ထင်ပေါ်တယ်ဆိုတာ
ချမ်းသာတာ ဆင်းရဲ တာနဲ့ လုံးဝမဆိုင်ဘူးဆိုတာပထမရှင်းရှင်းလင်းလင်း သဘောပေါက်ဖို့ လိုပါတယ်။
သိန်းတစ်ရာ ချမ်းသာ ပြီး မထင်ပေါ်တဲ့ ပုဂ္ဂိုဟ်တွေ အများကြီးပါ။ ညနေ ဆန်ဖိုးမရှိလို့
ဘယ်လိုဖန်တီးနေပါ့မလဲဆိုပြီး ချွေး ပြန်နေတဲ့ ပုဂ္ဂိုလ်တွေထဲက ထင်ပေါ်နေတဲ့ ပုဂ္ဂိုလ်
တွေကလည်း ဒုနဲ့ဒေးပါ။
'ထင်ပေါ်တယ်' ဆိုတဲ့ အဓိပ္ပါယ်မှာ သာလွန် ထူးကဲမှာ
တစ်စုံတစ်ယောက်အနေနဲ့ ရခဲတဲ့ အခွင့် အရေးတစ်ရပ်လို့ ဆိုလိုတာပါ။ အဲသလို ပြောလိုက် လို့
ဒီ ပုဂ္ဂိုလ်ကတော့ဖြင့် ချမ်းသာရမယ်။ ပညာ တတ်ဖြစ်ရမယ် စသည်ဖြင့် ထင်တစ်လုံးနဲ့ ကျေနပ်
မနေပါနဲ့။
ထင်ပေါ်ခွင့်ရတဲ့ ဇာတာရှင်အဖို့ ထူးခြားမှု
ရှိပေမယ့် ပညာတတ်ချင်မှ တတ်ပါမယ်။ ဥစ္စာရှိချင်မှ ရှိပါမယ်။ ရာထူးကြီးချင်မှ ကြီးရပါမယ်။
ဒီအခွင့် အရေးဟာ တစ်ဦးအနေနဲ့ တစ်သီး ပုဂ္ဂလ ထင်ရှား ပြီး အများသူငါထဲက ခေါင်းတစ်လုံးပိုမြင့်နေတာဟာ
ဖြစ်ပါတယ်။
ဝန်ကြီးဖြစ်လို့ နိုင်ငံခေါင်းဆောင်ဖြစ်လို့
ဗိုလ်မှူးကြီးဖြစ်လို့၊ ပါမောက္ခဖြစ်လို့၊ ဆရာဝန်ဖြစ် လို့၊ ဥပဒေပညာရှင်ဖြစ်လို့၊ ရုပ်ရှင်
မင်းသားဖြစ်လို့၊ ဂီတစာဆိုဖြစ်လို့၊ ကျောင်းဆရာဖြစ်လို့ စသည်ဖြင့် ထင်ပေါ်မှုဟာ တဒင်္ဂပါ။
အခုဆိုလိုတဲ့ ထင်ပေါ်မှုဟာ ဒါမဟုတ်ပါ။
အလုပ်က အဓိက မဟုတ်ပဲ၊ လုပ်တဲ့ အလုပ် ပေါ်မှာ
စိတ်ပါဝင်စားစွာနဲ့ စွမ်းစွမ်းတမံ ထမ်းဆောင် နိုင်ယင် ပရိတ်သတ်များရဲ့ လေးစားချစ်ခင်
ကြည်ညို မှု၊ ယုံကြည်အားကိုးမှု ခံယူရခဲ့ယင်။ ဂုဏ်ဒြပ်စွဲမရှိပဲ ပုဂ္ဂိုလိက ချစ်ခင်မှုကို
ခံယူရယင်။ အဲဒီ ပုဂ္ဂိုလ်ဟာ ထင်ပေါ်တဲ့ ပုဂ္ဂိုလ်လို့ ဆိုနိုင်ပါတယ်။ လူတစ် ယောက်အဖို့
ထူးခြားပြီး အများအကျိုးအတွက် လုပ်ဆောင် အစွမ်းပြနိုင်ဖို့သာ အဓိကပါ။
ကျွန်တော်တို့ရဲ့ ဆောင်းပါးက လူတစ် ယောက်ရဲ့
မူလဇာတာအကျိုးပေးအရ လူ့ဘ၀မှာ ထင်ပေါ်ခွင့်ရှိမရှိလို့ စစ်ကြော ဝေဖန်ပြရန်သာ ဖြစ်ပါ တယ်။
နာမည်ကြီးနေတိုင်း ထင်ပေါ်တယ်လို့ မထင် စေချင်ပါ။ လူသိတာနဲ့ လူချစ်တာဟာ တစ်ခြားစီ ရယ်ပါနော်။
ထူးခြားမှုနဲ့ အံ့သြစရာကောင်းတဲ့အချက်ဟာ ထင်ပေါ်ခွင့်ရတဲ့
ဇာတာရှင်တိုင်းဟာ လုပ်ယူတဲ့ အကျိုးပေးထက် သူ့ဘာသာသူလာတဲ့ အခွင့်အရေး ကြောင့် ပိုပြီးထင်ပေါ်တယ်ဆိုတာပါပဲ။
လူတစ်ယောက်ရဲ့ ထူးခြားတဲ့ အရည်အသွေး ထက်မြက်တဲ့လုပ်ရည်ကိုင်ရည်ပင်ကိုယ်သဘောထား
အများကြားမှာ ၀င်ဆံ့မှု၊ သီးခြားဝါသနာ စိတ်ကူးစိတ် သန်း အတွေးအခေါ် စရိုက်တွေဟာ မွေးကတည်းက
ပါလာပြီးသားပါ။
အရုပ်ကိုသာ အရောင်ဆိုးလို့ ရမယ်။ ပင်ကိုယ်
ပါရမီကံနဲ့ပါလာတဲ့ လူတစ်ယောက်ကို အရောင်ဆိုးလို့မရပါ။ ထင်ပေါ်မှုနဲ့ ပတ်သက်ယင် လဂ်၊ စန်း၊
ဗုဒ္ဓဟူး၊ သောကြာတို့ကို ဦးစားပေးကြည့် ရပါမယ်။ နည်းနည်းကလေးအသေးစိပ် ပြောရမယ် ဆိုယင်…………..။
(က) လဂ်တည်တဲ့
ရာသီအား
(ခ) လဂ်သခင်တည်တဲ့
ရာသီအား
(ဂ) လဂ်၊
လဂ်သခင် ဆက်သွယ်နေတဲ့
ဂြိုဟ်တွေနဲ့
ဘ၀သခင်တွေရဲ့အား
(ဃ) စန်း၊
စန်းသခင် ရပ်တည်တဲ့ရာသီ၊ အဲဒီရာသီ သခင်တွေရဲ့အား
(င) ဗုဒ္ဓဟူး၊
သောကြာတို့ရပ်တည်တဲ့ ရာသီအား
(စ) ဗုဒ္ဓဟူး၊
သောကြာတို့နဲ့ ဆက်သွယ် တဲ့ ဂြိုဟ်ရဲ့အားတွေကို ခြုံငုံကြည့်ပြီးမှ ဇာတာရှင်ဟာ ထင်ပေါ်ခွင့်ရမရ
ပြောနိုင်ပါတယ်။
နောက်တစ်ချက် မေးစရာရှိပါတယ်။ လူနှစ် ယောက်ဟာ
အလွှာနှစ်လွှာကနေပြီး တစ်ပြိုင်နက် တစ်ချိန်တည်း မွေးယင် ထူးခြားတဲ့ဂုဏ်၊ အရည် အချင်းတွေဟာ
ထပ်တူထပ်မှု ဘ၀အခြေအနေမျိုးနဲ့ ထင်ပေါ် ကျော်ကြားနေမှုဟာ တူပါ့မလားဆိုတဲ့ မေးခွန်းပါပဲ။
ဒီနေရာမှာ ကျွန်တော်တို့ ဗုဒ္ဓ၀ါဒရဲ့ အတွေး
အခေါ်အရ ပြောရမယ်ဆိုယင် လူတွေဟာ သံသရာ တစ်လျှောက်လုံး ဘ၀တွေ မြောက်မြားစွာကူးပြောင်း
ကျင်လည်ခဲ့ရတာ ဖြစ်ပါတယ်။ လူတိုင်း လူတိုင်းမှာ အတိတ်ဘ၀ အဆက်ကပါလာတဲ့ ကုသိုလ် အကုသိုလ်
အကျိုးပေးအရသာ လက်ရှိဘ၀မှာ အကျိုးခံစားနေရတာ ဖြစ်ပါတယ်။
ခင်ဗျားတို့ ကျွန်တော်တို့သိပြီးဖြစ်တဲ့
ရှင်တော်ဂေါတမ မြတ်စွာဘုရားဟာ ဒီဘ၀မှာ သိဒ္ဓတ္တမင်းသားဘ၀ကနေ တောထွက်၊ ခြောက်နှစ် ကျင့်ကြံခဲ့ပြီး
အလုံးစုံကို သိရှိခဲ့တဲ့ 'ဘုရား' အဖြစ်ရောက်ခဲ့တယ်ဆိုတာ ဒီဘ၀တစ်ခုထဲမှာ ကျင်ကြံတာမဟုတ်ပဲ
လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း အပတ်တစ်ကုတ်ပါရမီဖြည့်ပြီးမှ ဒီဘ၀ကိုလာပြီး ဘုရားဖြစ်ခဲ့ရတယ်ဆိုတာပါ။
ဒါကြောင့် ပရာရဗ္ဗဒ္ဓ ကမ္မ ခေါ်အတိတ်ဘ၀ ကံကြမ္မာဟာ ဒီဘ၀အတွက် အကျိုးလာဆက်တယ်ဆိုတာ ဘယ်သူမှ
ငြင်းပယ် လိုက မရပါဘူး။
တစ်ချိန်တည်း တစ်ရက်တည်း၊ တစ်လဂ် ထဲမှာ မွေးပါစေဦး။
ကြီးပြင်းလာရတဲ့ ပတ်ဝန်း ကျင်အခြေအနေနဲ့ အတိတ်ဘ၀ ပါရမီအကျိုးပေး အရတော့ ကွာခြားမှာ
သေချာပါတယ်။
ကြည့်လေ။ ဘုရင်ဆီက မွေးတဲ့ဘုရင့်သား ဟာ ဆင်းရဲတဲ့
ယုဂ်ရပါစေ။ သူဆင်းရဲတာက ဆီးဦး ထောပတ် စားပြီးဆင်းရဲရတာပါ။ သူတောင်းစားက မွေးတဲ့ကလေးဟာ
ဓနယုဂ်၊ ရာဇယုဂ် တွေ့ရယင် သူကြီးပြင်း မလာခင်အထိကတော့ သူအချမ်းသာဆုံး အနေအထားက အသားဟင်းလေးတစ်မယ်ပါ။
ဘ၀အစ အခြေအနေက ဘယ်လို ကွာခြား ပေမယ့် ထင်ပေါ်မယ့်ကံပါယင်
မင်းမှာ ဧကရာဇ် ဖြစ်လာသလို စဏ္ဍလမှာလဲ့နာမည်ကျော်မှာအမှန်ပါ။ ဘယ်လောက် အံ့သြစရာကောင်းသလဲ
ဆိုယင် သချØုင်းမှာ လူသေခေါင်းလုပ်ပြီး မြေမြှပ်ဖို့မြေတူး ရတဲ့ ပုဂ္ဂိုလ်လေးတစ်ယောက်ဟာ
သူ့မှာ ထင်ပေါ် မယ့် ကံကြမ္မာပါလာတော့ဂျိန်းစ်ဘွန်း မင်းသားရှောင် ကွန်နရီအဖြစ် ကျော်ကြားခဲ့တယ်
မဟုတ်လား။
အဲ ထင်ရှင်းတဲ့ နေရာမှာတော့ ဘ၀အခြေ အနေအရ
ပြောင်းလဲမှု ရှိတာတော့အမှန်ပါ။ ရေမြေ၊ ဒေသ၊ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး အသွေးအရောင် ပြောင်းတာကလဲအမှန်ပါ။
စက်မှုလုပ်ငန်းမှာထင်ပေါ် မယ့် ပုဂ္ဂိုလ်တစ်ယောက်ဆိုရင် ဆင်းရဲတဲ့ အလွှာက မွေးလို့ စက်မှုတက္ကသိုလ်
ပို့ဖို့ငွေကြေးမရှိတာနဲ့ ကားပြင်စက်ရုံပို့လိုက ထင်ရှားတဲ့ပုဂ္ဂိုလ် တစ် ယောက်ရဲ့သား
ဆိုယင်လည်း စက်မှုတက္ကသိုလ်မှာ တက်ပြီး အောင်မြင်ထင်ရှားတဲ့ စက်မှုအင်ဂျင်နီယာ တစ်ယောက်ဖြစ်မှာ
သေချာပါတယ်။ ပြီးတော့ မဖွံ့ဖြိုးသေးတဲ့ နေရာမှာ ကြီးပြင်းမှုနဲ့ တိုးတက် ထွန်းကားတဲ့နေရာမှာ
မွေးဖွားလာမှုလည်း မတူပါ ဘူး။ လုပ်ပိုင်ခွင့်ရှိတဲ့ အခွင့်အရေးပေါ်မူတည် ပြီးလည်း ထင်ပေါ်မှု
အနေအထား ပြောင်းလဲသွား တတ်ပါတယ်။
ဘာပဲ ပြောပြောထင်ရှား ကျော်ကြားရမယ့် ပုဂ္ဂိုလ်တစ်ယောက်အဖို့
စင်ပေါ် ရောက်ခွင့်ရှိမယ့် သူတစ်ယောက်အဖို့ကတော့ ကျော်ကြားဖို့ အခွင့် အရေး အလိုလိုရလာမှာ
သေချာပါတယ်။
များသောအားဖြင့် ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဇာတာတွေကို လေ့လာမယ် ဆိုယင် ဂြိုဟ်နေဂြိုဟ်ထား
ကောင်းမှု၊ ဂြိုဟ်ပူးအားကောင်းမှု၊ ဘာဝ၊ ရာသီ၊ လဂ်၊ စန်းအားကောင်းမှုတွေနဲ့ ထူးခြား တဲ့
အချက်တွေဟာ ဇာတာ တစ်စောင်နဲ့တစ်စောင် မသိမသာ တူလေ့ရှိပါတယ်။ ဒီပုဂ္ဂိုလ်တွေက 'ကကြီး'
မှာကောင်းယင် ဟိုပုဂ္ဂိုလ်က 'ခခွေး' မှာကောင်း နေတာ တွေ့ရပါတယ်။
ကဲ အခု ကျွန်တော်တို့ဟာ ထင်ရှား ကျော်ကြားခွင့်ရမှုနဲ့
ပတ်သက်လို့ ဂြိုဟ်၊ ရာသီ၊ ဘာဝ၊ ယုဂ်အနေအထားတွေကို ရှင်းပြပါမယ်။
(၁) ယုဂ်အကျိုးပေး
ထင်ပေါ် ကျော်ကြားနိုင်တဲ့ ဇာတာတွေထဲမှာ အများဆုံးတွေ့ရတဲ့
ယုဂ်ကတော့ မလိကယုဂ် (သို့မဟုတ်) ဂြိုဟ်တွေ ဆက်တိုက်အားဖြင့် ပန်းကုံး သဖွယ် ရပ်တည်မှု
ဖြစ်ပါတယ်။
ဂြိုဟ်တွေဟာ အနည်းဆုံး ခြောက်ရာသီ လောက်မှာစုပြီး
ရပ်တည်နေယင် မလိကယုဂ်လို့ ခေါ်ပါတယ်။ အောက်ပါဇာတာတွေက မလိကယုဂ်ရ သူတွေဖြစ်ပါတယ်။
အထက်ပါဇာတာ သုံးစောင်စလုံးဟာ မလိက ယုဂ် ရထားပါတယ်။
မလိကယုဂ်ရဲ့ ၀ိသေသ ကြည့်ထားပါ။
(က) မလိကယုဂ်ဖြစ်နေပေမယ့် ရာသီများ များမှာ
ဂြိုဟ်ရှိလေ အကျိုးပေးလေ ထင်ရှားလေ ဖြစ်ပါတယ်။
(ခ) မလိကယုဂ်ဖြစ်ပြီး
အစနဲ့အဆုံး ရာသီတွေဟာ ရန်ဂြိုဟ်ရှိတာထက် မိတ်ဂြိုဟ်ရှိခဲ့ ယင်ပိုပြီး အကျိုးပေးပါတယ်။
(ဂ) မလိကယုဂ်ဖြစ်ပြီး
လဂ်ဟာတဘက် တချက်ဂြိုဟ်တွေ ခြံရံလို့ အလယ်မှာနေတယ် ဆိုယင် ပိုပြီးအကျိုးပေးပါတယ်။ (သိပ်ချမ်းသာလာ
နိုင်ပါတယ်)
မလိကယုဂ်ရဲ့ အကျိုးပေးကတော့ ဘယ် လောက်ဆင်းရဲတဲ့
အခြေအနေက မွေးလာပါစေ။ ဒါမှမဟုတ် သန်းကြွယ်ချမ်းသာတဲ့ ပုဂ္ဂိုလ်ဆီက မွေးချင်မွေးပါစေ
သိပ်ကြိုးစားပမ်းစား မကြိုးစားရပဲ ထင်ရှားကျော်ကြားမှုနဲ့ ဘ၀မြင့်မားသာမှုကို ရတတ် ပါတယ်။
ဘ၀မှာ ပကတိ ပူပင်သောကကင်းမဲ့ပြီး သာယာချမ်းမြေ့တတ်ပါတယ်။
အိမ်၊ ခြံ၊ တိုက်တာ၊ ယာဉ်ရထား၊ ခြွေရံ သင်းပင်တွေနဲ့
ဘ၀မှာ ထင်ပေါ် ကျော်ကြား မှုတွေ မလာပဲ မနေပါဘူး။ ဘ၀မှာ ကံအကျိုးပေး ထူးပြီး စိတ်ချမ်းသာစွာနဲ့
ပြည့်စုံပါမယ်။ ပွင့်လင်းစွာ ပြောရ ယင်တော့ ရွှေဇွန်းကိုက်ပြီး မွေးလာသူတွေပေါ့လေ။
(ဃ) အားရှိတဲ့
ဂြိုဟ်တွေဟာ မလိကယုဂ် အဖြစ် ရထားပြီး တစ်လုံးကိုတစ်လုံး အပြန်အလှန် မြင်ခြင်း၊ ယှဉ်ခြင်း၊
သမ္ဗန္ဓ ပြုခြင်းများ ရှိခဲ့ယင် လက်ရှိ အခြေအနေထက်ပိုပြီး ချမ်းသာပါဦမယ်။
ဥပမာ
ဒီဇာတာမျိုးပေါ့
တနင်္ဂနွေနဲ့ အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ သောကြာ၊ တနင်းလာနဲ့စနေတို့
ပရိဝတ္တနသမ္ဗန္ဓ ပြုနေပါတယ်။ စနေက တနင်္ဂနွေ၊ တနင်းလာနဲ့ ကိတ်ကို မြင်ထား ပါတယ်။ ကြာသပတေးက
သောကြာနဲ့ အင်္ဂါကို မြင်ထားတယ်။ အင်္ဂါက ကြာသပတေးနဲ့ ရာဟုကို မြင်ထားတယ်။ ဒီယုဂ်မျိုးဟာ
သိပ်ကောင်းတာပေါ့။
(င) ဒုဌာနသခင်၊
နိစ်အိမ်၊ ရန်အိမ်မှာ နေတဲ့ ဂြိုဟ်တွေ ဖြစ်လင့်ကစား မလိကယုဂ်ရထား ယင် အဆိုးတွေဟာ ကောင်းသွားတတ်ပါတယ်။
ဂြိုဟ်ဆိုးဖြစ်လင့်ကစား ယုဂ်အားကောင်းလို့ အဆိုး တွေဟာ ကောင်းပြီး အကျိုးပြုရပါတယ်။
(၂) ဂြိုဟ်များပူးပေါင်းမှု
ဂြိုဟ်တွေဟာသုံးလုံး၊ ဒါမှမဟုတ် သုံးလုံး
ထက်ပိုပြီး ပူးခဲ့ယင် ဇာတာရှင်ကို အောင်မြင် ကျော်ကြားခွင့်ပေးပါတယ်။
အောက်ပါဇာတာ နှစ်စောင်ကိုကြည့်ပါ။
၇-၂-၁၉၆၂။ ညနေ ၃း၄၅မှာ မွေးပါတယ်။
၁၇၊၁၊၃၄ နေ့။ ၁း၂၀ နာရီမှာ မွေးပါတယ်။
ဒီလိုဂြိုဟ် (၇)လုံး ပူးနေမှုဟာ ဇာတာရှင်ကို
ထင်ပေါ်ကျော်ကြားမှု ဖြစ်စေပါတယ်။
ဘယ်ပုဂ္ဂိုလ်မဆိုပေါ့လေ။ သူဝါသနာပါတဲ့လုပ်ငန်း၊
သူနှစ်သက်စိတ်ဝင်စားတဲ့ လုပ်ငန်းကို လုပ်ပိုင်ခွင့်ရှိမယ်ဆိုယင်
သူရဲ့ကံတရား ကို လမ်းဖွင့်ပေးတာနဲ့ အတူတူဖြစ်ပြီး သူ့အတွက် ရော နိုင်ငံအတွက်ပါ ထူးကဲတဲ့
အကျိုးတွေကို ခံစား ရမှာ အမှန်ပါ။
ဝါသနာပါတာက ဆိုက်ကားနင်းဖို့ လုပ်နေရ တာ
ဆရာဝန်ဆိုယင်တော့ ဘုန်းကြီးနဲ့ ဘီးလိုပဲ ဘယ်တော့မှ အခန့်သင့်မှာ မဟုတ်တဲ့အပြင် ထင်ပေါ်ဖို့လဲ
မလွယ်ပါ။
ဂြိုဟ်များများပူးယင် ကောင်းတယ်ဆိုတာ သိပြီးရောပေါ့။
(က) မကာရရာသီ၊ ကရကဋ်ရာသီမှာ ဂြိုဟ်တွေအများဆုံးရှိယင်
အောင်မြင်ကျော်ကြားဖို့ ပိုလွယ်ပါတယ်။ မိဿရာသီမှာ ဂြိုဟ်ရှိတာထက် မကာရရာသီနဲ့ကရကဋိရာသီမှာ
ရှိတာပိုကောင်း ပါတယ်။
(ခ) ဂြိုဟ်တွေဟာ
ဒွါရလေးခွင်(မိဿ၊ ကရကဋ်၊ တူ၊ မကာရရာသီ)မှာများများရှိပြီး အံသာ ရင့်နေယင် ပိုကောင်းပါတယ်။
ဥစ်စစ်၊ ကသစ်စစ်၊ တြိဂုဏ်းစစ်အံသာတွေထဲမှာ ရှိယင် ထင်ပေါ်တင် မက ကျော်ကြားမှုပါတွဲပြီး
ခံစားရပါမယ်။
(ဂ) ပူးတွဲဂြိုဟ်တွေဟာ
အတ္တမာကာရက အဖြစ် အံသာ၂၀ ကျော်မှာ ရှိနေယင် ကောင်းပါ တယ်။
(၃) ရာသီတွေပူးပေါင်းမှု
ဒွါရလေးခွင်ဖြစ်တဲ့ မိဿ၊ ကရကဋ်၊ တူ၊ မကာရရာသီတွေမှာ
ဂြိုဟ်တွေ များများစားစားစုမိ နေယင်လည်း ထင်ပေါ်မှုကိုပေးပါတယ်။ မိဿနဲ့ တူရာသီမှာ ဂြိုဟ်ရပ်တည်တာနဲ့
ကရကဋ်နဲ့ မကာရ ရာသီမှာ ဂြိုဟ်ရပ်တည်တာခြင်း မတူပါ။ အကျိုးပေး မတူပါ။
(က) မိဿနဲ့တူရာသီမှာ ဂြိုဟ်တွေများများ မိနေယင်
ချစ်ခင်မှု၊ ကြင်နာမှု၊ ကရုဏာသက်တတ် မှုတွေ များတတ်ပါတယ်။ လူ့အနေအထား အလျောက် စီးပွားရေးမှာ
အောင်မြင်တတ်ပါတယ်။ လုပ်တဲ့ အလုပ်အကိုင်မှာ တိုးတက်သွားတတ် ပါတယ်။ ရင်းနှီးပျိုးထောင်လာတဲ့
လုပ်ငန်းဟာ မပျက်မစီးပဲ သားစဉ်မြေးဆက် အကျိုးပေးတတ်ပါ တယ်။
လွတ်လပ်မှုကို နှစ်သက်သဘောကျပြီး လွတ်လပ်စွာပဲ
ဘ၀မှာ နေသွားလေ့ရှိတယ်။ မချမ်း သာခင် သိပ်ချမ်းသာချင်ပြီး ချမ်းသာပြီးတဲ့နောက် လည်း
ကိုယ်ပိုင်စည်းစိမ်ဥစ္စာတွေကို ပြောစရာပြုရ လောက်အောင် ရက်ရက်ရောရောနှမြောမဖက်ပဲ မေတ္တာတရားရှေ့ထားပြီး
လှူဒါန်းပေးကမ်းစွန့်ကြ လေ့ရှိတတ်ပါတယ်။
တကယ်လို့ပင်ကိုယ်သဘာဝက ကပ်စေး နည်းတဲ့လူဖြစ်ပါစေ၊
စေ့စပ်ပြီးကတ်သပ်တဲ့ လူဖြစ် ပါစေ။ သူခြိုးခြံချွေတာတာဟာ ကောင်းတဲ့ ရည်ရွယ်ချက် တစ်ခုခုအတွက်
မှန်ကန်တဲ့ စနစ် တစ်ခုပဲ ဖြစ်ပါတယ်။ သူတို့ အတွေးအခေါ်အတွက် ဘာသာရေးကိုင်းရှိုင်းမှုဘက်ပိုပြီး
သန်နေပါလိမ့်မယ်။
(ခ) ကရကဋ်နဲ့မကာရ ရာသီမှာ ဂြိုဟ်တွေ စုနေယင်
ပင်ကိုယ်စိတ်ဓာတ်ပြင်းထန်ပြီး ကိုယ်ကျိုး ရှာသူဖြစ်မယ်။ ရတဲ့ အခွင့်အရေးကို တိတိပပ
ရယူ တတ်မယ်။ ကိုယ့်အတွက် ပထမ စဉ်းစားလုပ်ကိုင်ပြီး သူများအတွက် နောက်မှ လုပ်တတ်မယ်။
မဖြစ်မနေအလုပ်လုပ်တဲ့သတ္တိ၊ ကြိုးစားတဲ့ လုံ့လ၊
စည်းကမ်းကြီးမားတဲ့အကျင့်၊ သစ္စာရှိတဲ့ သဘာဝ၊ ရိုးသားဖြောင့်မတ်တဲ့စိတ်၊ မျှတတတ်တဲ့
ဝါဒတွေကြောင့် ပတ်ဝန်းကျင်က အံ့အားသင့်ပြီး လေးစားခြင်း ခံရပါမယ်။ ဒီအကျင့်တွေကြောင့်
ထင်ပေါ်ကျော်ကြားလာပါမယ်။
အုပ်ချုပ်မှုမှာ ကျွမ်းကျင်ပြီး နိုင်ငံရေးနဲ့
ကုန်သွယ်ရေးမှာ အင်မတန်ကျွမ်းကျင်မယ်။ စက်မှု လက်မှုလုပ်ငန်း၊ သတ္ထုတူးဖော်ခြင်း၊ စိုက်ပျိုးရေး
လုပ်ငန်းတွေနဲ့ အကျိုးပေးတတ်ပါတယ်။
အများသိအောင် ဘာမှမလုပ်တတ်ပေမယ့်၊ သူများ
အထင်ကြီးအောင် မလုပ်တတ်ပေမယ့် သွယ်ဝိုက်တဲ့ လူမှုဝန်ထမ်းလုပ်ငန်းတွေကို အများဆုံး လုပ်လေ့ရှိပါတယ်။
(၄) အကျိုးပေးမှုမတူတဲ့ဂြိုဟ်များ
(က) အကျိုးပေးမတူတဲ့ ဂြိုဟ်(၂)လုံး (သို့မဟုတ်)
အရည်အချင်းချင်းမတူတဲ့ ဂြိုဟ် ၂လုံး တရာသီထဲ ပူးနေခဲ့ယင် ဘ၀မှာ ထင်ပေါ်ခွင့်ကြုံလာ တတ်ပါတယ်။
(ခ) ရာဇယုဂ်ကိုပေးတဲ့ဂြိုဟ်(သို့မဟုတ်)
ယောဂကာရကဂြိုဟ်နဲ့ကိန်း(သို့မဟုတ်) တြိကော ဏဂြိုဟ်တစ်လုံးဟာ ပူးပြီးတရာသီ တစ်ခုခုမှာ
ရပ်တည်ယင်လည်း အထူး ထင်ပေါ်ကျော်ကြား လာတတ်ပါတယ်။
(ဂ) မိဿရာသီဟာ ပထမဦးဆုံး ရာသီ ဖြစ်လို့
မိဿမှာ ဂြိုဟ်တွေများများစားစားစုမိနေယင် ထင်ပေါ်ကျော်ကြားတတ်ပါတယ်။
(ဃ) ၉တန့်နဲ့ ၁၀တန့်တွေဟာ ကိန်း (သို့) တြိကောဏအိမ်မှာရှိပြီး
တခြားဂြိုဟ်ကောင်း တစ်လုံး ရဲ့အမြင်၊ အယှဉ်၊ အပူးစသဖြင့် ဆက်သွယ်မှုရှိယင် အမွေအနှစ်
ရပြီးဖြစ်စေ၊ လုပ်ငန်းလုပ်ပြီး ဖြစ်စေ ချမ်းသာတတ်ပါတယ်။
ဇာတာက စန္ဒြိကကျမ်းမှာဆိုယင် ကိန်းနဲ့ တြိကောဏ
သခင်ဂြိုဟ် ၂လုံးပူးခြင်းရဲ့အကျိုးပေးကို စနစ်တကျ ရေးထားပါတယ်။
(၅) ကိန်းတြိကောဏသခင်များအကျိုးပေး
တကယ်လို့ကိန်းနဲ့ တြိကောဏသခင်ဂြိုဟ် (၂)လုံးဟာ
ပူးယှဉ်ပြီး ဘယ်ရာသီမှာ ရှိနေပါစေ။ အဲဒီဂြိုဟ်အလျှောက် အနည်းနဲ့ အများဆိုသလို အကျိုးပေးပါသတယ်။
(က) စနေနဲ့ ကြာသပတေးဟာကိန်းသခင်နဲ့ တြိကောဏသခင်ဖြစ်ပြီး
ရာသီတခွင်ခွင်မှာ လာပြီး ရပ်တည်ခဲ့ယင် ထူးခြားတဲ့ အခွင့်အရေးတွေကို ပေးတတ်ပါတယ်။ ကြာသပတေးဟာ
တည်ဆောက် ခွင့်ပေးပြီး စနေဟာ တည်တံ့ခိုင်မြဲစေပါတယ်။ ငွေကြေးလာဘ်လာဘရစေမှုကို ကြာသပတေးက
စိုးမိုးပြီး ခြိုးခြံချွေတာပြီး ဆောင်နိုင်မှုကို စနေက ဖန်တီးပေးပါတယ်။
အတိတ်ဘ၀ရဲ့ ပါရမီအကျိုးပေး ကံကောင်း ပြီးလုပ်သလောက်
အကျိုးပေးမယ်။ အကျိုးပေး သလောက် ဖြစ်ထွန်းပါတယ်။ စိတ်က ဆုံးဖြတ်ပြီး မဖြစ်မနေလုပ်တတ်တဲ့
ဇွဲနဲ့ လုံ့လနဲ့ကြိုးစား တတ်တဲ့အတွက် လခစားလုပ်ယင် ထိပ်တန်း ရာထူး ရနိုင်သလို ကုန်သည်လုပ်ယင်
ချမ်းသာကြွယ်ဝ နိုင်ပါတယ်။ ဂုဏ်သတင်းကြီးပြီး ပစ္စည်းချမ်းသာမှု၊ ဘ၀အခြေအနေ မြင့်မားလာမှု၊
အဆင့်မြင့်ပြီး ကြီးကျယ်လာစေမှုတွေ ဖြစ်လာပါမယ်။
ဘ၀မှာ တာဝန်ယူနိုင်စွမ်းရှိပြီး ဘ၀အခြေ အနေမြင့်မားလာအောင်
မဖြစ်မနေ လုပ်နိုင်ပါ လိမ့်မယ်။ မိဘလက်ထက်မှာထက် ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်တည်တဲ့
အချိန်မှာ ပိုပြီး ကောင်းစားပါမယ်။
တစ်ချို့ဇာတာတွေမှာ ငယ်ကံဇာတာညံ့ပြီး အိုဇာတာ
ကောင်းစားတာ တွေ့ရသလို တစ်ချို့ ကျပထမအရွယ်မှာ ရုန်းကန်းကြိုးစားရပြီး အသက် ကြီးလေ
ကောင်းစားလေ ဖြစ်တာကို တွေ့ရပါတယ်။
(ခ) ကြာသပတေးနဲ့ယူရေးနပ်စ်
တကယ်လို့များ ဒီဂြိုဟ်နှစ်လုံးဟာ တစ်လုံး
ကို တစ်လုံး ကိန်း(သို့မဟုတ်) တြိကောဏခံထား ယင် ပညာတတ်ပုဂ္ဂိုလ်ကြီး ဖြစ် မယ်။ ပညာကြောင့်ထင်ပေါ်ကျော်ကြားမယ်။
ဘာကို မဆို ဖြစ်မြောက်အောင်မြင်ရမယ်ဆိုတဲ့ ၀ါဒနဲ့ ဇွတ် ကြိုးစားလို့ အောင်မြင်တတ်မယ်။
ရုပ်ပိုင်း ဆိုင်ရာ လုပ်ငန်းတွေထက် နာမ်ပိုင်းဆိုင်ရာ အလုပ်တွေ ကြောင့် ပိုပြီးထင်ပေါ်စေပါမယ်။
အမြင်ကျယ်မှု၊ ပင်ကိုယ်ဥာဏ်ရှိမှု၊ ပါရမီ ကံကောင်းမှုတွေဟာ
ဒီဂြိုဟ်နှစ်လုံးက လုပ်ပေးပါ လိမ့်မယ်။ ဒါကြောင့် ပညာတတ်ကြီးတွေ အစိုးရ အဖွဲ့က ထိပ်တန်း
ရာထူးရှင်ကြီးတွေ တက္ကသိုလ် ပါမောက္ခကြီးတွေ သုတေသနပညာရှင်တွေ တီထွင် တတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့
ဇာတာမှာ ယူရေးနပ်စ်နဲ့ ကြာသပတေးဂြိုဟ် ဆက်သွယ်နေမှု တို့ကို တွေ့ရပါ တယ်။
(ဂ) ကြာသပတေးနဲ့အင်္ဂါ
တကယ်လို့များ
ဒီဂြိုဟ်နှစ်လုံးဟာ တစ်လုံး ကို တစ်လုံးကိန်း(သို့မဟုတ်) တြိကောဏသခင် အဖြစ် ပူးယှဉ်လိုက်နေပါယင်
ဘယ်ဘာသာရပ်ကို မဆိုလွယ်လင့်တကူ သင်ကြားတတ်မြောက်မယ်။ ဘယ်အလုပ်မဆို ဇွဲလုံ့ကြီးမားစွာနဲ့
လည်းကောင်း၊ ရည်ရွယ်ချက်ကြီးမားစွာနဲ့လည်းကောင်း လုပ်လေ့ရှိ တဲ့အတွက် အကျိုးခံစားရပါမယ်။
ကိုယ့်ထက်ကြီးတဲ့
ပုဂ္ဂိုလ်တွေကို လေးစား တတ်တဲ့ဥာဉ်၊ လျင်မြန်ဖျတ်လတ်တဲ့ဥာဏ်၊ ထက် မြက်ပြီး မှန်ကန်စွာ
ဆုံးဖြတ်နိုင်တဲ့ အတွေးအခေါ် စိတ်ပိုင်းဖြတ်နိုင်တဲ့ သတ္တိတွေကြောင့် အောင်မြင် ကျော်ကြားလာတတ်ပါတယ်။
သူများအမြင်နဲ့ အယူ အဆ တန်ဖိုးထားပြီး လေးစား တတ်တာကြောင့် အပေါင်းအသင်းဝင်ဆံ့တတ်ပါတယ်။
ရင်းနှီးလုပ်ကိုင်ရတဲ့
အလုပ်ကအကျိုးခံစားရ တတ်ပါတယ်။ မြေနဲ့ ပတ်သက်ပြီး အကျိုးရှိမယ်။ အခြေအနေနဲ့ အခွင့်အရေးရမှုကြောင့်
မြင့်မားရေး ဟာ အလိုလိုဖြစ်လာပါလိမ့်မယ်။ မြေစိုက်ပစ္စည်း ဖြစ်တဲ့ အိမ်၊ မြေ၊ တိုက်တာ
များများပိုင်ဆိုင်ရပါ လိမ့်မယ်။
(ဃ) အင်္ဂါနဲ့သောကြာ
တကယ်လို့
ဒီဂြိုဟ်နှစ်လုံးဟာ တစ်လုံးကို တစ်လုံး ကိန်း(သို့မဟုတ်) တြိကောဏခံနေယင် ဒါမှမဟုတ်
ကိန်းနဲ့ တြိကောဏသခင်တွေဖြစ်ပြီး ပူးယှဉ်နေယင် အောင်မြင်မှုရဲ့ ဂုဏ်သတင်းတွေ မွှေးပျံ့နေတတ်ပါတယ်။
ရက်ရောမှု၊ ယဉ်ကျေး သိမ်မွေ့မှု၊ နှစ်သက်မယ့်အမူကျင့်၊ တစ်ပါးသူပေါ် မေတ္တာထားမှု၊ အမှန်အတိုင်း
မြင်တတ်မှု၊ အများ အကျိုး သည်ပိုးဆောင်ရွက်တတ်မှ တွေကြောင့် ကျော်ကြားပါမယ်။
အမျိုးသမီးတွေမှာ
ဒီယုဂ်ပါယင်လည်း ရှိရင်း စွဲအရည်အချင်းတွေ ထက်ပိုပြီး လုပ်နိုင်အောင် ပတ်ဝန်းကျင်က
ဖန်တီးပေးတတ်ပါတယ်။ အခြေ အနေတစ်ရပ်ကို ပြုပြင်ပြောင်းလဲတဲ့နေရာမှာ လိမ္မာ ပါးနပ်လွန်းတဲ့အတွက်
ပတ်ဝန်းကျင် တစ်ခွင်မှာ ထင်ရှားကျော်ကြားလာပါလိမ့်မယ်။
(င) တနင်္ဂနွေနဲ့ယူရေးနပ်စ်
တကယ်လို့များ
ဒီဂြိုဟ်နှစ်လုံးဟာ တစ်လုံး ကိုတစ်လုံး ကိန်း(သို့မဟုတ်) တြိကောဏခံနေယင် အစိုးရလခစား
အစမှာ လုပ်ပိုင်ခွင့်ရော အခွင့် အာဏာပါ နှစ်မျိုးစလုံး ရရှိပြီး အထူးကျော်ကြား တတ်ပါမယ်။
ဘ၀မှာ တစ်ဆင့် တစ်ဆင့် မြင့်မား လာပြီး နောက်ဆုံး အထွတ်အထိပ်ကို ရောက်သွား နိုင်တယ်။
(စ) တနင်္ဂနွေနဲ့
စနေ
တကယ်လို့များ
ဒီဂြိုဟ်နှစ်လုံးဟာ တစ်လုံး ကိုတစ်လုံး ကိန်း(သို့မဟုတ်) တြိကောဏခံထား ယင် ဖြစ်စေ၊
ကိန်း တြိကောဏသခင်တွေဖြစ်ပြီး ပူးနေယင်ဖြစ်စေ၊ ဒီယုဂ်ဟာ အင်မတန်အားရှိတဲ့ ယုဂ်တစ်ခုဖြစ်ပါတယ်။
တေဇောနဲ့ ပထ၀ီ (သို့မ ဟုတ်)တေဇောနဲ့ ၀ါယော ဓာတ်နှစ်လုံး ပူးတာ ဖြစ်လို့ပါ။
အမြဲတန်းအလုပ်ကြီးအကိုင်ကြီးတွေကို
ရက် ဆက်လုပ်နေရမယ်။ သူများရဲ့အထင်ကြီးမှု၊ ယုံကြည် ကိုးစားမှု၊ လေးစား အားထားမှုတွေ ခံစားရမယ်။
အများထဲမှာ တစ်ယောက်ထူးခြားပေါ်လွင်လာပြီး စိတ်အေးအေးချမ်းချမ်းနဲ့ နေသွားရပါမယ်။ ထူးခြား
တဲ့ ငွေကြေးချမ်းသာမှု၊ ဦးလည်မသုန်ကြိုးပမ်းမှု၊ သတ္တိရှိမှု၊ လုပ်ငန်းရပ်ပေါ် တွက်ချက်ခန့်မှန်းနိုင်စွမ်း
ရှိမှု၊ စီမံခန့်ခွဲနိုင်မှုတွေကြောင့် အများတကာ အလယ်မှာ ထင်ပေါ်လာပါလိမ့်မယ်။
ရန်ဂြိုဟ်
နှစ်လုံးပူးယှဉ်တာ ဖြစ်လင့်ကစား ယုဂ် အားကောင်းတဲ့အတွက် ထိပ်တန်းရာထူးရှင် တွေကျော်ကြားထင်ရှားတဲ့
ပုဂ္ဂိုလ်ကြီးတွေရဲ့ ဇာတာ တွေမှာ ဒီယုဂ်ကို အများဆုံးတွေ့ရပါတယ်။
(ဇ) အင်္ဂါနဲ့စနေ
တကယ်လို့များ
ဒီဂြိုဟ်နှစ်လုံးဟာ တစ်လုံး ကိုတစ်လုံးကိန်း (သို့မဟုတ်) တြိကောဏ ခံထား ယင်ဖြစ်စေကိန်း၊
တြိကောဏသခင်တွေဖြစ်ပြီး ပူးနေ ယင်ဖြစ်စေ၊ ရခဲ့ယင်အင်မတန်မှ စည်းရုံးရေးမှာ ကျွမ်းကျင်ပါလိမ့်မယ်။
စီမံအုပ်ချုပ်နိုင်တဲ့ ပုဂ္ဂိုလ် ထူးကြီးဖြစ်မယ်။ လုပ်ငန်းသဘောတရား အပေါ် အောက်သက်ကျေပြီး
အင်မတန်မှ ပိုင်နိုင်သူဖြစ်မယ်။ စနစ်ကျမှု၊ ဦးဆောင်နိုင်မှု၊ အတွေးအခေါ် အမြော် အမြင်
မှန်ကန်မှု၊ စည်းစနစ်ရှိမှုတွေကြောင့် တကယ့် တာဝန်ကြီးတွေကို ထမ်းဆောင်ရတတ်ပါတယ်။
စီမံကိန်းဝင်
လုပ်ငန်းကြီးတွေမှာ ဦးဆောင်ရ တတ်ပါတယ်။ သတ္တု တူးဖော်မှု၊ စိုက်ပျိုးရေး စီမံကိန်း၊
ရေနံတူးဖော်မှု စသည်ဖြင့် စီမံကိန်း အကြီး စားကြီးတွေကို ကိုင်တွယ်ရတတ်ပါတယ်။
လွတ်လွတ်လပ်လပ်လုပ်တတ်တယ်။
ထကြွ လုံ့လရှိပြီး အလုပ်ကိုခက်ခက်ခဲခဲ စွန့်စွန့် စားစား လုပ်တတ်တဲ့ ဘာဝကြောင့် ထင်ပေါ်ကျော်ကြားလာ
တတ်ပါတယ်။
ထင်ပေါ်ကျော်ကြားခွင့်ရတဲ့
ဇာတာရှင်တွေ အကြောင်းကို မိတ်ဆက်အနေနဲ့ ရေးတာပါ။ ဒီ အကြောင်းအရာဟာ ကျမ်းတစောင်ပေတဖွဲ့
ဖွဲ့ရ လောက်အောင် ရှည်လျားပါတယ်။ ရှေ့ဆက်စဉ်းစား နိုင်အောင် လမ်းဖွင့်ပေးတဲ့ သဘောပါ။
ပြည့်စုံပြီလို့ အပိုင် မထင်ပါနဲ့ဦး။
ကျွန်တော်တို့တတွေမှာ
လေ့လာစရာတွေ ရှေ့မှာ အများကြီး ရှိပါသေးတယ်။
No Response to "သင့်မှာထင်ပေါ်ကျော်ကြားခွင့်ရှိနေပါသလား"
Add Your Comment