အခုပြောပြတဲ့ ဗေဒင်ကြည့်နည်း ကလေးက တော့ ဂုဏ်တော်ကိုးပါးဆိုတော့
ဗုဒ္ဓဘာသာမြန်မာ လူမျိုးတိုင်းရဲ့နှုတ်ဖျားမှာ တစ်ရွရွရနေတဲ့၊ မြတ်ဗုဒ္ဓရဲ့ ထူးမြတ်တဲ့
ဂုဏ်တော်တွေပါ။
မြတ်ဘုရားရဲ့ ဂုဏ်တော်ကို ရွတ်ဆိုတဲ့၊ ပုတီး စိတ်တဲ့အကျိုးတရားတွေကို
ခံစားဖူးသူတိုင်းအသိမို့ အထူးမပြောလိုတော့ပါဘူး။
အခုတင်ပြမယ့်ဗေဒင်တွက်နည်းကလေးဟာလည်း ယုံယုံကြည်ကြည်နဲ့သာတွက်။
ထက်မြက်တဲ့ အဖြေကိုရလာပါလိမ့်မယ်။ ကဲ လက်တွေ့တွက်ချက် ကြည့်ကြစို့။ တွက်နည်း -
မွေးသက္ကရာဇ်ကိုတည်၇နဲ့စား၊ လက်ရှိ အသက်နဲ့ပေါင်း၊ ပြီးတော့၉နဲ့စား၊
အကြွင်းအလိုက် အဟောကလေးတွေကိုအောက်မှာ ပေးထားပါတယ်။
ဥပမာ -
၁၃၀၁ခု ဖွားကို တွက်ကြည့်ရင်
၁ကြွင်း-ရန်နှင့်ယှဉ်၍အကျိုးပေးပါမည်။
၃၅နှစ် နောက်ပိုင်းမှစ၍ ဘ၀ကြီးပွား အောင်မြင်လာ ပါမည်။ ဘ၀အကျိုးပေးမှာထက်သန်သည်နှင့်အမျှ
အချောင်မရတတ်ပါ။ ရန်နှင့်ယှဉ်၍ အကျိုးပေး မည်ဟုဆိုခြင်းမှာ အကြံတူပြီး တခြားသူများက
မိမိကိုရန်မူလေ့ရှိမည်။ရည်စူးပြောဆိုခြင်းဖြစ်ပါသည်။
၂ကြွင်း-ငယ်စဉ်က
ချူချာမည်။ အသက်(၁၀)နှစ် အထိ မိဘများနှင့်အတူ နေခဲ့ရပြီး နောက်ပိုင်းတွင် မိမိ၏ ခြေ
ထောက်နှစ်ဖက်ပေါ်၌သာ ရပ်တည်နေရ ပါမည်။
ဆွေမျိုးသားချင်းများ အားကိုး၍ မရပါ။ ကိုယ့်ဒူးကိုယ်ချွန်ဖြစ်ပါသည်။
မကြာခဏ ဆိုသလို အခွင့်အလမ်းကောင်းများရရှိတတ်ပါသည်။ ထိုသို့ ရရှိလာသည့်အခွင့်အလမ်းကိုအမိဖမ်းရန်သတိရခြင်းသည်ပင်ဇာတာရှင်အဖို့
ကြီးပွားခြင်း၏ လမ်းစဖြစ်ပါ သည်။
၃ကြွင်း-ကံ၊
ဥာဏ်၊ ၀ီရိယ သုံးမျိုးစလုံး ပြည့်စုံပြီး အစဉ်တစိုက်ကြိုးပမ်းခဲ့ရာမှ အသက် ၄၀ခန့်တွင်
တည်ငြိမ်၊ အခြေခိုင်သည့်ဘ၀မျိုးကို ရရှိလာသူဖြစ်ပါ မည်။
၎ကြွင်း
သူများထက်ကြိုးစားမှ ထူးခြားမည့်ဘ၀ အကျိုးပေးမျိုးရှိသူဖြစ်ပါသည်။
လုပ်ရင် လွယ်လင့် တကူဖြစ် လေ့ရှိသော ကံမျိုးမပါပါ။
၅ကြွင်း-
မတောင့်မတ၊ မကြောင့်မကြနေရမည့် ဘ၀မျိုး ဖြစ်ပါသည်။ တစ်ခုပျက် တစ်ခုဝင်ဆိုသည့် ကံမျိုးဟု
သတ်မှတ်ရပါသည်။ တစ်နည်းပြောရလျှင် ကုသိုလ်ကံအထူးကောင်းပါသည်။၄၅နှစ်နောက်ပိုင်းတွင်
သိသိသာသာ အဆင်ပြေလာပါမည်။ ဘ၀ အတွက် အထူးပူပန်ရန် အကြောင်းမရှိပါ။
၆ကြွင်း-ဘ၀တွင်
မကြာခဏ ငွေအစုလိုက် အပုံ လိုက်ရ တတ်ပါသည်။ ထီထိုးလျှင်လည်း ပေါက်ရန် ကံမဝေးလှပါ။ ငွေကို
အလွယ်တကူရတတ် သော်လည်း ကံကို သတိ လက်လွတ် မပြုမိဖို့သာ လိုပါသည်။
၇ကြွင်း-ငယ်စဉ်ကအဆင်ပြေပြေနေလာပြီးအသက်
၂၀ကျော်အရွယ်တွင် ကံပြန်မှိန်သွားတတ်ပါသည်။
ထို့နောက် ၃၅နှစ်မှစ၍ ပြန်ကောင်းကာ အသက်
၆၀အထိဆက်၍ ကံကောင်းသွားမည် ဖြစ်ပါ သည်။ ထိုအချိန်မှာ ကြံသမျှအောင်မည့် ကာလ ဟုဆိုရပါမည်။
အထူးသဖြင့် အနုပညာရပ် တစ်ခုခု ဖြင့် အကျိုးပေးအောင်မြင်နိုင်ပါသည်။ မိမိ၏ ၀ါသနာ အလျောက်
ရွေးချယ်သည့် အနုပညာလုပ်ငန်းရပ် တိုင်း ဖွံ့ဖြိုးရန်အခွင့်အလမ်းရှိနေပါသည်။ လူသိ များ။
ထင်ရှားသည့်ကံမျိုးပါသည်ဟု ဆိုရပါမည်။
၈ကြွင်း-ပညာနှင့်အကျိုးပေးပါမည်။
အထူးသဖြင့် အနုပညာရပ်တခုခုဖြင့် အကျိုးပေးအောင်မြင်နိုင်ပါ သည်။ မိမိ၏၀ါသနာအလျောက်
ရွေးချယ်သည့် အနုပညာလုပ်ငန်းရပ်တိုင်း ဖွံ့ဖြိုးရန် အခွင့်အလမ်းရှိ နေပါသည်။လူသိများ။
ထင်ရှားသည့် ကံမျိုးပါသည် ဟု ဆိုရပါမည်။
၉ကြွင်း-မိမိမွေရပ်နှင့်အကျိုးမပေးပါ။တစ်ရပ်တစ်ရွာ၌
အကျိုးပေးပါမည်။
နိဗ္ဗာန်ကုန်များ ရောင်းဝယ်ရင် ပို၍ အဆင်ပြေနိုင်စရာရှိပါသည်။ လခစားလုပ်၍ အကျိုး မရှိပါ။
မိမိသဘောနှင့် လွတ်လွတ်လပ်လပ် လုပ်ကိုင် ရသော အလုပ်မျိုးနှင့်သာ အောင်မြင်မည် ဖြစ်ပါ
သည်။
ဝကြွင်း-မိမိကိုယ်ကို
ယုံကြည်မှုများသဖြင့် တစ်ချို့ ကိစ္စများ၌ ပျက်စီးဆုံးရှုံးရတတ်ပါသည်။ ဆင်းရဲ ဇာတာမပါသော်လည်း
စီးပွားရေး၌ စွန့်စားလွန်း သဖြင့် အတက်အ ကျ များနိုင်ပါသည်။
ကံကောင်းပြီးသားဖြစ်၍ သတိဆင်ခြင်ဥာဏ် ကို
စေစားဖို့သာ အဓိကကျသည့်ဇာတာရှင်မျိုးပါပေ။

No Response to "ဂုဏ်တော် ၉ပါး ဗေဒင်"
Add Your Comment