၁။ အားလုံးကောင်းတယ်ဆိုတာကိုယ်ကောင်းမှဖြစ်တာပါ။ ၂။ ကိုယ့်လုပ်ရပ်ကို သူများအားကျအောင် လုပ်နိုင်ဖို့ လိုတယ်။ ၃။ ကျုပ်သေသွားရင်ကျုပ်ဘာတွေ လုပ်ခဲ့သလဲဆိုတာ ကျုပ်ရဲ့စာအုပ်တွေက ခင်ဗျားတို့ကိုပြောပြပါလိမ့်မယ်။ ၄။ သိထားတဲ့အခါမှာကျေနပ်နေရင် သိထားတာနဲ့ပဲ ကိစ္စပြီးသွားလိမ့်မယ်။ ၅။ နည်းနည်းလေးမှားတာကို ခွှင့်လွှတ်ခဲ့ရင် မဟာအမှား ကြီးဖြစ်သွားလိမ့်မယ်ဆိုတာ ကြပ်ကြပ်သတိထား။ ၆။ ဘာပဲကုန်သွား ကုန်သွား၊ ကျုပ်ဆီမှာ အမြဲရှိနေတာက မျှော်လင့်ချက်ပဲ။ ၇။ မြင့်မြတ်ချင်ရင်မြင့်မြတ်တဲ့အလုပ်ကိုလုပ်ရပါမယ်။ ၈။ လုပ်မယ်လို့စိတ်ကူးရဲရင်အဲဒီ့အလုပ်ဟာအောင်မြင်ဖို့ သေချာသွားပြီလို့ ကျုပ်ယုံကြည်တယ်။ ၉။ မောပြီဆိုပြီး သွားမရပ်လိုက်နဲ့။ ပိုပြီးမောသွားလိမ့်မယ်။ ဆက်သာလုပ်။ အောင်မြင်တဲ့အခါ သူ့ဘာသာသူ အမောပြေသွားလိမ့်မယ်။ ၁၀။ တန်ဖိုးဆိုတာ သိတဲ့လူအပေါ်မှာပဲ တည်တယ်။ မသိတဲ့ လူတွေအတွက် ဘာမှတန်ဖိုးမရှိဘူး။ ၁၁။ မုန်းတဲ့လူကမချစ်တာထက်၊ ချစ်တဲ့သူတွေက မမုန်းဖို့ ကျုပ်မှာတာဝန်ရှိတယ်။ ၁၂။ အခွင့်အရေးရယ်၊ အချိန်အခါရယ်၊ ပံ့ပိုးမှုရယ်၊ စိတ်ဆန္ဒရယ်မပါဘဲ ဘယ်အလုပ်မှ မအောင်မြင်ဘူး။ ၁၃။ ပြီးပြီးရောလုပ်ခဲ့တဲအလုပ်တွေအားလုံးဟာနောင်လာနောက်သားတွေကိုချောက်တွန်းခဲ့တာပဲဖြစ်တယ်။ ၁၄။ လုပ်ပြီဆိုကတည်းက သမိုင်းတင်ချင်လို့ပဲ။ ၁၅။ မြင့်မြင့်ပျံရင်တော့ များများမောမှာပဲ။ များများမောမှလည်း မြန်မြန်ရောက်မယ်။ ၁၆။ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာရိုးသားစွာ လိပ်ပြာသန့်နေရင် ဘယ်သူ့ကိုမှ မှုစရာမလိုဘူး။ ၁၇။ မကောင်းဘူးလို့တစ်သံတည်းမထွက်သရွေ့ ကိုယ်လုပ်တဲ့အလုပ်ဟာ ကောင်းနေတယ်လို့ ကျုပ်ယူဆထားတယ်။ ၁၈။ လုပ်ချင်သလောက် မလုပ်နိုင်သေးရင် လုပ်နိုင်သလောက် လုပ်ထားမှာပဲ။ ၁၉။ ရန်သူတစ်ယောက်ထက်၊ ပတ်ချာလည်ဝိုင်းနေတဲ့မိတ်ဆွေတုတွေကို ကျုပ်ကပိုကြောက်တယ်။ ၂၀။ လုပ်ကြည့်လို့မှားသွားရင် ၀မ်းသာပေတော့။ ၂၁။ နှိုက်သလောက်ရတာ ပညာပါပဲ။ ၂၂။ ဘယ်ကိစ္စကိုမဆို ပီပီပြင်ပြင် မတီထွင်နိုင်ရင် ရယ်ချင်စရာဖြစ်သွားမှာ။ ၂၃။ သူများလုပ်ပြတာတွေကို အားရစရာမလိုဘူး။ အားကျဖို့ပဲလိုတယ်။ ကိုယ်တိုင်လုပ်နိုင်ဖို့လိုတယ်။ ၂၄။ လုပ်ခဲ့တာတွေအပေါ်မှာ ယစ်မူးမနေဘူး။လုပ်ချင်တာတွေအပေါ်မှာ စိတ်ကူးမယဉ်ဘူး။ လုပ်နေတာတွေအပေါ်မှာဘဲ ကျေနပ်တယ်။ ၂၅။ တစ်လောကလုံးမှာ လုံခြုံတဲ့နေရာဟာ စိတ်ထဲမှာပဲရှိတယ်။ ၂၆။ ကိုယ်ဘာလုပ်နေသလဲဆိုတာ သူများသိဖို့မလိုဘူး။ ကိုယ်သိဖို့ပဲလိုတယ်။ ၂၇။ မျက်စိကန်းတာအရေးမကြီးဘူး၊ စိတ်ဓါတ်မကန်း ဖို့အရေးကြီးတယ်။ ၂၈။ လက်ခုပ်တီးတိုင်း ကိုယ့်ကိုအားပေးတယ်မထင် နဲ့၊ ကိုယ့်ကိုတောထုတ်တာလဲဖြစ်နိုင်တယ်။ ၂၉။ ပညာလိုချင်ရင် မာနထား၊ ပညာပေးချင်ရင် မာနချ၊ ဒါမှပညာရှင်ဖြစ်တယ်။ ၃၀။ ၀ိုင်းမြှောက်တိုင်း မြှောက်သွားရင် ပေါက်သွားမှာ လဲ သတိထားဦး။ ၃၁။ ကြိုက်နေတယ် ဆိုတာ အားလုံးကောင်းနေလို့ ဆိုပြီးမထင်နဲ့။ သူ့အတွက် ကြိုက်တာလား၊ ကိုယ့်အတွက် ကြိုက်တာလား၊ စဉ်းစားကြည့်။ ၃၂။ ကိုက်မယ့်အလုပ်ထက် ကြိုက်တဲ့အလုပ်ကိုလုပ် ရတာ ကျုပ်ပိုပျော်တယ်။ ၃၃။ လုပ်နိုင်သလောက်ကိုပဲပြော၊ ပြောသလောက်မ လုပ်နိုင်ရင် ကွယ်ရာမှာ ရယ်စရာဖြစ်နေမယ်။ ၃၄။ လမ်းမြင်တာနဲ့ ပန်းဝင်ပြီလို့မထင်နဲ့၊ အဝေးကြီး လိုသေးတယ်။ဆက်သာပြေး၊ အချိန်တန်ရောက် သွားလိမ့်မယ်။ ၃၅။ ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်းကို လိုချင်လို့မရပါ။ တန်ဖိုးကြီးကြီးပေးခဲ့မှ တန်ဖိုးရှိတာတွေ အားလုံး ရမယ်လို့ ကျုပ်ခံယူတယ်။ ၃၆။ ထီးလိုနေမလား၊ ဘိနပ်လိုနေမလား၊ လွယ်အိတ် လိုလိုက်မလား၊ ကိုယ့်အခြေအနေကို ပြတ်ပြတ် သားသား ဆုံးဖြတ်နိုင်ဖို့လိုတယ်။ ၃၇။ လမ်းသစ်ထွင်ရင် ဆူးနင်းမိမှာဘဲ။ ဆူးကြောက် ပြီးဒူးထောက်မိခဲ့ရင်မူးနောက်ပြီးလဲသွားလိမ့်မယ် ၃၈။ စိတ်မကုန်မချင်းလုပ်လို့ ကောင်းနေတဲ့ အလုပ် တွေဟာ စိတ်ကုန်သွားတာနဲ့ရပ်သွားမှာပဲ။ ၃၉။ အရိုးစူးတယ်ဆိုတာငါးစားလို့။ အမှားများတယ် ဆိုတာအလုပ်လုပ်လို့။ အဲဒါဘာဖြစ်သလဲ။ မှားစမ်းပါစေ။ ၄၀။ တမာရွက်ခါးတာ၊ သကြားချိုတာ၊ ငရုတ်သီး စပ်တာ၊ ရှောက်သီးချဉ်တာ သူတို့အလုပ် သူတို့လုပ်တာမို့ ကျုပ်ဂုဏ်ယူပါတယ်။ ၄၁။ အချိန်ကိုကိုယ်ကစောင့်ရတာ၊ အချိန်ကကိုယ့်ကို ဘယ်တော့မှမစောင့်ဘူး၊ အဲဒါသိပ်မတရားဘူး။ ၄၂။ ကကြီးကို ပက်လက်လှန်မကြည့်နဲ့၊ ကပက်လက် တော့ဖြစ်မှာမဟုတ်ဘူး၊ ယပလက်ပဲဖြစ်သွားမှာ။ ၄၃။ ပညာတော်တယ်ဆိုတာ ပညာရှာတော်တော့လို့ ပြောတာမဟုတ်ဘူး။ ဆက်ကြိုးစားဖို့ သတိပေး နေတာ။ ၄၄။ စိန်ခေါ်တယ်ဆိုတာ အနိုင်ရရေးအတွက်မဟုတ်ဘူး၊ အရှုံးမပေးဘူးဆိုတာသိဖို့အတွက်ပဲ။ ၄၅။ စာသာကောင်းပါစေ၊ ဘာလာတောင်းစရာရှိပါ့မလဲ၊ အားလုံးပြည့်စုံနေလိမ့်မယ်။ ၄၆။ ကျုပ်ရေးတဲ့စာဟာကျုပ်ဖတ်ဖို့မဟုတ်ဘူး။အားလုံးဖတ်ဖို့။ အားလုံးနဲ့တန်အောင် ကြိုးစားရမယ်။ ၄၇။ ညာစရာရှိလို့ပြင်တာကို ပညာရှိလို့ခေါ်တယ်တဲ့။ ဟုတ်လဲဟုတ်ပဲနဲ့။ ၄၈။ နောက်ဆုံးစက္ကန့်အထိပညာရပ်အပေါ်မှာရပ်တည်နိုင်ခြင်းဟာယောကျာ်းကောင်းရဲ့စိတ်ဓါတ်ပါပဲ။ ၄၉။ ပညာရပ်တစ်ခုကိုမမှန်ဘူးဆိုတာ သိနေရဲ့သားနဲ့ မှန်ပါတယ်လို့ လက်ခံနေရတာလောက် ခံပြင်းစရာကောင်းတာမရှိဘူး။ ၅၀။ ဂုဏ်ရှိအောင် ကြိုးစားတာထက် ရှိတဲ့ဂုဏ်ကို ထိန်းသိမ်းရတာ ပိုခက်တယ်။ ၅၁။ သူများလုပ်လို့ဖြစ်တာကို ၀မ်းသာနိုင်တဲ့လူဟာ သူတော်ကောင်းဖြစ်တယ်။ ၅၂။ တန်ဖိုးဆိုတာပေးတဲ့လူအပေါ်မူတည်တတ်တယ်။ ၅၃။ အောင်မြင်မှုရဲ့အောက်ကို ငုံ့ကြည့်ပါ။ ဆူးညှောင့် ခလုတ်တွေ ရှိနေပါတယ်။ အသီးစားချင်ရင်တော့ သစ်ပင် စိုက်ရမှာပဲ။ ဒါမှ ထိုက်ထိုက်တန်တန် စားရမှာပေါ့။ ၅၄။ ယုံကြည်တယ်ဆိုတာတစ်ယောက်ကတစ်ယောက်ကိုယုံရင်ကြည်တာပဲ။မယုံရင်မကြည်ဘူး။ ဟုတ်တယ်မဟုတ်လား။ ၅၅။ ခေါင်းမာတာကို အထင်မကြီးဘူး။ စိတ်ဓါတ်ခိုင်မာတာကိုပဲ ကျုပ်ကလေးစားတာ။ ၅၆။ လုပ်ပြနိုင်တာအားလုံးဟာ သတ္တိတွေဖြစ်တယ်။ ၅၇။ စိတ်ကူးတွေဟာပန်းတိုင်ရောက်ဖို့ပထမခြေလှမ်းဖြစ်တယ်။ ၅၈။ ပညာဆိုတာ သိတဲ့သူတွေအတွက်သာ အသုံးကျတာ။ မသိတဲ့သူတွေအတွက် ဘာမှအသုံးမကျဘူး။ ၅၉။ ကိုယ့်ဘာသာကိုယ် ဘာလုပ်နေသလဲဆိုတာ မှန်မှန်ကန်ကန်သိရင် လူတော်ဖြစ်ပြီ။ ၆၀။ သိနေတဲ့ပညာကို မလိုချင်ဘူး၊ ရှိတဲ့ပညာကိုပဲလိုချင်တယ်။ ဒါမှအသုံးကျတာ။ ၆၁။ မနာလိုမဖြစ်နဲ့၊ လုပ်တဲ့လူဟာနေရာရမှာပဲ။ ၆၂။ အသက်ရှင်ပြီး အသိသေနေတဲ့သူမဖြစ်ရအောင် ကြိုးစားတာဟာ ကျုပ်ရဲ့အလုပ်ပဲ။ ၆၃။ မလုပ်နိုင်ဘဲ ပြောနေတာထက်၊ လုပ်ပြီးမပြောတဲ့သူကို ကျုပ်လေးစားတယ်။ ၆၄။ ဆရာမတူတာနဲ့၊ အတွေးမတူတာနဲ့၊ အပြစ်ရှာတတ်တဲ့ပညာရှိဟာ ပညာမဲ့တဲ့သူသာဖြစ်တယ်။ ၆၅။ နောက်မပင်ပန်းချင်ရင် အခုပင်ပန်းတဲ့အလုပ်တွေကို လုပ်ပါ။ ၆၆။ ပညာမှာအရှုံးမရှိဘူး၊ဆက်မလုပ်ရင်သာကိုယ်ကရှုံးတာ။ ၆၇။ ဦးနှောက်က သိလို့မရဘူး၊ နှလုံးသားကသိမှ သိတယ်လို့ခေါ်တာ။ ၆၈။ ပညာဆိုတာ အရိပ်လိုပဲ၊ ခင်ဗျားသွားရင် သူကလိုက်မယ်။ ခင်ဗျားရပ်ရင် သူကရပ်တယ်။ ၆၉။ မနိုင်မယ့်အလုပ်ကို အရင်စမလုပ်နဲ့။ လုပ်နိုင်တဲ့အလုပ်ကိုပဲစပြီးလုပ်။မနိုင်မယ့်အလုပ်ကိုဆက်လုပ်နိုင်လိမ့်မယ်။ ၇၀။ အပြောလွယ်ပေမယ့် အလွယ်မပြောပါနဲ့။ ၇၁။ ကျုပ်သေသွားခဲ့ရင် ကျုပ်ဝိဥာဉ်လေးဟာ ဗေဒင်ပညာနဲ့အတူ ခင်ဗျားဆီ ရောက်လာပါလိမ့်မယ်။

0 comments

ရောဂါတစ်ခုဖြစ်ဖူးသူများသို့

Published on Saturday, March 16, 2013 in


လူမှာသာ မျက်နှာကြီး၊ မျက်နှာငယ် လိုက်မှု ရှိပေမယ့် သေမင်းဟာ ဘယ်သူကိုမှ မျက်နှာမလိုက် ဆိုတဲ့  စကားလိုပဲ၊ ဂြိုဟ်ကဘယ်သူ့ အကြိုက် မှမလိုက်၊ ခင်ဗျားတို့ကျွန်တော်တို့ သိနေကြတာ ကြာပကောဗျာ။ ဟုတ်တယ်မဟုတ်လား။
၁။       ၉ တန့်သခင်ဟာ လဂ်(သို့) ၈ တန့်မှာ ပါပဂြိုဟ်တစ်လုံးနဲ့ ပူးယှဉ်ပြီးနေခဲ့ယင်၊ ဒါမှမဟုတ် ၁၀ တန့်ဘာဝကို ဂြိုဟ်ဆိုးတစ်လုံးက မြင်ခဲ့ယင် ဒဏ်ရာရခြင်း ကိုယ်ခန္ဓာ ချွတ်ယွင်းခြင်း၊ ခြေပြတ် လက်ပြတ်အထိ ဖြစ်နိုင်ပါတယ်။
          မှတ်ချက်။       ။ ဂြိုဟ်ဆိုးဆိုတာ ပါပဂြိုဟ်၊ ဒုဌာနသခင်ဂြိုဟ်၊ မရာကသခင်ဂြိုဟ်၊ ဗဓက သခင်ဂြိုဟ်၊ နိစ်ဂြိုဟ်တို့ ပါဝင်ပါတယ်။ အဲဒါကို အသေမှတ်ထားပါ။
၂။       လဂ်သခင်၊ အင်္ဂါနဲ့ ဗုဒ္ဓဟူးတို့ဟာ ၄တန့် (သို့) ၁၂တန့်မှာ ရပ်တည်ယင် (သို့) ၄င်းအိမ်ရှင် ဂြိုဟ်တို့နဲ့ ပူးယှဉ်ကာ ၆တန့်မှာ သွားရပ်တည်ယင် စအို၊ လိင်စသည်ဖြင့် လျှို့ဝှက်အပ်တဲ့နေရာမှာရောဂါ ဖြစ်တတ်ပါတယ်။ အရေပြားပေါ်အနာပေါက်မယ်။
၃။       တနင်းလာ၊ ဗုဒ္ဓဟူး၊ ရာဟုဂြိုဟ်တို့နဲ့ အင်္ဂါ၊ စနေ၊ တနင်္ဂနွေတို့နဲ့ ဆက်သွယ်မှုဟာ အရေးပြားပေါ်ဖြစ်တဲ့ ရောဂါအမျိုးမျိုး (ဥပမာ-ကိုယ်ပြားရောဂါ၊ ခူနာ၊ ခရုသင်း စသည်ဖြင့် ဖြစ်တတ် ပါတယ်။)
၎။       လဂ်၊ ၆တန့်သခင် တနင်္ဂနွေတို့ ပူးယှဉ် ယင်လည်း အရေးပြားပေါ်မှာ ဖြစ်လာတဲ့ ရောဂါ တွေကို ဖြစ်စေပါတယ်။
၅။       လဂ်၊ ၆တန့်သခင်နဲ့ တနင်းလာတို့ ဆက်သွယ်မှုရှိယင် ၀မ်းရောဂါ၊ ၀မ်းလျောခြင်း၊ သွန်ခြင်း၊ ဖောရောင်ခြင်းများ ဖြစ်တတ်ပါတယ်။
၆။       အင်္ဂါဂြိုဟ်နဲ့ ၆တန့်သခင် ဆက်သွယ်မှုဟာ ဒဏ်ရာ၊ အနာတရာ၊ သွေးစုနာ စသည်တို့ကို ဖြစ်စေ တတ်ပါတယ်။
၇။       ဗုဒ္ဓဟူးနဲ့ ၆တန့်သခင်တို့  ဆက်သွယ်နေမှု ဟာ စိတ်ရောဂါအမျိုးမျိုးကို ဖြစ်စေတတ်ပါတယ်။
၈။       စနေနဲ့ ၆တန့်သခင်တို့ ဆက်သွယ်နေမှု ဟာ အဆစ်အမြစ်ရောင်ခြင်း၊ အဖျားအနာရောဂါ ဖြစ်ခြင်းတို့ ဖြစ်စေတတ်ပါတယ်။
၉။       ရာဟုနဲ့ ၆တန့်သခင်တို့ ဆက်သွယ်မှုဟာ မီး၊ အဆိပ်၊ သူခိုး၊ အဆစ်အမြစ် စသည်တို့ကို ဖြစ်စေပါတယ်။
၁၀။     ၆ တန့်သခင်၊ လဂ်သခင်၊ ဗုဒ္ဓဟူးနဲ့ရာဟုတို့ ပူးနေယင် ဆီးရောဂါဖြစ်ဖို့ သေချာပါတယ်။
၁၁။     ၆တန့်သခင်နဲ့ အင်္ဂါတို့ ပူးယှဉ်မှု၊ သမ္ဗန္ဓပြုမှု၊ တစ်လုံးကိုတစ်လုံးက မြင်မှုများရှိခဲ့ယင် ဆီးအိမ် ကျောက်တည်ခြင်း၊ ဆီးပြွန်ရောင်ခြင်း၊ ဆီးအထွက် နည်းခြင်း၊ လိင်အင်္ဂါမှာ အနာပေါက်ခြင်းများ ဖြစ်တတ်ပါတယ်။
၁၂။     စနေနဲ့ ကြာသပတေးဂြိုဟ်တို့ဟာ ၃တန့် (သို့) ၉တန့်မှာရှိပြီး၊ တနင်္ဂနွေ ၈တန့် (သို့) ၁၂တန့်မှာရှိမယ်။ အင်္ဂါ၊ တနင်းလာ၊ ဗုဒ္ဓဟူးတို့ဟာ ၇တန့် (သို့) ၈တန့်မှာ ရှိခဲ့ယင် လက်ပြတ်တတ်ပါ တယ်။
၁၃။     တနင်္ဂနွေ၊ တနင်းလာ၊ ဗုဒ္ဓဟူးနဲ့ ရာဟု ဂြိုဟ်တို့ ပူးယှဉ်ပြီး လဂ်နဲ့လာပူးနေတဲ့ စနေဂြိုဟ်ကို သောမ ဂြိုဟ်တစ်လုံးက အမြင်မရှိယင် ၀မ်းဗိုက် တစ်နေရာမှ ခွဲစိတ်ကုသခံရပါမယ်။
၁၄။     တနင်္ဂနွေဟာ ၆ တန့်မှာ သောမဂြိုဟ် နဲ့သော်လည်းကောင်း၊ တစ်ခြား ပါပဂြိုဟ်တွေနဲ့ သော်လည်းကောင်း၊ ပူးယှဉ်ကာ ရန်ဂြိုဟ်တစ်လုံး လုံးရဲ့ အမြင်ခံထားရယင် စိတ္တဇရောဂါဖြစ်ခြင်း၊ သည်းချေပျက်ခြင်း၊ ၀မ်းဗိုက်မှာ ပြည်တည်သော ရောဂါများဖြစ်ပါမယ်။
(က)    တနင်းလာ ဂြိုဟ်က အထက်ပါ အတိုင်း ရပ်တည်ခဲ့ယင် အကြော အဆစ်နဲ့ပတ်သက်တဲ့ ရောဂါဝေဒနာ ကို ပြင်းပြင်းထန်ထန် ခံရပါမယ်။
(ခ)     အင်္ဂါဂြိုဟ်က အထက်ပါအတိုင်း ရပ် တည်ခဲ့ယင် သွေးတိုး၊ သွေးအား နည်းမှု၊ သွေးပေါင်တက်ကျမှုနဲ့ ပတ် သက်ပြီးဖြစ်မယ်။
(ဂ)     ဗုဒ္ဓဟူးဂြိုဟ်က အထက်ပါအတိုင်း ရပ်တည်နေခဲ့ယင် ချွဲသလိပ်ရောဂါ၊ လေရောဂါ၊ လေဖြန်းခြင်း၊ လေဖြတ် ခြင်း စသဖြင့်တို့ ဖြစ်ပါမယ်။
(ဃ)    ကြာသပတေးဂြိုဟ်က အထက်ပါ အတိုင်း ရပ်တည်နေခဲ့ယင် ယားနာ၊ သွေးစုနာများ ဖြစ်မယ်၊ သွေးမသန့် ရောဂါဖြစ်မယ်။
(င)     သောကြာဂြိုဟ်က အထက်ပါအတိုင်း ရပ်တည်ခဲ့ယင် ဆီးရောဂါ၊ ၀မ်းကိုက် ရောဂါ၊ သားအိမ်အားနည်းရောဂါ၊ ပန်းသေရောဂါ စသဖြင့် ဖြစ်နိုင်ပါ တယ်။
(စ)     စနေဂြိုဟ်ဟာ အထက်ပါ အတိုင်း ရပ်တည်ခဲ့ယင် အဆုတ်၊ သရက်ရွက် စသဖြင့် ရောဂါဖြစ်မယ်။
(ဆ)    ရာဟုဂြိုဟ်က အထက်ပါ အတိုင်း ရပ်တည်ခဲ့ယင် စိတ်ရောဂါ၊ စိတ္တဇ ရောဂါ အမျိုးမျိုးကို ခံစားရမယ်။
၁၅။     တနင်းလာနဲ့ အင်္ဂါတို့ဟာ (၆)တန့်မှာ ရပ်တည်နေယင် စိတ်ဓာတ်ရေးရာနဲ့ ပတ်သက်လို့ ပျက်ယွင်းမယ်၊ ခရုသင်းရောဂါ၊ သမင်ဖြူရောဂါ၊ သွေးတိုးရောဂါ ဖြစ်မယ်။
၁၆။     တနင်းလာ၊ အင်္ဂါ၊ တနင်္ဂနွေတို့ဟာ ၉တန့် မှာ ရပ်တည်ခဲ့ယင် လေထိုးလေနာ၊ ဒူလာ၊ ကျောက်ကပ်၊ ကျောက်ပေါင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
၁၇။     အင်္ဂါ၊ ဗုဒ္ဓဟူးတို့ဟာ ၆တန့်ရပ်ကာ တနင်း လာနဲ့ သောကြာတို့ရဲ့ အမြင်ခံခဲ့ရပြီး အင်္ဂါဂြိုဟ်က ရန်န၀င်းစီးခဲ့ယင် အဆုတ်ရောဂါ ဖြစ်မယ်။ တီဘီရောဂါဖြစ်မယ်။
၁၈။     အသက်ရှုကျပ်ခြင်း၊ ရင်ကျပ်ခြင်း၊ အဆုတ်နာ ရောဂါ၊ နှလုံးအားနည်းရောဂါ ဖြစ်လေ့ရှိတာကတော့ ၆တန့်မှာသွားရပ်နေတဲ့ စနေနဲ့မန္ဒီဂြိုဟ်ကို သောမ ဂြိုဟ်၊ မိတ်ဂြိုဟ်တို့ လုံးဝအမြင်အယှဉ် မရှိပဲ၊    တနင်္ဂ နွေ၊ အင်္ဂါနဲ့ရာဟုတို့ ဖြစ်နိုင်ပါတယ်။
၁၉။     ၆တန့်ဘာဝဟာ ရေရာသီမှာရှိပြီး တနင်းလာ ရှိနေတာ ၆တန့်သခင်ကလဲ ရေရာသီမှာ သွားရပ် ကာ ဗုဒ္ဓဟူးရဲ့ အမြင်ကို ခံထားရယင်ဆီးရောဂါ ဒုက္ခပေးပါလိမ့်မယ်။
၂၀။     ၆တန့်မှာ တနင်းလာ၊ ၈တန့်မှာအင်္ဂါ၊ ၁၂တန့်မှာ ပါပဂြိုဟ်တစ်လုံးရှိကာ လဂ်သခင်ရန် န၀င်းစီးနေယင် အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေခြင်းတွေ ဖြစ်စေပါမယ်။
၂၁။     လဂ်နဲ့အင်္ဂါပူးပြီး ၆တန့်သခင် နိစ်မူနေယင် မျက်နှာ (သို့) ဦးခေါင်းဆိုင်ရာဝေဒနာတွေ ဖြစ်မယ်။ စိတ်ဓာတ်ကျခြင်း၊ စိတ်မူမမှန်ခြင်းတို့ဖြစ်မယ်။
၂၂။     လဂ်သခင်နဲ့ ၇တန့်သခင်တို့ ၆တန့်မှာ သွားရပ်ယင် မျက်စိဥပါဒ်ပေးမယ်။
၂၃။     ၆တန့်(သို့) ၈တန့်မှာ သောကြာရှိယင် ညားဘက်မျက်စိ အားနည်းခြင်း၊ မှုံခြင်း၊ ထိခိုက်ခြင်း များ ဖြစ်ပြီး စနေရှိယင် ဘယ်ဘက် မျက်စိကို ဥပါဒ် ပေးတတ်ပါတယ်။
၂၄။     ၆တန့်မှာ ရာဟု(သို့) ကိတ်ဂြိုဟ်ရှိယင် သွားကို ဒုက္ခပေးပါတယ်။ နှုတ်ခမ်းမှာ အနာပေါက် တတ်ပါတယ်။
၂၅။     လိပ်ခေါင်းရောဂါနဲ့ ပတ်သက်ယင် မိဿ (သို့) ဗြိစ္ဆာရာသီမှာ လဂ်သခင်(သို့) ရန်ဂြိုဟ်တွေ ရှိကာ၊ ဗုဒ္ဓဟူးဂြိုဟ်က မြင်ထားယင် ဖြစ်ပါမယ်။
၂၆။     ၆တန့်မှာလဂ်နဲ့ အင်္ဂါဂြိုဟ်ဟာ ဆေးကြောင့် ဖြစ်တဲ့ ရောဂါနဲ့ အကြောအဆစ်ရောင်တဲ့ ရောဂါတို့ ဖြစ်စေပါတယ်။
၂၇။     စနေက ၆တန့် သွားရပ်တာကတော့ သာမန် အဆစ်အမြစ်ကိုက်ခဲ ရောင်ရမ်းခြင်းကို ဖြစ်စေ ပါတယ်။
၂၈။     ကြာသပတေး (သို့မဟုတ်) သောကြာဟာ ၆ တန့်မှာ လဂ်သခင်နဲ့ ရန်ဂြိုဟ်တို့ရဲ့ အမြင်ထားရ ယင် မျက်နှာရောင်ရမ်းမှု ဖြစ်တတ်တယ်။
၂၉။     တနင်္ဂနွေနဲ့ ၆တန့်သခင်ဟာ ၄ တန့်မှာ ဂြိုဟ်ဆိုးတွေနဲ့ အတူသွားရပ်တည်နေယင် နှလုံး ရောဂါဖြစ်လိမ့်မယ်။
၃၀။     စနေနဲ့ ကြာသပတေးတို့ဟာ ၆တန့်သခင် နဲ့အတူ ၆တန့်မှာ သွားရပ်တည်ခဲ့ယင် မျက်စိမှာ ရောဂါဖြစ်ပါလိမ့်မယ်။
၃၁။     အင်္ဂါနဲ့စနေဟာ တနင်္ဂနွေ(သို့မဟုတ်)ရာဟု နဲ့အတူ ၆တန့်မှာ သွားရပ်တည်ခဲ့ယင် မျက်စိမှာ ရောဂါဖြစ်ပါလိမ့်မယ်။
၃၂။     စနေနဲ့ ၆တန့်သခင်ဟာ ၁၂တန့်မှာရပ်ပြီး ဂြိုဟ်ဆိုးအမြင်ကြုံယင် တင်ပါးမှာ တစ်စုံတစ်ရာ ရောဂါဖြစ်ပါလိမ့်မယ်။
၃၃။     တနင်္ဂနွေ၊ တနင်းလာနဲ့ စနေတို့ဟာ ၆တန့် (သို့မဟုတ်) ၁၂တန့်မှာ သွားရပ်ယင် လက်မှာ အနာပေါက်မယ်။ ရောဂါဖြစ်မယ်။
၃၄။     လဂ်သခင်နဲ့ ကြာသပတေးဟာ ၆တန့်မှာ သွားရပ်ခဲ့ယင် ၀မ်းကိုက်ရောဂါဖြစ်မယ်။
၃၅။     ဂြိုဟ်ဆိုးတွေဟာ ၇တန့်မှာ တစ်ခြားဂြိုဟ် ဆိုးတွေနဲ့ ဆက်သွယ်ပြီး ရပ်တည်နေယင် ဆီးရော ဂါဖြစ်ဖို့ သေချာပါတယ်။
၇တန့်ဘာဝမှာ ဂြိုဟ်ရပ်တည်မှုနဲ့ ပတ်သက် လို့ဖြစ်တတ်တဲ့ရောဂါ ဝေဒနာတွေကို ဆက်လေ့လာ ကြည့်ကြရအောင်
၁။       ၇တန့်မှာ အင်္ဂါရပ်တည်နေတာကိုသိဟ် ရာသီမှာ ရပ်တည်တဲ့ တနင်းလာက မြင်ထားယင် ဇာတာရှင်ရဲ့ မျက်လုံးတစ်ဘက် ထိခိုက်နာကျင်ပြီး ဝေဒနာဖြစ်လာမယ်။ (သိဟ်လဂ်လဲ ဖြစ်ရပါမယ်)
၂။       ၇တန့်သခင်ဟာ ပါပဂြိုဟ်ဖြစ်ပြီး ၆တန့်မှာ သွားရပ်ယင် အဆုတ်ရောင်ရောဂါ ဖြစ်နိုင်ပါတယ်။
၃။       ၇တန့်မှာ ကိတ်ရပ်တည်ခြင်းဟာ သာမန် အဆိပ်အတောက် ဖြစ်စေပါတယ်။ ဥပမာ-အစာ မှားခြင်း၊ ဆေးမှားခြင်း စသည်ဖြင့်ပေါ့။
၎။       ၇တန့်မှာ ဂြိုဟ်ဆိုးတွေ ရပ်တည်နေယင် ၀မ်းဗိုက်ကို ဒုက္ခပေးတတ်ပါတယ်။
၅။       ၇တန့်မှာ အင်္ဂါရပ်တည်ခဲ့ယင် တက်ဖျား ကျဖျားနဲ့ အစာမကျေရောဂါ ဖြစ်တတ်ပါတယ်။
၆။       ၇တန့်မှာ တနင်္ဂနွေရှိနေပြီး ၇တန့်သခင်ဟာ ဒုဌာနအိမ် တစ်အိမ်အိမ်မှာ သွားရပ်ယင် ဇနီး လက်ချက်ကြောင့် သေဆုံးရမယ်။
၇။       အထက်ပါ ဥပဒေအတိုင်း အင်္ဂါ၊ စနေ၊ တနင်္ဂနွေတို့ဖြစ်ခဲ့ယင် ဇနီးကြောင့် သေဆုံးခြင်း (သို့မဟုတ်) ဒုက္ခရောက်ခြင်းများဖြစ်မယ်။
၈။       ၇တန့်သခင်ဟာ ၇တန့်(သို့မဟုတ်) လဂ်နဲ့ လာပူးယင် အကြောအဆစ်ရောင် ရောဂါဖြစ်မယ်။ ၁၀တန့် (သို့မဟုတ်) ၄တန့်မှာ ၇တန့်သခင်သွား ရပ်ယင် သွားရောဂါဖြစ်မယ်။ သွားဖုံးနာဖြစ်မယ်။
၉။       ၇တန့်မှာ တနင်္ဂနွေရှိယင် မျက်စိဒုက္ခ ပေးမယ်။ အင်္ဂါရှိယင် ရင်ကျပ်မယ်။ သောကြာရှိယင် အကြောအဆစ်ရောင်ရောဂါ ဖြစ်မယ်။ စနေရှိယင် နားနဲ့ ချက်ရောဂါဖြစ်မယ်။ ရာဟုရှိယင် ဆီးရောဂါ ဖြစ်မယ်။
၈တန့် ဘာဝမှာ ဂြိုဟ်ရပ်တည်မှုနဲ့ ဆက် သွယ်မှုတို့ကြောင့် ဖြစ်ပေါ်လာတတ်တဲ့ ရောဂါ ဝေဒနာအကြောင်းကို လေ့လာကြည့်ကြပါစို့
၁။       နိစ်မူတဲ့ လဂ်သခင်ဟာ ၆တန့်သခင်နဲ့သော် လည်းကောင်း၊ ၄င်းနှင့်ပူးပြီး ၈တန့်မှာ သွားရပ် ယင်သော်လည်းကောင်း ထိခိုက်ဒဏ်ရာရခြင်း၊ ကိုယ် အင်္ဂါ အစိတ်အပိုင်းဖြတ်တောက်ခြင်း၊ ချွတ်ယွင်းခြင်း များ ဖြစ်မယ်။
၂။       ၈တန့်သခင်၊ လဂ်သခင်နဲ့ ရာဟု (သို့မဟုတ်)စနေနဲ့ပူးပြီး ၆တန့်မှာ သွားရပ်ယင် ထိခိုက်ဒဏ်ရာ အနာတရ ဖြစ်ပါလိမ့်မယ်။
၃။       လဂ်သခင်နဲ့ ၈တန့်သခင်ပူးပြီး ၄တန့် သခင်နဲ့ ဆက်သွယ်ခဲ့ယင် တိုက်ခိုက်မှုကြောင့် အန္တရာယ်ကြုံမယ်။ ကြာသပတေးက ဆက်သွယ် နေယင် ၀မ်းကိုက်ရောဂါ ဖြစ်မယ်။
၎။       ခိဏစန်းနဲ့ ရာဟုပူးပြီး ၈တန့်မှာ ရပ်တည် ယင် မကြခဏ ဖျားနာပါလိမ့်မယ်။
၅။       နိစ်မူတဲ့ စနေနဲ့ ခိဏစန်းတို့ပူးပြီး ၈တန့်မှာ ရပ်တည်ယင် ခရီးသွားလာမှုကြောင့် ဘေးဥပါဒ်ကြုံ မယ်။
၆။       ခိဏစန်းနဲ့ အင်္ဂါပူးပြီး စနေ(သို့မဟုတ်) ရာဟုနဲ့အတူ ၈တန့်မှာသွားရပ်ယင် ထိတ်လန့် ချောက်ချားဖွယ်ရာ ဥပါဒ်များ ကြုံတွေ့ခံစားရမယ်။
၇။       ၈တန့် (သို့မဟုတ်) ၈တန့်သခင်ဟာရာဟု (သို့မဟုတ်) ကိတ်နဲ့ပူးခဲ့ယင် နာတာရှည်ရောဂါဆိုး ခံစားရမယ်။
၈။       ၈တန့်မှာ ဂြိုဟ်ဆိုးနှစ်လုံးထက်မနည်း ရပ်တာကို ဘယ်ဂြိုဟ်ကောင်းမှ မမြင်ခဲ့ယင် လိင် (သို့) အင်္ဂါစပ်မှာ ရောဂါဝေဒနာ ဖြစ်မယ်။
၉။       ၈တန့်မှာ တနင်္ဂနွေရပ်တည်မှုဟာ မျက်စိ ဝေဒနာ ဖောရောင်မှု သွေးမသန့်မှုကြောင် ဖြစ်ရတဲ့ ရောဂါတွေနဲ့ ဆီးချိုရောဂါဖြစ်ဖို့ အလားအလာပါပဲ။
၁၀။     ၈တန့်မှာ တနင်းလာရပ်တည်မှုဟာ သွေး ခန်းရောဂါ၊ သုတ်ရည်ကုန်ခန်းရောဂါ၊ ပန်းသေရောဂါ၊ လိင်နဲ့ပတ်သက်တဲ့ ရောဂါအမျိုးမျိုး၊ အကြော အဆစ်ရောင်တဲ့ ရောဂါတွေဖြစ်တတ်တယ်။ ၀မ်းဖော ၀မ်းရောင်ရောဂါနဲ့ ၀မ်းကိုက်ရောဂါဖြစ်ဖို့ သေချာ တယ်။
၁၁။     ၈တန့်မှာ အင်္ဂါရှိခဲ့ယင်တော့ သွေးမသန့် တာဖြစ်မယ်။ လျှို့ဝှက်အစိတ်အပိုင်း(သို့)အင်္ဂါစပ်၊ စအိုတို့မှာ ရောဂါဖြစ်မယ်။
၁၂။     ၈တန့်မှာ ဗုဒ္ဓဟူးဟာ အတ္ထမိယင် (သို့) နိဒ်မူယင် လျှို့ဝှက်အစိတ်အပိုင်း(သို့)အင်္ဂါစပ်၊ စအို တို့မှာ ရောဂါဖြစ်မယ်။
၁၃။     ၈တန့်မှာ ကြာသပတေးရှိခဲ့ယင်တော့ အပြင် အထန်းဝမ်းရစ်နာရောဂါ၊ ဒူလာ၊ လိပ်ခေါင်း ဂရင် ဂျီနာ၊ ငှက်ဖျား၊ ၀မ်းကိုက်ရောဂါနဲ့ အူရောင်ငန်းဖျား ရောဂါဖြစ်မယ်။
၁၄။     ၈တန့်မှာ သောကြာရှိခဲ့ယင် အနာကျက်၊ အနာပေါက်၊ ဖောရောင်ခြင်းများ ဖြစ်မယ်။
၁၅။     ၈တန့်မှာ စနေနဲ့ရာဟုပူးနေယင် မီး၊ လက်နက်တို့နဲ့ ပတ်သက်ပြီး ဝေဒနာကြုံမယ်။
၁၆။     ၈တန့်မှာ စနေရပ်တည်ခဲ့ယင် လျှို့ဝှက် အစိတ်အပိုင်းတွေမှာ ရောဂါဖြစ်မယ်။ လည်ပင်းနဲ့ ပတ်သက်တဲ့ရောဂါတွေဖြစ်မယ်။
၁၇။     ၈တန့်မှာ ကိတ်ဂြိုဟ် ရပ်တည်နေယင် ကာလသားရောဂါဖြစ်မယ်။ ဖောရောင်မှု၊ ဆီးချို ရောဂါ၊ စိတ်မငြိမ်တဲ့ ရောဂါတွေဖြစ်မယ်။
၁၈။     ၈တန့်မှာ အင်္ဂါနဲ့စနေသွားရပ်တည်ယင် လည်ပင်းနဲ့ပတ်သက်တဲ့ ရောဂါအမျိုးမျိုးကို ကြုံရ မယ်။
၉တန့်ဘာဝမှာ ဂြိုဟ်ရပ်တည်မှုနဲ့ ဆက် သွယ်မှုတို့ကြောင့် ဖြစ်ပေါ်လာတတ်တဲ့ ရောဂါ ဝေဒနာအကြောင်းကို လေ့လာကြပါဦး
၁။       ၉တန့်မှာ ရန်ဂြိုဟ် (သို့) ပါပဂြိုဟ်တို့ ရပ်တည်ပြီး မိတ်ဂြိုဟ်(သို့)သောမဂြိုဟ် အမြင် မရှိယင် စိတ်ရောဂါ ဖြစ်ပါလိမ့်မယ်။
၂။       ၉တန့်မှာ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးဂြိုဟ်တို့ ပူးပြီးရပ်တည်ကာ အခြားဂြိုဟ်ကောင်းတွေရဲ့ ဆက် သွယ်မှု မရှိခဲ့ယင် ရောဂါဆိုးတစ်ခု ခံစားရပြီး နောက်ဆုံးကောင်းသွားပါလိမ့်မယ်။
၃။       ၉တန့်မှာ တနင်္ဂနွေနဲ့ စနေဂြိုဟ်တို့ ရပ်တည်မှုဟာ မျက်စိဝေဒနာကို ဖြစ်ပေါ်စေပါတယ်။
၎။       ၉တန့်မှာ တနင်းလာ သို့မဟုတ် အင်္ဂါ ရပ်တည်မှုဟာ ဒဏ်ရာရစေတယ်။
၅။       ၉တန့်မှာအင်္ဂါနဲ့ ကြာသပတေးတို့ ရပ်တည် ယင် ခွဲစိတ်ခံရမှု၊ ဒဏ်ရာနဲ့ တခြားရောဂါ တွေဖြစ် ဖို့ ရာခိုင်နှုန်းများပါတယ်။
၆။       ၉တန့်မှာ တနင်္ဂနွေရပ်တည်မှုဟာ အဆစ် အမြစ်ကိုက်ရောဂါဖြစ်ဖို့ သေချာပါတယ်။
၁၀တန့်မှာ ဂြိုဟ်ရပ်တည်မှု၊ ဆက်သွယ်မှုတို့ကြောင့် ဖြစ်ပေါ်လာတတ်တဲ့ရောဂါဝေဒနာများအကြောင်း သုတေသနပြုကြည့်ကြပါစို့
၁။       စန်းရဲ့ ၁၀တန့်မှာ စနေရပ်တည်ခဲ့ယင် မအီ မသာရောဂါ ဖြစ်တတ်ပါတယ်။
၂။       တနင်္ဂနွေနဲ့အင်္ဂါဟာ ၁၀တန့်မှာ သွားရပ် ယင် အဆုတ်ရောဂါဖြစ်ဖို့ သေချာပါတယ်။
၃။       စနေနှင့်အင်္ဂါဟာ ၁၀တန့်မှာ သွားရပ်ယင် အနာရောဂါအမျိုးမျိုးတို့ ကြုံတွေ့ဖို့ သေချာပါတယ်။
၎။       တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးဟာ ၁၀တန့်မှာရပ်ယင် မီးလောင်မှုများ (သို့မဟုတ်)လျှပ်စစ်ဓာတ်ကြောင့် ဖြစ်လာတတ်တဲ့ ရောဂါဝေဒနာကို ခံစားရတတ် ပါတယ်။
၅။       စနေ သို့မဟုတ် တနင်္ဂနွေဟာ ၁၀တန့်မှာ ရှိယင်သော်လည်းကောင်း၊ အင်္ဂါနဲ့ ဗုဒ္ဓဟူး ၁၀တန့် မှာ ရှိယင်သော်လည်းကောင်း၊ မီးလောင်လို့ဖြစ်ဖြစ် ဒဏ်ရာအနာတရ ရလို့ဖြစ်ဖြစ် ဝေဒနာခံစားရ ပါလိမ့်မယ်။
၆။       ၁၀တန့်မှာ ဗုဒ္ဓဟူး ရပ်တည်မှုဟာ မျက်စိကို ဥပါဒ်ပေးပါတယ်။
၇။       ၁၀တန့်မှာ စနေရပ်တည်မှုဟာ အဖျားအနာ ရောဂါအမျိုးမျိုးကို ကြုံတွေ့ရပါလိမ့်မယ်။
၈။       ၁၀တန့်မှာ ရာဟုရပ်တည်ယင် ရောဂါ အမျိုးမျိုး ပိုခံစားရမယ်။ အကြောအဆစ်ရောင်တဲ့ ရောဂါနဲ့ သည်းခြေအားနည်းတဲ့ရောဂါ ဖြစ်တတ် တယ်။
၁၁တန့်ဘာဝမှာ ဂြိုဟ်ရပ်တည်မှုနဲ့ ဆက်သွယ်မှုတို့ကြောင့် ဖြစ်ပေါ်လာတတ်တဲ့ ရောဂါဝေဒနာများအကြောင်းကို ကြည့်ကြပါစို့
၁။       ၁၁တန့်ဘာဝနဲ့ ၁၁တန့်သခင်ဟာ နားရွက် ကို စိုးမိုးထားတယ်လို့ အဆိုရှိပါတယ်။ ၁၁တန့် သခင်ရပ်တည်ယင် နားနဲ့ပတ်သက်လို့ ရောဂါ ဖြစ်တတ်ပါတယ်။
၂။       နိစ်မူတဲ့စနေဟာ ၁၁တန့်မှာရပ်တည်ပြီး အင်္ဂါနဲ့ သောကြာ ပူးနေတာကို မြင်ထားယင် နာတာရှည် ရောဂါဆိုး တစ်ခုခုကို ခံစားရပါလိမ့်မယ်။
၃။       ၁၁တန့်သခင်နဲ့ တနင်္ဂနွေ၊ အင်္ဂါတို့ဟာ အားနည်းစွာနဲ့ ရပ်တည်နေယင် ခြေသလုံး၊ ခြေ ချောင်း၊ ခြေဖ၀ါး၊ ဖြတ်တောက်ပစ်ရပါလိမ့်မယ်။ သို့မဟုတ် မသန်မစွမ်းဖြစ်တာမျိုး၊ မီးလောင်တာမျိုး၊ ဒဏ်ရာကြောင့် ခြေထောက်ဖြတ်ရတာမျိုးနဲ့ ကြုံပါ လိမ့်မယ်။
၎။       ၁၁တန့်မှာ စနေနဲ့ရာဟု ရပ်တည်ပြီး အားနည်းနေယင် ဖနောင့်နဲ့ပတ်သက်လို့ ဥပါဒ်ကြုံ ဖို့ သေချာပါတယ်။
၅။       ၁၁တန့်မှာ ဗုဒ္ဓဟူးရှိခဲ့ယင်တော့ စိတ်တွေ လေးလံထိုင်းမှိုင်း အားငယ်တတ်တဲ့ရောဂါကို ခံစား မယ်။
၆။       ၁၁တန့်မှာ စနေရပ်တည်ခဲ့ယင် နားနဲ့ ပတ်သက်တဲ့ရောဂါအမျိုးမျိုးကို ခံစားရပါလိမ့်မယ်။
၇။       ၁၁တန့်မှာ ကိတ်ဂြိုဟ်ရှိခဲ့ယင်တော့ မျက်စိ ရောင် ရောဂါဖြစ်ဖို့ ကျိန်းသေတယ်လို့ မှတ်ယူပါ။
၁၂တန့်ဘာဝမှာ ဂြိုဟ်ရပ်တည်မှုနဲ့ ဆက် သွယ်မှုတို့ကြောင့် ဖြစ်ပေါ်လာတတ်တဲ့ ရောဂါ စေတနာအကြောင်းကို လေ့လာကြည့်ကြပါစို့။
၁။       ဂြိုဟ်ဆိုးဖြစ်တဲ့ ၁၂တန့်သခင်နဲ့ စနေ ရာဟုဂြိုဟ်တို့ဟာ ၁၂တန့်မှာ ရပ်တည်ပြီး တစ်ခြား ပါပဂြိုဟ်တွေနဲ့ သော်လည်းကောင်း၊ မန္ဒီဂြိုဟ်နဲ့ သော်လည်းကောင်း အမြင်ခံထားရယင် ခန္ဓာကိုယ် အစိတ်အပိုင်း ပျက်စီးဆုံးပါးတတ်ပါတယ်။
၂။       ၁၂တန့်မှာ ကြာသပတေးရှိယင် လိင်နဲ့ စအိုနဲ့ ပတ်သက်လို့ ဝေဒနာ အမျိုးမျိုးကို ခံစားရပါ လိမ့်မယ်။
၃။       ၁၂တန့်မှာ တနင်္ဂနွေနဲ့ အင်္ဂါရှိယင် ခန္ဓာကိုယ် အစိတ်အပိုင်းကိုဖြတ်တောက် ခွဲစိတ်ရပါ လိမ့်မယ်။
၎။       လဂ်သခင်နဲ့ တနင်္ဂနွေတို့ဟာ ၁၂တန့် သခင်နဲ့ ဆက်သွယ်နေယင် ရောဂါဝေဒနာ အမျိုးမျိုး ကို ခံစားရပါလိမ့်မယ်။
၅။       ၁၂တန့်မှာ တနင်္ဂနွေရှိခဲ့ယင် မျက်စိနဲ့ ခြေထောက်တို့မှာ ရောဂါဝေဒနာ ဖြစ်ပါလိမ့်မယ်။
၆။       ၁၂တန့်မှာ တနင်းလာရှိခဲ့ယင် မျက်စိ အားနည်းခြင်း၊ မျက်စိမှုံခြင်း၊ ခွဲစိတ်ရခြင်း၊ ကိုယ်အင်္ဂါ အစိတ်အပိုင်း ပျက်စီးဆုံးပါးရခြင်းများ ဖြစ်တတ် ပါတယ်။
၇။       ၁၂တန့်မှာ အင်္ဂါဂြိုဟ် ရပ်တည်ခဲ့ယင် အကြောအဆစ်ရောင်တာ၊ ကိုက်ခဲတာတို့ မျက်စိ နဲ့ခြေလက်တို့မှာ ရောဂါရတာတို့ ဖြစ်တတ်ပါတယ်။
၈။       ၁၂တန့်မှာ ကြာသပတေးဂြိုဟ်          ရပ်တည်ခဲ့ ယင် အရေပြားရောင်ရမ်းတဲ့ရောဂါဖြစ်ပါတယ်။
၉။       ၁၂တန့်မှာ စနေဂြိုဟ်ရပ်တည်ခဲ့ယင် မျက်စိ (သို့မဟုတ်) ခြေထောက်နဲ့ ပတ်သက်လို့ ဥပါဒ် ကြုံမယ်။
၁၀။     ၁၂တန့်မှာ ရာဟုဂြိုဟ် ရပ်တည်ခဲ့ယင် မျက်စိကို ဒုက္ခပေးဖို့ သေချာပါတယ်။
          အထက်ပါအချက်တွေဟာ ဘာဝတွေမှာ ဂြိုဟ်ရပ်တည်မှုအရ ရောဂါဝေဒနာ ဖြစ်ပွားမှုကို ရှင်းပြထားတာ ဖြစ်ပါတယ်။ ဘာဝတိုင်း ဘာဝတိုင်းမှာ ရောဂါဝေဒနာတွေနဲ့ ပတ်သက်လို့ ဝေဖန်နိုင်ပါတယ်။ အခုဆောင်းပါးမှာ ၆တန့်မှ ၁၂တန့်အထိ (၇)ဘာဝနဲ့ ပတ်သက်လို့ ရောဂါ ဝေဒနာတွေကို ရှင်းပြခဲ့တာပါ။ ၁၂တန့်မှာ (၅)တန့် အထိ (၅)ဘာဝနဲ့ ပတ်သက်ယင် ဒီ(၇)ဘာဝနဲ့ ဆက်သွယ်မှ ရောဂါဝေဒနာ တိုးပွားစေတာ ဖြစ်ပါ တယ်။
          ၆တန့်ဘာဝ တစ်ခုတည်းနဲ့ ၆တန့်မှာ ကျမ်းတစ်စောင် ပေတစ်ဖွဲ့ဖြစ်လောက်တာမို့ ဒီ စာမျက်နှာလောက်နဲ့ကတော့ ရောဂါဝေဒနာ ဖြစ်ပွား မှုနဲ့ ပတ်သက်လို့ မိတ်ဆက်ပေးတာသာ ဖြစ်ပါ တယ်။
          လူတွေကို ဗေဒင်ပညာရပ်နဲ့ ရင်းနှီးစေချင် လို့ပါ။ သိပ္ပံနည်းကျလာတဲ့ နက္ခတ်ဗေဒင်ပညာဟာ ဘယ်လိုကျယ်ပြန့်တယ်။ ဘယ်လောက်ကျယ်ပြန့် တယ်ဆိုတာ သိထားစေလိုပါတယ်။
          လမ်းဟောင်းကို မထွင်လို့ကတော့ လမ်းသစ် ကို မြင်ဖို့မလွယ်ပါ။ ကျမ်းကပေးတဲ့ ဥပဒေနဲ့ လက်တွေ့ကြုံတွေ့ရတဲ့ ဘ၀ကပေးတဲ့ ဥပဒေသ(၂) ရပ်ပေါ်မူတည်ပြီး ဆုံးဖြတ်ပြီး ဝေဖန်သွားမယ်ဆိုယင် ဗေဒင်ပညာ မှားယွင်းတယ်ဆိုတာ ဟုတ်နိုင်ပါမလား။ ဘယ်လိုလုပ်ပြီး မှားပါ့မလဲ။

Spread The Love, Share Our Article

Related Posts

No Response to "ရောဂါတစ်ခုဖြစ်ဖူးသူများသို့"

Add Your Comment