လူတစ်ယောက်ကိုအသက်ရှင်နေခိုက်
“ချမ်းသာမယ်၊ ဆင်းရဲမယ်၊ ပညာတတ်မယ်၊ မတတ်ဘူး။ ကောင်းမယ် ဆိုးမယ်” စသည်ဖြင့် ဟောပြောနိုင်
သော်လည်းသေလွန်ပြီးသည်နောက် မည်သည့်ဘုံဌာနသို့ ရောက်နိုင်
မရောက်နိုင်သည်ကိုဟောပြောရန်(၀ါ)သုတေသနပြုရန်မှာတွေးကြည့်လေလေခက်ခဲလေလေဖြစ်ပါသည်။
သို့သော်…….
“ဆရာဘရိဂု”၏ “ဘာဝဖလဗေဒင်ကျမ်း”၌မူဤလို့
ဖော်ပြထားပါသည်။
ဂါထာ
၆-၁၂
(သောကြာဂြိုဟ်သည် လဂ်၏ ၁၂တန့် ဘာဝ ၌ရပ်တည်ပြီး)
သောမဂြိုဟ်များနှင့် ပူးယှဉ်ပါကဇာတာရှင်သည် သေသည်၏အခြားမဲ့၌ကောင်းကင် ဘုံ(၀ါ)
နတ်ပြည်သို့ ရောက်မည်။
ပါပဂြိုဟ်များနှင့်
ပူးယှဉ်နေပါကဇာတာရှင် သည် သေသည်၏အခြားမဲ့၌ငရဲပြည်သို့ရောက်လိမ့်မည်။
ဇာတာရှင်တိုင်းအတွက်
၁၂တန့်ဘာဝရှာရန်မှာ
ဇာတာကိုကြည့်လျှင် “လ”အက္ခရာတွေ့ရ
မည်။ ၄င်းကို လဂ်ဟုခေါ်သည်။ လဂ်ရှိသော ဘာဝမှ စ၍နာရီလက်တံပြောင်းပြန်ရစ်ပတ်သည့်အတိုင်း
၁၂ကွက်ထိ ရေတွက်ပါက ၁၂ကွက် ပြည့်သည့်အကွက်သည် ၁၂တန့်ဘာဝဖြစ်သည်။တစ်နည်းအား
ဖြင့်လဂ်၏ကပ်လျှက် နောက်တစ်ကွက်ဖြစ်သည်။
ထိုလဂ်၏ ၁၂တန့်ဘာဝတွင်
သောကြာဂြိုဟ် (ဂဏန်းသင်္ကေတ=၆)ရပ်တည်ပြီးသောမဂြိုဟ်ရပ် တည်လျှင် နတ်ပြည်ရောက်ပြီး၊
ပါပဂြိုဟ်ရပ်တည် လျှင် ငရဲသို့ရောက်မည်ဟု ဘာဝဖလကျမ်းက ဆိုသည်။
သောမဂြိုဟ်များ = ၂လာ၊ ၄ဟူး၊ ၅တေး၊
၆ကြာ။
ပါပဂြိုဟ်များ=၁နွေ၊ ၃င်္ဂါ၊ စနေ၊
ရာဟု(ဂ)၊ ကိတ်(၉)။
No Response to "နတ်ပြည်ရောက်မလားငရဲကျမလား"
Add Your Comment