ကျွန်တော်တို့ ဟိန္ဒူအယူဝါဒမှာတော့
ကမ္ဘာ မြေကြီးပေါ်မှာ အကုသိုလ်တွေအများကြီး ဖြစ်လာရင်
မကောင်းမှုလုပ်တဲ့လူတွေပေါများလာရင်၊ ဘူမိဗေဒ (၀ါ)ကမ္ဘာစောင့် နတ်သမီးဟာ လူသားတွေရဲ့
အကု သိုလ်ဒဏ်၊ မကောင်းမှုဒဏ်တွေကို မခံနိုင်လို့ တုန် လှုပ်တာကို မြေငလျင်လှုပ်တယ်လို့
မှတ်ယူပါ တယ်။ ဂရိတွေကလည်း ကမ္ဘာကို ထမ်းထားရတဲ့ ကမ္ဘာစောင့်လိပ်ကြီးလှုပ်ရှားချိန်ဟာ
မြေငလျင်လှုပ် တယ်လို့ဆိုပါတယ်။
သိပ္ပံပညာကတော့
ကမ္ဘာမြေအောက်မှာရှိတဲ့ အပူတွေဟာ ကမ္ဘာမြေပေါ်က အအေးနဲ့တွေ့တဲ့
အခါဖောက်ပြန်ပြီးလှုပ်ရှားတာကိုမြေငလျင်လှုပ်တယ် လို့ဆိုပါတယ်။ ဘယ်ပုံစံနဲ့
မြေငလျင်လှုပ်ပါစေ၊ ငလျင်လှုပ်ပြီဟေ့ဆိုလိုက်တာနဲ့ အိမ်ပေါ်ကလူ အိမ်
အောက်ဆင်းပြေးတာတော့ အမှန်ပါ။
ကနေ့အထိ
ကမ္ဘာမှာ ဘယ်တော့ငလျင်လှုပ် မယ်၊ ဘယ်အချိန်မှာ ငလျင်လှုပ်မယ်၊ လှုပ်တဲ့အခါ
ဘယ်ရစ်တာစကေးနဲ့လှုပ်မယ်ဆိုတာ မပြောနိုင် သေးပါ။ ကွန်ပြူတာရော၊ ဂြိုဟ်တုတွေပါ
အသုံးပြုပြီး ကြံစည်နေတုန်းရှိပါသေးတယ်။ မနှစ်ကတော့ တရုတ်ပြည်မှာ ပိုးမွှားတိရစ္ဆာန်တွေဟာ
မြေငလျင် လှုပ်မှာကို သူတို့သဘာဝနဲ့ သူတို့အလျင်သိတာမို့ တိရစ္ဆာန်တွေကို
လေ့လာရင်းနှင့် ငလျင်လှုပ်တော့ တင်ကြိုသိနိုင်ပြီလို့ ကြေညာခဲ့ပါတယ်။ အချိန်အဆ
နဲ့အချိန်ကာလကိုတော့ မပြောနိုင်သေးပါ။
ကမ္ဘာပေါ်မှာ
ဘယ်သူမှ မပြောနိုင်သေးတဲ့ မြေငလျင်လှုပ်မှုကို နက္ခတ်ဗေဒင်က ဟောပြောနိုင်ပါ့ မလား။
ဝေးသေးတယ်။ လုံးဝမပြောနိုင်ပါ။ ဒါပေမယ့် ငလျင်လှုပ်တိုင်း ရှိလေ့ရှိထရှိတဲ့ ဂြိုဟ်အနေတွေ၊
ဂြိုဟ်ဖောက်ပြန်မှုတွေကိုတော့ တင်ကြိုပြီးသိခွင့်ရှိပါ ပြီ။ ဒီလိုဂြိုဟ်တွေဖောက်ပြန်နေမယ်ဆိုရင်
ငလျင် လှုပ်ဖို့သေချာသည်၊ အကြီးအကျယ်ငလျင်လှုပ် တော့မယ်ဆိုတာ သိနိုင်ခွင့်ရှိပါပြီ။
ပုံသေ
အပိုင်မဟုတ်ပေမယ့် များသောအား ဖြင့်မှန်ပြီဖြစ်လို့ လေ့လာချင်လေ့လာလို့ရအောင်
ဒီဆောင်းပါးကိုရေးရတာပါ။
သတိပြုရမယ့်အချက်
က။ ရာဟုနဲ့ ကိတ်ဟာ နက်ပကျွန်းနဲ့ အင်္ဂါဂြိုဟ်ကို
မကောင်းတဲ့အမြင်နဲ့ မြင်ရင်ငလျင်လှုပ်ဖို့သေချာတယ်။
ခ။ ရာဟုနဲ့ကိတ်နဲ့ စဓနယူရေးနစ်(၀ါ)
ပလူတိုတို့ကပါအင်္ဂါနဲ့နက်ပကျွန်းကို ဆိုးဝါးတဲ့အမြင်နဲ့မြင်ရရင် အင်မတန်
ကြီးတဲ့ငလျင်ကြီးတွေလှုပ်တတ်ပါ တယ်။
အောက်ပါထူးခြားမှုရှိတဲ့
ငလျင်လှုပ်ခဲ့တဲ့ရက်တွေကို လေ့လာကြည့်ရင် အထက်ပါဥပဒေသတွေနဲ့ ငြိစွန်း နေတာ
တွေ့လာပါလိမ့်မယ်။
၁-၁၅၊
၁၊ ၁၉၃၄ အိန္ဒိယနိုင်ငံ ဘီဟာနယ် မြေငလျင်
က။ ၃င်္ဂါက ရာဟုနဲ့ စနေတို့ဆက်သွယ် ထားတယ်။
ခ။ နက်ပကျွန်းဟာ ရာဟုနဲ့ကိတ်တို့ကို ဆဋ္ဌ
အဋ္ဌိအမြင်(၀ါ)တစ်လုံးကိုတစ် လုံး၆တန့် ၈တန့် အနေအထားအရ ရပ်တည်နေတယ်။
၂-၂၈၊
၇၊ ၁၉၇၆ တရုတ်ပြည်မြေငလျင်
လူတစ်သိန်းကျော် သေဆုံးခဲ့ပါတယ်။
က။ ယူရေးနဗ်နဲ့ ရာဟုဟာ အဆက် အသွယ်ရှိနေတယ်။
ခ။ စနေက ရာဟုကို ကိန်းအမြင် ( )နဲ့ မြင်ထားတယ်။
ဂ။ ၃င်္ဂါ နက်ပကျွန်းကို ကိန်းအမြင်နဲ့
မြင်ထားတယ်။
၃-၁၊
၉၊ ၁၉၂၃ တိုကျိုမြေငလျင်
လူပေါင်းတစ်သိန်းလေးသောင်း
သေဆုံးသွား ခဲ့ပါတယ်။
က။ ၃င်္ဂါနဲ့ ရာဟုဆက်သွယ်ထားတယ်။
ခ။ ယူရေးနပ်(စ်)က ကိတ်နဲ့ဆက်သွယ်ထား တယ်။
ဂ။ ပလူတိုက စနေကိုကိန်းအမြင်နဲ့ မြင်ထား တယ်။
ဃ။ နက်ပကျွန်းက ၅တေးကို ကိန်းအမြင်နဲ့ မြင်
ထားတယ်။
၎-၂၃၊ ၁၂၊ ၁၉၆၄ အိန္ဒိယနိုင်ငံ
ဓာနဓကိုဒီနယ် မြေငလျင်
က။ ၁င်္ဂါက ရာဟုနဲ့ကိတ်ကို ကိန်းအမြင်နဲ့ မြင်
ထားတယ်။
ခ။ ၃င်္ဂါက ယူရေးနဗ်(စ်)နဲ့ ဆက်သွယ်ထား တယ်။
ဂ။ ပလူတိုနဲ့ ယူရေးနဗ်ကို ဆက်သွယ်နေတယ်။
ဃ။ နက်ပကျွန်းက ၅တေးကို သမသတ်မြင်နေ တယ်။
ယူရေးနဗ်၊ ပလူတို၊ ၃င်္ဂါ၊ ၂လာတို့ဆက်
သွယ်မိတဲ့အခါမှာ မြေငလျင်ဟာ မီးတောင် ပေါက်သလို ပက်ပက်စက်စက်ဖြစ်ခဲ့ပါတယ်။
၅-၁၅၊ ၈၊ ၁၉၅၀ အာသံနယ်မြေငလျင်
က။ ရာဟုက ယူရေးနဗ်ကို ကိန်းအမြင်နဲ့ မြင်
ထားတယ်။
ခ။ ရာဟုနဲ့ ၅တေးဟာ တစ်လုံးကိုတစ်လုံး ၆
တန့်၈တန့် အမြင်နဲ့မြင်ခဲ့တယ်။
၆-၂၊ ၉၊ ၁၉၆၃ အိန္ဒိယနိုင်ငံ
ဆရီနာဂါရ်နယ်မြေငလျင်
က။ ၃င်္ဂါက ရာဟုနဲ့ ကိတ်ကို ကိန်းအမြင်နဲ့
မြင်တယ်။
ခ။ စနေက နက်ပကျွန်းကို မြင်တယ်။
ဂ။ ၃င်္ဂါနဲ့ ယူရေးနဗ်တို့ ဆက်သွယ်ထားတယ်။
ဃ။ ပလူတိုက ၃င်္ဂါကို ကိန်းအမြင်နဲ့မြင်တယ်။
င။ ရာဟုဟာ ၅တေးကို ကိန်းအမြင်နဲ့မြင်တယ်။
၇-၁၅၊ ၆၊ ၁၈၉၆ ဂျပန်မြေငလျင်
လူပေါင်း ၂၈၃၀၁ ယောက်သေခဲ့တယ်။
က။ ၃င်္ဂါက ၁၃၅အံ့သာအမြင်နဲ့ စနေကိုမြင် တယ်။
ခ။ နက်ပကျွန်းက ၆၀အံ့သာအမြင်နဲ့ ကိတ်ကို
မြင်တယ်။
ဂ။ ယူရေးနဗ်က စနေနဲ့ဆက်သွယ်ထားတယ်။
ဃ။ နက်ပကျွန်းနဲ့ စနေတို့က တစ်လုံးကိုတစ်
လုံး၆တန့် ၈တန့် အမြင်နဲ့မြင်နေကြတယ်။
၈-၁၈၊ ၄၊ ၁၉၀၆ ဆန်ဖရန်စစ်စကို
မြေငလျင်
က။ ၃င်္ဂါက ကိတ်နဲ့စနေကို ကိန်းအမြင်နဲ့ မြင် ထားတယ်။
ခ။ နက်ပကျွန်းက ရာဟုကို ကိန်းအမြင်နဲ့မြင်
ထားတယ်။
၉-၈၊ ၅၊ ၁၉၀၂ ဗောလ်ကာနီကျွန်း
မြေငလျင်
လူပေါင်း လေးသောင်းကျော် သေဆုံးခဲ့ တယ်။
က။ ၃င်္ဂါနဲ့ ကိတ်တို့ဆက်သွယ်နေမယ်။
ခ။ ၃င်္ဂါက နက်ပကျွန်းကို ကိန်းအမြင်နဲ့မြင်ထား
တယ်။
ဂ။ နက်ပကျွန်းက ယူရေးနဗ်ကို ဆက်သွယ်ထား တယ်။
ဃ။ နက်ပကျွန်းက ကိတ်ကို ( ) အမြင်နဲ့ ဆက်သွယ်ထားတယ်။
၁၀-၁၁၊ ၁၂၊ ၁၉၆၇ ကင်ညာမြေငလျင်
က။ ရာဟုနဲ့ နက်ပကျွန်း တစ်လုံးကို တစ်လုံး ၆
တန့်၈တန့်အမြင်နဲ့ ရပ်တည်နေကြတယ်။
ခ။ နက်ပကျွန်းက ပလူတိုနဲ့ ယူရေးနဗ်ကို ( )အမြင်နဲ့ဆက်သွယ်ထားတယ်။
၁၁-၉၊ ၂၊ ၁၉၇၁ ကယ်လီဖိုးနီးယားမြေငလျင်
က။ ၃င်္ဂါဟာ ၅တေးနက်မကျွန်းတို့နဲ့ ဆက်သွယ် နေတယ်။
ခ။ စနေက ရာဟုနဲ့ ကိတ်တို့ကို ဆက်သွယ် ထားတယ်။
ဂ။ နက်ပကျွန်းက ရာဟုနဲ့ ဆက်သွယ်ထား တယ်။
ဃ။ ၃င်္ဂါနဲ့ စနေက တစ်လုံးကိုတစ်လုံး၆တန့်၈
တန့်အမြင်နဲ့ ရပ်တည်နေတယ်။
၁၂-၁၈၊ ၅၊ ၁၉၅၅ ကူးခ်ျနယ် မြေငလျင်
၃င်္ဂါက ကိတ်နဲ့ဆက်သွယ်ထားပြီး ရာဟုကို
၇တန့်အမြင်နဲ့ မြင်ထားတယ်။
၁၃-၃၁၊ ၅၊ ၁၉၃၅ ကောက်တာမြေငလျင်
က။ ရာဟုနဲ့ ပလူတိုတို့ ဆက်သွယ်နေတယ်။
ခ။ နက်ပကျွန်းက စနေကို သမသတ်မြင်တယ်။
ဂ။ ၃င်္ဂါနဲ့ ယူရေးနဗ်(စ်)က တစ်လုံးကို တစ်လုံး
၆တန့် ၈တန့်အမြင်နဲ့မြင်တယ်။
ဃ။ နက်ပကျွန်းကကိတ်နဲ့ဆက်သွယ်ထားတယ်။
၁၄-၄၊ ၄၊ ၁၉၀၅ ကန်ဂရာမြေငလျင်
က။ နက်ပကျွန်း ယူရေးနဗ်(စ်)ကို သမသတ်ဖြင့်
ထားတယ်။
ခ။ ကိတ်က စနေနဲ့ ဆက်သွယ်နေတယ်။
ဂ။ ၃င်္ဂါက စနေနဲ့ ဆက်သွယ်နေတယ်။
ဃ။ ၅တေးက ပလူတိုကို ဆက်သွယ်ထားတယ်။
င။ နက်ပကျွန်းက ရာဟုကို ( ) မြင်ထားတယ်။
၁၅-၁၂၊ ၆၊ ၁၈၉၇ အာသံနယ်မြေငလျင်
က။ ၃င်္ဂါနဲ့ ကိတ်တို့ဆက်သွယ်နေတယ်။
ခ။ စနေက ယူရေးနဗ်နဲ့ ဆက်သွယ်ထားတယ်။
ဂ။ ၃င်္ဂါက ယူရေးနဗ်ကို ဆက်သွယ်ထားတယ်။
ဃ။ ယူရေးနဗ်က နက်ပကျွန်းကို ဆက်သွယ်ထား တယ်။
င။ ၅တေးက ၄ဟူးတို့ ဆက်သွယ်ထားတယ်။
၁၆-၂၉၊ ၂၊
၁၉၆၀ မော်ရကို မြေငလျင်
လူပေါင်း ၁၂၀၀၀ခန့် သေဆုံးခဲ့တယ်။
က။ ၃င်္ဂါက နက်ပကျွန်းတို့ ဆက်သွယ်ထား တယ်။
ခ။ ၃င်္ဂါက ယူရေးနဗ်ကို သမသတ်မြင်ထား တယ်။
ဂ။ ၅တေးက ရာဟုနဲ့ ကိတ်ကို ဆက်သွယ်ထား တယ်။
၁၇-၂၊ ၉၊ ၁၉၆၂ခု အီရန်မြေငလျင်
လူတစ်သောင်းကျော် သေဆုံးခဲ့တယ်။
က။ ကိတ်နဲ့စနေက ဆက်သွယ်ထားတယ်။
ခ။ ကိတ်နဲ့ ၃င်္ဂါဟာ တစ်လုံးကိုတစ်လုံး ၆တန့်
၈တန့်ခံထားတယ်။
ဂ။ ရာဟုက နက်ပကျွန်းကို ဆက်သွယ်ထား တယ်။
ဃ။ စနေက နက်ပကျွန်းနဲ့ ကိတ်ကို ဆက်သွယ် ထားတယ်။
င။ ယူရေးနဗ်(စ်)ကို ၃င်္ဂါက ( ) အမြင်နဲ့ဆက်သွယ်ထားတယ်။
၁၈-၃၊ ၉၊ ၁၉၇၅ ကင်ညာမြေငလျင်
က။ ၃င်္ဂါက နက်ပကျွန်းကို သမသတ်မြင်တယ်။
ခ။ ၃င်္ဂါက ကိတ်နဲ့ဆက်သွယ်ထားတယ်။
ဂ။ ရာဟုက နက်ပကျွန်းနဲ့ဆက်သွယ်ထား တယ်။
ဃ။ စနေက ယူရေးနဗ်ကို ကိန်းအမြင်နဲ့ ဆက်
သွယ်ထားတယ်။
င။ ၅တေးက ယူရေးနဗ်ကို သမသတ်မြင်ထား တယ်။
အထက်ပါ ငလျင်လှုပ်ခဲ့တဲ့
ဖြစ်ရပ် တွေကို လေ့လာကြည့်ရင် စောစောက ပြော ခဲ့တဲ့အတိုင်းပဲ ဂြိုဟ်ဆိုးတွေ
တစ်လုံးနဲ့ တစ်လုံး ဆက်သွယ်ထားကြပါတယ်။ မြင် ထား၊ ယှဉ်ထား၊ ပူးတာအားလုံးကို ဆက်
သွယ်တယ်လို့ခေါ်ပါတယ်။
ဘယ်အရပ်ဒေသမှာ ကြီးကျယ်တဲ့
မြေငလျင်ကို လှုပ်မည်ဆိုတာတော့ ဆက် လက်ဖော်ပြပါမယ်။ ခုလောလောဆယ်က တော့ ဒီဂြိုဟ်တွေ
ဆက်သွယ်ထားရင် ငလျင် လှုပ်ဖို့ သေချာတယ်လို့ ပြောနိုင်တဲ့အဆင့် ကိုရောက်ပါပြီ။
နက္ခတ်ဗေဒ ပညာဟာ သိပ်စိတ်ဝင်
စားစရာကောင်းပါတယ်။ ဒါကြောင့် စနစ်တ ကျလိုက်စားတဲ့ ပုဂ္ဂိုလ်တိုင်းအဖို့ အရသာရှိ
တဲ့ဟောကိန်းတွေကို ဟောနိုင်ပါလိမ့်မယ်။
No Response to "မြေငလျင်"
Add Your Comment