ပုဂ္ဂိုလ် သတ္တ၀ါ အားလုံးဟာ အတိတ်ရဲ့ သားသမီးတွေဖြစ်ပြီး၊ အနာဂတ်ရဲ့မိဘတွေဖြစ်ပါတယ်။ သတ္တ၀ါတွေဟာ အတိတ်ကလာကြတာပါ။ လက်စမ သတ်နိုင်သေးတဲ့ အလုပ်(ကံ)တွေကြောင့် အတိက်က အကောင်းအဆိုး အမူအကျင့်တွေကို ယူဆောင်လာပြီး ပစ္စုပ္ပန်ကို ရောက်လာကြတာပါ။
အတိက်ဟာ ပစ္စုပ္ပန်ကို မွေးဖွားပေးပြီ၊ ပစ္စုန်ပ္ပန်ကတော့ အနာဂတ်ကို ပေါက်ဖွားစေပါတယ်။
ကိုယ်ကျိုးရှာ လိုချင်မှုတွေကို လက်စသတ် မဖျက်ဆီးနိုင်သမျှ သတ္တ၀ါတွေဟာ ကြောင်းကျိုးဆက်
ဖြစ်စဉ်ကြီးထဲမှာ မျောပါနေကြရမှာပါ။
လူ့ဘ၀လူချမ်းသာဆိုတာ ]]အရှိ}} တရားတစ်ခုထဲနဲ့ မပြည့်စုံနိုင်ပါဘူး။ လူ့ဘ၀ရဲ့ အဖိုးတန်ဆုံးရတနာတွေဟာ ]] အသိ }} တရားပဲဖြစ်ပါတယ်။ အရှိတရားတွေမဟုတ်ပါ။ ဒါပေမယ့် အရှိတရားတွေနောက်လိုက်ရင်း ]] အသိ }} တရားတွေမပျောက်ပျက်ဖို့၊ လောကနောက်လိုက်ရင်း ဓမ္မတွေမဆုံးရှုံးဖို့ကိုတော့ သတိကြီးစွာထားရမှာပါ။
ဘ၀သံသရာမှာ ဘ၀၊ အသက်၊ ခန္ဓာကို ပြန်ရဖိုကဆိုတာ ခဲယဉ်းတဲ့ကိစ္စမဟုတ်။ ဒါပေမယ့် ဘုရားပွင့်တော်မူတဲ့အချိန်အခါမှာ သူတော်ကောင်းတရားနဲ့ အရိယာသစ္စာကို သိမြင်နိုင်ခွင့်ဆိုတာတွေဟာ ဘ၀သံသရာမှာ တွေ့ကြုံရဖို့ အင်မတန်ခဲယဉ်းလှပါတယ်။
အမြဲတမ်း ဖြစ်ပေါ်တွေ့ကြုံနေကျ သာမာန်ကိစ္စနဲ့ -တစ်ခါတစ်ရံမှသာ ကြုံတွေ့ရတက်တဲ့ အခွင့်ကောင်း အခွင့်ထူးဒီနှစ်ခုကို အသိဥာဏ်ချိန်ခွင်ပေါ်မှာ
တင်ပြီး ယှဉ်ကြည့်မိတဲ့ သူတော်ကောင်းတွေဟာ ]]ရခဲတဲ့အရာ}}အတွက် ]] ရလွယ်တဲ့အရာ }} တွေကိုမငဲ့
မကွက်၊ ရက်ရက်စက်စက် စွန့်ပစ်တက်ကြပါတယ်။
လူတိုင်းလူတိုင်း ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာဖြစ်နိုင်ကြသလိုကိုယ်ဆင်းရဲ စိတ်ဆင်းရဲလည်း ဖြစ်နိုင်ကြတာပဲ။
- တစ်ချို့ကတော့ ကိုယ်ချမ်းသာပြီး စိတ်ဆင်းရဲကြ၊
-တစ်ချို့ကျတော့ ကိုဆင်းရဲပြီး စိတ်ချမ်းသာကြ၊ ဒီလိုဖြစ်ကြတာကတော့ ဘ၀ပေးအခြေအနေနဲ့မသက်ဆိုင်ဘဲ ဘ၀အပေါ်မှာထားတဲ့ သဘောတရားနဲ့ပဲ အဓိကသက်ဆိုင်ပါတယ်။
- ဘ၀မှာ အောင်မြင်မှုဆိုတာက ကိုယ်လိုချင်တာကိုရတာပါ။
- ပျော်ရွှင်ချမ်းမြေ့မှုဆိုတာကျတော့ ကိုယ်ရတာကိုပဲ ကျေနပ်သဘောကျတာပဲဖြစ်ပါတယ်။
0 comments
ရခဲတဲ့အရာ နဲ့ ရလွယ်တဲ့အရာ
Published on Sunday, November 25, 2012 in ဘာသာရေး ဆောင်းပါးများ
Related Posts
Labels:
ဘာသာရေး ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No Response to "ရခဲတဲ့အရာ နဲ့ ရလွယ်တဲ့အရာ"
Add Your Comment