နှလုံးသားရေးရာကိစ္စတွေရှုပ်ထွေးပြီးအချစ်
ရမ္မက်စိတ်တွေ ပြင်းထန်တတ်တဲ့သူကိုတွေ့ဖူးမှာပေါ့။
အဲ…ကိုယ်တိုင်ကောဒီလိုလူစားထဲမှာပါနေသလားဆိုတာ
ဘယ်လိုဝေခွဲမလဲ။
အမြဲတမ်းကိုယ့် ကိုယ်ကိုအကောင်းထင်ပြီးကိုယ့်စိတ်ကိုကိုယ် လှည့်စားနေတတ်တဲ့
သဘာဝကြောင့်၊ တစ်ခါတစ်ခါ ငါဟာဘယ်လိုလူလဲဆိုတာ ဝေခွဲရခက်တယ်မဟုတ် လား။
ဒီတော့
သင်ဟာနှလုံးသားရေးရာကိစ္စတွေ
ရှုပ်ထွေးခြင်းရှိမရှိ(ရှိနိုင် မရှိနိုင်)
အချစ်ရမ္မက်စိတ် (၀ါ)
ကာမရာဂစိတ်ပြင်းထန်ခြင်းရှိမရှိဆိုတာကိုကိုယ့်ကိုယ်ကို
ဝေခွဲလို့ရအောင်
သင်ရဲ့ဇာတာကိုယူပြီးဆုံးဖြတ်ပါ။
ဆုံးဖြတ်ရမယ့်
နည်းကလေးကဒီလိုလွယ်လွယ်ကလေးပါ။
ဇာတာခွင်ကိုကြည့်ရင်
“လ” အက္ခရာလေးတွေ့ရပါလိမ့်မယ်။
အဲဒါကိုလဂ်လို့ခေါ်တယ်။
လဂ်ကနေစပြီးနာရီ
လက်တံပြောင်းပြန်အတိုင်း ၇ကွက်ပြည့်အောင် ရေလိုက်ပါ။ အဲဒီ့
၇ကွက်မြောက်ရာသီကို
လဂ်ရဲ့၇တန့် ဘာဝလို့ခေါ်တယ်။ လဂ်ဟာ ရာသီ၁၂ခုမှာ ၁၂မျိုးရှိနိုင်တာမို့
၇တန့်ဘာဝဟာလည်း ၁၂မျိုးရှိနိုင်ပါတယ်။
တကယ်လို့
သင့်ရဲ့ဇာတာကို ကြည့်လို့ လဂ် ရဲ့၇တန့်ဘာဝမှာ သောကြာဂြိုဟ်
(ဂဏန်းသင်္ကေတ =၆)ရှိရင်
နှလုံးသားရေးရာကိစ္စတွေ
များပြားရှုပ်ထွေးမယ်၊
ဇာတာရှင်ကိုယ်တိုင်ဟာမိန်းကလေးတွေကြား
ထဲစန်းပွင့်ပြီးကားနဲ့တကွ ဇိမ်ခံပစ္စည်းတွေ
ပိုင်ဆိုင် နိုင်တာကြောင့်
ကာမဆက်ဆံပျော်ပါးဖို့ အခြေအနေပိုပေးမှာဖြစ်တယ်။
အိမ်ထောင်နှစ်ဆက်
ဖြစ်နိုင်တဲ့အပြင် ငွေကြေးနဲ့ လဲလှယ်ယူလို့ရတဲ့
ပျော်ပါးမှုကိုလည်း ပြု
လုပ်မယ့်သူဖြစ်ပါတယ်။
ကဲ….လဂ်ရဲ့
၇တန့်မှာသောကြာဂြိုဟ်ရှိမရှိ
ကြည့်ပြီးသင့်ကိုယ်သင်
ဘယ်လိုလူစားလဲဆိုတာဆုံးဖြတ်ပေတော့။
No Response to "ချစ်ရမ္မက်စိတ်နဲ့ သူ"
Add Your Comment