သင့်ဘ၀ဟာ
လူဖြစ်ရကျိုးနပ်မယ့်ကံမျိုးပါရင် ပါနိုင်ပါတယ်။
“အဲဒါကိုဘယ်လိုသိနိုင်မလဲ
ဆရာဝေဒင်္ဂ ရယ်” လို့မေးလာရင်တော့ ဒီလိုဖြေရပါလိမ့်မယ်။
သင့်ရဲ့ဇာတာကိုယူကြည့်ပါ။
ဇာတာခွင်မှာ “လ”အက္ခရာတွေ့ပါလိမ့်မယ်။ အဲဒါကို “လဂ်”လို့ ခေါ်ပါတယ်။ လဂ်ကနေစပြီး
၁၀ကွက်ပြည့်အောင် နာရီလက်တံပြောင်းပြန်ရစ်ပတ်တဲ့အတိုင်းရေတွက် လိုက်ပါ။
အဲဒီ့၁၀ကွက်ပြည့်မြောက်တဲ့ ရာသီကိုလဂ် ရဲ့၁၀တန့်ဘာဝလို့ခေါ်ပါတယ်။ လဂ်ဟာ ၁၂ရာသီ
ခွင် ၁၂မျိုးပေါ်မှာ မူတည်ပြီး ၁၂မျိုးရှိနိုင်တာမို့ လဂ် ရဲ့၁၀တန့်ဘာဝဟာလဲ
၁၂မျိုးရှိနိုင်ပါတယ်။
လဂ်ရဲ့
၁၀တန့်ဘာဝကို ရှာတတ်ပြီဆိုရင် သင့်ဇာတာကိုကြည့်ပြီးလဂ်ရဲ့ ၁၀တန့်ဘာဝကို
ကြည့်လိုက်ပါ။ ဘာဂြိုဟ်တွေ တွေ့သလဲပေါ့။ တ ကယ်လို့ သောကြာဂြိုဟ် (ဂဏန်းသင်္ကေတ
=၆)ရှိခဲ့ရင်တော့ စိတ်ချမ်းသာပေတော့။
ဒီလိုလဂ်ရဲ့
၁၀တန့်ဘာဝမှာ သောကြာဂြိုဟ် ရပ်တည်ရင် ဇာတာရှင်ဟာဘုန်းကျက်သရေနဲ့ပြည့် စုံမယ်။
ဥစ္စာဓနချမ်းသာကြွယ်ဝမယ်။ ရာထူးရာခံရှိ ပြီးထင်ပေါ်ကျော်ကြားနိုင်မယ်။ လူအများရဲ့
လေးစားမှုယုံကြည်မှုကိုရရှိမယ်။ ချမ်းသာမှုနဲ့
ထင်ပေါ်မှုကိုလည်းတစ်ပါးသူဆီမှာမှီခိုစရာမလိုဘဲဇာတာရှင် ကိုယ်တိုင်
ကြိုးပမ်းအားထုတ်မှုနဲ့ ရရှိမှာဖြစ်တယ်။
ဘာသာတရားကိုင်းရှိုင်းသလိုဘာသာရေးလုပ်ငန်းတွေလဲဆောင်ရွက်ရတတ်တယ်။
ပြီးတော့ သီလဆောက်တည်ပြီး တရားဘာဝနာများ စီးဖြန်းမှာ ဖြစ်တယ်။
ဘယ်နက္ခတ်ဗေဒင်ကျမ်းမှာပဲကြည့်ကြည့်
လဂ်ရဲ့၁၀တန့်ဘာဝမှာ သောကြာဂြိုဟ်ရပ်တည်ရင် သိပ်ကောင်းတဲ့ ဂြိုဟ်အနေအထားပါလို့
သိကြတယ်။
ကဲ…သင့်ဇာတာမှာရောဘယ်လိုလဲ။
No Response to "ကိုယ့်ကိုယ်ကိုဗေဒင်ဟောရအောင်"
Add Your Comment