၁။ အားလုံးကောင်းတယ်ဆိုတာကိုယ်ကောင်းမှဖြစ်တာပါ။ ၂။ ကိုယ့်လုပ်ရပ်ကို သူများအားကျအောင် လုပ်နိုင်ဖို့ လိုတယ်။ ၃။ ကျုပ်သေသွားရင်ကျုပ်ဘာတွေ လုပ်ခဲ့သလဲဆိုတာ ကျုပ်ရဲ့စာအုပ်တွေက ခင်ဗျားတို့ကိုပြောပြပါလိမ့်မယ်။ ၄။ သိထားတဲ့အခါမှာကျေနပ်နေရင် သိထားတာနဲ့ပဲ ကိစ္စပြီးသွားလိမ့်မယ်။ ၅။ နည်းနည်းလေးမှားတာကို ခွှင့်လွှတ်ခဲ့ရင် မဟာအမှား ကြီးဖြစ်သွားလိမ့်မယ်ဆိုတာ ကြပ်ကြပ်သတိထား။ ၆။ ဘာပဲကုန်သွား ကုန်သွား၊ ကျုပ်ဆီမှာ အမြဲရှိနေတာက မျှော်လင့်ချက်ပဲ။ ၇။ မြင့်မြတ်ချင်ရင်မြင့်မြတ်တဲ့အလုပ်ကိုလုပ်ရပါမယ်။ ၈။ လုပ်မယ်လို့စိတ်ကူးရဲရင်အဲဒီ့အလုပ်ဟာအောင်မြင်ဖို့ သေချာသွားပြီလို့ ကျုပ်ယုံကြည်တယ်။ ၉။ မောပြီဆိုပြီး သွားမရပ်လိုက်နဲ့။ ပိုပြီးမောသွားလိမ့်မယ်။ ဆက်သာလုပ်။ အောင်မြင်တဲ့အခါ သူ့ဘာသာသူ အမောပြေသွားလိမ့်မယ်။ ၁၀။ တန်ဖိုးဆိုတာ သိတဲ့လူအပေါ်မှာပဲ တည်တယ်။ မသိတဲ့ လူတွေအတွက် ဘာမှတန်ဖိုးမရှိဘူး။ ၁၁။ မုန်းတဲ့လူကမချစ်တာထက်၊ ချစ်တဲ့သူတွေက မမုန်းဖို့ ကျုပ်မှာတာဝန်ရှိတယ်။ ၁၂။ အခွင့်အရေးရယ်၊ အချိန်အခါရယ်၊ ပံ့ပိုးမှုရယ်၊ စိတ်ဆန္ဒရယ်မပါဘဲ ဘယ်အလုပ်မှ မအောင်မြင်ဘူး။ ၁၃။ ပြီးပြီးရောလုပ်ခဲ့တဲအလုပ်တွေအားလုံးဟာနောင်လာနောက်သားတွေကိုချောက်တွန်းခဲ့တာပဲဖြစ်တယ်။ ၁၄။ လုပ်ပြီဆိုကတည်းက သမိုင်းတင်ချင်လို့ပဲ။ ၁၅။ မြင့်မြင့်ပျံရင်တော့ များများမောမှာပဲ။ များများမောမှလည်း မြန်မြန်ရောက်မယ်။ ၁၆။ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာရိုးသားစွာ လိပ်ပြာသန့်နေရင် ဘယ်သူ့ကိုမှ မှုစရာမလိုဘူး။ ၁၇။ မကောင်းဘူးလို့တစ်သံတည်းမထွက်သရွေ့ ကိုယ်လုပ်တဲ့အလုပ်ဟာ ကောင်းနေတယ်လို့ ကျုပ်ယူဆထားတယ်။ ၁၈။ လုပ်ချင်သလောက် မလုပ်နိုင်သေးရင် လုပ်နိုင်သလောက် လုပ်ထားမှာပဲ။ ၁၉။ ရန်သူတစ်ယောက်ထက်၊ ပတ်ချာလည်ဝိုင်းနေတဲ့မိတ်ဆွေတုတွေကို ကျုပ်ကပိုကြောက်တယ်။ ၂၀။ လုပ်ကြည့်လို့မှားသွားရင် ၀မ်းသာပေတော့။ ၂၁။ နှိုက်သလောက်ရတာ ပညာပါပဲ။ ၂၂။ ဘယ်ကိစ္စကိုမဆို ပီပီပြင်ပြင် မတီထွင်နိုင်ရင် ရယ်ချင်စရာဖြစ်သွားမှာ။ ၂၃။ သူများလုပ်ပြတာတွေကို အားရစရာမလိုဘူး။ အားကျဖို့ပဲလိုတယ်။ ကိုယ်တိုင်လုပ်နိုင်ဖို့လိုတယ်။ ၂၄။ လုပ်ခဲ့တာတွေအပေါ်မှာ ယစ်မူးမနေဘူး။လုပ်ချင်တာတွေအပေါ်မှာ စိတ်ကူးမယဉ်ဘူး။ လုပ်နေတာတွေအပေါ်မှာဘဲ ကျေနပ်တယ်။ ၂၅။ တစ်လောကလုံးမှာ လုံခြုံတဲ့နေရာဟာ စိတ်ထဲမှာပဲရှိတယ်။ ၂၆။ ကိုယ်ဘာလုပ်နေသလဲဆိုတာ သူများသိဖို့မလိုဘူး။ ကိုယ်သိဖို့ပဲလိုတယ်။ ၂၇။ မျက်စိကန်းတာအရေးမကြီးဘူး၊ စိတ်ဓါတ်မကန်း ဖို့အရေးကြီးတယ်။ ၂၈။ လက်ခုပ်တီးတိုင်း ကိုယ့်ကိုအားပေးတယ်မထင် နဲ့၊ ကိုယ့်ကိုတောထုတ်တာလဲဖြစ်နိုင်တယ်။ ၂၉။ ပညာလိုချင်ရင် မာနထား၊ ပညာပေးချင်ရင် မာနချ၊ ဒါမှပညာရှင်ဖြစ်တယ်။ ၃၀။ ၀ိုင်းမြှောက်တိုင်း မြှောက်သွားရင် ပေါက်သွားမှာ လဲ သတိထားဦး။ ၃၁။ ကြိုက်နေတယ် ဆိုတာ အားလုံးကောင်းနေလို့ ဆိုပြီးမထင်နဲ့။ သူ့အတွက် ကြိုက်တာလား၊ ကိုယ့်အတွက် ကြိုက်တာလား၊ စဉ်းစားကြည့်။ ၃၂။ ကိုက်မယ့်အလုပ်ထက် ကြိုက်တဲ့အလုပ်ကိုလုပ် ရတာ ကျုပ်ပိုပျော်တယ်။ ၃၃။ လုပ်နိုင်သလောက်ကိုပဲပြော၊ ပြောသလောက်မ လုပ်နိုင်ရင် ကွယ်ရာမှာ ရယ်စရာဖြစ်နေမယ်။ ၃၄။ လမ်းမြင်တာနဲ့ ပန်းဝင်ပြီလို့မထင်နဲ့၊ အဝေးကြီး လိုသေးတယ်။ဆက်သာပြေး၊ အချိန်တန်ရောက် သွားလိမ့်မယ်။ ၃၅။ ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်းကို လိုချင်လို့မရပါ။ တန်ဖိုးကြီးကြီးပေးခဲ့မှ တန်ဖိုးရှိတာတွေ အားလုံး ရမယ်လို့ ကျုပ်ခံယူတယ်။ ၃၆။ ထီးလိုနေမလား၊ ဘိနပ်လိုနေမလား၊ လွယ်အိတ် လိုလိုက်မလား၊ ကိုယ့်အခြေအနေကို ပြတ်ပြတ် သားသား ဆုံးဖြတ်နိုင်ဖို့လိုတယ်။ ၃၇။ လမ်းသစ်ထွင်ရင် ဆူးနင်းမိမှာဘဲ။ ဆူးကြောက် ပြီးဒူးထောက်မိခဲ့ရင်မူးနောက်ပြီးလဲသွားလိမ့်မယ် ၃၈။ စိတ်မကုန်မချင်းလုပ်လို့ ကောင်းနေတဲ့ အလုပ် တွေဟာ စိတ်ကုန်သွားတာနဲ့ရပ်သွားမှာပဲ။ ၃၉။ အရိုးစူးတယ်ဆိုတာငါးစားလို့။ အမှားများတယ် ဆိုတာအလုပ်လုပ်လို့။ အဲဒါဘာဖြစ်သလဲ။ မှားစမ်းပါစေ။ ၄၀။ တမာရွက်ခါးတာ၊ သကြားချိုတာ၊ ငရုတ်သီး စပ်တာ၊ ရှောက်သီးချဉ်တာ သူတို့အလုပ် သူတို့လုပ်တာမို့ ကျုပ်ဂုဏ်ယူပါတယ်။ ၄၁။ အချိန်ကိုကိုယ်ကစောင့်ရတာ၊ အချိန်ကကိုယ့်ကို ဘယ်တော့မှမစောင့်ဘူး၊ အဲဒါသိပ်မတရားဘူး။ ၄၂။ ကကြီးကို ပက်လက်လှန်မကြည့်နဲ့၊ ကပက်လက် တော့ဖြစ်မှာမဟုတ်ဘူး၊ ယပလက်ပဲဖြစ်သွားမှာ။ ၄၃။ ပညာတော်တယ်ဆိုတာ ပညာရှာတော်တော့လို့ ပြောတာမဟုတ်ဘူး။ ဆက်ကြိုးစားဖို့ သတိပေး နေတာ။ ၄၄။ စိန်ခေါ်တယ်ဆိုတာ အနိုင်ရရေးအတွက်မဟုတ်ဘူး၊ အရှုံးမပေးဘူးဆိုတာသိဖို့အတွက်ပဲ။ ၄၅။ စာသာကောင်းပါစေ၊ ဘာလာတောင်းစရာရှိပါ့မလဲ၊ အားလုံးပြည့်စုံနေလိမ့်မယ်။ ၄၆။ ကျုပ်ရေးတဲ့စာဟာကျုပ်ဖတ်ဖို့မဟုတ်ဘူး။အားလုံးဖတ်ဖို့။ အားလုံးနဲ့တန်အောင် ကြိုးစားရမယ်။ ၄၇။ ညာစရာရှိလို့ပြင်တာကို ပညာရှိလို့ခေါ်တယ်တဲ့။ ဟုတ်လဲဟုတ်ပဲနဲ့။ ၄၈။ နောက်ဆုံးစက္ကန့်အထိပညာရပ်အပေါ်မှာရပ်တည်နိုင်ခြင်းဟာယောကျာ်းကောင်းရဲ့စိတ်ဓါတ်ပါပဲ။ ၄၉။ ပညာရပ်တစ်ခုကိုမမှန်ဘူးဆိုတာ သိနေရဲ့သားနဲ့ မှန်ပါတယ်လို့ လက်ခံနေရတာလောက် ခံပြင်းစရာကောင်းတာမရှိဘူး။ ၅၀။ ဂုဏ်ရှိအောင် ကြိုးစားတာထက် ရှိတဲ့ဂုဏ်ကို ထိန်းသိမ်းရတာ ပိုခက်တယ်။ ၅၁။ သူများလုပ်လို့ဖြစ်တာကို ၀မ်းသာနိုင်တဲ့လူဟာ သူတော်ကောင်းဖြစ်တယ်။ ၅၂။ တန်ဖိုးဆိုတာပေးတဲ့လူအပေါ်မူတည်တတ်တယ်။ ၅၃။ အောင်မြင်မှုရဲ့အောက်ကို ငုံ့ကြည့်ပါ။ ဆူးညှောင့် ခလုတ်တွေ ရှိနေပါတယ်။ အသီးစားချင်ရင်တော့ သစ်ပင် စိုက်ရမှာပဲ။ ဒါမှ ထိုက်ထိုက်တန်တန် စားရမှာပေါ့။ ၅၄။ ယုံကြည်တယ်ဆိုတာတစ်ယောက်ကတစ်ယောက်ကိုယုံရင်ကြည်တာပဲ။မယုံရင်မကြည်ဘူး။ ဟုတ်တယ်မဟုတ်လား။ ၅၅။ ခေါင်းမာတာကို အထင်မကြီးဘူး။ စိတ်ဓါတ်ခိုင်မာတာကိုပဲ ကျုပ်ကလေးစားတာ။ ၅၆။ လုပ်ပြနိုင်တာအားလုံးဟာ သတ္တိတွေဖြစ်တယ်။ ၅၇။ စိတ်ကူးတွေဟာပန်းတိုင်ရောက်ဖို့ပထမခြေလှမ်းဖြစ်တယ်။ ၅၈။ ပညာဆိုတာ သိတဲ့သူတွေအတွက်သာ အသုံးကျတာ။ မသိတဲ့သူတွေအတွက် ဘာမှအသုံးမကျဘူး။ ၅၉။ ကိုယ့်ဘာသာကိုယ် ဘာလုပ်နေသလဲဆိုတာ မှန်မှန်ကန်ကန်သိရင် လူတော်ဖြစ်ပြီ။ ၆၀။ သိနေတဲ့ပညာကို မလိုချင်ဘူး၊ ရှိတဲ့ပညာကိုပဲလိုချင်တယ်။ ဒါမှအသုံးကျတာ။ ၆၁။ မနာလိုမဖြစ်နဲ့၊ လုပ်တဲ့လူဟာနေရာရမှာပဲ။ ၆၂။ အသက်ရှင်ပြီး အသိသေနေတဲ့သူမဖြစ်ရအောင် ကြိုးစားတာဟာ ကျုပ်ရဲ့အလုပ်ပဲ။ ၆၃။ မလုပ်နိုင်ဘဲ ပြောနေတာထက်၊ လုပ်ပြီးမပြောတဲ့သူကို ကျုပ်လေးစားတယ်။ ၆၄။ ဆရာမတူတာနဲ့၊ အတွေးမတူတာနဲ့၊ အပြစ်ရှာတတ်တဲ့ပညာရှိဟာ ပညာမဲ့တဲ့သူသာဖြစ်တယ်။ ၆၅။ နောက်မပင်ပန်းချင်ရင် အခုပင်ပန်းတဲ့အလုပ်တွေကို လုပ်ပါ။ ၆၆။ ပညာမှာအရှုံးမရှိဘူး၊ဆက်မလုပ်ရင်သာကိုယ်ကရှုံးတာ။ ၆၇။ ဦးနှောက်က သိလို့မရဘူး၊ နှလုံးသားကသိမှ သိတယ်လို့ခေါ်တာ။ ၆၈။ ပညာဆိုတာ အရိပ်လိုပဲ၊ ခင်ဗျားသွားရင် သူကလိုက်မယ်။ ခင်ဗျားရပ်ရင် သူကရပ်တယ်။ ၆၉။ မနိုင်မယ့်အလုပ်ကို အရင်စမလုပ်နဲ့။ လုပ်နိုင်တဲ့အလုပ်ကိုပဲစပြီးလုပ်။မနိုင်မယ့်အလုပ်ကိုဆက်လုပ်နိုင်လိမ့်မယ်။ ၇၀။ အပြောလွယ်ပေမယ့် အလွယ်မပြောပါနဲ့။ ၇၁။ ကျုပ်သေသွားခဲ့ရင် ကျုပ်ဝိဥာဉ်လေးဟာ ဗေဒင်ပညာနဲ့အတူ ခင်ဗျားဆီ ရောက်လာပါလိမ့်မယ်။

0 comments

ဓနုလဂ်နှင့် နက္ခတ်ဗေဒင်ပညာ အတွေးအခေါ်ဗေဒင်ကဏ္ဍ

Published on Monday, January 28, 2013 in


(မှတ်ချက်-ဒီအခန်းဟာနာမည်ကျော် နက္ခတ် ဗေဒင်ဆိုင်ရာကျမ်းကြီးတွေမှာပါတဲ့ ဥပဒေသတွေကို အဓိပ္ပာယ်နဲ့တစ်ကွ ရှင်းပြတဲ့ အခန်းပဲဖြစ်ပါတယ်။ ကျမ်း မှာပါတဲ့ အယူအဆဟာ လက်တွေ့ဗေဒင်စည်း မျဉ်းအရ ကိုက်ညီမျှတမှု ရှိ-မရှိစဉ်းစားကြတဲ့ အခန်း ပဲဖြစ်ပါတယ်။ ဒီသဘောတရားမျိုးတွေကို ဆရာကြီး ဦးသိန်းဖေ(ဘီအေဘီအယ်လ်)ပြုစုတဲ့ (ဝေဒဟေတု) ဆိုတဲ့ကျမ်းမှာ တစ်ချို့တစ်ဝက် ရှင်းပြထားပါတယ်။ ဗေဒင်စည်းမျဉ်းထဲက စဉ်းစားကြတဲ့ အခန်းဖြစ်တဲ့ အတွက် သာမန်အဟောမျိုးမဟုတ်ပဲ စနစ်တကျ စဉ်း စားဖို့ဥာဏ်လမ်းဖွင့်ပေးတဲ့ အခန်းသာဖြစ်ပါတယ်။)
          ဓနုရာသီ ကြာသပတေးပိုင်ရာသီဖြစ်ပါတယ်။ နေ့လဂ်အတွက်လဲ လဂ်သခင်ဟာ ကြာသပတေး ဂြိုဟ်ဖြစ်တဲ့အတွက်ကြောင့်အကျိုးပေးတဲ့အခါမှာ နေ သားတကျ ရှိခဲ့ယင်အရမ်းအကျိုးပေးလေ့ရှိပါတယ်။ လဂ်သခင်နဲ့ ၄တန့်သခင်လဲဖြစ်တာမို့ အားကောင်း တဲ့လဂ်တစ်လက်ဖြစ်ပါတယ်။
          လဂ်သခင်ဟာအားရှိပြီး သောမဂြိုဟ်၊ တနင်း လာဂြိုဟ်တို့နဲ့ အမြင်အယှဉ်ရှိယင် ဇာတာရှင်ဟာ မြင့်မြတ်တဲ့ ထူးခြားတဲ့ အရည်အချင်းတွေနဲ့အတူ စိတ်ဓာတ်ဆိုင်ရာဖြစ်တတ်မှု၊ ပညဥာဉ်ကောင်းမှုတွေ ကို ဖြစ်စေပါတယ်။ (လဂ်အဖို့ ဦးနှောက်နဲ့ တွေးခေါ် မှုဖြစ်ပြီး ၄တန့်သခင်အဖို့ စိတ်တတ်ကြွမှု ဖြစ်ပါ တယ်။)
          ဓနုလဂ်အတွက် ဗုဒ္ဓဟူးဟာလဲ ၇တန့်နဲ့ ၁၀တန့်သခင်ဖြစ်ခဲ့ပါတယ်။ ၇တန့်ဟာ၊ ၁၀တန့် ဘာဝရဲ့ ၁၀တန့်ဖြစ်တဲ့အတွက် ၁၀တန့်ရဲ့ ကောင်း ကျိုးတွေကို ၂ထပ်ကွမ်းဖြစ်စေပါတယ်။ ဒါကြောင့် ဓနုလဂ်ဖို့ ဗုဒ္ဓဟူးဟာအတန့်ဘာဝအားဖြင့် အားရှိစွာ ရပ်တည်မယ်(သို့) သောမဂြိုဟ်အမြင်ကြုံမယ်ဆိုရင် ဇာတာရှင်ဟာ ၁၀တန့်အကျိုးကို အပြည့်အ၀ရခံပြီး အမြင့်ဆုံးရာထူးရာခံကို လက်ခံရရှိပါလိမ့်မယ်။
          ပရာသရ ဆရာကြီးရဲ့ မိန့်ဆိုချက်အရ ကိန်း သခင်တြိကောဏသခင် ပူးယှဉ်ခြင်းအားဖြင့် ရာဇ ယုဂ်ဖြစ်စေ၊ အစိုးရ အလုပ်အကိုင်တွေမှာ ဂုဏ်ထူး ရာထူးကြီးတွေ ရတယ်ဆိုတဲ့ ဥပဒေအရဆိုရင် ဓနုလဂ်သမားအဖို့ တနင်္ဂနဲ့ ဗုဒ္ဓဟူးဟာ ကိန်း တြိကောဏသခင် ၂လုံးဖြစ်လို့ အားရှိရင် တကယ်ပဲ အကျိုးပေးတတ်ပါတယ်။ ရာထူးကြီး ဌာနကြီးမှူး ဖြစ်မှာ သေချာတယ်။
ဥပဒေသ(၁)
          ဓနုလဂ်သမားတွေမှာ ရာထူးရာခံ မြင့်မြင့် မားမားရတတ်ပြီး အုပ်ချုပ်တဲ့တန်ခိုးအာဏာကို ရပါလိမ့်မယ်။ ၂တန့်မှာ တနင်္ဂနွေ ဗုဒ္ဓဟူးရှိပြီး လဂ်နဲ့သောကြာပူးယင် ၉တန့်မှာရာဟု(သို့)ကိတ် ရှိပြီး ၆တန့် ၈တန့်မှာ ကြာသပတေးရှိခဲ့ယင် မင်းစည်းစိမ်ကို ခံရပါလိမ့်မယ်။
          သူပြောတဲ့ အဓိပ္ပာယ်အရဆိုယင် အောက်ပါ ဇာတာသဘောဖြစ်ပါတယ်။ ကြည့်ကြစို့။
          အုပ်ချုပ်မှု၊ တန်ခိုး၊ အာဏာ၊ သြဇာနဲ့ ပတ်သက်ယင် တနင်္ဂနွေဂြိုဟ်ကို ဦးစားပေးကြည့် ရပါမယ်။ တနင်္ဂနွေဂြိုဟ်က ၂တန့်၊ ၇တန့်၊ ၁၀တန့် မှာ အားရှိစွာနဲ့ ရပ်ယင်၊ မင်းဖြစ်လောက်တယ်လို့ ဆုံးဖြတ်ရမယ်ဆိုတာ ကျွန်တော်တို့ နားလည်ပြီးသာ ပေါ့နော်။
          ဓနုလဂ်အဖို့ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးပူးခြင်းဟာ ရာဇယုဂ်ကို ပေးတဲ့ ၉တန့်သခင်နဲ့ ၇တန့် ၁၀တန့်သခင်တို့ ပူးခြင်းလို့ တန်ခိုးအာဏာ ရမယ် လို့ ဆိုတာ့ပါ။ သြဇာအာဏာညွှန်းတာက ၂တန့် ဘာဝ သြဇာအာဏာ ဂြိုဟ်က တနင်္ဂနွေဂြိုဟ်၊ အသိဥာဏ်ဂြိုဟ်က ဗုဒ္ဓဟူးဖြစ်လို့ အကောင်းပေါ် အကောင်းဆင့်တဲ့အတွက် ဒီအယူအဆကို ပြောတာ ပါ။ ဒါကြောင့်သာ သဗ္ဗတ္တ စိန္တာမဏိကျမ်း အလိုအရ အယူအဆကို ဖော်ညွှန်းထားတာ ဖြစ်ပါတယ်။
          ထို့နောက် ကြာသပတေးက ၆တန့်၊ ၈တန့်၊ ၁၀တန့်မှာ ရပ်တဲ့အတွက် တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးကို ၅တန့်၊ ၇တန့်၊ ၉တန့် အသီးသီးနဲ့ မြင်ထားပါ တယ်။
          သောကြာဟာ ၁၂တန့်ဘာဝမှာ ရပ်တည်ရင် အဲဒီဘာဝကို ကောင်းကျိုးပြုတယ်လို့ အဆိုရှိပါ တယ်။ ၂တန့်ရဲ့ ၂တန့်ဘာဝမှာ ရပ်တည်ရင် အဲဒီဘာဝကို ကောင်းကျိုးပြုတယ်လို့ အဆိုရှိ ပါတယ်။
          ရာဟုဟာ စနေရဲ့သဘော၊ ကိတ်ဟာ အင်္ဂါရဲ့သဘောအတိုင်း လှုပ်ရှားလေ့ရှိတယ်။ အဲဒီ ရာဟုနဲ့ ကိတ်ဟာသူတို့ရပ်တည်ရာဘာဝရဲ့ အကျိုးကိုလည်းသယ်ပိုးပေးပါတယ်။ ရာဟုရာ တနင်္ဂနွေပိုင်ရာသီ သိဟ်မှာ ရပ်တည်ခြင်းကို တနင်္ဂနွေရဲ့အားကို ဖြည့်စွမ်းပေးတာနဲ့ အတူတူပါ။
          သိဟ်ရာသီဟာ အစိုးရတို့ရဲ့ လိုက်လျောမှု ရာသီဖြစ်ပြီး၊ တနင်္ဂနွေက ကိုယ်တိုင်အုပ်စိုးမှု ကာရကဖြစ်လို့ အဲဒီ သိဟ်ရာသီမှာ ရာဟုသွား ရပ်ခြင်းဟာ တနင်္ဂနွေအတွက် အကျိုးဖြစ်ထွန်းမှု ၂-ဆဖြစ်ပါစေတယ်။
          တနင်္ဂနွေနဲ့ ဗုဒ္ဓဟူး မပူးပဲ သီးခြားနေလည်း ဒီအကျိုးကတော့ ဖြစ်မှာပါပဲ၊ နောက်တစ်ချက်ဟာ ၉-တန့်က သခင်အားရှိနေခြင်းဟာ ကံကိုအထောက် အပံ့ပေးရာမှာ လျင်မြန်စွာ အကျိုးပေးတတ်ခြင်း ဖြစ်ပြီး မမျှော်လင့်တဲ့အဖြစ်အပျက်တွေနဲ့ အံ့သြသင့် လောက်အောင် ကောင်းကျိုးပေးတတ်ပါတယ်။
ဥပဒေ(၂)
          ဓနုလဂ် ၂-တန့်မှာ တနင်္ဂနွေနဲ့အင်္ဂါ ရပ်တည်တာကို စနေအမြင်ကြုံခဲ့ရင် ဇာတာရှင်ရဲ့ ဖခင်ထံမှ အမွေအနှစ်တွေကိုမရတတ်ပါ။ ရခဲ့ရင်လဲ မသုံးရပဲ ဆုံးပါးသွားပါမယ်။
အဓိပ္ပာယ်ဖွင့်ဆိုချက်
          သူပြောတဲ့ ဥပဒေအရဆိုရင် အောက်ပါပုံစံအတိုင်းဖြစ်လာပါတယ်။
          ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုရှုထောင့်ကကြည့်ရင် ဒီဥပဒေသဟာ အင်မတန်မှ အရေးကြီးလှပါတယ်။ ဖခင်နဲ့ပတ်သက်ရင် ၉-တန့်ဘာဝကို ကြည့်ပါတယ်။ ဖခင်ရဲ့ ကာရကဂြိုဟ်ကလည်း တနင်္ဂနွေဂြိုဟ်ပါ။ ဓနုလဂ်သမားအဖို့ တနင်္ဂနွေနဲ့ ၉-တန့်ဟာ ဆက်စပ်နေတာမို့ ပိုပြီးလေးနက်ပါတယ်။
          တနင်္ဂနွေဟာ ပါပဂြိုဟ်နဲ့ပူးပြီး ပါပဂြိုဟ်အမြင်ခံရခြင်းဟာ ၉-တန့်ဘာဝအတွက်ရော၊ ၉-တန့်သခင်အတွက်ပါ အားနည်းစေတာ ဖြစ်တာမို့ တစ်နည်းမဟုတ်တစ်နည်း ဖခင်ရဲ့ပစ္စည်းကို ဆုံးရှုံး စေပါလိမ့်မယ်။
          တနင်္ဂနွေဟာ ၉-တန့်ရဲ့ ကာရကဖြစ်ပြီး    ၉-တန့်မှ ၆-တန့်ဖြစ်တဲ့ ရန်အိမ်(စနေပိုင်ရာသီ)မှာ သွားရပ်တဲ့အပြင် စနေရဲ့ အမြင်ခံရမှုဟာ ဖခင်နဲ့ ကွဲကွာပြီး အမွေရဖို့ပိုမလွယ်တဲ့သဘောမှာ ရှိနေပါ တယ်။
ဥပဒေ(၃)
          ဓနုလဂ်ဟာ တနင်းလာ၊ ကြာသပတေး နဲ့ပူးပြီး တနင်္ဂနွေက ၅-တန့်မှာ ၊ အင်္ဂါ ၉-တန့်မှာ ရပ်တည်နေရင် ဇာတာရှင်ဟာ ဘာသာရေး ကိုင်းရှိုင်း မယ်၊ ကံကောင်းမယ်။ စာရေးဆရာ၊ မင်းရဲ့ လိုက်လျောမှု၊ ဥာဏ်ပညာနဲ့ပြည့်စုံမယ်၊ ပြီးတော့ သားရဲ့အကျိုးလဲ ခံစားရပါမယ်။
အဓိပ္ပာယ်ဖွင့်ဆိုချက်
          သူပြောတဲ့ ဥပဒေအရဆိုရင် အောက်ပါပုံစံ အတိုင်းဖြစ်ပါလိမ့်မယ်။
          ကဲ……ကြည့်ရအောင်။ ၅-တန့်သခင်နဲ့ ၉-တန့်သခင်အိမ်ချင်းဖလှယ်နေပြီးပရိဝတ္တနသမ္မန္ဓယုဂ် ရထားပါတယ်။ ဒီသမ္မန္ဓကြောင့်ကိုက ၅-တန့်ဖြစ်တဲ့ သားသမီးအကျိုး၊ ၉-တန့်ဖြစ်တဲ့ သားသမီးအကျိုး၊ ၉-တန့်ဖြစ်တဲ့ဖခင်ရဲ့အကျိုး အပြန်အလှန်ခံစားခြင်း ဖြစ်ပါတယ်။ ပိုကောင်းစေတာက ၅-တန့်ကိုရော၊ ၉-တန့်ကိုပါ လဂ်မှာနေတဲ့ (၀ါ) လဂ်သခင်လဲဖြစ်တဲ့ ကြာသပတေးက ၅-တန့် ၉-တန့်အမြင်နဲ့ မြင်ထားတာ ဖြစ်ပါတယ်။ ကြာသပတေးက လဂ်သခင်ရော စန်းသခင်ပါဖြစ်နေတော့ အင်မတန် အားရှိနေပါတယ်။
          ကြာသပတေးရဲ့ အနေအထားကြောင့် တနင်္ဂနွေနဲ့အင်္ဂါရဲ့ ဂုဏ်ရောင်ဟာ ပိုပြီးထွန်းပြောင် လာတာပါ။ ဘာကြောင့်လဲဆိုတော့ ကြာသပတေး ဟာ ၅-တန့်နဲ့ ၉-တန့်ကိုရော၊ ၅-တန့်နဲ့ ၉-တန့် သခင်ကိုပါ နှစ်သက်မြင်ထားလို့ပါ။
          လဂ်(၁တန့်)ဟာ ၅-တန့်ဘာဝရဲ့ ၉-တန့်ကျတဲ့အတွက် သားသမီးအကျိုးခံစားရတာ ဖြစ်ပါ တယ်။ ၉-တန့်ဘာဝရဲ့ ၉-တန့်ဟာ ၅-တန့် ဘာဝဖြစ်ပြန်တော့ သားသမီးအတွက်ရော မိဘ အတွက်ပါ အကျိုးဖြစ်ထွန်းတာဖြစ်ပါတယ်။
          အဓိက ကတော့ အားကြီးတဲ ကြာသပတေး ဂြိုဟ်ရဲ့ အမြင်အယှဉ်ကြောင့် လဂ်နဲ့ပူးယှဉ်ခြင်း ကြောင့် သားသမီးကို ကံကောင်းစေတာသာ ပဓာန ပါ။
ဥပဒေ(၄)
          ဓနုလဂ်ရဲ့ ၅-တန့်မှာ သောကြာရှိပြီး ရာဟု(သို့)ကိတ်နဲ့ ဆက်သွယ်ခဲ့ရင် ဇာတာရှင်ဟာ ကလေးရှိတဲ့မုဆိုးမတယောက်နဲ့ လက်ထပ်ရလိမ့် မယ်။
          ကဲ…..ကြည့်ရအောင် ၆-တန့်ဘာဝဟာ နိုင်ငံ ခြားသား ဒဏ်ရာဒဏ်ချက်၊ ရောဂါ၊ အပြိုင်အဆိုင် တို့ကို ညွှန်းတယ်။ ဓနုလဂ်အတွက် ၆တန့်သခင် ဟာ သောကြာဖြစ်တဲ့အတွက် သောကြာဟာ တစ်ချိန်တည်းမှာပဲ ၁၁တန့်သခင် ဖြစ်ပါတယ်။ ၁၁တန့်သခင်ဟာ ၆တန့်မှ ၆တန့်ဖြစ်တဲ့အတွက် ၆တန့်ရဲ့အကျိုးကို ပိုပြီး လေးနက်စေပါတယ်။
          ပေးထားတဲ့ ဥပဒေအရဆိုရင်သောကြာဟာ ၆တန့်နဲ့ ၁၁တန့်သခင် ဖြစ်ပါတယ်။ ၅တန့်ဆိုတဲ့ သားသမီးနဲ့ ပတ်သက်တဲ့အိမ်မှာ ရပ်တည်တဲ့ အတွက် သားသမီးတွေဟာ ကိုယ်နဲ့မသက်ဆိုင်တဲ့ တခြားတစ်ယောက်ရဲ့ သားသမီးတွေကို ပိုင်ဆိုင် ရတာ ဖြစ်ပါတယ်။ (သောကြာရဲ့ ဆက်သွယ်မှုဟာ သူရပ်တည်ရာ ရာသီရဲ့ နယ်ခြားမှု၊ ပတ်သက်မှု၊ မပိုင်ဆိုင်မှုတွေကို ဖြစ်ပေါ်စေပါတယ်။
          ဒီနေရာမှာ ဥပဒေဟာ ထပ်ပြီး ရာဟုနဲ့ ကိတ်ကိုပါဆွဲထည့် ထားပါတယ်။ ရာဟု (သို့)ကိတ်ဟာ ၅တန့်နဲ့ ၅တန့်သခင်ကို တိုက်ရိုက်(သို့)သွယ်ဝိုက်တဲ့နည်း၊ဆက်သွယ်မှုရှိခဲ့ရင်ဒီအကျိုးပေးပါလိမ့်မယ်။ ရာဟုကိတ်ဂြိုဟ်ဟာ သဘာဝအားဖြင့် နိုင်ငံခြား၊ ရေခြား၊ မြေခြားကို ရည်ညွန်းပါတယ်။
          ဒီတော့ကျွန်တော်တို့တတွေဟာလက်တွေ့ဇာတာတစ်စောင်လောက်နဲ့ချိန်ထိုးကြည့်ရင်ပိုကောင်းမယ်ထင်
တယ်။
          ဒီဇာတာမှာဆိုရင် ၆တန့်သခင် ၅တန့်မှာ ရပ်တည်နေပါတယ်။ ၅တန့်သခင်အင်္ဂါကို ရေခြား၊ မြေခြား၊ ဂြိုဟ်ကိတ်က လာပူးပေးပါတယ်။ အဲဒီကြာသပတေးကို စနေက ၁၀တန့်အမြင်နဲ့မြင်ထားပါတယ်။ စနေပိုင် အိမ်မှာ ရာဟု ရပ်တည်ထားတာမို့ ရေခြား မြေခြားကို ညွှန်ပြပါတယ်။ စနေဟာ ၉တန့်ဘာဝကိုလဲ ၃တန့်မြင်ထားပါတယ်။
          ဒီသဘောတရားအရ ၅တန့်နဲ့ ၅တန့်သခင်၊ ၉တန့်နဲ့ ၉တန့်သခင် ကြာသပတေးတို့ကို ရာဟုနဲ့ လွှမ်းမိုးခံရတဲ့အတွက် ဒီဇာတာရှင်က ကလေး နှစ်ယောက်ဖြစ်တဲ့ မုဆိုးမလေး တစ်ယောက်နဲ့   ညားခဲ့ပါတယ်။
ဥပဒေ(၅)
          ဓနုလဂ်ဖြစ်ပြီး ၇တန့်မှာ ဗုဒ္ဓဟူးနဲ့ ကြာသပတေးရှိမယ်။ တနင်္ဂနွေ၊ စနေ၊ ရာဟုတို့ရဲ့ အမြင်ကြုံရင် လင်ယောက်ျားရဲ့ စွန့်လွှတ်မှုကို ခံရပါမယ်။
အဓိပ္ပာယ်ဖွင့်ဆိုချက်
          ဒါကတော့ ထူးထူးထွေထွေ ပြောစရာမရှိပါ ဘူး။ ပေးထားကတည်းက ရှင်းပြီးသားပါ။ တနင်္ဂနွေ၊ စနေ၊ ရာဟု သုံးလုံးဟာ ပါပဂြိုလ်ဆိုးတွေဖြစ်ပြီး တူညီတဲ့ အချက်တစ်ချက်က ကွဲလွဲမှု၊ ခွဲခြားမှု၊ ခြားနားစေမှုဖြစ်စေတဲ့သဘောပါပဲ။ အဲဒီအချက်နဲ့ ပတ်သက်လို့လဲ ဟောရသျှတ္တရကျမ်းဂါထာ(၃)မှာ ဆိုထားပြီးသားပါ။
          ဒါကြောင့်လဲ ၇တန့် သခင် ဗုဒ္ဓဟူးနဲ့ လဂ်သခင်ကြာပတေးကို ခွဲပစ်တာ ကွဲစေတာဖြစ်ပါတယ်။ စနေနဲ့ တနင်္ဂနွေ(သို့) စနေရဲ့ရာဟု(သို့) တနင်္ဂနွေနဲ့ရာဟုစသဖြင့် အကြုံမြင်ရင်လဲ လင်နဲ့ မယား(သို့)မယားနဲ့လင် ကွဲကွာကြရမှာက ဧကန်ပါ။ ဒီဥပဒေသမှာ စိတ်ဝင်စားစရာကောင်းတဲ့တစ်ချက်က ဗုဒ္ဓဟူးပါဝင်လာမှုပါပဲ။
          ကွဲကွာမှုကိုဖြစ်စေတဲ့တနင်္ဂနွေနဲ့ စနေဟာ ၇တန့်သခင်ကို အမြင်ကြုံရင် လင်ကွဲ မယားကွဲ ဖြစ်စေတတ်ပါတယ်။ ပြီးတော့ ဒီအဖြစ်အပျက်က သိပ်မြန်စေတာပါ။ လက်ထပ်ပြီး မကြာခင်ကို ကွဲစေ ပါတယ်။ ဘာကြောင့်ဆိုတော့ ဗုဒ္ဓဟူးဟာ ဂြိုဟ်မြန် ဖြစ်ပြီး မြန်ဆန်မှုကို ပေးလို့ပါပဲ။
          ဒီဥပဒေသနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာ ကောင်းတဲ့ အောက်ပါဥပမာ ပြဇာတာလေးကို လေ့လာကြည့်ပါ။
          ဒီဇာတာမှာ ကြည့်ရင်လဂ်ရဲ့ ၇တန့်မှာ ဗုဒ္ဓဟူးနဲ့ ကြာသပတေးရှိပြီး နိစ်စနေက ၃တန့် လည်းကောင်း၊ တနင်္ဂနွေက ပူးယှဉ်၍သော်လည်း ကောင်း၊ ရာဟုက ၉တန့်နဲ့သော်လည်းကောင်း မြင် ထားတာ သတိပြုမိပါလိမ့်မယ်။ ဒီဇာတာရှင်ဟာ ဒီဆိုးရွားတဲ့ယှဂ်ကို ရတဲ့အခါမှာ အသက် ၂၁နှစ်မှာ အိမ်ထောင်ပြုပြီး ရက် ၂၀သာ ပေါင်းသင်းခဲ့ရပါ တယ်။ ပြီးတော့ သူ့ဘက် ကိုယ့်ဘက် ဆွေမျိုးတွေ နေရာလုမှုကြောင့် လုံးဝကွဲသွားခဲ့ ပါတယ်။ ဒီဇာတာရှင်ဟာ ယောက်ျားတယောက်ပါပဲ အဓိက ကတော့ ဗုဒ္ဓဟူးက နှိပ်စက်လိုက်တာပါပဲ။
          ကဲ……ကျွန်တော်တို့ ဓနုလဂ်နဲ့ ပတ်သက် လို့ ဥပဒေတစ်ချို့ကို ရှင်းပြပြီးသွားပါပြီ။ ဒီလို ဥပဒေ သနဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် သဘောတရားဆိုရင် ဗေဒင်ပညာရပ်မှာ အဖိုးမဖြတ်နိုင်တဲ့ ကိန်းတွေ ဆိုတာ ဆရာတိုင်း သိနားလည်ကြပါလိမ့်မယ်။ ထပ်မံပြီး ဓနုလဂ်အတွက် အရေးကြီးတဲ့ဂြိုဟ်က တစ်ချို့ကို လက်ဆောင်အဖြစ် ဖော်ပြခွင့်ပြုပါ၊ ဒါတွေကိုတစ်လဂ်တည်းနဲ့ တစ်အုပ်လုံး ပြည့်သွားမှာမို့ ဟောပြောမှုတွေကိုသာ ဖော်ပြလိုက်ရပါတယ်။
ဓနုလဂ်အတွက် အရေးကြီးတဲ့ယုဂ်များ
(အားလုံးဓနုလဂ်ကိုဆိုလိုကြောင်း မှတ်ယူထားပါ)
(၁)     လဂ်သခင် ကြာသပတေးနဲ့ တနင်္ဂနွေ၊ ဗုဒ္ဓဟူးတို့ ဆက်သွယ်မှုရှိရင် ဇာတာရှင်ဟာ ကြီးမား တဲ့ ရာထူးရာခံကို ရရှိပါလိမ့်မယ်။
(၂)     ၄တန့်မှာအင်္ဂါဂြိုဟ်ရပ်တည်ယင် အဆောက် အအုံမြောက်မြားစွာ ပိုင်ဆိုင်ခွင့် ရလိမ့်မယ်။ မြေပါ ပိုင်ဆိုင်မယ်။
(၃)     ၁၀တန့်မှာ ကြာသပတေး၊ ၇တန့်မှာ တနင်္ဂ နွေနဲ့ ဗုဒ္ဓဟူးတို့ ရပ်တည်နေရင် ထိပ်တန်းနိုင်ငံရေး ခေါင်းဆောင် ဖြစ်ပါလိမ့်မယ်။
(၄)     ၂တန့်၊ ၃တန့်သခင် ဖြစ်တဲ့စနေဟာ အနေ ကောင်းရင် သူ့ဒသာမှာ ပစ္စည်းသစ္စာ ချမ်းသာ ခြင်း၊ ရာထူး တက်ခြင်းတို့ကို ဖြစ်စေပါတယ်။

မှတ်ချက်
          ၂တန့်ဟာ ၈တန့်ရဲ့ ၇တန့်၊ ၃တန့်ဟာ ၈တန့်ရဲ့ ဂဏန်းဖြစ်လို့ ဇီဝအိမ်(သို့)အထက် အိမ်ဖြစ်ပါတယ်။ ဓနုလဂ်အတွက် အသက်ဇီဝဘာ ၀ရဲ့ ကာရကဂြိုဟ် စနေက အင်မတန် ကောင်းကျိုး ပေးတာ အံ့အော်သင့်စရာကောင်းတဲ့ ဘာဝတွေ ဖြစ်လင့်ကစား ဓနုလဂ်အတွက် ကယ်တဲ့ဘာဝ ဖြစ်ပါတယ်။
          ပြန်စဉ်းစားကြည့်တော့ ကြာသပတေးဟာ ဘာသာရေး ဂြိုဟ်အတွေးအခေါ်ဂြိုဟ် ဖြစ်ပါတယ်။ ကြာသပတေးဂြိုဟ်အားကောင်းရင် သူတော်ကောင်း တရား ပွားများတတ်ပါမယ်။ စနေဟာ ဘာသာရေးမှာ ရဟန်ဂြိုဟ် ဓူတင် ဆောက်တည်မှုကို အရာရာကို စွန့်တဲ့ သူတော်ကောင်းရဟန်းယောဂီ၊ တောထွက် ပုဂ္ဂိုလ်တွေ ဖြစ်တတ်ပါတယ်။
(၅)     သောကြာဟာ ၆တန့်နဲ့ ၁၁တန့်သခင် ဖြစ်တဲ့အပြင် လဂ်သခင် ကြာသပတေးနဲ့လဲ ရန်ဂြိုဟ် ဖြစ်တာမို့ သောကြာဂြိုဟ်အားကြီးစွာနဲ့ ရပ်တည် ခဲ့ရင် သောကြာဒသာမှာဇာတာရှင်ဟာ သေဆုံးပါ လိမ့်မယ်။
(၆)     သောကြာဂြိုဟ်ဟာ ကောဇာသွားခြင်းအား ဖြင့် ဓနုလဂ်ရဲ့ သမဘက်မှာဖြစ်စေ၊ လဂ်ပေါ်ဖြစ်စေ စီးနင်းခဲ့ရင် ဇာတာရှင်သေးဆုံးချိန်ဖြစ်နိုင်ပါတယ်။
(၇)     တနင်းလာဟာ လဂ်ရဲ့ ၈တန့်သခင် ဖြစ်လင့်ကစား လဂ်သခင်နဲ့ မိတ်ဂြိုဟ်လဲ ဖြစ်တယ်။ စန္ဒာဇီဝယုဂ်လဲ ရတာမို့ ဓနုလဂ်သမားကို တနင်းလာဒသာမှာမသက်တဲ့အပြင် ကောင်းကျိုးပြု ပါတယ်။
(၈)     အင်္ဂါဟာ ကြကဋ်ရာသီမှာ နိစ်မူပြီး စနေဟာ မိဿမှာ နိစ်အဖြစ် ရပ်တည်ရင် ဇာတာရှင်ဟာ စစ်ဘက်မှာ လုပ်မယ်ဆိုရင် စစ်ဗိုလ်ချုပ်ကြီးအဆင့်အထိ ရောက်နိုင်တယ်။ (နိစ္စဘင်္ဂယုဂ် ရသွားတဲ့အတွက် အကျိုးပေးသွားတာပါ။)
          ပြီးတော့ အင်္ဂါဟာ စစ်ဂြိုဟ်၊ စနေဟာလူထုလူတန်းစားဂြိုဟ် ဖြစ်ပါတယ်။ ဒါကြောင့် လူထု လူတန်းစားတွေကို အုပ်ချုပ်ရတဲ့ ဗိုလ်ချုပ်ကြီးလို့ ဝေဖန်ရတာ ဖြစ်ပါတယ်။
(၉)     အင်္ဂါနဲ့ ကြာသပတေးဟာ ပူးရင်၊ မြင်ရင်၊ သမ္မပြုထားရင် အိမ်ချင်းဖလှယ်ပြီး ရပ်တည်နေရင် စက်မှုလက်မှု ဘက်မှာ ဖြစ်ရတာမျိုး၊ ခွဲစိတ်ပါရဂူ ဖြစ်ရတာမျိုး ဖြစ်တတ်ပါတယ်။
မှတ်ချက်
          ဇာတာ တော်တော်များများကို လေ့လာတဲ့ အခါမှာ ၉တန့်သခင်နဲ့ ၁၀တန့်သခင်ပူးရင် ရာဇယုဂ်ကိုရတယ်လို့အဆိုရှိပါတယ်။ ဓနုလဂ်အတွက် ၉တန့်သခင် တနင်္ဂနွေနဲ့ ၁၀တန့်သခင် ဗုဒ္ဓဟူး တို့ဟာ ပူးယှဉ်ဖို့ သိပ်လွယ်ပါတယ်။ ဘာကြောင့် ဆိုတော့ ဗုဒ္ဓဟူးနဲ တနင်္ဂနွေဟာ ၂၇အံသာထက် ပိုပြီး ဝေးကွာပြီး နေလေ့မရှိလို့ အမြဲတမ်း ပူးလေ့ ရှိပါတယ်။
          ကောင်းတဲ့ အကန့်တွေမှာ ပူးပြီးနေရင် ပိုကောင်းလာပြီး ဆိုးတဲ့အတန့်တွေမှာ ပူးပြီးနေရင် သင့်တော်လျောက်ပတ်တဲ့ အကျိုးကိုတော့ ပေးပါ တယ်။ လဂ်သခင်နဲ့ ပူးမယ်မြင်မယ်၊ ကိန်းတြိ ကောဏခံနေမယ်ဆိုရင် ထူးထူးခြားခြား အကျိုးပြု ပါတယ်။
          ကဲ………..ကျွန်တော်တို့ ဓနုသမားအတွက် ပေးလာတဲ့အကျိုးပေးတစ်ချို့ကို မိတ်ဆက်အနေနဲ့ ဖော်ပြပြီးပါပြီ။ ဟုတ်ပ။ ကျေနပ်လောက်ပါတယ်နော်။

Spread The Love, Share Our Article

Related Posts

No Response to "ဓနုလဂ်နှင့် နက္ခတ်ဗေဒင်ပညာ အတွေးအခေါ်ဗေဒင်ကဏ္ဍ"

Add Your Comment