နက္ခတ်ဗေဒင်ကျမ်းများအရ-၁နွေ၊
၃င်္ဂါနှင့် စနေဂြိုဟ်တို့ကိုပါပဂြိုဟ်(ဆိုးကျိုးပေးသောဂြိုဟ်) ဟုသတ်မှတ်သည်။
သို့သော်
အင်္ဂါဂြိုဟ်သည် အမြဲတစေပါပဂြိုဟ်မဟုတ်ပါ။
အင်္ဂါဂြိုဟ်သည်
သူ၏ “ကသစ်အိမ်” ဟုခေါ် သောမိဿရာသီတွင်ဖြစ်စေ၊ ဗြိစ္ဆာရာသီတွင်ဖြစ်စေ၊ ရပ်တည်လျှင်
လည်းကောင်း၊
“ဥသျှစ်”ဟုခေါ်သောမကာရရာသီတွင်
လည်းကောင်းရပ်တည်ပါက၊ အင်္ဂါဂြိုဟ်သည်
ဆိုးကျိုးပေးသောပါပဂြိုဟ်မဟုတ်တော့ဘဲကောင်းကျိုးပေးပါသည်။
ထိုကဲ့သို့
အင်္ဂါဂြိုဟ်သည် မိဿ၊ ဗြိစ္ဆာ၊ မကာရရာသီတို့၌ရပ်တည်ပါကဇာတာရှင်သည်
ကျန်းမာရေးကောင်းမွန်မည်။ ခန္ဓာကိုယ် ကြံ့ခိုင် တတ်သည်။
အကြီးအကဲများကချီးမြှင့်သောဘွဲ့ထူးဂုဏ်ထူးများရရှိမည်။ အထက်တန်းပညာများတတ်
မြောက်ကျွမ်းကျင်ပြီးဥစ္စာဓန ကြွယ်ဝချမ်းသာမည် ဖြစ်သည်။ ကဲ….အင်္ဂါဂြိုဟ်သည်
အမြဲတစေပါပဂြိုဟ် ဖြစ်ပါသေးသလား။
No Response to "အင်္ဂါဂြိုဟ်သည် အမြဲတမ်းပါပဂြိုဟ်လား"
Add Your Comment