ဗေဒင်တွေ အမျိုးမျိုးရှိတဲ့အနက် လက်နဲ့ ထောက်ပြီး
ကံစမ်းကြည့်ရတဲ့ လက်ထောက် ဗေဒင်တွေထဲမှာ
အပ်စိုက်ဗေဒင်ဆိုတာလဲ ရှိပါတယ်။ ဒါကို အီဂျစ်ဗေဒင်လို့ ဆိုပါတယ်။
အီဂျစ်နိုင်ငံဆိုတာက
ရှေးဟောင်းပညာရပ် တွေ သိပ်ကိုထွန်းကားခဲ့ဖူးတဲ့ နိုင်ငံကြီးတခုပါ။ သူ့တွက်နည်းကလေးက
လွယ်ပါတယ်။ ကတ်ပြားကလေးတွေနဲ့ စိုက်ဖို့ သံချွန်အပ်ကလေး တစ်ခုပဲလို ပါတယ်။
လိုအပ်တဲ့
ပစ္စည်းကလေးတွေ လုပ်ပုံ လုပ်နည်းကို ပြောပြပါမယ်။ ဒီလိုပါ အရွယ်အစား တထပ်တည်းကျတဲ့ ကတ်ပြား
၎ခုကို ရှာပါ။
ပုံမှာပြထားသလို
အင်္ဂလိပ်………….အက္ခရာတွေကိုရေးပါ။ အဲဒါတွေကို ရေးပြးတဲ့နောက် စာပွဲတစ်လုံးပေါ်မှာ မှောက်ပြီး
ထားပါ။ အဲဒီနောက်တော့ ဗေဒင်ကြည့်ချင်တဲ့လူကို မျက်စိ ပိတ်ခိုင်းထားလိုက်ပါ။ ကပ်ပြားပေါ်မှာ
အပ်ကို စိုက်ချပါစေ။
စိုက်ပြီးမှ
ဘယ်စာလုံးပေါ်မှာ အပ်ကျနေ တယ်ဆိုတာကို ကြည့်ပြီး အခုဖော်ပြမယ့် အဖြေနဲ့ ကိုက်ကြည့်ပါ။
ကံစမ်းဗေဒင်ကလေးပါပဲ။ ကိုင်း…… အဖြေတွေက ဘာများပါလိမ့်။
(အေ) ကျယင် လူပျိုအပျိုဆိုယင် ရည်စားနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။
အိမ်ထောင်ရှင်ဆိုရင်တော့ လာဘ်ခပ်များများကလေး ၀င်ပါလိမ့်မယ်။
(ဘီ) ကိုစိုက်မိပါတယ်ဆိုရင်တော့ တစ်ယောက် ယောက်လာမှာ
ဖြစ်ပါတယ်။ စာထဲမှာ အရေးကြီးတဲ့ သတင်းတစ်ခု ပါလာပါလိမ့်မယ်။
(စီ) ကျယင်တော့ အခုအခြေအနေထက် သာတဲ့ အဆင့်ကို သိပ်မကြာခင်
ရလာပါလိမ့်မယ်။
(ဒီ) ကိုစိုက်မိယင်တော့ လာခဲပေခြင်းလို့ တောင့် တမိနေမိတဲ့
စာတစ်စောင် ရောက်လာပါလိမ့်မယ်။
(အီး) ကိုစိုက်မိယင်တော့ ရန်ရှိပေမယ့် မှုလောက် တဲ့ရန်တော့
မဟုတ်နိုင်ပါဘူး။
(အက်ဖ်) နေရာကို စိုက်မိယင်တော့ စိတ် အနှောင့်အယှက်
တွေ့ကြုံရပါလိမ့်မယ်။
(ဂျီ) ကိုစိုက်မိယင်တော့ စိတ်ကျေနပ်စရာ ချစ်သူနှင့်ဆုံဆည်းရပါလိမ့်မယ်။
ဒါမှ မဟုတ်ရင် ရွယ်ထား တာ ကလေးဖြစ်လာလိမ့်မယ်။
(အိပ်ခ်ျ) နေရာကိုစိုက်မိယင်တော့ ဘ၀င်ကျ စရာကိစ္စလေးတွေနဲ့
တွေ့ရပါလိမ့်မယ်။
(ဂျေ)နေရာကို စိုက်မိရင်တော့
ရပ်ဝေးက မထင်မိတဲ့ သတင်းတစ်ခု ကြားရပါ လိမ့်မယ်။
(ကေ) နေရာကို စိုက်မိရင်တော့ ကိုယ့်အပေါင်းအသင်းထဲက တစ်ယောက်ယောက်ဖောက်နေပြီ
ဖြစ်ပါတယ်။
(အယ်လ်) နေရာကို စိုက်မိနေယင်တော့ တော်တော်ကလေး အခြေအနေကောင်းလာတော့
မှာပါ။
(အမ်) နေရာကို စိုက်မိနေယင်တော့ ပျက်စီးဆုံးပါးတာတွေနဲ့
ရင်ဆိုင်ရဖို့နေပါတယ်။
(အင်န်) နေရာကို
စိုက်မိနေယင်တော့ စိတ် မကောင်းစရာတွေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။
(အို) နေရာကို စိုက်မိနေယင်တော့ မိတ်ဆွေကောင်းတစ်ယောက်နဲ့
ဆုံဆည်းရဖို့ရှိနေပါတယ်။
(ပီ) နေရာကို စိုက်မိယင်တော့ ခရီးရှည်ထွက်ရမှာ ဖြစ်ပါတယ်။
မထင်ပဲသွားရတဲ့ခရီးပါ။
(ကျူ) နေရာကို ထောက်မိနေယင်တော့ သူများ အတွက် ၀ဋ်ကျွန်ခံရတဲ့
အဖြစ်မျိုးနဲ့ကြုံမယ်။
(အာရ်) ကိုစိုက်မိနေယင်တော့ မိတ်သစ်ဆွေသစ်
ရလာပါလိမ့်မယ်။
(အက်စ်) ကိုထောက်မိနေယင်တော့ ရောက်လာတဲ့စာကို အကြောင်းပြုပြီး
ရင်ထဲမှာ ဒေါသလှိုင်းထရဖို့ ရှိနေပါ တယ်။
(တီ) နေရာကို ထောက်နေမိယင်တော့ လုပ်ငန်းက ပေးတဲ့ သောကရှိလာပါမယ်။
သိပ်ပြီး မှုလောက်တဲ့ သောကမျိုးတော့ မဟုတ်ပါဘူး။
(ယူ) နေရာကို ထောက်နေမိယင်တော့ ဇာတာစန်း လဂ် တက်လာပြီ
ဆိုရာမှာပါ။
(ဗီ) နေရာကို ထောက်မိနေယင်တော့ ကိုယ့် အမှားကြောင့်
ဘေးတစ်ခုနဲ့ ယှဉ်ရပါလိမ့်မယ်။ ဒါပေမယ့် သတိထားယင် ကျော်သွားနိုင်မှာပါ။
(ဒဗလျူ) နေရာထောက်မိယင်တော့ မိတ် ကောင်းဆွေကောင်း တစ်ယောက်ယောက်နဲ့
သံ ယောဇဉ်ရှိနေသူတစ်ယောက်က ကူညီတဲ့အတွက် လာမယ့်ဘ၀အခြေအနေကလေးတွေ အဆင်ပြေလာ ပါလိမ့်မယ်။
(အိပ်ခ်ျ) နေရာကို စိုက်မိယင်တော့ ကျေနပ် စရာကောင်းတဲ့
အောင်မြင်မှုကလေးတွေ ရလာပါ လိမ့်မယ်။
(၀ိုင်) နေရာကို စိုက်နေမိယင်တော့ အခက်အခဲ တစ်ချို့နဲ့ တိုးရပါလိမ့်မယ်။
ဒါပေမယ့် ဒီအခက်အခဲ ကို ကျော်လွှားနိုင်မှာပါ။
(ဇက်) ဘ၀အခြေအနေ သာယာစိုပြည်လာပါလိမ့် မယ်။
ဖြစ်နိုင်မှာမဟုတ်ဘူးလို့ ထင်ယင်တောင်မှ အပျင်းပြေနိုင်ပါတယ်။
ကံစမ်းကြည့်ကြပေတော့ …………. ။
No Response to "အပ်စိုက်ဗေဒင်"
Add Your Comment