မျက်လုံးကြောင်ကြောင်ပြာယောင်ယောင်နှင့်
မိန်းမတစ်ယောက်ရဲ့မျက်လုံးတွေဟာ
ပြာ ယောင်ယောင်၊ ကြောင်တောင်တောင်ရှိနေရင်၊ ဒီ မိန်းမဟာ တည်ကြည်တဲ့ဣနြေ္ဒမရှိမှုပဲ၊
မိမိမှာ ယောကျာ်းရှိခဲ့ရင်လည်း၊ တစ်ခြားယောကျာ်းနဲ့
ဖောက်ပြန်ဖို့လမ်းရှိနေပါလိမ့်မယ်။
ရမ္မက်ကြောင့်
အကျင့်ပျက်တာမျိုးလည်းဖြစ် တတ်ပါတယ်။
လည်ပင်းကြီးကြီးရန်ငြီးငြီးနှင့်
မိန်းမတစ်ယောက်ရဲ့လည်ပင်းဟာ ရောဂါ
ကြောင့်ကြီးမားနေတာမျိုးမဟုတ်ဘဲ၊ မွေးရာပါကြီး ထွားနေတာမျိုးရှိနေရင်၊ ဒီမိန်းမဟာ
အမျက်ဒေါသ ကြီးမယ်။ မာနလည်းကြီးမယ်။
တစ်ခြားလူတွေနဲ့ သင့်မြတ်တယ်ရယ်လို့
မရှိလှဘဲ၊ အမြဲရန်များနေသူဖြစ်ပါလိမ့်မယ်။
နဖူးရှည်ရင် လင်သေသတဲ့
အမျိုးသမီးတစ်ယောက်ရဲ့ နဖူးဟာ သိပ်ကို
ရှည်နေရင်၊ ဒီအမျိုးသမီးဟာ ပထမအိမ်ထောင်၊ ဒုတိယအိမ်ထောင်တို့သေပြီး၊ တတိယအိမ်ထောင်
ကျမှ မြဲပါလိမ့်မယ်။
နဖူးရှည်ရင် လင်သေတဲ့အမှတ်လက္ခဏာလို့
ဆိုခြင်းဖြစ်ပါတယ်။
နားရွက်တွင်းဖြူက
အလကားမိန်းမ
အမျိုးသမီးတစ်ယောက်ရဲ့ နားရွက်ကို အကဲ
ခတ်လိုက်လို့၊ ဒီမိန်းမရဲ့နားရွက်အတွင်းဟာ ဖြူနေ ရင်၊ ဒီအမျိုးသမီးဟာ
စာရိတ္တပိုင်းမှာ စိတ်ချစရာမရှိ ဘဲ၊ လင်သားရှိရင်လည်း၊ လင်သားအပေါ်မှာ သစ္စာ
စောင့်ထိန်းမှု ကင်းပါမယ်။ အခွင့်အရေးရရင် တစ်ပါး သောအမျိုးသားနဲ့ဖောက်ပြားပါမယ်။
နှုတ်ခမ်းမွေးပေါက်တဲ့မိန်းမ
တွေ့ရတတ်ပါတယ်။ တစ်ချို့မိန်းမတွေမှာ
ယောကျာ်းတွေလိုပဲ နှုတ်ခမ်းမွှေးပေါက်လေ့ရှိပါ တယ်။ ဒီမိန်းမမျိုးဟာ ကြမ်းတမ်းပြီး
ယုတ်မာတဲ့စိတ် ထားမျိုးရှိတတ်ပါတယ်။
သွားရှည်လျှင်
လင်နေရဖို့မလွယ်
မိန်းမတစ်ယောက်ကို ကြည့်လိုက်ရင်
ဒီမိန်းမ ရဲ့သွားဟာ သိသိသာသာရှည်နေရင်၊ ဒီမိန်းမဟာ လင်ကိုသေစေတတ်ပါတယ်။
ခြေလက်အဆင်မပြေမုဆိုးမဖြစ်ဖို့ပေ
အမျိုးသမီးတစ်ယောက်၏ ခြေတံလက်တံ
တွေကိုကြည့်လိုက်လို့ ခြေတံလက်တံတွေရဲ့ အ လယ်အဆစ်ဟာ ကြီးနေမယ်၊ အနေအထားကလည်း
ကို့ယို့ကားရားဖြစ်နေမယ်ဆိုရင်၊ ဒီမိန်းမဟာ မုဆိုးမ ဖြစ်တတ်ပါတယ်။
ဆံပင်မနီနှင့် လင်သေမည်
အမျိုးသမီးတစ်ယောက်ရဲ့ဆံပင်ဟာ နီမြန်း
နေတဲ့အပြင်၊ မျက်လုံးအစုံဟာ ၀န်းဝိုင်းနေရင်၊ ဒီမိန်း မဟာ လင်သေမုဆိုးမဘ၀နဲ့
ဒုက္ခရောက်ပါလိမ့်မယ်။
အပျိုကြီးမမ၊
လင်ရပြန်လျှင်လည်းမမြဲ
မိန်းမတစ်ယောက်ရဲ့ အောက်နှုတ်ခမ်းဟာ
မြင့်မောက်ပြီး ထော်နေမယ်၊ ရင်သားနားမှာ အမွေး ပေါက်မယ်၊ ဂျိုင်းမွေးထူမယ်ဆိုရင်၊
ဒီမိန်းမဟာ လင် မရတဲ့အပျိုကြီးမမဖြစ်ရတတ်ပါတယ်။ အိမ်ထောင် ကျပြန်တော့လည်း မမြဲဘဲ
လင်သေနိုင်ပါတယ်။ ဒီမိန်းမမျိုးကို “ပတိသုညာ” မိန်းမလို့ခေါ်ပါတယ်။
ခြေသူကြွယ်၊ ခြေမ၊
မြေသို့မကျလျှင်
အမျိုးသမီးတစ်ယောက် လမ်းလျှောက်တဲ့ အခါဒီမိန်းမရဲ့ခြေသူကြွယ်နဲ့
ခြေမတို့ဟာ မြေသို့ မထိမကျရင် ဒီမိန်းမဟာ လင်နဲ့မမြဲဘဲ၊ လင်သေ
မုဆိုးမဖြစ်ရတတ်ပါတယ်။
ခြေသံပြင်းပြင်း၊
လိုရင်းမရောက်
တစ်ချို့လူတွေဟာ ဘယ်နေရာမှာပဲ လမ်း
လျှောက်လျှောက်၊ ခပ်ကြမ်းကြမ်းနင်းလျှောက်လေ့ ရှိပါတယ်။ တကယ်လို့ ခြေသံပြင်းသူဟာ
မိန်းမဖြစ် ရင်ဒီမိန်းမဟာ ကြမ်းကြမ်းတမ်းတမ်းဖြစ်ပါလိမ့်မယ်။
တကယ်လို့ ဒီမိန်းမမှာ
ကာမပိုင်လင်သားရှိခဲ့ ရင်၊ မိန်းမရဲ့ခင်ပွန်းဟာ၊ မြစ်ခြောက်နာဖြစ်တတ်ပါ တယ်။
မြစ်ခြောက်နာဆိုတာ သွေးခမ်းနာပါပဲ။
ခိုမျက်စိနှင့် မိန်းမ
မိန်းမတစ်ယောက်ကိုကြည့်လိုက်လို့၊
ဒီမိန်းမ ရဲ့မျက်စိဟာ ခိုသတ္တ၀ါရဲ့မျက်လုံးများလို လှုပ်ရှားဝန်း ၀ိုင်းနေခဲ့ရင်ဒီမိန်းမဟာ
လင်ကိုသေစေတတ်ပါတယ်။
နားရွက်နှစ်ဖက်
ချိန်စက်၍ မညီလျှင်
တကယ်လို့ မိန်းမတစ်ယောက်ရဲ့နားရွက်
ဟာတစ်ဖက်ကြီး တစ်ဖက်ငယ်ဖြစ်နေခဲ့ရင်၊ ဦးခေါင်း အနေအထားကလည်း မြင်းခေါင်းလို
ကြီးနေရင်၊ ဒီမိန်းမဟာ လင်ကိုသေစေတတ်တယ်လို့ ဆိုထားပါ တယ်။
ပါးစောင်ရှည်လျား၊
မကောင်းတဲ့မယားတဲ့
မိန်းမတစ်ယောက်ရဲ့
ပါးစောင်ကိုကြည့်လိုက် လို့ ဒီမိန်းမရဲ့ ပါးစောင်ဟာ ခပ်ရှည်ရှည်ကလေးရှိ မယ်။
အလယ်ကနိမ့်ကျနေသယောင်ယောင် ရှိနေ မယ်ဆိုရင် ဒီမိန်းမဟာ လင်အပေါ်ခင်တွယ်ရကောင်း
မှန်းမသိဘဲ၊ တစ်ခြားယောကျာ်းများနဲ့ ကြုံရင်ကြုံ သလို ပျော်ပါးလေ့ရှိတတ်ပါတယ်။
အမွေးအမှင်ကထူ၊
ခေါင်းမွေးကစုတ်ဖွားဖွား
အမျိုးသမီးတစ်ယောက်ရဲ့ ဆံပင်ဟာ စုတ်
ဖွားဖွားဖြစ်နေမယ်၊ တစ်ကိုယ်လုံးမှာလည်း အမွေးအ မှင်ထူနေမယ်ဆိုရင်၊ ဒီမိန်းမဟာ
လင်ကြီးကိုမခင်၊ တစ်ပါးယောကျာ်းနဲ့ ပျော်ပါးတာကို မင်လေ့ရှိတတ် ပါမယ်။
အပေါ်သွားခေါထွက်နေတဲ့မိန်းမဟာလည်း အလားတူစိတ်ဓါတ်မျိုးရှိတတ်ပါတယ်။
ဝေးဝေးကရှောင်အပ်သည့်မိန်းမများ
မိန်းမတစ်ယောက်ကို အကဲခတ်လိုက်လို့၊ ဒီ
မိန်းမရဲ့အသွင်သဏ္ဍာန်ထဲမှာ-
(က) ဆံပင်နီမြန်းနေရင်၊
(ခ) ဦးခေါင်းရှည်လျားလျားဖြစ်နေရင်၊
(ဂ) ဆံပင်အလုံးကြီးရင်၊
(ဃ) မျက်လုံးများ နီကြောင်ကြောင်ဖြစ်နေရင်၊
(င) ကိုယ်ရဲ့
အသွေးအရောင်ဟာ ဖြူသလိုလို၊ နီသလိုလို၊ ခပ်ကြောင်ကြောင်ဖြစ်နေရင် ဒီ မိန်းမဟာ
လင်ယောကျာ်းကို သေစေတတ် ပါမယ်။
ဆံပင်အဖျားနှစ်ခွနှင့်မိန်းမ
အမျိုးသမီးတစ်ယောက်ရဲ့ ဦးခေါင်းထက်က
ဆံကေသာကိုကြည့်လိုက်လို့ သူ့ရဲ့ဆံကေသာဟာ အဖျားနေရာမှာ နှစ်ခွဖြစ်နေရင်၊ ဒီမိန်းမဟာ
ယုတ်ညံ့ သိမ်ဖျင်းတဲ့ စိတ်သဘောထားမျိုးရှိတဲ့အတွက် မ ပေါင်းအပ်။
သွေးကြောပြိုင်းပြိုင်းရှိသော
လက်ဖ၀ါးနှင့်မိန်းမ
မိန်းမတစ်ယောက်ရဲ့ လက်ဖ၀ါးပြင်ကို အကဲ
ခတ်ကြည့်လိုက်လို့ သူ့ရဲ့လက်ဖ၀ါးပြင်ဟာ ညီညာ မှုကင်းနေမယ်၊
သွေ့ခြောက်တဲ့အသွင်ကိုဆောင်နေ မယ်၊ သွေးကြောတို့နှင့်လည်းပြည့်နှက်နေမယ်ဆိုရင်
ဒီမိန်းမဟာ ဘ၀မှာဆင်းရဲပါလိမ့်မယ်။
ဆံပင်ကြမ်းကြမ်း၊
နှုတ်ခမ်းမောက်မောက်
မိန်းမတစ်ယောက်ရဲ့ အသွင်သဏ္ဍာန်ကို
ကြည့်လိုက်လို့ ဒီမိန်းမရဲ့အထက်နှုတ်ခမ်းဟာ မြင့် မောက်နေမယ်၊ ဆံပင်ဟာ
နူးညံ့ပျော့ပျောင်းမှုကင်း နေမယ်ဆိုရင် ဒီအမျိုးသမီးဟာ စကားအရာမှာ ပရိယာယ်ကြွယ်မယ်။
အငြင်းအခုံသန်ပြီး ရန်ပြုတတ် သူဖြစ်ပါမယ်။
မျက်လုံးကျဉ်းကျဉ်း၊
မညီခြင်းရှိက
မိန်းမတစ်ယောက်ရဲ့ မျက်လုံးအစုံကို သတိ
ထားပြီးကြည့်လိုက်လို့ ဒီမိန်းမရဲ့မျက်လုံးအစုံဟာ တစ်ဖက်နှင့်တစ်ဖက်
အကျဉ်းအကျယ်မညီရင် ဒီ မိန်းမဟာ အပြစ်ဒုစရိုက်တွေကို ပြုလုပ်လေ့ရှိတဲ့ စိတ်
ထားယုတ်ညံ့သူဖြစ်ပါလိမ့်မယ်။
မျက်လုံးမလှဘ၀ဟန်မကျနိုင်
တစ်ချို့လူတွေရဲ့မျက်လုံးဟာ ၀ါတာတာ၊
ကြောင်တောင်တောင်ဖြစ်နေတတ်ပါတယ်။ တစ်ချို့ လူတွေရဲ့မျက်လုံးဟာ စွေနေ စောင်းနေတတ်ပါ
တယ်။မျက်နှာဟာလည်း မသာမယာရှိနေတတ်ပါ တယ်။ ဒီလိုမျက်နှာမျိုး
ဒီလိုမျက်လုံးမျိုးရှိတဲ့ မိန်းမ ဟာချမ်းသာပြည့်စုံမှုနဲ့ ကင်းဝေးတတ်ပါတယ်။
ရယ်မှာလား၊ ငိုမှာလား
တစ်ချို့မိန်းမတွေရဲ့ မျက်နှာကို အကဲခတ်
ကြည့်လိုက်တဲ့အခါ ရွှင်ပျတဲ့အသွင်ကိုလည်းမပြ၊ ပုပ် သိုးတဲ့အသွင်ကိုလည်း မဆောင်ဘဲ
ကြားချောင်ဖြစ် နေတတ်ပါတယ်။ ဒီလိုမျက်နှာထားမျိုးရှိတဲ့မိန်းမတွေ ဟာ၊ သေတစ်ပန်သက်တစ်ဆုံး
ဆင်းရဲခြင်းနဲ့ပဲ နပမ်း လုံးနေရလေ့ရှိပါမယ်။
လက်ဖ၀ါးပေါ်ကနားဍောင်း
မိန်းမတစ်ယောက်ရဲ့ လက်ဖ၀ါးပြင်ကိုကြည့်
လို့လက်ဖ၀ါးပြင်ပေါ်မှာ နားဍောင်းအသွင်သဏ္ဍာန် အမှတ်အသားတွေ့ခဲ့ရင်၊ ဒီမိန်းမဟာ
မင်းစိုးရာဇာ ဖြစ်မယ့်လူနဲ့ရပြီး သားဦးရတနာကိုရပါလိမ့်မယ်။
No Response to "မိန်းမသဘောဒါတွေဟော"
Add Your Comment