ပြောရတာလည်း မောရပါပြီကော။အာလည်း
ပေါက်လှပါပြီ စဉ်းစားကြည့်လေ။ ဗေဒင်ပညာဆိုတာ ထင်သလောက်မလွယ်ပါဘူး။ပြောသလောက်မလွယ် ပါဘူး။
နံကြားလက်ထောက်ပညာ၊ မှော်ပညာ၊ နတ်သိကြားကပေးတဲ့ပညာတွေလည်း
မဟုတ်ပါဘူး။ တွေးခေါ်ဆန်းသစ်တဲ့ ပညာရှင်တွေရဲ့ အသိပညာက ဖူးပွင့်လာတဲ့ပညာရပ်တွေပါ။နက်လည်းနက်ပါတယ်။
ကျယ်လည်းကျယ်ပါတယ်။လှေပေါ်ကလူဟာရေပေါ် ခြေချရုံနဲ့အတိမ်အနက်သိဖို့မလွယ်ပါ။ ခုန်ဆင်း မှ
ပလုံနဲ့မြှပ်သွားပြီး အတိမ်အနက်ကို သိမှာသေချာပါ တယ်။ ခုန်ဆင်းကြည့်ပါ။
ဗေဒင်ကျမ်းကြီးတွေကို တကယ်ကျေကျေ
ညက်ညက်ဖတ်ကြည့်တဲ့ အခါမှာ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ဟောတဲ့နေရာမှာ ရာသီခွင်တစ်ခုတည်း
နဲ့မလုံလောက်ဘူးဆိုတာသိလာပါလိမ့်မယ်။ (မလုံလောက်ဘူးဆိုတာမပြည့်စုံဘူးလို့ပြောချင်တာ
ပါ။ဒါပေမယ့် ယနေ့မြန်မာပြည်မှာ ဇာတာခွင်တစ်ခု (၀ါ)ရာသီခွင်တစ်ခုတည်းနဲ့ ဟောနေတဲ့ ပုဂ္ဂိုလ်တွေ
ဟာ ဒုနဲ့ဒေးပါ။)
အဲ့သလိုရာသီခွင်တစ်ခုတည်းနဲ့မလုံလောက်
မှန်းသိလားတဲ့ ပညာရှင်တွေဟာ ရာသီခွင်ရဲ့ အားတွေ ကိုအပိုင်းပိုင်း ခွဲစိတ်ပြီးလေ့လာဖို့
ကြိုးစားလာရင်းကဆဋ္ဌ၀ဂ္ဂ၊ဒဿဝဂ္ဂစသည်ဖြင့်နည်းစနစ်တွေပေါ်ပေါက်လာခဲ့ပါတယ်။
ဆဋ္ဌ၀ဂ္ဂဆိုတာရာသီ၊ဟောရတ်၊တြင်း၊န၀င်း၊ဒွါဒသင်း၊ တိံသင်းစသဖြင့်ရာသီခွင်(၆)ခွင်ကိုဆိုလိုတာပါ။
ဒဿဝဂ္ဂဆိုတာ ရာသီ၊ဘာဝစက်၊ဟောရတ်
၊ တြင်း၊သတ္တသင်း၊န၀င်း၊ဒွါဒသင်း၊သောဠသင်း၊ဒဿသင်း၊ တိံသင်းတို့ကို ခေါ်တာပါ။
အဋ္ဌ၀ဂ္ဂကတော့ ရာသီရဲ့အားကို
(၈)ပိုင်ခွဲတဲ့ နည်းပါ။
အခု ကျွန်တော်ရှင်းပြမှာကချဲ
တိံသင်းအ ကြောင်းပါ။ တိံသင်းဆိုတာရာသီကို(သုံးဆယ်ပိုင်းတစ်ပိုင်း)ခွဲထားတဲ့နည်းပဲဖြစ်ပါတယ်။
ပထမကျွန်တော်တို့ဟာ
တိံသင်းရဲ့ သဘောတရားကို နားလည်အောင်
ကြည့်ကြစို့။ပြီးတော့တိသင်းဘယ်လိုတွက်ဘယ်လိုဆိုတာသိပြီးမှ တိံသင်း အတွေးအခေါ်ကို လေ့ကျင့်
ကြတာပေါ့နော်၊ ဟုတ်လား။
တိံသင်းဝဂ္ဂကိုအဖိုအမ(၀ါ)၀ိသမနဲ့သမရာသီတို့ခွဲပြီးဖွဲ့စည်းထားတာဖြစ်ပါတယ်။ပြီးတော့မှန်ကန်
တဲ့တနင်္ဂနွေနဲ့
တနင်္လာကို စိုးမိုးခွင့် မပေးထားတာ တော့ဘယ်ဂြိုဟ်မှ သိဟ်ရာသီနဲ့ ကရကဋ်ရာသီမှာ တိံသင်းမစီးတတ်ပါ။
တိံသင်းဖွဲ့စည်းထားတာကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။(က)၀ိသမရာဇ်တွေမှာ
ဝ အံသာ က ၅ အံသာအတွင်းကို
အင်္ဂါ (မိဿ) ယူထားတယ်။
၆ အံသာ က ၁၀ အံသာအတွင်းကို စနေ (ကုံ) ယူထားတယ်။
၁၁ အံသာ က ၁၀ အံသာအတွင်းကို
ကြာသပတေး (ဓနု) ယူထားတယ်။
၁၉ အံသာ က ၂၅ အံသာအတွင်းကို
ဗုဒ္ဓဟူး(မေထုန်)ယူထားတယ်။
၂၆ အံသာ က ၃၀ အံသာအတွင်းကို သောကြာ (တူ)ယူထားတယ်။
(ခ) သမရာသီတွေမှာ -
ဝ
အံသာမှ ၅အံသာအတွင်းကို သောကြာ(မိဿ)ယူထားပါတယ်။
၆ အံသာမှ ၁၂ အံသာအတွင်းကို ဗုဒ္ဓဟူး(ကန်)ယူထားပါတယ်။
၁၃
အံသာမှ၁၂ အံသာအတွင်းကို ကြာသပတေး(မိန်)ယူထားပါတယ်။
၂၁ အံသာမှ၂၅ အံသာအတွင်းကို စနေ(မကာရ)ယူထားပါတယ်။
၂၅ အံသာမှ၃၀ အံသာအတွင်းကို အင်္ဂါ(ဗြိစ္ဆာ) ယူထားပါတယ်။
တွက်ပုံတွက်နည်းနဲ့အောက်ကိန်းကအောက်ပါ အတိုင်းပါ။
ဝိသမရာသီအွံသာ ၅-၀ ၁၀-၀ ၁၀-၀ ၂၅-၀ ၃၀-ဝ
မိဿ-မေထုန်-သိဟ်
တူ-ဓနု-ကုံ မိဿ ကုံ ဓနု မေထုန်
တူ
သမရာသီ-အံသာ ၅-၀ ၁၀-၀ ၁၀-၀ ၂၅-၀ ၃၀-ဝ
မြိဿ၊ ကရကဋ်၊ ကန်
ဗြိစ္ဆာ၊ မကာရ၊ မိန် ပြိဿ ကန် မိန် မကာရ ဗြိစ္ဆာ
တွက်နည်း-ဥပမာကြာသပတေးဂြိုဟ်ဟာ၃ရာသီ၂၉အံသာ၅၃
လိတ္တာဆိုကြပါစို့။
ကရကဋ်ရာသီမှာ ကြည့်ပါ။
၂၅အံသာကျော်သွားပြီးဖြစ်တာမို့ ၃၀အံသာထွက်မှာယူရပါမယ်။ကြာသပတေးဟာ
အင်္ဂါ တိံသင်း(၀ါ)ဗြိစ္ဆာရာသီ တိံသင်းဝဂ္ဂမှာ စီးနင်းမယ်ဆိုတာ
ပြောလို့ရပါတယ်။ လွယ်ပါတယ်။
အောက်ပါဇာတာ
လက်တွေ့ တိံသင်းချပါမယ်။
၁ နွေ ၃-၃-၅၂ ၂လာ ၈-၂၃-၂၇ ၃င်္ဂါ ၅-၈-၅၉ ၄ဟူး
၂-၁၆-၄၆ ၅တေး ၇-၂၉-၃ ၆ကြာ ၁-၂၈-၅၉ စနေ ၃-၂၉-၅၃ ရာဟု ၀-၁၆-၄၈ လဂ် ၆-၁၆-၄၀ တိံသင်းဝဂ္ဂချ လိုက်ရင် အောက်ပါအတိုင်းပါ။
wðသင်းတွက်တဲ့နည်းရော၊လက်တွေ့ချတဲ့နည်းပါ
ကျွန်တော်ရှင်းပြပြီးပါပြီ။ ခင်ဗျားတို့လဲလက်တွေ့ဇာတာလေးတွေဖွဲ့ပြီးတွက် ချက် ကြည့်ပါ။
ကျွန်တော်တို့တတွေဟာ တိံသင်းစီးနင်းထား တဲ့ဂြိုဟ်တွေနဲ့
ပတ်သက်ပြီး အမျိုးသမီးတွေရဲ့ ကံကြမ္မာကိုဝေဖန်တဲ့နည်းကိုပြောပြကြပါမယ်။ ဒီဆောင်းပါးကတော့ တိံသင်းစီးနင်းမှုနဲ့ပတ်သက်လို့မိန်းမတွေရဲ့အကျင်စာရိတ္တကိုဟောပြောနည်းဖြစ်
ပါတယ်။
လဂ်သခင်ဟာကရကဋ်သိဟ်ရာသီ
ကလွဲလို့ တခြားရာသီမှာရှိပြီးပဉ္ဇံတားဂြိုဟ်တစ်လုံးရဲ့တိသင်းကိုစီးထားရင် အဲဒီအမျိုးသမီးဟာ
ဟိုစပ်စပ်၊ သည် စပ်စပ်နဲ့ပါလေ့ရာဖြစ်မယ်။ ဘယ်နေရာမှမဆိုသူမက ဦးဆောင်ချင်တတ်မယ်။ စပ်စုတတ်မယ်။
နေရာ တကာမှာသြဇာ ပေးချင်မယ်။ ချမ်းသာမယ်။
လဂ်သခင်နဲ့စန်းသခင်တို့နှစ်လုံးစလုံးအားရှိ
နေရင် ဒီအဟောထက်အဆများစွာပိုပြီးအကျိုးပေးပါ မယ်။ ဇာတာကပါရီဇာတာ၊ ပါရီဇာတာ၊ကျမ်းကတော့
ဇာတာရှင်တစ်ယောက်မှာ လဂ်ရောစန်းပါအားရှိနေ ရင်လဂ်သခင်ရဲ့အား အရအားအရှိဆုံးဂြိုဟ်ကိုယူပါ
လို့ဆိုခဲ့ပါတယ်။
(က) ကြာသပတေး တိံသင်းကိုစီးခဲ့ရင် ဘယ် ရာသီမှာ
မဆအကျိုးပေးပြီးစီးတဲ့ဂြိုလ်ဘယ်ဂြိုဟ်မဆို အားကောင်းစေပါတယ်။
(ခ) ဗုဒ္ဓဟူး တိံသင်းကို တနင်္ဂနွေက လွဲလို့
ကျန်တဲ့ဂြိုဟ်တွေ အားလုံးစီးနင်းရင် အကျိုးပေးပါ တယ်။
(ဂ) သောကြာ တိံသင်းကိုတော့ အင်္ဂါနဲ့ စနေ
ပိုင်ရာသီက လွဲလို့ ဘယ်ရာ သီမှာ စီစီးမကောင်းပါ။ ဗုဒ္ဒဟူး၊ကြာသပတေး၊ သော ကြာပိုင်ရာသီတွေမှာ
စီးခဲ့ရင်ကောင်းပါတယ်။
(ဃ) စနေ တိံသင်းကိုတော့ ဘယ်ရာသီစီးစီး
မကောင်းပါ။
(င) အင်္ဂါ တိံသင်းကို ကြာသပတေး ပိုင်ရာ
သီကလွဲလို့ ဘယ်ရာသီမှာ စီစီးမကောင်းပါ။
(စ) ကြာသပတေးပိုင်ဓနုနဲ့မိန်ရာသီမှာ စီးနင်းတဲ့
တိသင်းတွေဟာတခြားရာသီတွေမှာ စီးနင်းတာထက်ပိုအကျိုးပေးပါတယ်။အောက်မှာ ကြည့်ပါ။ ဂြိုဟ်(၇)လုံးဟာ
တိံသင်းစီးနင်းမှုနဲ့ပတ် သက်လို့
အမျိုးသမီးတွေရဲ့ကံကြမ္မာအကျိုးပေးတွေ ဖြစ်ပါတယ်။
တနင်္ဂဂြိုဟ်
(က) အင်္ဂါ တိံသင်းစီးခဲ့ရင်မိခင်စိတ်ရှိပြီးစိတ်
သဘော ထားပြည့်ဝမယ်။ သည်းခံစိတ်ရှိမယ်။ ခင်ပွန်းအပေါ် ချစ်ခင်ကြင်နာမယ်။
(ခ) ဗုဒ္ဓဟူး တိံသင်းစီးခဲ့ရင် နွဲ့နှောင်းပြီး
အလှအပ ကြိုက်မယ်။တည်ကြည်မယ်။မိန်းမပီပီသသနဲ့နေထိုင် သွားလာတတ်မယ်။
(ဂ)ကြာသပတေး တိံသင်းစီးခဲ့ရင် အင်မတန်သတ္တိရှိ
မယ်။မင်းစိုးရာဇာကတော်ဖြစ်မယ်။ ချမ်းသာကြီးမြင့် ပြီး ကျော် ကြားလိမ့်မယ်။
(ဃ) သောကြာ တိံသင်းစီးရင်ကိုယ်နဲ့ မထိုက်တန်တဲ့
ယောက်ျားယူမိလို့ ဘ၀တစ်ခုလုံး ၀မ်းနည်းကြေကွဲရ မယ်။
(င) စနေ တိံသင်းစီးခဲ့ရင်ဇွတ်လုပ်တတ်လို့
မိဘရဲ့ အမွေဖြတ်ခံရမယ်။ အိမ်ထောင်ရေးမှာလဲအရှက်ကွဲ မယ်။သိက္ခာကျတတ်မယ်။ မယူသင့်တဲ့ယောက်ျားကို
အပေါ်ရံသာကြည့်ပြီးတော့ယူလို့လူများတံတွေးခွက်မှာ ပက်လက် မျောမယ်။
တနင်းလာဂြိုလ်
(က) အင်္ဂါ တိံသင်းစီးခဲ့ရင်လွတ်လွတ်လပ်လပ်နေရ
မယ်။ ကိုယ်ပိုင်အတွေး အခေါ်နဲ့သာ ဆုံးဖြတ်မယ်။ စိတ်ကူးယဉ်ပြီး စိတ်ချမ်းသာ သလိုဇွတ်လုပ်မယ်။
(ခ)ဗုဒ္ဓဟူး တိံသင်းစီးခဲ့ရင်အနုပညာရပ်မှာထက်မြက်ထူးချွန်မယ်။အောင်မြင်မယ်။အလှအပနှစ်သက်မယ်။
စိတ်ထားနူးညံ့ပြီးယောက်ျားမြှောက်ပေးတာကိုကြည်နူးမယ်။
(ဂ) ကြာသပတေး တိံသင်းစီးခဲ့ရင်သတ္တိရှိမယ်။
လောကဓံတရားကို လုံးဝမကြောက်တတ်ဘူး။ဘာကို မဆိုရဲဝံ့စွာရင်ဆိုင်တတ်မယ်။လင်နောက်လိုက်ပြေးမှု၊
သဘောမကျပဲယုမှုတွေ ဖြစ်နိုင်တယ်။
(ဃ) သောကြာ တိံသင်းစီးရင်စိတ်ထားဖြူစင်ပြီး
အကြင်နာတရားနဲ့ပြည့်စုံမယ်။ အချစ်ရေးမှာသနား တတ်မှုကြောင့်စိုးရိမ်ကြောင့်ကျပြီးပူပင်ရမယ်။ကိုယ်
ရဲ့သဘောကောင်းမှုကိုအခွင့်အရေးယူပြီးယောက်ျားကကိုယ် စိတ်ဆင်းရဲ အောင်ဖန်တီးမယ်။
(င)စနေ တိံသင်းစီးခဲ့ရင်နှုတ်ချိုပြီးစိတ်ရင်းမမှန်တဲ့အိမ်ထောင်ဘက်ကိုရမယ်။တစ်ယောက်တည်း
ကြိတ်ပြီး စိတ်မချမ်းသာဖြစ်နေရပါလိမ့်မယ်။ လူရောစိတ်ပါ ဆင်းရဲရမယ်။
အင်္ဂါဂြိုဟ်
(က)
အင်္ဂါ တိံသင်းစီးခဲ့ရင် စိတ်သဘောထား
မမှန်ကန်ပါ။ အကျင့်သီလနည်းပြီး ခပ်ပေါ့ပေါ့ဆက် ဆံ လုပ်ကိုင်တတ်မယ်။ဆပ်စလူးဖြစ်ပြီး
အိနြေ္ဒမရ ဖြစ်နေ ပါမယ်။ နေရာတကာပျာနေ တတ်ပါမယ်။
(ခ)
ဗုဒ္ဓဟူး တိံသင်းစီးခဲ့ရင်လှည့်စားတတ်မယ်။
သစ္စာ မရှိတတ်ပါ။ကိုယ့်အိမ်ထောင်ဖက်ခင်ပွန်းထက်တခြား ယောက်ျားများအပေါ်အထင်ကြီးနေမယ်။
ပါးစပ်ချိုသ လောက် ကြောက်စရာကောင်းပါ တယ်။
(ဂ)
ကြာသပတေး တိံသင်းစီးရင် စိတ်သဘောထား ဖြူစင်ပြီး
ဖြောင့်မတ်မယ်။ ယောက်ျားကို အသက် ပေးချစ်တတ်မယ်။နှစ်နှစ်ကာကာ ယုံယုံ ကြည်ကြည် ချစ်
တတ်ပြီး လေးစားမယ်။
(ဃ)
သောကြာ တိံသင်းစီးခဲ့ရင် တစ်ယောက်ကိုတစ်
ယောက် သစ္စာရှိရှိ ချစ်ခင်တွယ်တာမယ်။ သ၀န်တို မယ်။ သူများစကား ယုံလွယ်တယ်။
(င)
စနေ တိံသင်းစီးခဲ့ရင် အနုပညာဝါသနာပါမယ်။
ယောက်ျားကိုသြဇာပေးချင်မယ်။ အိမ်မှုကိစ္စနိုင်နင်း မယ်၊နေရာတကာပင်ပန်းခံလုပ်တတ်မယ်။
ဗုဒ္ဓဟူးဂြိုဟ်
(က)
အင်္ဂါ တိံသင်းစီးခဲ့ရင် တစ်ကိုယ်ကောင်းဆန်း၍
ကိုယ့်ဘက်က မိဘဆွေမျိုးဘက်ပါမယ်။ လိမ်လည် လှည့်ဖြာပြီးယောက်ျားအပေါ် အနိုင်ယူတတ်မယ်။
မျက်ရည်လွယ်မယ်။
(ခ)
ဗုဒ္ဓဟူး တိံသင်းစီးခဲ့ရင် ရိုးသားမယ်။အေးချမ်းကာ
သတိရှိမယ်။ဒီအမျိုးသမီးရဲ့ကံကြောင့်သူ့ခင်ပွန်းဟာ ချမ်းသာမယ်။ ဂုဏ်သရေမြင့်မားပြီး
ကတော်ဖြစ်ရ မယ်။ ယောက်ျားကို ကျော်ကြားစေရပြီးထင်ရှား ကျော်ဇောမယ်။
(ဂ)
ကြာသပတေး တိံသင်းစီးရင် စိတ်ထားဖြူစင်သန့်
ရှင်းပြီး ထင်ရှားကျော်ဇောမယ်။
(ဃ)
သောကြာ တိံသင်းစီးခဲ့ရင် ဘ၀င်မြင့်ပြီး
မာနကြီး မယ်၊ ကိုယ့်ယောက်ျားရဲ့ သြဇာအာဏာနဲ့ ဘုန်းကံ တန်ခိုးကို အမှီပြုပြီး အခွင့်အရေးကို
အလွဲသုံးစား လုပ်မယ်။
(င)
စနေ တိံသင်းစီးခဲ့ရင် ပျင်းရိထိုင်းမှိုင်းပြီး
မိန်းမမ ပီသတတ်ဘူး။ ပေါ့ပေါ့နေပေါ့ပေါ့စားနဲ့ ယောက်ျားရဲ့ စီးပွားရေးကို အနှောက် အယှက်ပေးနေမယ်။
ကြာသပတေးဂြိုဟ်
(က)အင်္ဂါ တိံသင်းစီးခဲ့ရင် ဂုဏ်သရေရှိပြီး
ချမ်းသာ ကြွယ်ဝမယ်။ ထက်မြက်ပြီး ဦးဆောင်နိုင်စွမ်းအားရှိ မယ်။ အများအပေါ် ရင်ဝယ်ထားလို့စေတနာထား
မယ်။
(ခ)ဗုဒ္ဓဟူး တိံသင်းစီးခဲ့ရင် စိတ်သဘောထားဖြူစင်ပြီး
လေးစား ဖွယ်ရာ နေထိုင်တတ်မယ်။ တည်ကြည်ပြီး ပြတ်သားမယ်။ ခင်ပွန်းနဲ့ဒိုးလူဘောင်ဘက် လုပ်ကိုင်
နိုင်စွမ်းအားရှိမယ်။
(ဂ)
ကြာသပတေး တိံသင်းစီးခဲ့ရင် ရဲရင့်ပြီးဘာမဆို
ရင်ဆိုင်ရဲတဲ့ သတ္တိရှိမယ်။ ချမ်းသာကြွယ်ဝမယ်။ ခင်ပွန်းက ဆွေမျိုးတွေနဲ့ မတည့်တတ်ပါ။
ပွင့်လင်း ပြီး ပြတ်သားတတ်မယ်။
(ဃ)
သောကြာ တိံသင်းကိုစီးခဲ့ရင် စိတ်ထားဖြူစင်
မယ်။အိမ်တွင်းသည်းခံစိတ်ပြင်းထန်မယ်။ယောက်ျားကိုယုံကြည်လွန်းမယ်။ သည်းခံ ပေါင်းသင်းနိုင်စွမ်းရှိ
မယ်။
(င)
စနေ တိံသင်းကို စီးခဲ့ရင် အေးစက်စက်နေမယ်။
ဘာကိုမဆိုသွေးအေးအေးနဲ့လုပ်မယ်။စိတ်တတ်ကြွမှုနည်းလို့ ပတ်ဝန်း ကျင်ကရောခင်ပွန်းက ပါစိတ်ပျက်ပြီး
အထင်သေးလာပါမယ်။
သောကြာဂြိုဟ်
(က)
အင်္ဂါ တိံသင်းကို စီးခဲ့ရင် စိတ်မငြိမ်ပဲ
ပတ်ဝန်း ကျင်ကွယ်ရာကိုပါတက်မယ် မဟုတ်တဲ့ဘက်တွေမှာ အားသန်ပြီး အပျော်အပါးနဲ့ အသိုင်းအ၀ိုင်းကို
မက်မောမယ်။
(ခ)
ဗုဒ္ဓဟူး တိံသင်းကိုစီးခဲ့ရင် တေးဂီတအနုပညာကို
ဝါသနာပါမယ်။ ခင်ပွန်းအပေါ် တွယ်တာတဲ့စိတ်နည်း မယ်။ ယုယုကြင်နာ လိုစိတ်ပြင်းပြမယ်။
(ဂ)
ကြာသပတေး တိံသင်းစီးခဲ့ရင် မိန်းမပီသမယ်။
သတ္တိရှိမယ်။ ယောက်ျားပေါ် သြဇာပေးလိမ့်မယ်။ အရိုအသေနည်းမယ်။ အိမ်ထောင်ရေးကို ကိုယ့်သ
ဘောအတိုင်း ဆုံးဖြတ်တတ်မယ်။
(ဃ)
သောကြာ တိံသင်းစီးခဲ့ရင် မိန်းမပီသပြီး
လှပ ကြော့ရှင်းမယ်။ ကျက်သရေရှိမယ်။ သန့်ရှင်းမှုကို နှစ်သက်မယ်။ ခရီးသွားလာတာ ၀ါသနာပါမယ်။
ခါးမှာ အနာ(သို့)မှည့်ရှိမယ်။
(င)
စနေ တိံသင်းစီးခဲ့ရင်အိမ်ထောင်ကွဲပြီး
နောက် အိမ်ထောင်နဲ့မှသာယာမယ်။ ပထမအိမ်ထောင်ဟာ ကိုယ့်ကိုပစ်သွားမယ်။ အိမ်ထောင်သစ်ထူထောင်ပြီး
ချမ်းသာလိမ့်မယ်။
စနေဂြိုဟ်
(က)
အင်္ဂါ တိံသင်းစီးခဲ့ရင် ၀မ်းနည်းစရာ
အမျိုးမျိုး နဲ့ကြုံရပြီး အိမ် ထောင်ရေးကံဆိုးမယ်။ ခင်ပွန်း လုပ်သူရဲ့ သစ္စာဖောက်ခြင်းခံရမယ်။
အဓိပ္ပာယ်မရှိတဲ့ အယူသည်းမှုတွေ လက်ခံတတ်မယ်။
(ခ)
ဗုဒ္ဓဟူး တိံသင်းစီးခဲ့ရင် ပတ်ဝန်းကျင်ကြောင့်အိမ်
ထောင်ရေး မသာယာတတ်ပါ။ ဆွေမျိုးတွေရဲ့သြဇာခံ နှေရမယ်။ မကောင်းတဲ့ စိတ်ကို မွေးတတ်မယ်။
အမြှောက်ကြိုက်မယ်။
(ဂ)
ကြာသပတေး တိံသင်းစီးခဲ့ရင် စိတ်ရင်းဖြူစင်ပြီး
ယောက်ျားရဲ့ ကြင်နာယုယမှုကို ခံရပါမယ်။ ယောက်ျာ ကို အရမ်းချွဲတတ်မယ်။
(ဃ)
သောကြာ တိံသင်းစီးခဲ့ရင် ကလေးမရတတ်ပါ။
ကလေးရမှာ ကိုလဲကြောက်မယ်၊ အိမ်ထောင်ရေးကို ခပ်ပေါ့ပေါ့နဲ့လွယ်လွယ်ဆုံးဖြတ်ပြီးလုပ်တတ်လို့အိမ်ထောင်ဘက်များတတ်ပါတယ်။
(င)
စနေ တိံသင်းစီးခဲ့ရင် မပေါင်းသင်း၊
မယူထိုက်တဲ့ ယောက်ျားကို အိမ်ထောင်ပြုမိလို့ ဘ၀ပျက်မယ်။ ချောမောပေမယ့် ကျက်သရေကင်းမဲ့တတ်မယ်။
လိင် စိတ်တစ်ခုတည်းကိုဦးစားပေးမယ်။ အထက်ပါ ဟော ကိန်းတွေကိုလေ့လာပါ။ ကျွန်တော်တို့တစ်တွေက
တိသင်းနဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ်မျှစုဆောင်း ပြီးဖြစ်ပါတယ်။ လိုအပ်တဲ့ဗဟုသုတ ဖြစ်ဖွယ်ရာများ
ကို တိံသင်းမိတ်ဆက်အနေနဲ့ ဖော်ပြတာ
ဖြစ်ပါ တယ်။
မိန်းကလေးတစ်ယောက်ရဲ့ မူလဇာတာမှာ
၇တန့် ဘာဝသခင်၊အင်္ဂါဂြိုလ်လဂ်နဲ့လဂ်သခင် ဘယ်လောက် အားကောင်းနေပါစေ။ တိံသင်းမှာ အနေမကောင်းရင် အနှောက်အယှက်
တစ်မျိုးမဟုတ်တစ်မျိုးတော့ ကြုံ တွေ့မှာသေချာပါတယ်။ ၀ဂ္ဂတွေကိုခွဲစိတ်ပြီး ဇာတာ တစ်စောင်ကိုဝေဖန်သုံးသပ်ခြင်းဟာဇာတာရှင်အတွက်
ပိုမိုတိကျမှန်ကန်စေပြီး သေချာစေပါတယ်။
No Response to " တိံသင်းဝဂ္ဂနှင့် မိန်းမဇာတာ"
Add Your Comment