ဘာပဲဖြစ်ဖြစ်ဘ၀မှာ အခြေအနေနိမ့်ကျရာက ရုတ်တရက်ပဲဖြစ်ဖြစ်၊
တဖြည်းဖြည်းပဲဖြစ်ဖြစ်၊ အဆင့် အတန်းမြင့်တက်သွားလို့ နေရာတကာမှာ ၀င့်ကြွား မော်ကြွားနိုင်ရင်လက်မထောင်နိုင်ပြီ
လက်မထောင် တယ်စသဖြင့် ပြောဆိုတာခဏခဏကြားဖူးကြမှာပေါ့
ပြီးတော့………
စာရေးရာမှာကြည့်အသုံးပြုတဲ့စာရေးကရိယာကဘာပဲဖြစ်နေနေ၊ တခြားလက်ညိုး၊
လက်ခလယ် တွေကိုလဲ လှယ်ပြီးရေးလို့ရပေမယ့် လက်မမပါပဲ စာရေးလို့မရပါဘူး။
မှတ်ပုံတင်ကဒ်ပြားမှာကြည့်ဦး………..
တခြားလက်ထိပ်ကဗွေကိုမသုံးဘူး။လက်မကလက်ဗွေကိုမှရွေးပြီးအသုံးပြုထားတယ်။ဒါဟာ
လက်ချောင်းတွေအားလုံးထဲမှာလက်မကအရေးအ ကြီးဆုံးမို့ပဲမဟုတ်လား…
အရေးပါတဲ့ပစ္စည်းတစ်ခုခုကိုကိုင်တွယ်ရာမှာလည်းလက်မနဲကလက်ညိုးကိုပဲအဓိကထားရတယ်
လေ။ဒီနေရာမှာလက်ညိုးမရှိရင်လက်ခလယ်နဲ့ဖြစ် စေ၊ လက်သူကြွယ်နဲ့ဖြစ်စေ၊ ကိုင်လို့ရပေမယ့်
လက်မမပါပဲတော့ မရဘူးမဟုတ် လား….
ဒါဆိုရင် လက်မဟာ ဘယ်အထိအရေးပါ၊ အရာရောက်တယ်ဆိုတာသိလောက်ပါပြီ(ဘယ်အထိ
အရေးပါအရာရောက်တယ် ဆိုတာတွေကို ဒိုင်ခံ ပြောနေရင်ကျမ်းစာအုပ်တစ်အုပ်စာတောင်ထွက်လာနိုင်တယ်တာမို့
ဒီလောက်ထိသဘောသိရုံပဲပြော လိုက်တာပါ။)
လက်ကိုစစ်ဆေးပြီးလူတစ်ယောက်ရဲ့အကျင့်စရိုက်စိတ်နေသဘာဝကံကြမ္မာကိုတွက်
ဆဟောပြောရာမှာလည်း
လက်မက ဇာတ်လိုက်ပါပဲ။
အိန္ဒိယပြည်ကလက္ခဏာပညာရှင်တွေ၊ဗေဒင် ပညာရှင်တွေဟာလူတစ်ယောက်ရဲ့ကံကြမ္မာနဲ့တကွ
စိတ်နေစိတ်ထား အကျင့်စရိုက်ကို ဟောတော့မယ် ဆိုရင်လက်မကို အရင်ဆုံး အကဲခက်လေ့ရှိတယ်
ဆိုတာ မပြောလည်း သိပြီးဖြစ်ကြပါလိမ့်မယ်။
ရှေးဟောင်း ဂန္ဓလရာဇ်တို့ရဲ့ လက္ခဏာ ပညာရပ်တွေကိုလေ့လာကြည့်ရာမှာလည်းလက်မကိုတော့ကို
အသားပေး အလေးထားပြီး ဟောပြော ဆိုကြတာသိရပါတယ်။ လေ့လာထားတဲ့ အထဲကနေ ဝေဒင်္ဂဂပရိသတ်တွေကိုမျှဝေပြီး
ပေးချင်သေးတဲ့ စေတနာကရင်ထဲမှာမဆန့်အောင်ပဲ
ရှိနေတာမို့……
ရှေးဟောင်းဂန္ဓှလရာဇ်လက္ခဏာကျမ်းတွေအရလက်မကို(၃)ပိုင်းပိုင်းပြီးလေ့လာဟောပြောတယ်
ဆိုတာ
သိရပါတယ်။ ဒီ(၃)ပိုင်းကတော့ -
၁။ ပထမဆစ် - လက်ထိပ်က အလယ်ဆစ်အထိ
၂။ ဒုတိယဆစ်အလယ်ဆစ်ကအောက် ခြေဆစ်အထိ
၃။ တတိယဆစ် - အောက်ခြေဆစ်က လက်ကောက် ၀တ်ထိ ဖြစ်ပါတယ်။
ဒီအဆစ်သုံးပိုင်းကဘ၀တွေကိုရည်ညွှန်း သလဲဆိုရင်
……….
၁။ပထမဆစ်ကလူရဲ့စိတ်နေသဘောထားနဲ့လိုအင်
ဆန္ဒကို ရည်ညွှန်းသင်္ကေတပြုတယ်။
၂။ဒုတိယဆစ်တွေးခေါ်ကြံဆနိုင်တဲ့အသိဥာဏ်ကို
ရည်ညွှန်းသင်္ကေတပြုတယ်။
၃။တတိယဆစ်ကနှလုံးသားရေးရာနဲတကွအိမ်
ထောင်ရေးတို့ကို ရည်ညွှန်းသင်္ကေတပြုတယ်။
အခုအရင်ဆုံးပထမဆစ်နဲ့ပတ်သက်တာတွေကို သိသရွေ့ပြောပြပါ့မယ်…………
(တစ်)လက်မရဲ့
ပထမအဆစ်ဟာ ရှည်လျားဖြောင့် စိတ်ချမှု အပြည့်ရှိသလိုကိုယ့်ကိုယ်လည်း တကယ် အားကိုးတယ်၊
တခြားသူတွေကိုလည်းပဲသြဇာသက် တယ်။ သူ့ရဲ့ပင်ကိုယ်ကလည်း ကိုယ့်ကိုယ်သာ အားကိုးချင်တဲ့စိတ်မျိုး၊
အရာရာကိုလွှမ်းမိုးချယ်လှယ် ချင်တဲ့စိတ်မျိုးပါတယ်။
(နှစ်) လက်မရဲ့ပထမအဆစ်ဟာပြည့်ပြည့်လုံးလုံးနဲ့
နှမြောတွန့်တိုတာတွေမရှိပဲ သုံးစွဲတတ်သူ အပေး အကမ်းရက် ရောသူဖြစ်တယ်။
(သုံး) လက်မရဲ့ပထမအဆစ်ဟာပြားပြားကပ်ကပ် ရှိနေပြီးကင်းရှင်းပြီး
စိတ်သဘောထားနူးညံ့ပျော့ ပြောင်းတတ်ပါတယ်။ အရာရာမှာ ဝေဖန်ချင့်ချိန် တတ်တဲ့ အကြံကောင်း၊ဥာဏ်ကောင်းတွေ
ပေးပြီး ကူညီဖြေရှင်းပေးတတ်တယ်။ ခင်မင်စရာကောင်းတဲ့ သူပဲပေါ့။
(လေး) လက်မရဲ့ပထမအဆစ် အသားပြည့်ဝနေ တာဆိုတာဖော်ပြထားပါပဲ။အဲလိုလက်မပထမအဆစ်ဟာအသား
ပြည့်ဝနေရုံသာမကပဲ လက်သန်းနဲ့ အရှည်ချင်းတူနေရင်သြဇာအာဏာကြီးမားပါတယ်။အများနဲ့ ဆက်ဆံရာမှာအဆင်ပြေ
အောင်မြင်ပြီး အများနဲ့ ဆက်ဆံရာမှ အဆင်ပြေ အောင်မြင်ပြီး အများရဲ့လေးစားကြည်ညိုမှုကို
ခံရပါမယ်။
(ငါး) တကယ်လို့ လက်မရဲ့ ပထမအဆစ်ဟာ အသား ပြည့်ဝနေပေမယ့်
အဖျားချွန်နေရုံမကပဲ နောက်ကိုပါလန်နေရင် အသုံးအဖြုံးကြီးမယ့်သူ။ လက်ဖွာသူ။ စိတ်ပြောင်း
စိတ်လွဲမြန်ဆန်သူဆိုတာ တပ်အပ်ပြောနိုင်တယ်။
(ခြောက်) လက်မဟာတောင့်တင်းဖြောင့်တန်းပြီး
ဖြောင့်တန်းနေပုံဟာပထမအဆစ်က လက်မထိပ် အထိ ဖြောင့်တန်းနေမျိုးဖြစ်ရင် စိတ်ဓာတ်ခိုင်မာသူ၊
အိနြေ္ဒိသိက္ခာ ကြီးမားသူဆိုတာ သိနိုင်တယ်။ ဘယ်လိုအခက်အခဲတွေပဲကြုံတွေ့ပါစေ တုန်လှုပ်
ချောက်ချားမှုမရှိ၊ အသိဥာဏ်ကို ဝေစားပြီး ချိန်ချိန်ဆဆရင်ဆိုင်ဖြေရှင်းသွားနိုင်တယ်။
စကားပြောရာမှာလည်း ရည်ရွယ်မွန်မွန်နဲ့စကားကို ချိုသာ ယဉ်ကျေးရုံသာမက ကတိလည်းတည်တယ်၊
ရိုးသားဖြောင့် မတ်စိတ်လည်းရှိတယ်။
(ခုနှစ်)လက်မရှိပထမအဆစ်ဟာအသားပေါ်တော့
နေသူဟာ ဦးကပ်စေးပါပဲ၊ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် တွက်ကတ်၊ စေးကုတ်သလား မမေးနဲ့(ဒီလူမှာကပ်စေးနည်းတယ်)
တခြားသူတွေ အပေါ်လည်းယုံကြည်စိတ်ချတဲ့စိတ်မရှိဘူး။ဒါပေမယ့် အလုပ်နဲ့ပတ်သက်ရင် လုံး၀၀ီရိယ
ကောင်းတယ်။ အတွေးအခေါ် အမြော်အမြင်လည်းကြီးမား တယ်။
(ရှစ်) လက်မရဲ့ပထမအဆစ်ဟာ သေးငယ်နေရင် သိနိုင်တယ်။စိတ်လှုပ်ရှားတတ်သလိုလှုပ်ရှားဖို့လည်း
လွယ်ကူတယ်။ ဒါကြောင့်တခြားသူတွေရဲ့ သြဇာ လွှမ်းမိုးမှုကိုလွယ်လွယ်နဲ့ခံရတတ်တယ်လို့ ဆက်ပြီး
ယူဆနိုင်တယ်လေ။ ဒီတော့…..သူဟာ တစ်ပါးသူရဲ့ အောက်ကို ရောက်နေတာလည်း ရှိနေဦးမှာပေါ့။
(ကိုး) လက်မရဲ့အရင်းဘက်ကသိမ်နေပြီး ပထမ အဆစ်က ကြီးမားနေရင်
ဒီလက်မမျိုးကို တင်း ပုတ်လက်မလို့ခေါ်တယ်။ တင်းပုတ်လက်မပိုင်ရှင် တွေတာအင်မတန်ရက်စက်ကြမ်းကြုတ်တယ်လို့ဆိုရမှာပဲ။
လူတစ်ယောက်ရဲ့ အသက်ကို သတ်ဖို့ သိပ်ဝန်လေးနေတဲ့သူမဟုတ်ဘူး။ ဟိရိသြတ္တပ္ပတရား အရှက်အကြောင်ကလည်း
နည်းသေးတယ်။ ဒီပြင် အတင်းအဓမ္မမှု၊ မကောင်းမှုပြဖို့ကလည်း ဆန္ဒ သိပ်ပြင်းတာ ဒါမျိုးလူကိုတွေ့ရင်တော့
ရှောင်ပေ တော့။
အခုပြောတဲ့ အကြောင်းအရာတွေကတော့ လက်မရဲ့ပထမအဆစ်နဲ့ဆိုင်တဲ့အကြောင်းတွေပါပဲ။
အခုဆက်ပြီး လက်မရဲ့ ဒုတိယအဆစ်နဲ့ဆိုင်တာတွေ ပြောပြပါဦးမယ်။
(တစ်ဆယ်) လက်မရဲ့ဒုတိယအဆစ်ဟာအသား ထူလုပ်ငန်းတွေမှာညိုနှိုင်းချိန်ဆတဲ့
ပင်ကိုယ်ဥာဏ်နဲ့ ပြည့်စုံနေပါတယ်။ ဒါပေမယ့် ဒုတိယအဆစ်ရဲ့ အလျားဟာ ပထမအဆစ်ရဲ့ အလျားထက်ပိုပြီး
ရှည်နေပြန်ရင်တော့ စီးပွားရေးဆိုင်ရာ လုပ်ငန်း ဆိုင်ရာတို့အတွက် အရေးကြီးတဲ့ စဉ်းစား
ဆုံးဖြတ် ဥာဏ်နည်းပါနေပါလိမ့်မယ်။ တစ်ခုတော့ရှိတယ်။ တခြားလူတွေအတွက်လိုအပ်နေတဲ့ အကြံကောင်း
တွေကိုတော့ တကယ်ပဲ ပေးစွမ်းနိုင်မှာဖြစ်တယ်။
(တစ်ဆယ့်တစ်) လက်မရဲ့ဒုတိယအဆစ်နဲ့ ပထမအဆစ်နဲ့ အလျားတူညီနေရင်တော့
အင်မတန် ကောင့်တဲ့လက္ခဏာပဲ။ ဒါမျိုး လက်မပိုင်ရှင်တွေဟာ အရာရာမှာချင့်ချိန်စဉ်းစားနိုင်တဲ့
ဥာဏ်ရည်ဟာ တကယ်ကောင်းမွန်သူတွေပဲဖြစ်တယ်။ ရှေ့နေဥပဒေ၀န်ထမ်းဆိုရင် အထူးအောင်မြင်မှာဖြစ်
သလို အကြံဥာဏ်ကို ရှေ့တန်းတင်ပြီး လုပ်ဆောင်ရ တဲ့သူတွေဆိုလည်း အထွတ်အထိပ်ကို ရောက်ပါ
တယ်။ ပြီးတော့သူတို့ဟာ ကရုဏာတရား ကြီးမား တတ်ကြတယ်လေ။
(တစ်ဆယ့်နှစ်) လက်မရဲ့ဒုတိယအဆစ်ဟာ အချိုး တော့သူ့မှာစဉ်းစားဥာဏ်ဆိုတာသိပ်ရှိမှာမဟုတ်
ဘူး။ အကြံကောင်း၊ ဥာဏ်ကောင်းကလည်း အင်မ တန်ခေါင်းပါတယ်။ လုပ်ငန်းတစ်ရပ်ရပ် (ဒါမှမဟုတ်)
ကိစ္စရပ်တစ်ခုခုကို သူစီစဉ်ရင် လုံးဝစနစ်မကျပဲ အကုန်အလွဲလွဲ အချော်ချော် ဖြစ်ကုန်မှာပါပဲ။
စိတ်ဓာတ်ရေးရာခွန်အားလည်း အလွန်နည်းတာ ကြောင့် သူပြောတဲ့စကားတွေဟာ ပေါ့ပျက်ပျက် နိုင်ပါတယ်။
အဖိုးတန်တဲ့ စကားပြောရင်တောင်မှ ကြားရတဲ့သူအဖို့ သိပ်လေးစားစရာမကောင်းပဲ ဖြစ် နေမယ်။စနစ်တကျ
စီစဉ်တတ်တဲ့ ဥာဏ်မရှိတဲ့ အတွက်ကြောင့်လည်း အခက်အခဲတွေ့တွေ့ကြုံ ရမယ်။ ပြီးတော့ ဘယ်နေရာမှာမဆို
နောက်လိုက် သာဖြစ်မယ်။ ဘယ်တော့မှ ဦးဆောင်နိုင်သူ ဖြစ်လာ မှာမဟုတ်ဘူး။ အပေါင်းအသင်းတွေရဲ့ကြား
ထဲမှာ လည်း သူရဲ့ပြုမူပြောဆိုနေထိုင် လှုပ်ရှားဟန် တွေ ဟာ တစ်မျိုးတစ်မည် ဖြစ်နေလိမ့်မယ်။
(တစ်ဆယ့်သုံး) လက်တဖက်က လက်မဟာစောစော ကပြောခဲ့သလို
ပုံမကျပန်းမကျရှိနေပေမယ့် တခြား တစ်ဘက်မှာ ပုံမကျပန်းမကျပြီး အရင်းသိမ်နေရင် ဒီလူမျိုးဟာ
တစ်ဖက်သာကျလောက်အောင် အထင် ကြီးပြီးအဟုတ် ထင်လာအောင် ပြောတတ်မယ်။ ပရိယာယ်သုံးတတ်မယ်၊
မာယာများမယ်။ ဒီမာယာ ကိစ္စပရိယာယ်တွေကိုလည်း သူ့နေရာနဲ့သူ၊ သူ့ အကြောင်းကိစ္စနဲ့သူ စနစ်တကျ
သုံးတတ်မှာ ဖြစ်တယ်။
သူကိုယ်နှိုက်ကလည်းဘာကိုမဆို အောင်မြင် အောင်လုပ်ဆောင်တတ်တဲ့စွမ်းရည်ထူးကရှိနေသေးသကိုး
ပရိယာယ်ကို ဟန်ကျပန်ကျသုံးပြီး အလွယ် တကူဖြေရှင်းသွားမှာဖြစ်တယ်။
နှလုံးသားရေးရာနဲ့အိမ်ထောင်မှု ကိစ္စတွေကို
ရည်ညွှန်းတဲ့လက်မရဲ့ တတိယ အဆစ်အပိုင်းကို လေ့လာကြည့် ကြဦးစို့။
(တစ်ဆယ့်လေး) လက်မရဲ့တတိယအဆစ်ဟာ ရှင်းရှင်းလင်းလင်းနဲ့ ရှည်ရှည်လျားလျား
ရှိနေပြီး အစွန်း-၂ခုဟာထောင့်စွန်းကျကျရှိနေခဲ့ရင် နှလုံးသား ရေးရာကိစ္စတွေမှာ အလွန်စိတ်ထက်သန်တဲ့သူဖြစ်
မယ်။ တစ်နည်းအားဖြင့် ပြောရရင်လည်း ဆန့်ကျင် ဘက်လိင်တို့ရဲ့ချစ်ခင်စုံမက်မှုရရှိလွန်းတဲ့
တကယ့် ကိုမခုပ်တတ်တဲ့ ကြောင်ကြီးပဲ ဒါကကြည့်ပြီးထင်ရ
တာပါ။
တကယ့် တကယ် တော့………..။
(တစ်ဆယ့်ငါး) တကယ်လို့ လက်မရဲ့ တတိယ အဆစ်မေတ္တာတရားထက် ကာမဂုဏ်နွမှာမွေ့လျော်
သူလို့ သတ်မှတ် လိုက်ပေတော့……….။
(တစ်ဆယ့်ခြောက်) လက်မတတိယအဆစ်ရဲ့ အဖျားကပေါ်လွင်နေပြီး၊ တတိယအဆစ်ရဲ့အောက်
ပိုင်းဟာ ညီညီညာညာ ပြေပြေပြစ်ပြစ် ရှိနေရင် ဒီလိုလက်မပိုင်ရှင်ဟာ စိတ်သဘောထား နူးညံ့
သိမ်မွေ့မှာဖြစ်တယ်။ လူတိုင်းအပေါ်မှာ မာန်မာန မထားပဲ ခင်မင်ဖော်ရွေပြီးတော့ ချစ်စရာ
ခင်စရာ ကောင်းတဲ့ အိမ်ထောင်ဘက်ကို ရရှိမှာဖြစ်ပါတယ်။
ဘာတွေပဲဖြစ်နေဖြစ်နေဒီလူဟာပျော်ပျော်ပဲ အခက်အခဲတွေ
ကြုံလာရင်လည်း ရဲရဲတင်းတင်း ရင်ဆိုင်ဖြေရှင်းတတ်တယ်။ အဲ………..….စိတ်တိုတတ်တာကတော့ မပြောနဲ့
တော့၊ ဒါပေမယ့် စိတ်တိုလည်း ခဏပါပဲ မကြာခင်ကိုယ်ချင်စာနားလည်ခွင့်လွှတ်စိတ်နဲ့သည်းခံတာပါပဲ
ဒီလိုလက်မပိုင်ရှင်တွေဟာ စီးပွားရေး နဲ့လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ ရှေ့နေ၊ ဥပဒေ ၀န်ထမ်း၊
ကျောင်းဆရာ ကထိက စာပေသမား စာပေနဲ့ ပိုင်ဆိုင်တဲ့လုပ်ငန်းတွေနဲ့ အကျိုးပေး အောင်မြင်တာများပါတယ်။
လက်ချောင်းတွေထဲမှာ အဓိကကျတဲ့ ဇာတ် လိုက်ဖြစ်တဲ့
လက်မနဲ့ ပတ်သက်တဲ့ ရှေးဟောင်း ဂန္ဓရာဇ်လက္ခ ဏာပညာက လေ့လာထားတဲ့အထဲက တချို့ကို ဝေဒင်္ဂ ပရိသတ်တွေအတွက်
ပေးဝေလိုက် ပါပြီ။
ကိုယ့်ကိုယ်တွေ့၊ လက်တွေ့သုတေသနပြု တာတွေနဲ့ပေါင်းစပ်ပြီး
ပညာရပ် အဆင့်အတန်းကို ခန့်မှန်းနိုင်ပါပြီ ………….။

No Response to "ဇော်ဆိုမှဇော် သူက…..ဇာတ်လိုက်ကျော်"
Add Your Comment