တစ်ရက် သူငယ်ချင်းတစ်ယောက်ဆီ အလည်သွားတော့ ငေါင်စိစိဖြစ်ပြီး ဠင်းတမှိုင်
မှိုင်နေတဲ့သူငယ်ချင်းကို တွေ့ရပါတယ်။ ကိုယ်က လည်း အကျိုးအကြောင်းမေးတော့ ဒီတစ်နှစ်လုံး
အဆင်မပြေဘူးလို့ ပြောတယ်။ ဒါနဲ့ သနားသော အားဖြင့် ဝေဒင်္ဂကိုဖွင့်ပြီး မြန်မာရိုးရာလက်ဆန်း
ဗေဒင်တွက်ကိန်းလေးတွေကို ရှာဖွေတော့ ဒီနှစ် ရောင်းမယ့် ကုန်ပစ္စည်း စွံမစွံဆိုတဲ့ နည်းလေတစ်ခု
ကို တွေ့လိုက်ရပါတယ်။
ရောက်တဲ့အသက်ကိုလည်း ရောင်းမယ်
ကုန်ရဲ့နံအရင်းလုံးနေ့နံကို ပေါင်းပြီးတော့ ၆နဲ့စားပါ။
၁။ ၄-ကြွင်းရင် မြတ်မယ်။
၂။ ၅-ကြွင်းရင် လူပင်ပန်းရုံပဲ
ရှိမယ်၊ အရင်းပဲ။
၃။ ၀-ကြွင်းရင် ရှုံးမယ်။
လို့ ရေးထားတာတွေ့တော့ သူ့ကိုတွက်ပေးလိုက် ပါတယ်။ ဟယ်….တစ်နှစ်လုံးမြတ်မယ့်ကိန်း
ရောက် နေပါလား။ ဒါပေမယ့် သူရှုံးသတဲ့ သူလုပ်တာ ကတော့ တခြားမဟုတ်ပါဘူး။
ကူးစက်ဆေးရုံးရှေ့မှာ
မကျည်းဖျော်ရည်နဲ့ မုန့်ဟင်းခါးလေး ရောင်းတာပါ။ ဘာဖြစ်လို့ သူမမြတ်ပါလိမ့်။ စာဖတ်သူတို့
ဝိုင်းစဉ်းစားပေး ပါနော်………….။
No Response to "ရောင်းမယ့်ကုန်ပစ္စည်းမြတ်ပါသလား"
Add Your Comment