ကျုပ် ကျွန်တော့်ဘ၀မှာ
ကိုယ်ပိုင်ကားစီးရဖို့လွယ် ပါ့မလားဆရာ။
ဝေဒင်္ဂ လဂ်ရဲ့
၁၁တန့်ဘာဝမှာ သောကြာဂြိုဟ်ရပ် တည်ရင် သေချာပေါက် ကိုယ်ပိုင်ကားစီးရနိုင် ပါတယ်။
ကျုပ် ဟာ…ဆရာကလဲ၊
လဂ်ရဲ့၁၁တန့်ဘာဝ ဟုတ်လား၊ ကျွန်တော်မှ နားမလည်ပဲ၊ လွယ် ရင်ရှင်းပြပါဦး။
ဝေဒင်္ဂ လွယ်သမှလွယ်လွယ်ကလေး၊
ဒီမှာကြည့်၊ ဇာတာတစ်ခုခုမှာဆိုပါတော့…. ဇာတာကို ကြည့်ယင် “လ”အက္ခရာလေးတွေ့ရမယ်။
ဒါကို “လဂ်”လို့ခေါ်တယ်။
ကျုပ် ဟုတ်ပြီဆရာ၊
လဂ်ဆိုတာ ကြားဖူးပါတယ်။
ဝေဒင်္ဂ အဲဒီ့လဂ်ရှိတဲ့အတွက်
(လဂ်ရှိတဲ့ရာသီပေါ့)က နေ၊ ၁တန့်၊ ၂တန့်၊ ၃တန့်ဆိုပြီးရေသွား၊
၁၁တန့်မြောက်တဲ့အထိပတ်ရမယ်။ ပုံစံက မြားပြထားတဲ့အတိုင်းပေါ့၊ ရေတွက်ရတယ်။
ကျုပ် ဟုတ်ပါပြီဆရာ။
ဝေဒင်္ဂ အဲဒီ့လိုလဂ်ကစပြီးရေတွက်လို့ရတဲ့
၁၁ ကွက်မြောက်နေရာကို ၁၁တန့်ဘာဝလို့ခေါ် တာပေါ့။ ကဲ……လွယ်တယ်မဟုတ်လား။
ကျုပ် လွယ်ပါတယ်ဆရာ။
ဝေဒင်္ဂ ဒါဆိုလဂ်ရဲ့
၁၁တန့်ဘာဝမှာ သောကြာ ဂြိုဟ် (ဂဏန်းသင်္ကေတဆို ၆ ပေါ့) ရပ်တည် ရင် အဲဒီ့ဇာတာရှင်ဟာ………
ကျုပ် ကိုယ်ပိုင်ကားစီးနိုင်မယ်ပေါ့ဆရာဟုတ်လား
ဝေဒင်္ဂ အို…..ကိုယ်ပိုင်ကားစီးနိုင်ရုံတင်ဘယ်ကမလဲ၊
တစ်ခြားပစ္စည်းဥစ္စာနဲ့လဲ ပြည့်စုံမယ်။ ထင်ပေါ်ကျော်ကြားမယ်။ အရည်အချင်းကောင်းတွေရှိမယ်။
လုပ်ငန်းတွေက ၀င်ငွေရရှိမယ်။ အဲဒီ့သောကြာဂြိုဟ်ကို ၂လာ၊ ၄ဟူး၊ ၅တေး
စတဲ့သောမဂြိုဟ်တွေနဲ့ အတူပူးနေရင် ပိုတောင်ကောင်းပါလိမ့်ဦးမယ်။
ကျုပ် ဒါဆိုဆရာရေအိမ်ပြန်ပြီးဇာတာယူကြည့်ဦးမှ။
No Response to "ကိုယ်ပိုင်ကားစီးရမလားဆရာ"
Add Your Comment