နက္ခတ်ဗေဒင်အရပြောရရင်
အင်္ဂါဂြိုဟ်ဟာပါပဂြိုဟ် (ဆိုးကျိုးတဲ့ဂြိုဟ်)ပါ။ လဂ်ရဲ့ ၆တန့်ဘာဝ
ဟာလည်းမကောင်းတဲ့ဘ၀ (ဒုဌာနအိမ်)ဖြစ်တယ်။
လဂ်ရဲ့ ၆တန့်ဘာဝဆိုတာက ဒီလိုပါ။
သင့်ဇာတာကိုကြည့်ရင်
ရာသီခွင်မှာ “လ” အက္ခရာတွေ့ရမယ်။ ဒါဟာလဂ်ပါပဲ။ အဲဒီ့လဂ်ရှိတဲ့ ဘာဝကစပြီး
နာရီလက်တံပြောင်းပြန်အတိုင်း၊ ၆ ကွက်ပြည့်အောင်ရေတွက်လို့ရတဲ့
ရာသီကိုလဂ်ရဲ့ ၆တန့်ဘာဝလို့ခေါ်တာပါ။
ဇာတာမှာ
ရာသီ၁၂ပါးရှိတာမို့ လဂ်ရဲ့တည် နေရာလဲ ၁၂မျိုးဖြစ်နိုင်တယ်။ ဒါကြောင့် လဂ်ကိုမူတည်ပြီး
ယူရတဲ့၆တန့်ဘာဝဟာလဲ ၁၂မျိုးဖြစ်နိုင် တယ်။
ကဲ…အဲဒီ့ဆိုးတယ်ဆိုတဲ့
၆တန့်ဘာဝမှာ၊ ဆိုးကျိုးကိုပေးတဲ့အင်္ဂါဂြိုဟ်ရပ်တည်ရင် ဘာဖြစ်မယ်ထင် ပါသလဲ။
ကြည့်ပါ၊
ဆရာဘရိဂုရဲ့ ဘာဝဖလဗေဒင် ကျမ်းထဲမှာဒီလိုဖော်ပြထားပါတယ်။
ဂါထာ
၃-၆
အင်္ဂါဂြိုဟ်သည်
၆တန့်ဘာဝတွင် ရပ်တည်ပါ ကဇာတာရှင်သည် ထင်ပေါ်ကျော်ကြားမည်။ တာဝန်
ယူဆောင်ရွက်သည့်လုပ်ငန်းများအောင်မြင်မည်။ ရန်သူများကို နှိမ်နင်းနိုင်မည်။
သားသမီးများနှင့်ပြည့် စုံပြီးယာဉ်များပိုင်ဆိုင်နိုင်သည်။
ကဲ….အဆိုးနဲ့အဆိုးပေါင်းရင်
ကောင်းတာ ဖြစ်တတ်တယ်ဆိုတာသိပြီမဟုတ်လား။
No Response to "အဆိုးနဲ့အဆိုးပေါင်းရင် ကောင်းတတ်ပါတယ်"
Add Your Comment