်။
ငါ့နည်းတွေကို မင်းသွားမကွန့် လိုက်နဲ့။ ပြင်လွန်းရင် ဖင်ချွန်းသွားတတ်တယ်။
န၀င်းဆိုတာ မင်းနားလည်ပြီနော်။ န၀င်းဆို
တာကိုးခုပေါ့ကွ။ ကိုးန၀င်းဖြစ်ဖို့ရာ ဘာဂဏန်းတွေ နဲ့ဘာဂဏန်းတွေပေါင်းရင်
ဖြစ်မယ်ဆိုတာလဲ မင်း သတိထားရမယ်။
လေးနဲ့ငါးပေါင်းရင် ကိုးန၀င်းရတယ်။ ခုနှစ်နဲ့
နှစ်ပေါင်းရင် ကိုးန၀င်းရတယ်။ ခြောက်နဲ့သုံးပေါင်း ရင်ကိုးန၀င်းရတယ်။
ရှစ်နဲ့တစ်ပေါင်းရင် ကိုးန၀င်းရ တယ်။ အခြေခံမှာတော့ အဲဒီ့န၀င်းလေးမျိုးပဲရှိတယ်။
No Response to "ကမ္ဘာပတ်နိုင်တဲ့နည်း"
Add Your Comment