မြန်မာ့ဗေဒင်ပညာမှာ နက္ခတ်(၂၇)လုံးဟာ
လူသိများပါတယ်။ ဒါပေမယ့်(၂၇)လုံးလုံးကိုအလွတ်ရွတ်ပြနိုင် သူသိပ်မရှိလှပါဘူး။
ထို့အတူ ဒီနက္ခတ်တွေရဲ့ပုံပန်း သဏ္ဍာန်ကိုလည်း သိသူရှားမယ်လို့ ထင်ပါတယ်။
ဒီထက်လူသိနည်းလိမ့်မယ်လို့ ယူဆတဲ့
အ ချက်တစ်ရပ်ရှိပါသေးတယ်။ အဲဒါကတော့ နက္ခတ် (၂၇)လုံးဗေဒင်ပါပဲ။ ခက်တော့မခက်ပါဘူး။
တစ်ခြား လက်ထောက်ဗေဒင်တွေလို ဇယားကွက်မှာ လက် ထောက်ပြီး ကံစမ်းတဲ့နည်းလေးပါပဲ။
ဒီဗေဒင်ကြည့် နည်းကို မလေ့လာခင် နက္ခတ်ဗေဒင်အသီးသီးရဲ့ ပုံပန်းသဏ္ဍာန်တွေကို
လေ့ကျင့်ထားဖို့ဖြစ်ပါတယ်။
ကိုင်း. လက်တွေ့ လေ့လာကြည့်ကြရအောင်
၁။ အသ၀တီ မြင်းဦးခေါင်းသဏ္ဍာန် ၂။
ဘရဏီ ဖိုခ နောက် ၃။ ကြတ္တိကာ ကြက်ငယ်စု (သို့)စပါးပုံ ၄။ ရောဟဏီ ငါးကြင်း ၅။ မိဂသီ လိပ်ခေါင်း (သို့)
သမင်ဦးခေါင်း ၆။ အဒြလိပ်လက် (သို့)ပတ္တမြား ၇။ ပုဏ္ဍဖုသျှ သင်္ဘော ၈။
ဖုသျှမိုးစွေပန်း ၉။ အသလိသ ခက်ရင်း၁၀။ မာဃ သံကောက် ၁၁။ ပြုဗ္ဗာဘရဂုဏီ လေးလုံးပေါင်း
၁၂။ ဥတ္တရာဘရဂုဏီ ညောင်ခေါင်း ခြေ ၁၃။ ဟသတ လက်ဝါး ၁၄။ စိတြပုလဲ (သို့) ကျေးခေါင်း
၁၅။ သွာတိကသစ်ပွင့် ၁၆။ ၀ိသာခါဆိုင်း စိုင်း ၁၇။ အနုရာဓ နဂါးလည်ဆစ် ၁၈။
ဇေဌနဂါးချက် (သို့)ကျောက်ပျဉ် ၁၉။ မူလနဂါးမြီး ၂၀။ ပြုဗ္ဗာသဋ္ဌ် လေးလုံးပေါင်းဆင်မ-လှမ်းဟန်
၂၁။ ဥတ္တရာသဠ် (၂၀+၂၁) ၂၂။ သရ၀ဏ်မြား (သို့)မောင်ရှင်ဆိုင်း တမ်း ၂၃။ ဓနသိဒ္ဓိ
အင်းကြင်းသီး (သို့)ငြုပ်သီး ၂၄။ သတ္တဘိသျှ ဆီပွတ်ဆုံ ၂၅။ ပြုဗ္ဗာဘဒြပိုဒ် ၂၆။ ဥတ္တ
ရာဘဒြပိုဒ် ၂၇။ ရေ၀တီမြုံး (သို့)ရက်ဖောက်။ (လေးလုံးပေါင်း အင်းပျဉ်ခြေ)
အခု
နက္ခတ် ၂၇လုံး လက်ထောက် ဗေဒင် ကြည့်ဖို့ ဂဏန်းဇယားကို လက်ထောက်ဖို့မကြည့် ခင်
နက္ခတ်တစ်လုံးစီရဲ့ အဓိပ္ပာယ်ကောက်ယူနိုင်ပုံ ကိုဦးစွာကျက်မှတ်နိုင်ဖို့အောက်မှာအနက်အဓိပ္ပာယ်အသီးသီးကို
ဖော်ပြလိုက်ပါတယ်။
၁။ အာသ၀တီ
ဟာ
မြင်းဦးခေါင်းသဏ္ဍာန် ရှိတဲ့အတွက် ၁-အကွက်ကို လက်ထောက်မိသူဟာ ဘ၀မှာ ခရီးများပြီး ကြီးပွားမယ့်
ဇာတာရှင်ပါပဲ။ မြင်းရဲ့ဦးခေါင်းဆိုတာ အဆင်းတန်ဆာနဲ့ ကင်းကွာတယ် လို့မရှိတဲ့အ တွက်
ဇာတာရှင်ဟာ ဘ၀မှာတင့်တယ် တဲ့အဆင် တန်ဆာမျိုးနဲ့နေရမှာဖြစ်ပါတယ်။
၂။ ဘရဏီ
အမှတ်(၂)ဘရဏီရဲ့
ပုံပန်းသဏ္ဍာန် ကတော့ ဖိုခနောက်ပါ။ အခုလို လျှပ်စစ်မီးဖိုတို့၊ မြေ မီးဖိုတို့
ကျောက်သားမီးဖိုတို့ မပေါ်ခင်ကဖိုခနောက် မီးဖိုပဲသုံးပြီး လူသားတွေဟာ
အသက်ရှင်နိုင်မှုကိစ္စကို ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်ဘရဏီနက္ခတ် ၂ဂဏန်းကို
ထောက်မိသူဟာ ဘ၀မှာအနေ ဆင်းရဲ တောင်မှ
အစားဆင်းရဲမှာ မဟုတ်ပါဘူး။ တစ်ချို့ တဲကုပ်နဲ့နေပေမယ့်အစားကျတော့
ကောင်းကောင်းစားလေ့ရှိကြတယ်။ ရအောင်လဲရှာတယ်၊ ရှာတဲ့အတိုင်းရလဲရတယ်၊
ခုဇာတာရှင်ရဲ့ဘ၀ဟာလဲဒီအတိုင်းပါပဲ။
၃။ ကြတ္တိကာ
ရဲ့
အသွင်သဏ္ဍာန်ဟာ ကြက်ငယ်စု(၀ါ) ကြက်ပေါက်စကလေးတွေ စုနေတဲ့အသွင်သဏ္ဍာန် ဖြစ်ပါတယ်။
ဒီဂဏန်း(၃)ကို ထောက်မိတဲ့လူဟာ ငယ်စဉ်က ညီအစ်ကိုမောင်နှမတွေနဲ့စုစုစည်းစည်း နေခဲ့ရပေမယ့်
ခုထိ မိခင်ကြီးနဲ့နေရတဲ့ ဘ၀မျိုးလဲ ဖြစ်ဖို့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကြက်ကလေး
တွေဆိုတာ မိခင်ကြက်မကြီးနဲ့ခွဲပြီး နေရိုးထုံးစံမရှိ လို့ပါပဲ ။
၎။ ရောဟဏီ
နက္ခတ်ရဲ့
ပုံပန်းသဏ္ဍာန်ကတော့ ငါးကြင်းပါ။ ငါးကြင်းဆိုတာ ငါးအမျိုးအစားကောင်း ငါးတစ်မျိုးပါ
ပဲ၊ ဒါကြောင့် ဒီနက္ခတ်ကို ထောက်မိတဲ့ ဇာတာရှင် ဟာဘ၀မှာ တင့်တယ်တဲ့
ဘ၀အခြေအနေမျိုးကိုရမှာ သေချာပါတယ်။
၅။ မိဂသီ
နက္ခတ်နံပါတ်၅ရဲ့သဏ္ဍာန်ကတော့
လိပ်ရဲ့ဦး ခေါင်းပါ၊ သမင်ဦးခေါင်းလို့လဲသတ်မှတ်ပါတယ်။
ဒီနက္ခတ်နံပါတ်ကို
ထောက်မိသူဟာ ဘ၀မှာ အလုပ်နှစ်မျိုးနဲ့ ၀င်ငွေနှစ်မျိုး ရနေတတ်ပါတယ်။ တစ်မျိုးက
ဝင်ငွေသင့်ရုံရပြီးတစ်မျိုးက အတော်လေး စိုပြေမှာဖြစ်ပါတယ်။
၆။ အဒြ
နက္ခတ်နံပါတ်(၆)ကို
ထောက်မိသူ ဇာတာရှင် ဟာ လိပ်လက် ဒါမှမဟုတ် ပတ္တမြားအသွင်သဏ္ဍာန် နဲ့တိုးတာမို့
ဒီဇာတာရှင်ဟာ ဘယ်သူတွေဘာဖြစ် ဖြစ် တစ်နည်းမဟုတ် တစ်နည်းအဆင်ပြေနေသူ ဖြစ် ပေမယ့်
တစ်နည်းပြောရရင် ဇာတာရှင်ဟာ ဘ၀မှာ ဘယ်လိုပဲ မုန်တိုင်းထန်ထန် တစ်နေ့ဟန်ကျတဲ့
အမှန်ဘ၀ကို ရောက်ရမှာသာဖြစ်ပါတယ်။
၇။ ပုဏ္ဏဖုသျှ
နက္ခတ်ရဲ့နံပါတ်က(၇)ပါ။
အသွင်အပြင်က သင်္ဘောပါ။ ဒီနက္ခတ်ကွက်ကို ထောက်မိသူဟာ ရေ လုပ်ငန်း၊
ရေနဲ့ပတ်သက်တဲ့အလုပ်မျိုးနဲ့၊ အကျိုးပေး နိုင်ပါတယ်။ ဥပမာ ငါးပိ၊
ငါးခြောက်လုပ်ငန်း၊ လက် ဖက်ရည်ဆိုင်၊ အအေးဆိုင်စသည်တို့ဖြစ်ပါတယ်။
၈။ ဖုသျှ
နက္ခတ်နံပါတ်ကို
လက်ထောက်မိရင်တော့ မိုး စွေပန်းအသွင်ကိုဆောင်တဲ့ နက္ခတ်ဖြစ်တဲ့အတွက် အခက်အခဲ
တစ်စုံတစ်ရာတွေ့ရှိတဲ့အခါ ကြံဖန်ပြီး ထွက်ပေါက်ရတတ်တာကို ပြနေပါတယ်။
ဇာတာရှင်ရဲ့
ကံကြမ္မာဟာ အဆိုးဝါးဆုံး အဆင့်ကို ဘယ်တော့မှ ရောက်မသွားပါဘူး။ ဘ၀မှာ
ဒီလိုကံမျိုးရှိတာဟာတဲ အများကြီးခံသာတယ်လို့ဆို ရပေမယ်။
၉။ အသလိသ
နက္ခတ်နံပါတ်က(၉)ဖြစ်ပါတယ်။
၉ဆိုက တည်းကထူးခြားတယ်လို့
ဆိုနိုင်နေပါပြီ။ ကိုးရဲ့ထူး ခြားချက်တွေကို ကြားဖူးကြပါလိမ့်မယ်။ ယုတ်စွအ ဆုံး နက္ခတ်(၂၇)လုံး
(၂+၇)ပင်လျှင် ၉မဟုတ်ပါ လား၊ ဒီနက္ခတ်ရဲ့အသွင်သဏ္ဍာန်က ခက်ရင်းဆို တော့စူးရှ၍
ထက်မြက်တဲ့သဘောကို ဆောင်နေပါ တယ်။
အမှန်ပါ။
ကိုးကျတဲ့ဇာတာရှင်ရဲ့ စိတ်နေစိတ် ထားဟာလဲ စူးရှထက်မြက်နေပါလိမ့်မယ်။ ဒီလိုစူးရှ
ထက်မြက်တဲ့စိတ်ကပဲ ဇာတာရှင်ကို အကျိုးပြုအောင် မြင်စေမှာဖြစ်ပါတယ်။
၁၀။ မာဃ
ဒီနက္ခတ်ရဲ့နံပါတ်က(၁၀)အသွင်သဏ္ဍာန်က
သံကောက်ပါ။ ဒီနက္ခတ်ကိုထောက်မိသူဟာ ကြံ့ခိုင် သူဖြစ်ပါတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်သလို
စိတ်ဓါတ်လဲ ကြံ့ခိုင်မယ်။
အနိုင်မခံ
အရှုံးမပေးတဲ့စိတ်ဓါတ်ကိုကပင် ဇာ တာရှင်အတွက် အောင်မြင်စွာ၊ အောင်မြင်ကြောင်းကို ဖြစ်စေမှာပါ။
၁၁။ ပြုဗ္ဗာဘရဂုဏီ
နက္ခတ်ရဲ့နံပါတ်က(၁၁)ပါ။
သူဟာ ဥတ္တရာ ဘရဂုဏီနက္ခတ်ရဲ့ နက္ခတ်လုံးရေချင်းတူပါတယ်။ နှစ်လုံးစီပါပဲ။
ဒီနက္ခတ်လေးလုံးကို ပေါင်းရင် ညောင် စေါင်းခြေအသွင်ကို ဆောင်ပါတယ်။
ညောင်စေါင်းဆိုတာ
လဲလျောင်းအိပ်စက် အနားယူလို့ရတဲ့ခုတင်တစ်မျိုးပါပဲ၊ ခြေဆိုတာက ကိုယ်မကြီးကို
အထောက်အကူပြုတဲ့ အစိတ်အပိုင်းပါပဲ၊ ဒါကြောင့်ဒီနက္ခတ်နံပါတ်ကို ကျတဲ့ဇာတာရှင်ဟာ
ဘ၀မှာအခြေခိုင်တဲ့စီးပွားရေး တစ်မျိုးမျိုးကို ရမယ်လို့နိမိတ်ပြေးနေပါတယ်။
တစ်နည်းပြောရရင်
မတောင့်မတ၊ မကြောင့် မကျနေရမယ့် ဘ၀မျိုးကိုရမယ်လို့ ဆိုရမှာဖြစ်ပါ တယ်။
၁၂။ ဥတ္တရာဘရဂုဏ္ဍီ
သူဟာ
စောစောကပြောခဲ့တဲ့ ၁၁နံပါတ်၊ ၁၁ နက္ခတ်၊
ပြုဗ္ဗာဘရဂုဏ္ဍီ နက္ခတ်နှစ်လုံးနဲ့ လေးလုံး ပေါင်းရင် ညောင်စောင်းခြေလို့ဆိုတဲ့
နက္ခတ်၂လုံးပါ။
ဒီနက္ခတ်ကို လက်ထောက်မိတဲ့လူဟာ(၁၁) ဟောချက်အတိုင်း
ဘ၀အာမခံချက်ရှိတဲ့ပုဂ္ဂိုလ်ပါပဲ။ ဒါပေမယ့်ဒီဇာတာရှင်အနေနဲ့ဘ၀မှာဇနီးတစ်ယောက် ရဲ့အကူအညီပါမှ ဘ၀အောင်မြင်ရေးမှာလွယ်ကူချောမောတတ်တာကို
တွေ့ရပါတယ်။
၁၃။ ဟသတ
နက္ခတ်ရဲ့ဂဏန်းနံပါတ်က(၁၃)ပါ၊
အသွင် သဏ္ဍာန်က လက်ဝါးဖြစ်ပါတယ်။ လက်ဝါးဆိုတာ လူသားရဲ့ အားအထားရဆုံး
လက်နက်တစ်ခုပါပဲ။ ခြေမပါတာထက် လက်မပါတာကပိုပြီးဘ၀ကို ဆိုးဝါး စေမှာဖြစ်ပါတယ်။
ဒါကြောင့်
လက်ဝါးနိမိတ်ထင်တဲ့ဇာတာရှင်ရဲ့ ဘ၀ဟာ ကံတရားရဲ့ အာမခံချက် တံဆိပ်ကောင်း
တစ်ခုကိုရတဲ့အတွက် ဘ၀မှာ ဘယ်သူတွေဘာပဲဖြစ် ဖြစ်လိမ့်လိမ့်လဲလဲမဖြစ်နိုင်ဘူး။
ငတ်တယ်ဆိုတာ မရှိ ကိုမရှိနိုင်ဘူးဆိုတာကို ပြနေပါတယ်။
၁၄။ စိတြ
နက္ခတ်ရဲ့
နံပါတ်က(၁၄)ပါ။ အသွင်သဏ္ဍာန် ကပုလဲ(ဒါမှမဟုတ်) ကျေးခေါင်းပါ။ ကောင်းပါတယ်။ ပုလဲဆိုတာ
ရတနာတစ်ပါးပါပဲ။ ကျေးခေါင်းဆိုတာလဲ မင်္ဂလာရှိတဲ့ငှက်မျိုးရဲ့ ဦးခေါင်းမို့
ဒီဂဏန်းကျတဲ့လူ ဟာဘ၀မှာ အဖိုးတန်ရတနာ၊ မင်္ဂလာကိစ္စတွေနဲ့
တင့်တင့်တယ်တယ်နေထိုင်ရမယ်ဆိုတာကို တွေ့ရပါ တယ်။
ဘ၀စည်းစိမ်
မှေးမှိန်နိုင်ခြင်းမရှိတဲ့ ကံထူးရှင် ပါပဲ။
၁၅။ သွာတိ
နက္ခတ်ရဲ့နံပါတ်စဉ်က
(၁၅)ပါ။ နက္ခတ်ရဲ့ အသွင်သဏ္ဍာန်က ကသစ်ပွင့်ဖြစ်ပါတယ်။ အလွန်
နိမိတ်ကောင်းတဲ့အသွင်တစ်ခုပါပဲ။ မူလဇာတာမှာ ဥစ်၊ ကသစ်စတဲ့အချက်တွေရရင်
ကောင်းစားလေ့ရှိ တယ်ဆိုတာကို ကြားဖူးကြုံဖူးကြမှာပါ။
ခုလဲဒီအတိုင်းပါပဲ။
ကသစ်ပွင့်အသွင်ကို ဆောင်တဲ့နက္ခတ်ကိုရတဲ့ ဇာတာရှင်ရဲ့ဘ၀ဟာလဲ
ပွင့်ပွင့်လန်းလန်းနဲ့ချမ်းချမ်းသာသာ ရှိမှာဖြစ်ပါတယ်။
၁၆။ ၀ိသာခါ
ဒီနက္ခတ်ရဲ့အသွင်သဏ္ဍာန်က
ဆိုင်းဝိုင်းပါ။ ဆိုင်းဝိုင်းဆိုတာ ပြုလုပ်တဲ့ကိစ္စကိုလိုက်ပြီး အဓိပ္ပာယ်
ရှိတတ်တာမို့ ဒီနံပါတ်ကိုထောက်မိတဲ့လူဟာ ဘ၀ မှာမဟုတ်တာတွေ မလုပ်မိအောင် သတိရှိရမှာ
ဖြစ်ပါ တယ်။ ကိုယ့်ဘ၀ရဲ့အကောင်းအဆိုးဟာ ကိုယ့်လုပ် ရပ်ပေါ်မှာပဲတည်တယ်ဆိုပါတော့။
၁၇။ အနုရာဓ
ဒီနက္ခတ်ထင်တဲ့
အသွင်သဏ္ဍာန်က နဂါး လည် “ဆစ်”ပါ။ ဒီဂဏန်းကျတဲ့လူဟာ မာန်တော့ကြီး ပေမယ့်
မာန်ကြီးတဲ့အလျှောက် လူ့အောက်မကျ အောင်ကြိုးစားတဲ့လူစားမျိုးလဲဖြစ်ပေမယ်။
၁၈။ ဇေဌ
နက္ခတ်ရဲ့အသွင်သဏ္ဍာန်က
နဂါးချက်ပါ။ ကျောက်ပျဉ်လို့လဲ ဆိုပါတယ်။ အသွင်သဏ္ဍာန် နှစ်ခုစလုံးရဲ့အဓိပ္ပာယ်ဟာ
ခိုင်ခိုင်မာမာရေရေရာရာရှိ တာကိုပြနေပါတယ်။ ချက်ဆိုတာ အသက်နဲ့အနီးဆုံး
အစိတ်အပိုင်းတွေရဲ့ တံခါးပေါက် ကလေးပါပဲ။ ကျောက်ပျဉ်ဆိုတာကတော့ အမျိုးသမီးတွေ
အမြတ် တနိုးသုံးတဲ့ပစ္စည်းပါ။
တကယ်လို့များ
ဇာတာရှင်ဟာ အမျိုးသား ဆိုရင်၊ စီးပွားရေးသမားလဲဟုတ်ခဲ့ရင် အမျိုးသမီးတွေ
ရဲ့အသုံးအဆောင်အလှပြင်ပစ္စည်းလုပ်ငန်းမျိုးကိုလုပ်ရင်၊ တီထွင်ရောင်းချရင်
အောင်မြင်နိုင်ပါတယ်။
ဇာတာရှင်ဟာ
ဘယ်သူဘယ်ဝါပဲဖြစ်စေ ဘ၀ မှာစည်စည်ပင်ပင်နဲ့ ခြေခြေမြစ်မြစ်ကလေး နေသွား ရမှာကတော့
သေချာပါတယ်။
၁၉။ မူလ
နက္ခတ်ရဲ့အသွင်သဏ္ဍာန်က
နဂါးမြီးဖြစ်ပါ တယ်။ အမြီးပိုင်းဟာ ခေါင်းပိုင်းလိုပဲ အရေးပါတဲ့ အစိတ်အပိုင်းပါ၊ဒါကြောင့်ဒီဂဏန်းကိုထောက်မိတဲ့လူ
ဟာသူရပ်တည်ရတဲ့အသိုင်းအ၀ိုင်းမှာ တစ်နည်းနည်း နဲ့အရေးပါနေသူဖြစ်မယ်။
အရည်အချင်း
မာန်ကလေးလဲထားသူ ဖြစ် မယ်။
၂၀။ ပြုဗ္ဗာသဠ်
ဒီနက္ခတ်ရဲ့အသွင်သဏ္ဍာန်ကလဲ
ထူးပါ တယ်။ ထူးပုံက ဒီလိုပါ။ သူဟာ ဥက္ကရာသဠ် နက္ခတ် ရဲ့အရည်အတွက်နဲ့တူပြီး
၂လုံးစီပါပဲ။ ဒီနှစ်လုံးပေါင်း မှထူးခြားတဲ့အသွင်သဏ္ဍာန်တစ်ခု ပေါ်လာပါတယ်။
ဒီအသွင်သဏ္ဍာန်ကတော့ “ဆင်မလှမ်းဟန်” ပါ။ ဆင်မကြီးခြေလှမ်းတဲ့အသွင်သဏ္ဍာန်ပါ။
ဒီဂဏန်းကျတဲ့
ဇာတာရှင်ဟာ မိမိလိုပဲ စိတ် တူသဘောတူသူနဲ့ပေါင်းမိပြီး အလုပ်ကြီးအကိုင်ကြီး
တစ်ခုခုကို လုပ်ကိုင်ဖြစ်ပါလိမ့်မယ်။ လုပ်ရင်လဲ သူ များထက်ပိုပြီး
အောင်မြင်တွင်ကျယ်မှာဖြစ်ပါတယ်။
၂၁။ ဥတ္တရာသဠ်
ကတော့
စောစောက ပြောတဲ့ပြုဗ္ဗာသဠ် နက္ခတ်နဲ့ပေါင်းစပ်မှ အဓိပ္ပာယ်တစ်ခုထွက်တဲ့ နက္ခတ်ပါ။
ဒါကြောင့် ဒီနက္ခတ်နံပါတ်ကျတဲ့လူဟာ အကြံတူ စိတ်တူ လူတစ်ယောက်ယောက်နဲ့ ပူး
ပေါင်းလုပ်ကိုင်မှ ပိုပြီးခရီးရောက်တတ်ပါတယ်။
ဒီလို
ပူးပေါင်းလုပ်ကိုင်လို့ ဖြစ်မြောက်ရင်လဲ အကျိုးကျေးဇူးကို ထိုက်ထိုက်တန်တန်
ခံစားရမှာ ဖြစ်ပါတယ်။
၂၂။ သရ၀ဏ်
သူက(၂၂)ခုမြောက်နက္ခတ်ပါ။
အသွင် သဏ္ဍာန်ကတော့ မြား(ဒါမှမဟုတ်)မောင်ရှင်ဆိုင်း တမ်းပါ။ ဆိုင်းတမ်းဆိုတာ
ပခုံးနဲ့အထမ်းထမ်းတဲ့ ပစ္စည်းကိုပြောတာပါ။ ဒီဂဏန်းကျတဲ့လူဟာ အလုပ်
တစ်ခုခုကိုလုပ်ကိုင်တဲ့အခါ ထက်ထက်မြက်မြက်၊ လျင်လျင်မြန်မြန် လုပ်ကိုင်လေ့ရှိမယ်။
တစ်ခုပဲသတိ ထားရပါမယ်။ သိပ်ပြီး လောမကြီးမိဖို့ပါပဲ။
ဇာတာရှင်ဟာ
အလုပ်တစ်ခုခုကိုလုပ်တဲ့အခါ မှာထက်ထက်မြက်မြက်ရှိသလို အမှားနည်းအောင် သတိထားပြီး
လုပ်ကိုင်လေ့ရှိတဲ့အကျင့်မျိုးလဲရှိ ပေ မယ်။ ဒါဟာလဲ အကျိုးပေးကောင်းတဲ့ အရည်အချင်း
ပါပဲ။
၂၃။ ဓနသိဒ္ဓိ
နက္ခတ်ရဲ့နံပါတ်စဉ်က(၂၃)ပါ။
နာမည်နိမိတ် လဲကောင်းပါတယ်။ အသွင်သဏ္ဍာန်ကလဲ အင်ကြင်း သီး ဒါမှမဟုတ် ငရုတ်သီးဆိုတော့
ဖြစ်ထွန်းတဲ့နိမိတ် ကိုပြနေပါတယ်။ ဇာတာရှင်ရဲ့ဘ၀ဟာ အောက်ကျ နောက်ကျဖြစ်စရာ
လုံးဝမရှိပါ။ တစ်နည်းမဟုတ် တစ်နည်းဆိုသလို ဖြစ်မြောက်အောင်မြင်လာမှာ ဖြစ်ပါတယ်။
၂၄။ သတ္တဘိသျှ
နက္ခတ်ရဲ့
နံပါတ်စဉ်က(၂၄)။ အသွင်အပြင် ကဆီပွတ်ဆုံပါ။ ထင်နေတဲ့နိမိတ်ပုံက တစ်နေရာ တည်းပဲ
စွဲစွဲမြဲမြဲနဲ့ အလုပ်လုပ်ရမယ့်သဘောကို ဆောင်နေလေတယ်။
ဇာတာရှင်ဟာ
အလုပ်တစ်ခုကိုလုပ်မိပြီဆိုရင် ဇွဲနဘဲကြီးစွာနဲ့ လုပ်ကိုင်လေ့ရှိသူဖြစ်ပေမယ်။ ဒါဟာ
လဲဘ၀မှာအောင်မြင်ရာအောင်မြင်ကြောင်း အတွက် အကြောင်းတရားတစ်ခုမဟုတ်ပါလား။
၂၅။ ပြုဗ္ဗာဘဒြပိုဒ်
နက္ခတ်ရဲ့
အစဉ်နံပါတ်က(၂၅)ပါ။ သူကလဲ ထူးခြားပါတယ်။ သူရဲ့နက္ခတ်အရေအတွက်က ၂လုံး ပါ။
သူနဲ့လုံးရေတူတဲ့ ဥတ္တရာဘဒြပိုဒ်နက္ခတ်ပေါင်း လိုက်ရင် အင်းပျဉ်ခြေအသွင်သဏ္ဍာန်ပေါ်လာပါ
တယ်။ စောစောကတင်ပြခဲ့တဲ့ ညောင်ခေါင်းခြေကျ တဲ့ဇာတာရှင်ရဲ့ဘ၀မျိုးလိုပဲ
ဘ၀မှာလိမ့်လိမ့်လဲလဲ ဖြစ်ဖို့မရှိပါဘူး။ ဒါပေမယ့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်
ရဲ့အကူအညီကိုယူပြီး ဘ၀ကို တည်ဆောက်မှ အောင်မြင်ထူးခြားတဲ့ဘ၀မျိုးကို
ရောက်မှာဖြစ်ပါ တယ်။
၂၆။ ဥတ္တရာဘဒြပိုဒ်
နက္ခတ်က(၂၆)လုံးမြောက်နက္ခတ်ဖြစ်ပြီး
စော စောကပြောခဲ့တဲ့ ပြုဗ္ဗာဘဒြပိုဒ်နက္ခတ်နဲ့ပေါင်းမှ အင်းပျဉ်ခြေအသွင်သဏ္ဍာန်ကိုရတဲ့
နက္ခတ်ပါပဲ။ နက္ခတ်၂၇လုံးချင်းပေါင်းမှ အဓိပ္ပာယ်တစ်မျိုးရတဲ့ နက္ခတ်ကို
လက်ထောက်မိသူဟာ ဘ၀မှာအများနဲ့ ဒါမှမဟုတ် မိမိနဲ့စိတ်တူသဘောတူ လူတစ်ချို့နဲ့
သင့်မြတ်အောင်ပေါင်းမှ အလုပ်လုပ်လို့ရမှာဖြစ်ပါ တယ်။
ဒီလိုစိတ်ရှည်သည်းခံနိုင်တာနဲ့အမျှ
ဘ၀ဟာ အဆင်ပြေချောမောမှာဖြစ်ပါတယ်။
၂၇။ ရေ၀တီ
ဒီနက္ခတ်ကတော့
နောက်ဆုံးအလုံးဖြစ်တဲ့ ရေ၀တီပါပဲ။ သူ့ရဲ့အသွင်သဏ္ဍာန်က မြုံးပါ။ ရက်
ဖောက်အသွင်ကိုလဲဆောင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့နိမိတ်ကိုထင်တဲ့
အသွင်သဏ္ဍာန်တွေပါ။
မြုံးဆိုတာ
စားရေးပြသနာကို တစ်နည်းတစ်ဖုံ အထောက်အကူပြုတဲ့ ပစ္စည်းပါ။ ရက်ဖောက် က တော့ဝတ်ရေးကို
အကျိုးပြုတဲ့ပစ္စည်းပါ။ ဒါကြောင့် ဒီ နက္ခတ်နံပါတ်ကို လက်ထောက်မိတဲ့ ဇာတာရှင်ဟာ
ဘ၀မှာ စားရေးဝတ်ရေးနဲ့ပတ်သက်ပြီး သိပ်ဆင်း ဆင်းရဲရဲ ရှိမှာမဟုတ်ဘူးဆိုတာတော့
သေချာပါပြီ။
တကယ်လို့များ
နေရေးကို ဥာဏ်နဲ့ယှဉ်ပြီး စီစဉ်နိုင်လို့ကတော့ ဒီပုဂ္ဂိုလ်ဟာ ဘ၀မှာစားဝတ်နေ
ရေးသုံးပါးစလုံးမှာ တင့်တယ်မှာ သေချာတာကိုပြနေ ပါတယ်။ တစ်နည်းပြောရရင်
ကံရှိပြီးသား ထူးခြားတဲ့ ကံပါပြီးသားမို့ ဥာဏ်နဲ့ဝီရိယကိုသာ အတိအကျ
ပေါင်းစပ်နိုင်လို့ကတော့ ဘ၀မှာကောင်းကောင်းကြီး လက်ခမောင်းခတ်နိုင်ပါပြီ။
1 Response to နက္ခတ်(၂၇)လုံးဗေဒင်
good
Add Your Comment