မှတ်ချက်။ ။ ဒီအခန်းဟာ နာမည်ကျော်ဗေဒင် ကျမ်းကြီးတွေမှာပါတဲ့
ဥပဒေကြီးတွေကို အဓိပ္ပာယ် ဖွင့်ဆိုပြီး ရှင်းလင်းပြတဲ့အခန်းဖြစ်ပါတယ်။ ကျမ်းတွေ မှာပါတဲ့
အယူအဆတွေဟာ လက်တွေ့ဗေဒင် စည်း မျဉ်းအရ ကိုက်ညီမှုရှိမရှိ စဉ်းစားနိုင်ဖို့ ဥာဏ်လမ်း
ဖွင့်ပေးတဲ့ အခန်းဖြစ်ပါတယ်။ ဒီနည်းမျိုးကို ဆရာကြီး ဦးသိန်းဖေက ဝေဒဟေတုဆိုတဲ့ကျမ်းမှာ
ရှင်းလင်း ဖော်ပြဖူးပါတယ်။
စိတ်ဝင်စားစရာအကောင်းဆုံးကတော့ တစ် လဂ်ချင်းက
အဓိပ္ပာယ်ဖော်တာပါပဲ။ ကျမ်းတွေ ကတော့ဆိုကြမှာပဲ။ တစ်ခါတစ်ရံ ကျမ်းအဆိုနဲ့ လက်တွေ့မှာ
မကိုက်ညီတာတွေက အများကြီးပါ။ ကျမ်းက မှားတာမဟုတ်ပဲ ဘာသာပြန်တဲ့သူ၊ အဓိပ္ပာယ်ပြန်ရှင်းတဲ့
သူရဲ့ မကျေလည်မှုတွေပါ။ ဗေဒင်ပညာဟာ နည်းနည်းတိမ်းစောင်းတာနဲ့ ရေရေ လည်လည် ကွဲနိုင်တဲ့
ပညာရပ်ဆိုတော့ အမှား အယွင်း အတိမ်းအစောင်းမခံတဲ့ ပညာရပ်လို့ ဆိုနိုင် ပါတယ်။
ဒီအခန်းကတော့ စောစောက ပြောခဲ့တဲ့ အတိုင်းပဲ
လဂ်တစ်လဂ်ချင်းက ထူးခြားတဲ့ အဟော တွေကို ဟုတ်မဟုတ် ဝေဖန် စဉ်းစားနိုင်အောင် အဓိပ္ပာယ်ဖွင့်ဆိုပေးပြီး
အဲဒီလဂ်ကို မိတ်ဆက်ပေး တဲ့အခန်းပဲ ဖြစ်ပါတယ်။ အခုဆိုယင် မိန်လဂ်ပေါ့ လေ။ တစ်ရာသီချင်းပြေပြလာလိုက်တာ
အခုတစ် ဖြည်းဖြည်းနဲ့ နောက်ဆုံးရာသီအထိ ရောက် လာ ပါပြီ။ ကဲ မိန်လဂ်ကတော့ဘာများ ထူးခြားသလဲ
ဆိုတာ ကျွန်တော်တို့ လေ့လာကြည့်ကြရအောင်။
ဥပဒေ(၁)။ ။ မိန်လဂ်မှာ တနင်္ဂနွေနဲ့ပူးပြီး ၉တန့် မှာ ရာဟု
-၅-တန့်မှာ အင်္ဂါရှိယင် ဇာတာ ရှင်ဟာ စဉ်းစားတွေးခေါ်မှုမှာ လျင်မြန်ဖြတ်လက်စွာ ဆုံးဖြတ်
နိုင်ခြင်းမရှိပဲ စကားပြောဆိုရာမှာ ရိုင်းစိုင်းမယ်။
အဓိပ္ပာယ်ဖွင့်ဆိုချက်။ ။ ဒီဥပဒေအရဆိုယင် ဥပမာ ဇာတာပုံစံဟာ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
လဂ်နဲ့ တနင်္ဂနွေပူးထားပါတယ်။ ဂြိုဟ်တိုင်း
သူတို့နဲ့ ပတ်သက်တဲ့သဘာဝအလျောက် တနင်္ဂ နွေမှလည်းကောင်း၊ လဂ်မှလည်းကောင်း စဉ်းစား ခွင့်ရှိတယ်လို့
ပညာရှင်တွေက ရာသီသခင်ဖြစ်ယင် အဲဒီဂြိုဟ်ပိုင် ဘာဝနဲ့ အိမ်ရှင်ဂြိုဟ်ရဲ့ သဘော တရားကို
ရာဟု(သို့မဟုတ်) ကိတ်က အကျိုးပေး ၃မျိုးဖြစ်ပေါ်စေပါတယ်။ ဒီသဘောတရားအရ ဂြိုဟ် ဟာ အောက်ပါအတိုင်း
(၃)မျိုး အကျိုးပေးပါလိမ့် မယ်။
(က) ရပ်တည်ရာသီသခင်ဂြိုဟ်နဲ့
ဆိုင်ပါ တယ်။
(ခ) တနင်္ဂနွေမှ
ရပ်တည်ရာ ဘာဝသခင် နဲ့ ဆိုင်ပါတယ်။
(ဂ) အဲဒီရပ်တည်တဲံ
ရာသီကနဲ့လဲ ရာဟုကိတ်တို့နဲ့ ဆိုင်ပါတယ်။
အဲသလို ရာဟု၊ ကိတ်ရပ်လာတဲ့ ဘာဝ သခင်ကို ကြည့်တဲ့အခါ
သာမန်ရပ်တည်သလို မဟုတ်တော့ပဲ သူတို့ရဲ့အားရှိ အားမဲ့ဟာ ခွန်းနဲ့ အားနဲ့ ပြင်းပြင်းထန်ထန်
ကြီးမားလာတယ်ဆိုတာ သိရပါတယ်။
လဂ်နဲ့ တနင်္ဂနွေပူးပြီး ၉တန့်မှာ ရာဟု ရပ်ရမယ်လို့ဆိုပါတယ်။
၉တန့်သခင် အင်္ဂါကို ကြည့်ယင် အင်္ဂါဟာ လဂ်နဲ့ တနင်္ဂနွေမှာ ၅တန့်မှာ သွားရပ်နေပါတယ်။ (၅
တန့်ဆိုတာလဲ ၉တန့်ရဲ့ ၉တန့်သာဖြစ်ပါတယ်။) ဒါကြောင့် ၉တန့်မှာလဲ ရာဟုအင်္ဂါဟာ အင်မတန်အားကြီးမားနေပါတယ်။
အကျိုး ၃ပါးကို တစ်ပြိုင်နက်လုပ်ပါလိမ့်မယ်။
တကယ်လို့ လဂ်နဲ့တနင်္ဂနွေ၊ တနင်းလာ မပူးးပဲ
၉တန့်မှာလဲ ရာဟု မရှိဘူးဆိုယင် အင်္ဂါကို သာမန်သာ စဉ်းစားရမှာဖြစ်ပါတယ်။ ပြီးတော့ ၉တန့်
ဘာဝသခင်ဟာ ၅တန့်သခင်လဲ ဖြစ်တဲ့အတွက် ရပ်တည်တဲ့ ၅တန့်အတွက်လဲ ပိုပြီး လေးနက် ပါတယ်။
အင်္ဂါဟာ ၅တန့်မှာ နိစ်မူခြင်းဟာ စကား ပြောရိုင်းစိုင်းမှု၊
ကောက်ကျစ်မှု၊ ယုတ်မာမှုတွေ ဖြစ်စေပါတယ်။ ၅တန့်မှာ ရပ်တဲ့အင်္ဂါဟာ ၉တန့် ပိုပိုင်ဆိုင်ရာ
၅တန့်နဲ့ ၉တန့်သဘောတရားအရ ရိုင်းစိုင်းမှုကို ဖြစ်စေပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ညံ့ဖျင်းစေပါတယ်။
စကားပြောတဲ့နေရာမှာ ရိုင်းစိုင်း မယ်လို့
ဆိုရခြင်းဟာ ၉တန့်သခင်နဲ့ ၂တန့်သခင်ဟာ အင်္ဂါသခင်ဟာ အင်္ဂါပဲဖြစ်ပြီး အင်္ဂါဟာ နိစ်မူနေလို့ပါ။
၂တန့်ဟာ စကားနဲ့ပတ်သက်လို့ ဒီအဆိုအမိန့်ကို ဆိုခဲ့တာပါ။ စကားပြောချိုပေမယ့် နိုင်လိုမင်းထက်
ပြောတာတို့၊ လိမ်ပြောတာ၊ ခနဲ့တဲ့တဲ့ပြောတာလို့ ဖြစ်တတ်ပါတယ်။
အဲဒီသဘောတရားကို ကျေညက်အောင် လေ့လာပါ။ ဒီဥပဒေသနဲ့
ပတ်သက်လို့ စိတ်ဝင် စားစာရာကောင်းတဲ့ ဇာတာတစ်စောင်ကို ဥပမာ အဖြစ်တင်ပြပါမယ်။ အဲဒီဇာတာရှင်
ပုဂ္ဂိုဟ် ဂျာမန် ဂယ်စတာပို တစ်ဦးရဲ့ ဇာတာဖြစ်ပြီး သူဟာ ရက်စက် ရာမှာ နှစ်ယောက်မရှိ၊
သူ့ ပါးစပ်ပပေးခဲ့တဲ့ အမိန့် ကြောင့် ဂျူးလူမျိုးသန်းပေါင်းများစွာ အသတ်ခံရ ပါတယ်။
ဒါဟာ စိတ်ပိုင်းဆိုင်ရာ ညံ့ဖျင်းမှုကြောင့်
ဖြစ်တယ်ဆိုတာ ပေါ်လွင်နေပါတယ်။
လဂ်နဲ့ စန်းပူးလို့ လဂ်ရဲ့အားကို ဖြစ်စေ
ပါတယ်။ ၃တန့်မှာ ကိတ်ရပ်ပြီး ကာရကဂြိုဟ် ကြာသပတေးကို ရာဟုကြပ်ထားပါတယ်။ အင်္ဂါဟာ လဂ်ရောစန်းမှာပါ
၉တန့်သခင်ဖြစ်ပြီး ရာဟုမှ ၉တန့်မှာ ရပ်ခြင်းအတွက် အင်္ဂါဟာ အား ၃ပါး ရပါတယ်။
၉တန့်ဟာ စိတ်ပိုင်းဆိုင်ရာ ဘာဝရော၊ ဘာသာရေး
အယူဝါဒဆိုင်ရာ ဘာဝပါဖြစ်ပါတယ်။ ၉တန့်ကို ဖျက်စီးလိုက်တဲ့အတွက် ဘာသာရေး အယူဝါဒကြောင့်
ဂျူးတွေကို မုန်းတီးပြီး လူသတ် ပွဲကြီးကို ကမ္ဘာတုန်အောင် ကျူးလွန်ခဲ့ကြတာပါ။
အဲသလို ကျူးလွန်ဖြစ်အောင်လဲ သတ်ဖြတ် ရာမှာ
စိတ်ဓာတ်ထက်သန်စေတဲ့အင်္ဂါဟာ နိစ်မူပြီး ၅တန့်မှာ သွားရပ်နေပါတယ်။ ရဲစွမ်းသတ္တိ၊ လက်နက်၊
စိတ်လိုလက်ရောက် စသဖြင့်တို့ကို ဖန်တီးပေးတဲ့ ၃တန့်ဘာဝနဲ့ ၃တန့်ဘာဝသခင် သောကြာဟာလဲ
အား၃ခုထားပါတယ်။
လဂ်စန်းမှ ၃တန့်သခင်ဟာ ၆တန့်မှာရပ်မှုနဲ့
၃တန့်မှာ ကိတ်ရပ်မှုတို့ဖြစ်ပါတယ်။ အား ၃ပါး ရထားတဲ့ သောကြာဟာ ရက်စက်ကြမ်းကြုတ်မှု၊ သတ်ဖြတ်မှုကို
ပြုလုပ်မယ့် ၆တန့်မှာ သွားရပ် နေပါတယ်။
စိတ်ချမ်းမြေ့မှုကိုပေးတဲ့ ဗုဒ္ဓဟူးဂြိုဟ်ကိုလဲ
အင်္ဂါဟာ နိစ်မူပြီး ၄တန့်အမြင်နဲ့ မြင်ထားပါတယ်။ ဒါကြောင့် ပိုပြီး စိတ်လိုလက်ရောက်
အမိန့်ပေး သတ်ဖြတ် နေခဲ့တာဖြစ်ပါတယ်။
ဥပဒေသ(၂)။ ။ မိန်လဂ်၊ ၄တန့်မှာ စနေရှိပြီး တနင်းလာ၊ ကြာသပတေး၊
ဗုဒ္ဓဟူး၊ တနင်္ဂနွေတို့ဟာ ၆တန့်မှာ ရှိခဲ့ယင် ဇာတာရှင်ဟာ ခက်ခက်ခဲခဲ အလုပ်တွေ လုပ်လိုမှုကြောင့်
လုပ်ယင်းကနေပြီး ရှုးသွတ်သွားနိုင်တယ်။
အဓိပ္ပာယ်ဖွင့်ဆိုချက်။ ။ ဒီဥပဒေသနဲ့ ပတ်သက်လို့ နမူနာဇာတာခွင် အောက်ပါအတိုင်း
ဖြစ်ပါတယ်။
ခက်ခဲတဲ့အလုပ်ကို လိုချင်တာနဲ့ ပတ်သက် ပြီး
လွယ်လင့်တကူပဲ သိနိုင်ပါတယ်။ လဂ်သခင်ဟာ စိတ်ပိုင်းဆိုင်ရာဂြိုဟ်တနင်းလာနဲ့ ပူးပြီးသူ့ရဲ့
ဥာဏ် ကျက်စားရာကို ပေးတဲ့ ဗုဒ္ဓဟူးနဲ့ပါ ပူးထားတာ အလုပ်သမား ဘာဝ၊ ပင်ပန်းမှု ဘာဝဖြစ်တဲ့
၆တန့် မှာ သွားရပ်နေတာမို့ပါ။
(က) လဂ် ဦးနှောက်
(ခ) ၄တန့် စိတ္တသုခဘာဝ
(ဂ) ၇တန့်
စဉ်းစားတွေခေါ်မှုနဲ့
အသိဥာဏ်
(ဃ) စန်း စိတ်လှုပ်ရှားမှုနဲ့ဆန္ဒ
(င) ဗုဒ္ဓဟူး အသိဥာဏ်ဂြိုဟ်
ဒီအချက်ကို အမြင်ဆိုးကြုံယင် ရူးသွပ် လောက်အောင်ဖြစ်တဲ့
အခြေအနေထက် ပိုဆိုးတတ် ပါသေးတယ်။ ဒီဥပဒေမှာဆိုယင် ဒီ ၅ချက် စလုံး ပျက်နေပါတယ်။
(က) လဂ်ကို စနေက ၁၀တန့်နဲ့ မြင်ထားပြီး လဂ်သခင်ကို
၃တန့်နဲ့ မြင်ထားပါတယ်။
(ခ) ၄တန့်မှာ ပါပဂြိုဟ်တွေရပ်ပြီး ၄တန့်
သခင် ဗုဒ္ဓဟူးကို စနေက ၃တန့်အမြင်နဲ့ မြင်ထား ပါတယ်။
(ဂ) ၅တန့်ဘာဝကို စနေကတဘက်၊ ခိဏ စန်းနဲ့ တနင်္ဂနွေက
တဘက် ညှပ်ထားတဲ့ အတွက် ပါပကက္ကရီသင့်နေပါတယ်။
(ဃ) စန်းကို စနေက ၃တန့်နဲ့ အမြင်နဲ့ မြင်ထားပါတယ်။
ဒီအချက်တွေကြောင့် ရူးသွပ် စေနိုင်ပါတယ်။
(င) ဗုဒ္ဓဟူးကို စနေက ၃တန့်အမြင်နဲ့ မြင်းထားပါတယ်။
ဒီအချက်တွေကြောင့် ရူးသွပ် စေနိုင်ပါတယ်။
ဥပဒေသ(၃)။ ။ မိန်လဂ်၊ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာတို့ပူးပေါင်းပြီး
စနေဂြိုဟ်ကပူးယင် သော် လည်းကောင်း၊ မြင်ယင်သော်လည်းကောင်း၊ စလယ် ၀င်ဖင်မမည်းခင်က လင်မယား
ကွဲပါလိမ့်မယ်။
အဓိပ္ပာယ်ဖွင့်ဆိုချက်။ ။ ဒီ ဥပဒေသနဲ့ ပတ်သက် လို့ ဥပမာပြဇာတာဟာ
အောက်ပါအတိုင်းဖြစ်ပါ တယ်။
၇တန့်နဲ့ ပတ်သက်ယင် မိန်လဂ်ဟာ ဓနုလဂ်လိုပဲ
သီးခြားသဘောကို ဆောင်ပါတယ်။ ဒီ လဂ် ၂ပါးစလုံးရဲ့ ၇တန့်ဘာဝဟာ ဗုဒ္ဓဟူးပဲ ဖြစ်ပါတယ်။ အဲဒီ
ဗုဒ္ဓဟူးကို အမြင်ဆိုးကြုံခဲ့ယင် ဇာတာရှင်ရဲ့ဘ၀မှာ လက်ထပ်ပြီး သိပ်မကြာခင် မကောင်းကျိုးကို
ခံစားရတတ်ပါတယ်။ အဲ့ဒီ စနေဟာ ၇တန့်သခင် ဗုဒ္ဓဟူးနဲ့ မယားဂြိုဟ် သောကြာတို့ကို မြင်ထားပါတယ်။
မှတ်ဖို့က မယားနဲ့ ပတ်သက်တဲ့ ဂြိုဟ် နှစ်လုံး
သောကြာနဲ့ ဗုဒ္ဓဟူးဟာ ပါပဂြိုဟ် တနင်္ဂနွေ နဲ့ပူးပြီး စနေရဲ့ အမြင်အယှဉ်ခံရမှုကြောင့် စောစော
ကွဲရမယ်လို့ ဆိုတာပါ။
(စနေနဲ့ တနင်္ဂနွေဟာ ဘယ်လောက်ဆိုးတဲ့ မာရကသခင်၊
ဒုဌာနသခင်၊ ဗဓကသခင် ဖြစ်လင့် ကစား ဇာတာရှင်ကို မသတ်ပဲ အန္တရာယ်လောက် ကိုသာ ပေးလေ့ရှိပါတယ်။
ကွဲသွားစေမှု၊ ခွဲခွာရမှုကို သာ ပြုလုပ်ပေးပါတယ်။
ဥပဒေသ(၄)။ ။ မိန်လဂ် ၂တန့်မှာ တနင်္ဂနွေဥစ်မူပြီး သောကြာနဲ့ ပူးတာကို
အင်္ဂါက ၁၁တန့်မှ မြင်ယင် ဇာတာရှင်ဟာ သီချင်းအဆိုကောင်းသူဖြစ်မယ်။
အဓိပ္ပာယ်ဖွင့်ဆိုချက်။ ။ ဒီ ဥပဒေသရဲ့ သဘော တရားဇာတာပုံစံက အောက်ပါအတိုင်းဖြစ်ပါတယ်။
၂တန့်ဟာ အသံရာသီ ဖြစ်ပါတယ်။ ၂တန့် အားကြီးပြီး
အနုပညာဘာဝနဲ့ ပေါင်းစပ်ယင် သီချင်း အဆိုကောင်းသူတစ်ယောက် ဖြစ်နိုင်ပါတယ်။ ဒီဥပ ဒေသမှာ
၂တန့်မှာ တနင်္ဂနွေဥစ်မူခြင်းအားဖြင့် စကားဘာဝ၊ အသံဘာဝဟာ အားပြည့်စုံပြီး အနု ပညာသဘောကို
ဆောင်နေပါတယ်။ အနုပညာ ကာရကဖြစ်တဲ့ သောကြာနဲ့လာပူးလိုက်တဲ့အခါမှာ တနင်္ဂနွေဟာ စကားဘာဝမှာ
သောကြာရဲ့ အားကိုရပြီး ဂီတ၊ သီချင်းအဖြစ်၊ အဖြေထွက်လာ ပါတယ်။ ဒီနေရာမှာ မှတ်သားဖို့က
၂တန့်မှာ ဂြိုဟ်တစ်လုံး ဥစ်မူရုံအားကို ပိုပြီး ဖြည့်စွမ်းပေး ထားပါတယ်။
(ဂြိုဟ်တစ်လုံးဟာ ဥစ်မူပြီး ရပ်တည်နေယင်
အဲဒီဥစ်မူတဲ့ ရာသီသခင်ဂြိုဟ်ကလဲ အပြန်အလှန် ဥစ်မူနေယင် အဲဒီ အတန့်နဲ့ ပတ်သက်လို့ အင်မတန်အကျိုးပေးပါတယ်။)
ဒီ ဥပဒေသကို အထူးမှတ်သားထားပါ။
ဥပဒေသ(၅)။ ။ မိန်းမဇာတာမှာ မိန်လဂ်ဖြစ်ပြီး ၁၂တန့်မှာ စနေ၊ ရာဟု၊
တနင်္ဂနွေရှိယင် ဇာတာ ရှင်နဲ့ ယောက်ျားက ကိုယ့်ဇနီးနဲ့ ပေါင်းသင်းယင်း က တခြားမိန်းမတစ်ယောက်ကို
လက်ထပ်ယူ လိမ့်မယ်။
အဓိပ္ပာယ်ဖွင့်ဆိုချက်။ ။ ဒီဥပဒေသအရ ဆိုယင် အောက်ပါဇာတာပုံစံအတိုင်းဖြစ်ပါတယ်။
၁၂တန့်ဘာဝဟာ ကာမဂုဏ် သာယာမှု(၀ါ) လိင်ဆက်ဆံရေးဘာဝဖြစ်ပါတယ်။
အဲဒီအတန့်မှာ သူစိမ်းတရံဆံလွှမ်းမိုးမှု(၀ါ)ကြားလူပါဝင်မှုကိုဖြစ်စေတဲ့ ရာဟု၊ ကိတ် ၆တန့်၊
၁၁တန့် (၆တန့်မှ ၆တန့်သခင်)တို့ ပါဝင်လာယင် တခြားလူက ကိုယ့်နေရာကို ၀င်လုမယ်ဆိုတာ ပြောနိုင်ပါတယ်။
လူတွေက ၆တန့်၊ ၁၁တန့်၊ ရာဟုနဲ့ ကိတ်ကို နိုင်ငံခြားသားလို့ပဲ
သိကြပါတယ်။ နိုင်ငံခြား သားဆိုကတည်းက 'တခြားလူ' ဆိုတာ နားလည် သင့်ပါတယ်။ ဒါကြောင့်
ဒီဇာတာရှင် မိန်းမရဲ့ အိမ်ထောင်ရေးသုခထဲ (၀ါ) ၁၂တန့်ဘာဝအရ တခြားလူဝင်လာလိမ့်မယ်။ ကြားလူ
ဝင်လာမယ်လို့ ပြောနိုင်ပါတယ်။
တခြား မိန်းမက ကိုယ့်ခင်ပွန်းနဲ့အတူ စားစား
သွားသွား နေမယ်ဆိုတော့ ဒီဇာတာရှင်ဟာ တစ်ခု လပ်(သို့မဟုတ်) အသက်ရှင်လျက်နဲ့ ကွဲကွာနေရမှု
တွေကို ရမှာ ဧကန်မလွဲပါဘူး။
ဒီအချက်နဲ့ ပတ်သက်လို့လဲ့ သဗ္ဗတ္ထစိန္တာ မဏိ
ဗေဒင်ကျမ်း အခန်း ၅၊ ဂါထာ ၇၃မှာ အောက်ပါအတိုင်းဟောကိန်းထုတ်ပြထားပါတယ်။
၆တန့်သခင်ဟာ ၄တန့်၊ ၉တန့် သခင်နဲ့ ပူးယှဉ်ယင်
ဇာတာရှင်ဟာ အဖေမပေါ်ပဲ မွေးတဲ့ ကလေးဖြစ်မယ် (သို့မဟုတ်) တိတ်တိတ်ပုန်း ရတဲ့ ကလေးဖြစ်မယ်။
၁၁တန့်ဟာလည်း နိုင်ငံခြားနဲ့ ပတ်သက် တာ ၆တန့်မှာ
၆တန့်ဘာဝဖြစ်လို့ပါ။ ဒီ ဥပဒေသမှာ ၁၂တန့်ဘာဝမှာ ၆တန့်သခင်၊ ၁၁တန့်သခင်တွေ ရှိတဲ့အပြင်
ရာဟုပါ ၀င်ပါလိုက်တော့ နဂိုမယားကို ထားပြီး အပိုမယားဆီသွားတာ ဖြစ်ပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် ဂြိုဟ်တွေဟာ ဘာဝကို
စိုးမိုးခြယ်လှယ်နေလေ့ရှိတယ်ဆိုတာ ပြော နိုင်ပါတယ်။
အခု ရှင်းပြခဲ့တာတွေဟာ မိန်လဂ်အတွက် အရေးကြီးတဲ့
ဥပဒေသတွေကို ရှင်းပြတာ ဖြစ်ပါ တယ်။ အခုဆက်လက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဥပဒေသတွေကို
ရှင်းပြပါမယ်။ ဒါပေမယ့် အဓိပ္ပာယ် ဖွင့်ဆိုမှု မပြုတော့ပါ။ ကိုယ့် ဘာသာကိုယ် စဉ်းစားဖို့
ဂယ်ပေါက်အဖြစ်ထားခဲ့လိုပါတယ်။
မိန်လဂ်အတွက် အရေးကြီးတဲ့ ဥပဒေသများ
(အားလုံး
မိန်လဂ်အနေနဲ့ မှတ်သားထားပါ။)
၁။
ကြာသပတေးဟာ လဂ်သခင်နဲ့ ၁၀တန့် သခင်ဖြစ်လို့ အားကောင်းစွာနဲ့ ရပ်တည်ယင် ဇာတာရှင်ကိုကြီးမားတဲ့အောင်မြင်မှုကို
ပေးတတ်ပါ တယ်။
၂။
၁၀တန့်သခင်နဲ့ လဂ်သခင်ဖြစ်တဲ့ ကြာသပတေး နဲ့ ၂တန့်နဲ့ ၉တန့်သခင်ဖြစ်တဲ့ အင်္ဂါ ကို ပူးယှဉ်ခဲ့
ပြီး အတန့်အနေကောင်းယင် ကြီးမား တဲ့ဘွဲ့ထူး ဂုဏ်ထူးတွေကို ရနိုင်ပါတယ်။
၃။
၅တန့်သခင် တနင်းလာနဲ့ ကြာသပတေးနဲ့ သော်လည်းကောင်း၊ အင်္ဂါနဲ့သော်လည်းကောင်း ပရိဝတ္တသမ္ဗန္ဗပြုထားယင်
ရာထူးကြီးတစ်ခုကို ရလိမ့် မယ်။
၎။
တနင်းလာ၊ အင်္ဂါ၊ ကြာသပတေးတို့ ပူးခဲ့ယင် ထူးခြားတဲ့မဟာရာဇယုဂ်ကို ရထားတဲ့ အတွက် ရာထူးရာခံ
တစ်ခုကို လက်ခံရရှိမယ်။
၅။
ဗုဒ္ဓဟူးဟာ ၄တန့်နဲ့ ၇တန့်ကို ပိုင်ဆိုင်သူဖြစ်ရာ မိမိအိမ်မှာရပ်ရပ်၊ တခြားကိန်းတြိကောဏအိမ်မှာရပ်ရပ်
ရပ်ခဲ့ယင် အချစ်ရေး အိမ်ထောင်ရေးတို့မှာ ကောင်းစားမယ်။
၆။
တကယ်လို့ ဗုဒ္ဓဟူးဟာ ၂တန့်၊ ၆တန့်၊ ၈တန့်၊ ၁၂တန့်မှာ သွားရပ်တည်ယင် သူ့ဒသာမှာ သေဆုံး
လိမ့်မယ်။
၇။
၃တန့်၊ ၈တန့်ပိုင်ဖြစ်တဲ့ သောကြာဟာ မကောင်းတဲ့ဘာဝမှာ ရပ်မယ်။ မကောင်းတဲ့ ဂြိုဟ် တွေနဲ့ယှဉ်ခြင်း၊
ပူးခြင်းအမြင်ခံရခြင်းတွေ ရှိခဲ့ယင် ဇာတာရှင်ကို သူ့ဒေသာမှာ သတ်မယ်။
၈။
သောကြာဟာ လဂ်နဲ့ပူးခြင်းလဂ်ရဲ့ ၇တန့်မှာ ရပ်တည်ခြင်းရှိယင် ကောဇောမှာ သောကြာဟာ လဂ်ကို လည်းကောင်း၊ သမသတ်ကို၎င်း စီးနင်း
ချိန်မှာ ဇာတာရှင် သေဆုံးတတ်တယ်။
၉။
၁၁တန့်နဲ့ ၁၂တန့်သခင်ဖြစ်တဲ့ စနေဟာ မကောင်းတဲ့ အတန့်ပိုင်ရှင်ဖြစ်ပေမယ့် ရပ်တည်တဲ့
အတန့်ဘာဝကောင်းယင် အထူး အချိန်ပေးပါတယ်။ (ဓနုလဂ်နဲ့ ပတ်သက်ပြီး ရှင်းပြခဲ့တာကို ပြန်
လေ့လာပါ)
၁၀။
တနင်္ဂနွေဟာ ၆တန့်သခင်ဖြစ်ရာကောင်းတဲ့ အတန့်တွေမှာ ရပ်ခြင်း၊ ကောင်းတဲ့ ဂြိုဟ်တွေနဲက
ပူးယှဉ်ခြင်းရှိခဲ့ယင် ရာထူးရာခံရရှိခြင်း၊ စစ်ဘက်မှာ အကျိုးပေးခြင်း၊ ဆရာဝန်ဖြစ်ခြင်းများဖြစ်မယ်။
စိတ်ဝင်စားစရာကောင်းတဲ့ မိန်လဂ်ကို ခင်ဗျားတို့
ကျွန်တော်တို့ သိခွင့်ရပါပြီ။ ဒါဟာ နောက်တစ်လှမ်းလှမ်းဖို့အတွက် ပထမခြေလှမ်းသာ ဖြစ်တယ်။
ပြည့်စုံပြီလို့ မထင်ပါနဲ့။ အများကြီး ကျန် ပါသေးတယ်။ ကြုံယင် ကြုံသလိုရှင်းပြပါဦးမယ်။
3 Response to မိန်လဂ်နဲ့ နက္ခတ်ဗေဒင်
ကုမ်လဂ်အကြောင်းလည်းသိချင်ပါတယ်ခင်ဗျာ
ကျေးဇူးပါပဲ
စာအုပ်မှာလို့ရလားဗျ
Add Your Comment