မည်သည့်အရာမျိုးမဆို အပ်၏၊ မအပ်၏၊ အငြင်းအခုံဖြစ်လာလျှင် ထိုငြင်းခုံနေကြသောကိစ္စကိုမလုပ်ဘဲ ရှောင်လိုက်ကြပါ။ ဥပမာ-တစ်ဦးကရွာတွင် ဖိနပ်စီးကောင်း၊ မကောင်းဟုဆိုက မစီးဘဲရှောင်လိုက်လျှင် မည်သူကိုမျှမထိခိုက်၊ အပြစ်ပြောစရာမရှိ။ အငြင်းရှိလျှင် ရှောင်ကြ၊ အပြစ်ကင်းတယ်၊ အချိန်ကုန်သက်သာတယ်။ }}
ဒီဆုံးမသြ၀ါဒဟာ ဘုန်းကြီးဦးသီလ၏အဆုံးအမသြ၀ါဒကထာဖြစ်ပါတယ်။ ကြီးကျယ်ခမ်းနားပြီးမြင့်မြတ်တဲ့သူတော်ကောင်းတွေရဲ့ နှလုံးသားဆိုတာ ဘယ်ဘက်အခြမ်းမှာ ကရုဏာရှိပြီး၊ ညာဘက်အခြမ်း မှာပညာအပြည့်ရှိပါတယ်။ အဲဒီကရုဏာ၊ ပညာတရားတွေနဲ့ ကိုယ်ပိုင်ဘ၀၊ ကိုယ်ပိုင်အခွင့်အရေးတွေကိုစတေးပြီး အများကောင်းစားရေးအတွက် လောကအပေါ် စေတနာအပြည့်ထားနိုင်တာကို ပါရမီဖြည့်တယ်လို့ခေါ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ပါရမီဖြည့်တယ်ဆိုတာ လောဘ၊ အတ္တ၊ မာနတွေကြောင့်အကျည်းတန်၊ အရုပ်ဆိုးလှတဲ့ လူ့ဘ၀၊ လူ့စေတနာကို လှပယဉ်ကျေး၊ အသိမ်မွေ့ဆုံးဖြစ်အောင် ခြယ်မှုန်းပြုတန်ဆာဆင်ပေးတာကို ခေါ်တာပါ။
လူရယ်လို့ဖြစ်လာရင်၊ အကြောင်းတစ်ခု၊တစ်ခု အပေါ်မှာ အခြေခံပြီးငြင်းခုန်စရာ၊ အငြင်းပွားစရာတွေ ပေါ်ပေါက်တက်စမြဲပါ။ ဘုန်းတော်ကြီးဦးသီလကတော့ အငြင်းရှိလျှင် ရှောင်ကြ၊ အပြစ်ကင်းတယ်။အချိန်ကုန်သက်သာတယ်လို့ ဆုံးမတော်မူခဲ့ပါတယ်။
-လူ့ယဉ်ကျေးမှု၊ လူ့ဂုဏ်သိက္ခာ၊ လူ့အဆင့်အတန်းတိုးတက်မြင့်မားစေဖို့၊
-(၃၁)ဘုံအလယ်မှာ အထက်တန်းကျကျ၊ မျက်နှာပန်းလှအောင် <ကယ်ဝချမ်းသာစေဖို့အတွက် တော်ရုံတန်ရုံအငြင်းပွားစရာ ကိစ္စတွေဖြစ်ပေါ်လာတဲ့အခါတိုင်း ဆင်ခြင်သတိ၊ အသိပညာထားတက်ကြဖို့ပြောပြတာပါ
0 comments
အငြင်းရှိလျှင်
Published on Sunday, November 25, 2012 in ဘာသာရေး ဆောင်းပါးများ
Related Posts
Labels:
ဘာသာရေး ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No Response to "အငြင်းရှိလျှင်"
Add Your Comment