၁။ အားလုံးကောင်းတယ်ဆိုတာကိုယ်ကောင်းမှဖြစ်တာပါ။ ၂။ ကိုယ့်လုပ်ရပ်ကို သူများအားကျအောင် လုပ်နိုင်ဖို့ လိုတယ်။ ၃။ ကျုပ်သေသွားရင်ကျုပ်ဘာတွေ လုပ်ခဲ့သလဲဆိုတာ ကျုပ်ရဲ့စာအုပ်တွေက ခင်ဗျားတို့ကိုပြောပြပါလိမ့်မယ်။ ၄။ သိထားတဲ့အခါမှာကျေနပ်နေရင် သိထားတာနဲ့ပဲ ကိစ္စပြီးသွားလိမ့်မယ်။ ၅။ နည်းနည်းလေးမှားတာကို ခွှင့်လွှတ်ခဲ့ရင် မဟာအမှား ကြီးဖြစ်သွားလိမ့်မယ်ဆိုတာ ကြပ်ကြပ်သတိထား။ ၆။ ဘာပဲကုန်သွား ကုန်သွား၊ ကျုပ်ဆီမှာ အမြဲရှိနေတာက မျှော်လင့်ချက်ပဲ။ ၇။ မြင့်မြတ်ချင်ရင်မြင့်မြတ်တဲ့အလုပ်ကိုလုပ်ရပါမယ်။ ၈။ လုပ်မယ်လို့စိတ်ကူးရဲရင်အဲဒီ့အလုပ်ဟာအောင်မြင်ဖို့ သေချာသွားပြီလို့ ကျုပ်ယုံကြည်တယ်။ ၉။ မောပြီဆိုပြီး သွားမရပ်လိုက်နဲ့။ ပိုပြီးမောသွားလိမ့်မယ်။ ဆက်သာလုပ်။ အောင်မြင်တဲ့အခါ သူ့ဘာသာသူ အမောပြေသွားလိမ့်မယ်။ ၁၀။ တန်ဖိုးဆိုတာ သိတဲ့လူအပေါ်မှာပဲ တည်တယ်။ မသိတဲ့ လူတွေအတွက် ဘာမှတန်ဖိုးမရှိဘူး။ ၁၁။ မုန်းတဲ့လူကမချစ်တာထက်၊ ချစ်တဲ့သူတွေက မမုန်းဖို့ ကျုပ်မှာတာဝန်ရှိတယ်။ ၁၂။ အခွင့်အရေးရယ်၊ အချိန်အခါရယ်၊ ပံ့ပိုးမှုရယ်၊ စိတ်ဆန္ဒရယ်မပါဘဲ ဘယ်အလုပ်မှ မအောင်မြင်ဘူး။ ၁၃။ ပြီးပြီးရောလုပ်ခဲ့တဲအလုပ်တွေအားလုံးဟာနောင်လာနောက်သားတွေကိုချောက်တွန်းခဲ့တာပဲဖြစ်တယ်။ ၁၄။ လုပ်ပြီဆိုကတည်းက သမိုင်းတင်ချင်လို့ပဲ။ ၁၅။ မြင့်မြင့်ပျံရင်တော့ များများမောမှာပဲ။ များများမောမှလည်း မြန်မြန်ရောက်မယ်။ ၁၆။ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာရိုးသားစွာ လိပ်ပြာသန့်နေရင် ဘယ်သူ့ကိုမှ မှုစရာမလိုဘူး။ ၁၇။ မကောင်းဘူးလို့တစ်သံတည်းမထွက်သရွေ့ ကိုယ်လုပ်တဲ့အလုပ်ဟာ ကောင်းနေတယ်လို့ ကျုပ်ယူဆထားတယ်။ ၁၈။ လုပ်ချင်သလောက် မလုပ်နိုင်သေးရင် လုပ်နိုင်သလောက် လုပ်ထားမှာပဲ။ ၁၉။ ရန်သူတစ်ယောက်ထက်၊ ပတ်ချာလည်ဝိုင်းနေတဲ့မိတ်ဆွေတုတွေကို ကျုပ်ကပိုကြောက်တယ်။ ၂၀။ လုပ်ကြည့်လို့မှားသွားရင် ၀မ်းသာပေတော့။ ၂၁။ နှိုက်သလောက်ရတာ ပညာပါပဲ။ ၂၂။ ဘယ်ကိစ္စကိုမဆို ပီပီပြင်ပြင် မတီထွင်နိုင်ရင် ရယ်ချင်စရာဖြစ်သွားမှာ။ ၂၃။ သူများလုပ်ပြတာတွေကို အားရစရာမလိုဘူး။ အားကျဖို့ပဲလိုတယ်။ ကိုယ်တိုင်လုပ်နိုင်ဖို့လိုတယ်။ ၂၄။ လုပ်ခဲ့တာတွေအပေါ်မှာ ယစ်မူးမနေဘူး။လုပ်ချင်တာတွေအပေါ်မှာ စိတ်ကူးမယဉ်ဘူး။ လုပ်နေတာတွေအပေါ်မှာဘဲ ကျေနပ်တယ်။ ၂၅။ တစ်လောကလုံးမှာ လုံခြုံတဲ့နေရာဟာ စိတ်ထဲမှာပဲရှိတယ်။ ၂၆။ ကိုယ်ဘာလုပ်နေသလဲဆိုတာ သူများသိဖို့မလိုဘူး။ ကိုယ်သိဖို့ပဲလိုတယ်။ ၂၇။ မျက်စိကန်းတာအရေးမကြီးဘူး၊ စိတ်ဓါတ်မကန်း ဖို့အရေးကြီးတယ်။ ၂၈။ လက်ခုပ်တီးတိုင်း ကိုယ့်ကိုအားပေးတယ်မထင် နဲ့၊ ကိုယ့်ကိုတောထုတ်တာလဲဖြစ်နိုင်တယ်။ ၂၉။ ပညာလိုချင်ရင် မာနထား၊ ပညာပေးချင်ရင် မာနချ၊ ဒါမှပညာရှင်ဖြစ်တယ်။ ၃၀။ ၀ိုင်းမြှောက်တိုင်း မြှောက်သွားရင် ပေါက်သွားမှာ လဲ သတိထားဦး။ ၃၁။ ကြိုက်နေတယ် ဆိုတာ အားလုံးကောင်းနေလို့ ဆိုပြီးမထင်နဲ့။ သူ့အတွက် ကြိုက်တာလား၊ ကိုယ့်အတွက် ကြိုက်တာလား၊ စဉ်းစားကြည့်။ ၃၂။ ကိုက်မယ့်အလုပ်ထက် ကြိုက်တဲ့အလုပ်ကိုလုပ် ရတာ ကျုပ်ပိုပျော်တယ်။ ၃၃။ လုပ်နိုင်သလောက်ကိုပဲပြော၊ ပြောသလောက်မ လုပ်နိုင်ရင် ကွယ်ရာမှာ ရယ်စရာဖြစ်နေမယ်။ ၃၄။ လမ်းမြင်တာနဲ့ ပန်းဝင်ပြီလို့မထင်နဲ့၊ အဝေးကြီး လိုသေးတယ်။ဆက်သာပြေး၊ အချိန်တန်ရောက် သွားလိမ့်မယ်။ ၃၅။ ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်းကို လိုချင်လို့မရပါ။ တန်ဖိုးကြီးကြီးပေးခဲ့မှ တန်ဖိုးရှိတာတွေ အားလုံး ရမယ်လို့ ကျုပ်ခံယူတယ်။ ၃၆။ ထီးလိုနေမလား၊ ဘိနပ်လိုနေမလား၊ လွယ်အိတ် လိုလိုက်မလား၊ ကိုယ့်အခြေအနေကို ပြတ်ပြတ် သားသား ဆုံးဖြတ်နိုင်ဖို့လိုတယ်။ ၃၇။ လမ်းသစ်ထွင်ရင် ဆူးနင်းမိမှာဘဲ။ ဆူးကြောက် ပြီးဒူးထောက်မိခဲ့ရင်မူးနောက်ပြီးလဲသွားလိမ့်မယ် ၃၈။ စိတ်မကုန်မချင်းလုပ်လို့ ကောင်းနေတဲ့ အလုပ် တွေဟာ စိတ်ကုန်သွားတာနဲ့ရပ်သွားမှာပဲ။ ၃၉။ အရိုးစူးတယ်ဆိုတာငါးစားလို့။ အမှားများတယ် ဆိုတာအလုပ်လုပ်လို့။ အဲဒါဘာဖြစ်သလဲ။ မှားစမ်းပါစေ။ ၄၀။ တမာရွက်ခါးတာ၊ သကြားချိုတာ၊ ငရုတ်သီး စပ်တာ၊ ရှောက်သီးချဉ်တာ သူတို့အလုပ် သူတို့လုပ်တာမို့ ကျုပ်ဂုဏ်ယူပါတယ်။ ၄၁။ အချိန်ကိုကိုယ်ကစောင့်ရတာ၊ အချိန်ကကိုယ့်ကို ဘယ်တော့မှမစောင့်ဘူး၊ အဲဒါသိပ်မတရားဘူး။ ၄၂။ ကကြီးကို ပက်လက်လှန်မကြည့်နဲ့၊ ကပက်လက် တော့ဖြစ်မှာမဟုတ်ဘူး၊ ယပလက်ပဲဖြစ်သွားမှာ။ ၄၃။ ပညာတော်တယ်ဆိုတာ ပညာရှာတော်တော့လို့ ပြောတာမဟုတ်ဘူး။ ဆက်ကြိုးစားဖို့ သတိပေး နေတာ။ ၄၄။ စိန်ခေါ်တယ်ဆိုတာ အနိုင်ရရေးအတွက်မဟုတ်ဘူး၊ အရှုံးမပေးဘူးဆိုတာသိဖို့အတွက်ပဲ။ ၄၅။ စာသာကောင်းပါစေ၊ ဘာလာတောင်းစရာရှိပါ့မလဲ၊ အားလုံးပြည့်စုံနေလိမ့်မယ်။ ၄၆။ ကျုပ်ရေးတဲ့စာဟာကျုပ်ဖတ်ဖို့မဟုတ်ဘူး။အားလုံးဖတ်ဖို့။ အားလုံးနဲ့တန်အောင် ကြိုးစားရမယ်။ ၄၇။ ညာစရာရှိလို့ပြင်တာကို ပညာရှိလို့ခေါ်တယ်တဲ့။ ဟုတ်လဲဟုတ်ပဲနဲ့။ ၄၈။ နောက်ဆုံးစက္ကန့်အထိပညာရပ်အပေါ်မှာရပ်တည်နိုင်ခြင်းဟာယောကျာ်းကောင်းရဲ့စိတ်ဓါတ်ပါပဲ။ ၄၉။ ပညာရပ်တစ်ခုကိုမမှန်ဘူးဆိုတာ သိနေရဲ့သားနဲ့ မှန်ပါတယ်လို့ လက်ခံနေရတာလောက် ခံပြင်းစရာကောင်းတာမရှိဘူး။ ၅၀။ ဂုဏ်ရှိအောင် ကြိုးစားတာထက် ရှိတဲ့ဂုဏ်ကို ထိန်းသိမ်းရတာ ပိုခက်တယ်။ ၅၁။ သူများလုပ်လို့ဖြစ်တာကို ၀မ်းသာနိုင်တဲ့လူဟာ သူတော်ကောင်းဖြစ်တယ်။ ၅၂။ တန်ဖိုးဆိုတာပေးတဲ့လူအပေါ်မူတည်တတ်တယ်။ ၅၃။ အောင်မြင်မှုရဲ့အောက်ကို ငုံ့ကြည့်ပါ။ ဆူးညှောင့် ခလုတ်တွေ ရှိနေပါတယ်။ အသီးစားချင်ရင်တော့ သစ်ပင် စိုက်ရမှာပဲ။ ဒါမှ ထိုက်ထိုက်တန်တန် စားရမှာပေါ့။ ၅၄။ ယုံကြည်တယ်ဆိုတာတစ်ယောက်ကတစ်ယောက်ကိုယုံရင်ကြည်တာပဲ။မယုံရင်မကြည်ဘူး။ ဟုတ်တယ်မဟုတ်လား။ ၅၅။ ခေါင်းမာတာကို အထင်မကြီးဘူး။ စိတ်ဓါတ်ခိုင်မာတာကိုပဲ ကျုပ်ကလေးစားတာ။ ၅၆။ လုပ်ပြနိုင်တာအားလုံးဟာ သတ္တိတွေဖြစ်တယ်။ ၅၇။ စိတ်ကူးတွေဟာပန်းတိုင်ရောက်ဖို့ပထမခြေလှမ်းဖြစ်တယ်။ ၅၈။ ပညာဆိုတာ သိတဲ့သူတွေအတွက်သာ အသုံးကျတာ။ မသိတဲ့သူတွေအတွက် ဘာမှအသုံးမကျဘူး။ ၅၉။ ကိုယ့်ဘာသာကိုယ် ဘာလုပ်နေသလဲဆိုတာ မှန်မှန်ကန်ကန်သိရင် လူတော်ဖြစ်ပြီ။ ၆၀။ သိနေတဲ့ပညာကို မလိုချင်ဘူး၊ ရှိတဲ့ပညာကိုပဲလိုချင်တယ်။ ဒါမှအသုံးကျတာ။ ၆၁။ မနာလိုမဖြစ်နဲ့၊ လုပ်တဲ့လူဟာနေရာရမှာပဲ။ ၆၂။ အသက်ရှင်ပြီး အသိသေနေတဲ့သူမဖြစ်ရအောင် ကြိုးစားတာဟာ ကျုပ်ရဲ့အလုပ်ပဲ။ ၆၃။ မလုပ်နိုင်ဘဲ ပြောနေတာထက်၊ လုပ်ပြီးမပြောတဲ့သူကို ကျုပ်လေးစားတယ်။ ၆၄။ ဆရာမတူတာနဲ့၊ အတွေးမတူတာနဲ့၊ အပြစ်ရှာတတ်တဲ့ပညာရှိဟာ ပညာမဲ့တဲ့သူသာဖြစ်တယ်။ ၆၅။ နောက်မပင်ပန်းချင်ရင် အခုပင်ပန်းတဲ့အလုပ်တွေကို လုပ်ပါ။ ၆၆။ ပညာမှာအရှုံးမရှိဘူး၊ဆက်မလုပ်ရင်သာကိုယ်ကရှုံးတာ။ ၆၇။ ဦးနှောက်က သိလို့မရဘူး၊ နှလုံးသားကသိမှ သိတယ်လို့ခေါ်တာ။ ၆၈။ ပညာဆိုတာ အရိပ်လိုပဲ၊ ခင်ဗျားသွားရင် သူကလိုက်မယ်။ ခင်ဗျားရပ်ရင် သူကရပ်တယ်။ ၆၉။ မနိုင်မယ့်အလုပ်ကို အရင်စမလုပ်နဲ့။ လုပ်နိုင်တဲ့အလုပ်ကိုပဲစပြီးလုပ်။မနိုင်မယ့်အလုပ်ကိုဆက်လုပ်နိုင်လိမ့်မယ်။ ၇၀။ အပြောလွယ်ပေမယ့် အလွယ်မပြောပါနဲ့။ ၇၁။ ကျုပ်သေသွားခဲ့ရင် ကျုပ်ဝိဥာဉ်လေးဟာ ဗေဒင်ပညာနဲ့အတူ ခင်ဗျားဆီ ရောက်လာပါလိမ့်မယ်။

0 comments

မမြင်ရသောကြိုးကလေးများ

Published on Saturday, March 16, 2013 in


ဘယ်မိဘမဆို ကိုယ့်ရင်သွေးရင်နှစ်မှန်သ၍ အတုမဲ့အနှိုင်းမဲ့ ချစ်ကြတာချည်းပါပဲ။ အကြီးဆုံးဆို လည်း အလတ်မို့၊ အငယ်ကျပြန်တော့လည်း အငယ် ဆုံးမို့၊ အထွေးဆုံးကျပြန်တော့လည်း အထွေးဆုံး မို့လို့ ချစ်မ၀၊ ကြင်မ၀၊ ရှုမ၀ပဲပေါ့။
          ချောယင်လှယင်လည်း ချောလို့ လှလို့၊ ရုပ်ဆိုးယင်လည်း ရုပ်ဆိုးရှာတယ်ဆိုပြီး ချစ်ကြတာ ပါပဲ။ ယုတ်စွအဆုံး ဒုက္ခိတလေး ဖြစ်နေယင်တောင်မှ 'သနားချစ်' နဲ့ အချစ်ပိုကြပြန်တယ်။
          ရပ်ဝေးမှာရှိနေတဲ့သားတွေသမီးတွေအတွက်လည်း အမြဲပူပန်နေကြတယ်။ အဲလိုရပ်ဝေးမှာ ရှိတဲ့ သားသမီးတွေ တစ်ခုခုဖြစ်ယင် (ဘာဖြစ်တယ်ဆိုတာ အတိအကျမပြောနိုင်ပေမယ့်) ဖြစ်တယ် ဆိုတာက တော့ မိခင်ဖြစ်သူဟာ သူ့နည်းသူ့ဟန်နဲ့ သိနေ ပြီးသား။
          မမြင်ရတဲ့ မမြင်နိုင်တဲ့ သမုဒယ သံယော ဇဉ်ကြိုးတွေကြောင့် 'သိ'နေရတာပဲပေါ့။ မိဘရဲ့ မေတ္တာကြီးမားခိုင်ခံ့တဲ့ သံယောဇဉ်ဆိုတာ မမြင်ရ၊ မတွေ့ရပေမယ့် နားလည် ခံစားတတ်သူအဖို့ နားလည်ခံစားလို့ ရနိုင်ပါတယ်။ မိဘနဲ့သားသမီး၊ သားသမီးနဲ့မိဘကြားမှာ ကူးလူးယှက်သန်းနေတဲ့ မေတ္တာရနံ့တွေကို ကြားလူက၀င်ပြီး ခံစားဖို့ ခက်ခဲ မယ်ထင်ပါတယ်။ အဲ သိဖို့ဆို ပိုပြီးခက်တာပေါ့။
          ဒါပေမယ့် ……..
          နာမည် နာမတွေရဲ့ နောက်ကွယ်မှာ ပုန်း အောင်းနေတဲ့ အစွမ်းသတ္တိတွေ၊ အဓိပ္ပာယ် ဖွင့်ဆို ချက်တွေ၊ အတိတ်နိမိတ်တွေကို နားလည်တတ် ကျွမ်းတဲ့ ဆန်းပညာရှင်ဆိုယင်တော့ ဒါတွေကို ကောင်းကောင်းသိနိုင်တာပေါ့။ သားသမီးတစ်ဦးရဲ့ နာမည်နဲ့သူ့မိဘတွေရဲ့ အမည်ကို သိယင် သူတို့ရဲ့ တစ်ဦးပေါ်တစ်ဦး ထားတဲ့သံယောဇဉ် မေတ္တာ အတိမ်အနက်ကိုထင်ထင်လင်းလင်းသိနိုင်တယ်လေ။
          အမှန်တော့ ဒါဟာ သိပ်မခက်လှပါဘူး။
          ဝေဒင်္ဂရဲ့ အပေါင်းအသင်းတွေ စိတ်ဝင်စား ကြမယ်ဆိုယင် ……….
          ဒီဇယားထဲက 'အပြင်မိတ်' 'အတွင်းမိတ်' 'ဓာတ်မိတ်' ကော်လံထဲမှာရှိတဲ့ ကိန်းဂဏန်းတွေဟာ ဘာကို ရည်ညွန်းတယ်ဆိုတာ ပြောပြပါဦးမယ်။
          ဥပမာ ပြောရယင် သားတစ်ယောက် ယောက်ရဲ့ မိခင်အမည်ဟာ ဒေါ်ချိုပြုံးဖြစ်ယင် အဲဒီ နာမည်ထဲမှာ ၂နဲ့ ၅ပါဝင်တယ်လို့ ဆိုရမယ်။
          သားသမီးနဲ့ မိဘတို့ရဲ့ ဆက်စပ်မှုတွေကို ပြနေတာတော့ ပထမဇယားကွက်ပါပဲ။ အသုံးပြုပုံက ဒီလိုပါ……
          အပေါင်းအသင်း မိတ်ဆွေတစ်ယောက် ယောက်ရဲ့ မွေးနံနဲ့ သူမိဘတွေရဲ့ နာမည်ကို ယူလိုက်…………
          ဆိုပါတော့………
          သူငယ်ချင်းက ဗုဒ္ဓဟူးသား
          သူ့အမေနာမည်က ဒေါ်သိန်းသိန်း
          ဒါဆိုယင် ဇယားကို ကြည့်လိုက်တဲ့အခါ……
          ဗုဒ္ဓဟူးသားရဲ့ အပြင်မိတ်၊ အတွင်းမိတ်၊ ဓာတ်မိတ်တွေမှာ ဖခင်နဲ့ဆိုင်တဲ့ဂဏန်း (၄ နဲ့ ၁) မပါဘူး။ အမေနဲ့ ဆိုင်တဲ့ဂဏန်း(၆)ပါတယ်။ (၆)ဟာ ဓာတ်မိတ်ရှိနေတယ် ဒါကြောင့်
ဒီဗုဒ္ဓဟူးသားဟာ မိခင်ဖြစ်သူနဲ့ ခွဲနေရမယ်။ လုပ်ကျွေးပြုစုရမှာလည်း ပင်ပင်ပန်းပန်း ခက်ခက် ခဲခဲနဲ့ ရှာဖွေကျွေးမွေးပြုစုရမယ်။ ရပ်ဝေးမှာရှိနေယင် ဖခင်အတွက် ပူပင်သောက ရောက်နေရမယ်။ မိခင် ရဲ့အမည်ဟာ ဓာတ်မိတ်မှာ ပါဝင်နေတာမို့ မိခင် ဖြစ်သူဆီက အမွေရနိုင်တယ်။ မိခင်ရဲ့ အကျိုး ကျေးဇူးပြုမှုကို ပြည့်ပြည့်၀၀ခံစားနိုင်မယ်။ မိခင်ရဲ့ ကျေးဇူးတရားကြောင့် စိတ်ချမ်းသာမယ် စသဖြင့် သိနိုင်တယ်။
အဲတော့ သားသမီး တစ်ယောက် ယောက်ရဲ့ မွေးနံကို မူတည်ပြီးကြည့်၊ အပြင်မိတ်၊ အတွင်းမိတ်၊ ဓာတ်မိတ်တို့မှာရှိနေတဲ့ ဂဏန်းကညွှန်းတဲ့ အက္ခရာ တွေဟာ သူ့မိဘတွေရဲ့ နာမည်ရေးရာမှာ သုံးရတဲ့ အက္ခရာတွေ ပါလားဆိုတာ စစ်ဆေးပါတာ မပါတာ ကို ကြည့်ပြီး ဒီလို အဓိပ္ပာယ် ဖွင့်ဆိုနိုင်တယ်။ သူတို့ ကြားမှာရှိနေတဲ့ မေတ္တာရေးရာကိစ္စ ဆက်ဆံမှုတွေ သိနိုင်တယ်။
ကဲ ကြည့်ကြရအောင်
၁။     အမိအဘ နာမည်တွေဟာ အပြင်မိတ်မှာ ရှိနေယင်
          မိဘ နှစ်ပါးစလုံးရဲ့ မေတ္တာကို ပြည့်ပြည့်၀၀ ခံစားခွင့်ရှိမယ်။ ချစ်ခင်ယုယ ကြင်နာမှုတွေကို အမိ အဘတို့ရဲ့ အသက်အတိုင်းရရှိမယ်။ သူတို့ ရှိစဉ်မှာ သူတို့ရဲ့ အကျိုးပြုမှုကြောင့် ကိုယ့်ဘ၀မှာ တိုးတက် အောင်မြင်မယ်။ လိုချင်တဲ့ ဆန္ဒတွေတွေ ပြည့်ဝ အောင် ရည်ရွယ်ချက်ပန်းတိုင်ရောက်ရှိအောင် မိဘ တွေက အကျိုးပြုမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကျေးဇူး တရားကြောင့် အမွေအနှစ်တွေရရှိနိုင်တယ်။
၂။     အမိအဘ နာမည်တွေဟာ အတွင်းမိတ်မှာ ပါရှိနေယင်
          မိဘနှစ်ပါးစလုံးရဲ့ ချစ်ခင်ကြင်နာမှုကို အနီး ကပ်ခံစားရမယ်။ အသက်ထက်ဆုံး အတူတကွ နေထိုင်ကြရမယ်။ ကိုယ့်ဘ၀ သာယာချမ်းမြေ့မှု အ၀၀ကို အမိအဘတို့ကပဲ အစွမ်းကုန်ပေးလိမ့်မယ်။ ငွေကြေးမချမ်းသာတဲ့တိုင် စိတ်ချမ်းသာမယ်။ အမိ အဘနဲ့ အတူနေရလို့ ရရှိတဲ့ စိတ်ချမ်းသာမှုမျိုး ဘယ်မှာ မရရှိနိုင်ဘူး။ အမိအဘရဲ့ အယူအဆ ဆုံးဖြတ်ချက်တွေကို သားသမီးဖြစ်သူက လက်ခံ သလို၊ သားသမီးတို့ရဲ့ဆန္ဒကိုလည်း မိဘဖြစ်သူ တွေက သဘောပေါက်ကြတယ်။
          ကိုယ့် မွေးနေ့အတွင်း မိတ်မှာပါတဲ့ သက် ဆိုင်ရာ ဂဏန်းတွေမှာ အမိရော၊ အဖရောရဲ့ နာမည် အက္ခရာတွေ ပါနေခြင်းဟာ အတူတကွ နေထိုင်ခြင်း၊ စိတ်ချမ်းသာခြင်းတို့ကို ပြနေပါတယ်။
၃။     အမိအဘတွေဟာ ဓာတ်မိတ်မှာ ပါရှိနေယင်
          မိဘ နှစ်ပါးစလုံးရဲ့ ဖြူစင်တဲ့မေတ္တာကို ပြည့်ဝစွာခံစားရမယ်။ ကိုယ်ဘာလုပ်လုပ် ခွင်လွှတ် တတ်မယ်။ (မကြိုက်တာ မဟုတ်တာ လုပ်မိလို့ ဆိုဆုံးမမှာမဟုတ်ဘူး) ကိုယ့်စိတ်ဓာတ်နဲ့ မိဘတွေ ရဲ့ အတွင်းစရိုက်၊ စိတ်သန္တာန်နဲ့ ထပ်တူထပ်မျှနီးပါး ရှိမယ့်သဘောက မိဘတွေဟာ ဘာသာတရား ကိုင်းရိုင်းသူဖြစ်ယင် သူ့သားသမီးဟာလည်း ဘာသာတရားကိုင်းရှိုင်းမယ်။
          မိဘ နှစ်ပါးစလုံးက ဘ၀အောင်မြင်မှု ရရှိရေး အတွက် အကျိုးကျေးဇူးပြုမယ်။ ဘယ်အသက် အရွယ်ရောက်နေနေ။ ဘယ်အတန်းရောက်ရောက် မိဘကိုယ်တိုင်ကျောင်းပို့ ကျောင်းကြိုတာ မုန့်လိုက် ကျွေးတာမျိုးရှိမယ်။
          မိဘတွေ ကွယ်လွန်တဲ့အခါ ကျန်ရှိတဲ့ အမွေ အနှစ်တွေ လုံးဝရရှိမယ်။ အနည်းဆုံး မိဘရဲ့ စိတ်နေ သဘောထား၊ အကျင့်စရိုက်၊ အကြိုက်ချင်းတူတာက အစ အမွေသဘောအဖြစ်ရရှိမယ်။
၎။     အပြင်ဓာတ်မှာပဲဖြစ်ဖြစ်၊ အတွင်းဓာတ်မှာပဲ ဖြစ်ဖြစ်၊ အဘနာမည်မပါခဲ့ယင် -
          ဖခင်ဖြစ်သူနဲ့ အတူမနေရဘူး၊ အမြဲတစေ ခွဲခွာနေရမယ်။ လုပ်ကျွေးပြုစုသူမှာလည်း ခက်ခဲ ပင်ပန်းမယ်။ အတူမနေရခိုက်မှာ ဖခင်အတွက် အမြဲ စိုးရိမ်ပူပန်နေရမယ်။ ဖခင်အတွက် သောက ပိုနေရ မယ်။ ငယ်စဉ်အခါကတည်းက ဖခင်ဖြစ်သူရဲ့ အကျိုး ပြုမှုတွေ မခံခဲ့ရဘူး။ ဘ၀အောင်မြင်ရေးအတွက် လည်း ဖခင်ကို သိပ်အားမကိုးရဘူး။ ဖခင်ရဲ့အကျင့် စရိုက်၊ စိတ်နေသဘောထားတွေလည်း ကွာခြား နိုင်တယ်။ အကြိုက်ချင်းလည်းတူမှာ မဟုတ်ဘူး။ ဖခင်ရဲ့အမွေ မရရှိနိုင်ဘူး။
၅။     ဘယ်မိတ်မှာမဆို မိခင်နာမည်မပါခဲ့ယင်
          ငယ်စဉ်ကတည်းက မိခင်မေတ္တာ ငတ်ခဲ့ရ မယ်။ မိခင်နဲ့ ခွဲခွာနေရတာများမယ်။ အကြိုက်ချင်း မတူနိုင်ဘူး။ ဒါပေမယ့် လိုက်လျောမိတတ်ကြမယ်။ ကြီးလာတဲ့အခါမှာ မိခင်အတွက် ပူပင်သောက ရောက်နေမယ်။ မိခင်အတွက်ဆို အခက်အခဲ အနှောက်အယှက်တွေ တွေ့ရမယ်။ ပင်ပင်ပန်းပန်း လုပ်ကိုင်ကျွေးမွေးရမယ်။ ဒါပေမယ့် မိခင်ဆီက အမွေအနှစ် မရရှိနိုင်ဘူး။ မိခင်ရဲ့ အကျိုးကျေးဇူးပြုမှု မရှိနိုင်ဘူး။ မိခင်ရဲ့ အကျင့်စရိုက်၊ စိတ်နေသဘော ထားတွေလည်း ကွာဟ နေလိမ့်မယ်။

၆။     ဘယ်မိတ်မှာမဆိုမိဘနှစ်ပါးစလုံးနာမည်မပါ
ခဲ့ယင် -
          မိဘနှစ်ပါးစလုံးနဲ့အတူ မနေရဘူး။ မိဘရဲ့ ချစ်ခင်ကြင်နာမှုတွေကို အနီးကပ်ပြည့်ပြည့်၀၀ မခံ စားရတဲ့ သဘောကိုဆောင်နေတယ်။ ဘ၀တိုးတက် အောင်မြင်မှုကို မိဘနှစ်ပါးရဲ့အကျိုးကျေးဇူးကြောင့် မရရှိနိုင်ဘူး။ အနေ ဝေးလွန်းအားကြီး တတ်တာ ကြောင့် သံယောဇဉ်နည်းပါးကြမယ်။ နက်ရှိုင်းတဲ့ ချစ်ခင်ကြင်နာမှုမျိုး သိပ်မရှိကြဘူး။ ဒါပေမယ့် ကိုယ်နဲ့ ဝေးနေရတဲ့ အမိအဘတွေကို လုပ်ကိုင် ကျွေးမွေးဖို့ ဘေးကျပ်နံကျပ် ဖြစ်စရာအကြောင်း တွေ ရှိနေတတ်တယ်။
          အမိအဘတို့ရဲ့ အကျင့်စရိုက်တွေနဲ့ ကွာဟ နေကြလိမ့်မယ်။ မိဘတွေက တောနေစရိုက် မိရိုး ဖလာအတိုင်း ပြုမှုဆောင်ရွက်တတ်ယင် သားသမီး ဖြစ်သူဟာ မြို့နေစရိုက်ခေတ်မီတဲ့ အပြုအမှုတွေ ရှိနေတတ်တယ်။
          ဒါဟာ တစ်ဦးတစ်ယာက်ရဲ့ မွေးနံနဲ့ အဲဒီ မွေးနံနဲ့ဆိုင်တဲ့ အပြင်မိတ်၊ အတွင်းမိတ်၊ ဓာတ်မိတ် တို့ကို ကြည့်ပြီး တိတိကျကျ ပြောနိုင်တဲ့ အချက် တွေပါပဲ။
          'ဥာဏ်သွားသူတွေ' အဖို့ သားသမီးနဲ့ မိဘ အကြားရှိနေတဲ့ အချက်တွေ၊ သဘောသဘာဝတွေ ကို မူတည်ပြီး သားသမီးရဲ့ မွေးနံဆိုတာနဲ့ သူ့မိဘ နာမည်ဟာ ဘယ်လိုဖြစ်မယ်။ ဘယ်နံထဲ မှာ ပါတယ် ဆိုတာကို 'ပြောင်းပြန်လုပ်ပြီး' ပြောနိုင် သေးတယ်။
          ဒီထက် ဥာဏ်သွားသူတွေကတော့ ခုထက် မက ချဲ့ထွင်ပြီး အသေးစိတ် တိတိကျကျ ပြောနိုင် ပါလိမ့်မယ်။ နည်းစနစ်ရဲ့ ပရိယာယ်ကိုသိယင် ဥာဏ်ရှိသလို ဆုံးဖြတ်ချက်ချနိုင်တာဟာ မြန်မာ့ရိုးရာ ဆန်းပညာဟာ တစ်ခုအပါအ၀င်ပါပဲခင်ဗျား။

Spread The Love, Share Our Article

Related Posts

No Response to "မမြင်ရသောကြိုးကလေးများ"

Add Your Comment