ဘ၀မှာ
သာယာဖြောင့်ဖြူးပြီးအပြစ်ကင်းစင် စွာနဲ့ ချမ်းသာကြွယ်ဝနိုင်သူဖြစ်နိုင်
မဖြစ်နိုင်ဆိုတာမသိနိုင်ဘူးလား။
သိချင်ရင်
ဇာတာယူပြီး ကြည့်လိုက်ပါ။
အဲဒီ့ကိစ္စနဲ့ပတ်သက်ပြီး
ကြည့်ရမှာကလဂ် ရဲ့၉တန့်ဘာဝပါ။
ဇာတာကိုကြည့်ရင်
“လ” အက္ခရာလေးတွေ့ လိမ့်မယ်။ အဲဒါကိုလဂ်လို့ခေါ်တယ်။
လဂ်ကနေစပြီးနာရီလက်တံပြောင်းပြန်အတိုင်း ၉ကွက်မြောက်အထိရေတွက်လိုက်ပါ။ အဲဒီ့
၉ကွက်မြောက်ဟာ လဂ်ရဲ့ ၉တန့်ဘာဝပါပဲ။
၁၂ရာသီခွင်ရှိတာမို့
လဂ်ဟာ ၁၂မျိုး တည် နေနိုင်တယ်။ ဒါကြောင့်လဂ်ရဲ့ ၉တန့်ဘာဝဟာ လည်း
၁၂မျိုးဖြစ်နိုင်ပါတယ်။ သင့်ဇာတာထဲမှာအဲဒီ့ ၁၂မျိုးထဲက
တစ်မျိုးမျိုးဖြစ်နိုင်တာပေါ့။
အဲဒီ့လဂ်ရဲ့
၉တန့်ဘာဝမှာ သောကြာဂြိုဟ် (ဂဏန်းသင်္ကေတ ၆) ရှိမရှိ ကြည့်လိုက်ပါ။ သောကြာဂြိုဟ်ရှိနေရင်တော့
ဇာတာရှင်ဟာဘာသာတရားကိုင်းရှိုင်းမယ်၊ ဥစ္စာဓနကြွယ်ဝပြီး လောကစည်းစိမ်ခံစားရရှိမယ်။
သားသမီးတွေနဲ့ တပျော်တပါးနေရမယ်။ အထူးသဖြင့် အုပ်ချုပ်သူတွေရဲ့ မစမှုကြောင့်
ဖြစ်စေ၊ သားသမီးတွေကြောင့်ဖြစ်စေ၊ မိတ်ဆွေများကြောင့်ဖြစ်စေ၊
ကြီးပွားချမ်းသာရတတ်ပါတယ်။
ဘုရားတရား
ကြည်ညိုပြီးလောကအဘိဓမ္မာအဖြာဖြာကိုလေ့လာလိုက်စားလေ့ရှိသူဖြစ်မယ်။ ခြုံ
ပြီးပြောရယင်တော့ ဒီလိုလဂ်ရဲ့ ၉တန့်ဘာဝမှာ သောကြာဂြိုဟ် ရပ်တည်တဲ့ ဇာတာရှင်ဟာ ဘ၀တစ်သက်တာမှာသာယာဖြောင့်ဖြူးပြီးစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့
နေနိုင်တဲ့သူပါပဲ။
ကဲ….သင့်ဇာတာထဲမှာသောကြာဂြိုဟ်ဟာ
၉တန့်ဘာဝမှာ ရပ်တည်နေပါသလား။
No Response to "ကောင်းကျိုးသုခခံစားရနိုင်မလား"
Add Your Comment