(၁)တရားအားထုတ်တယ်ဆိုတာ အသိ(ပညာ)တိုးတက် အောင် လုပ်နေတာပါ။
(၂)အသိဆိုတာ သတိရှိသူများမှ ရှိနိုင်တဲ့တရားပါ။
(၃)အလုပ်တိုင်းကို သတိထားရင် အလုပ်တိုင်းကိုသိနေ
ပါတယ်။
(၄)အလုပ်တိုင်းကို သိနေသူဟာ အသိကိုလုပ်နေသူ
ပါပဲ။
(၅)အလုပ်ကို အမြဲသိနေရင် အသိကိုအမြဲလုပ်နေသူ
ဖြစ်ပါတယ်။
တရားကို ဓမ္မလို့ခေါ်ပါတယ်။
မတရားတာကို အဓမ္မလို့ခေါ်ပါတယ်။
တရားအားထုတ်တယ်ဆိုတာ မိမိအတွေး၊ အကြံ၊ အပြော၊ အလုပ်တွေမှာ မတရားတာတွေ မတွေးမိမကြံမိ၊ မပြောမိ၊ မလုပ်မိအောင် စောင့်ထိန်းနေတာပါ။ ငုတ်တုတ်ကြီးထိုင်နေမှ တရားအားထုတ်တာမဟုတ်ပါ။ ဘယ်လက်ပေါ်မှာ ညာလက်တင်၊ တင်ပလ’င်ခွေထိုင်၊ ခါးကိုဖြောင့်တန်းစွာထားပြီး ထိုင်နေတာကို တရားအားထုတ်တယ်လို့ မခေါ်နိုင်ပါဘူး။ ထိုင်နေရင်း၊ ထနေရင်း။ လမ်းလျှောက်နေရင်း၊ လဲလျှောင်းနေရင်း၊ဘယ်လိုပုံစံနဲ့နေနေ၊ ကိုယ့်ရဲ့ကံ (၃)ပါးမှာ မတရားတာတွေ၊ အဓမ္မတွေ မတွေး၊ မပြော၊ မလုပ်ဘဲနေရမှာပါ။
(၆) ကြုံကြိုက်ခဲလှတဲ့ ဗုဒ္ဓမြတ်စွာသာသနာတော်ကို လူ့အဖြစ်နဲ့ဆုံဆည်းခွင့်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်
ဟာ -
(က)သူယုတ်မာအဖြစ်မှ သူတော်ကောင်းဖြစ်လာဖို့၊
(ခ)မကောင်းမှုဒုစရိုက်မှ ကောင်းမှုသုစရိုက်ဖြစ်စေဖို့၊
(ဂ)ယုတ်နိုင်တဲ့ဘ၀ မှ မြင့်မြတ်တဲ့ဘ၀ရောက်ဖို့
(ဃ)ဆင်းရဲဒုက္ခ မှ ချမ်းသာသုခရဖို့၊
(င)အ၀ိဇ္ဇာအမိုက်မှောင်မှ ၀ိဇ္ဇာအလင်းရောင်ကိုရဖို့ဖြစ်ပါတယ်။
(၇)ပညာရှိသူတော်ကောင်းတွေဆိုတာ ဘ၀နဲ့တရားကို တစ်ထပ်တည်း၊ တစ်သားတည်းပြုလုပ်ထားတဲ့လူတွေပါ။ သူတော်ကောင်းတရားတွေရဲ့ မြစ်များဟာ မိမိတို့ရဲ့နှလုံးသားဖြစ်ပြီး လောကပါလတရားတွေရဲ့ဗဟိုရ်ချက်မဟာလည်း မိမိတို့ရဲ့ နှလုံးသားဖြစ်တယ်ဆိုတာ ယုံကြည်လက်ခံထားကြသူတွေပါ။
(၈)တကယ့်သူတော်ကောင်းဘ၀ဆိုတာ စကားနဲ့တည်ဆောက်လို့မရပါ။ တရားနဲ့တည်ဆောက်ရတာ ပါ။ ဘ၀မှာ ဒုက္ခသစ္စာဆိုတာအမှန်တကယ် တည်ရှိတာမို့ ဒုက္ခလွတ်ကြောင်း သူတော်ကောင်းတရားကိုလည်းအမှန်တကယ်အားထုတ်ကြရမှာပါ။ တရားအားထုတ်ကြတယ်ဆိုတာ အဲဒါပါပဲ။
0 comments
တရားအားထုတ်တယ်ဆိုတာ
Published on Sunday, November 25, 2012 in ဘာသာရေး ဆောင်းပါးများ
Related Posts
Labels:
ဘာသာရေး ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No Response to "တရားအားထုတ်တယ်ဆိုတာ"
Add Your Comment