လောကီစီပွားရေးတွင် အချိန်ပိုင်းအတွင်း လျှင်မြန်စွာ ကြီးပွားတိုးတက်လာအောင် လုပ်ဆောင် သလိုလောကုတ္တရာ ငြိမ်းချမ်းရေးတွင်လည်း မကြာမီ အချိန်ပိုင်းအတွင်း သေသွားနိုင်သည် ဟူသော အသိစိတ်ဖြင့်လုံ့လ၀ီရိယစိုက်ထုတ်ပြီး ကြိုးစားပွားများ အားထုတ်နိုင်လျှင်လည်း လောကုတ္တရာ ငြိမ်းချမ်းရေး အတွက် အလျှင်အမြန် တိုးတက်လာနိုင်ပါတယ်။
မိမိတို့ဘ၀ အေးအေးချမ်းချမ်း သာသာယာယာနေနိုင်ဖို့အတွက် ပြင်ဆင်ထားရသလို သေဖို့အတွက်လည်း အသေတက်၊ အသေမြတ်အောင်ပြင်ဆင်ထားဖို့ အထူးလိုအပ်ပါတယ်။ သို့သော် လောကလူသားအများစုမှာ မိမိတို့ဖြစ်လာရသော ဘ၀ကိုခုံမင်တပ်မက်စွာ စည်းစိမ်ယစ်မူးဖို့သာ ပြင်ဆင်
နေသူများပါတယ်။ မိမိတို့ဘ၀အတွက် အဆင့်အတန်းမြင့်မြင့်၊ ခေတ်မီမီနေထိုင်နိုင်ဖို့အတွက်သာ အားကုန်စိုက်ကြိုးစားရှာဖွေနေကြတာပါ။
ပစ္စည်းဥစ္စာပြည့်စုံ<ကယ်ဝသူတွေကလည်း ရောင်ရဲတင်းတိမ်ခြင်းမရှိဘဲ ပြည့်စုံတဲ့အဆင့်အတန်းထက်သာလွန်အောင်ကြိုးစားရှာဖွေနေကြတုန်းဖြစ်ပါတယ်။ မရှိဆင်းရဲသားတွေကလည်း ရှိလာအောင်ကြိုးစားရှာဖွေနေကြတယ်။ ရှာဖွေလို့ ရလာပြန်ပေမယ့် အားရကျေနပ်ပြည့်စုံပြီရယ်လို့မရှိ။ လောဘခိုင်းသမျှ အားကုန်ရုန်းနေကြပါတယ်။
ကြိုးစားရှာဖွေနေကြသူတွေကို အပြစ်ပြောနေ
ခြင်းမဟုတ်ပါ။ မိမိတို့ရုပ်ပိုင်းဆိုင်ရာတွင် အေးချမ်းစွာ
နေနိုင်အောင်ကြိုးစားကြရသလို အိုနာသေအတွက်လည်း ပြင်ဆင်ဖို့အရေး၊ အလွန်လိုအပ်နေပါတယ်။
ပရိတ်ကြီး(၁၁)သုတ်ထဲက မင်္ဂလသုတ်ဆိုတာရှိပါတယ်။ (၃၈)ဖြာမင်္ဂလာတရားတော်ထဲမှာ]]ခန္တီစ}}ဆိုတဲ့စကားတစ်လုံးပါပါတယ်။ မြန်မာလို သည်းခံခြင်းလို့အဓိပ္ပါယ်ရပါတယ်။ သည်းခံတာနဲ့ပတ်သက်လို့ဆရာတော်ဦးဥာဏိဿရကို မေးလျှောက်ဖူးပါတယ်။
]]ဆရာတော်-သည်းခံတယ်ဆိုတာဘယ်လိုဟာကိုခေါ်တာတုန်း၊ ဘယ်လိုသည်းခံရမှာတုန်းဘုရား}}
]]သည်းခံခြင်းဆိုတဲ့နေရာမှာ သည်းခံခြင်းအတုနဲ့အစစ် နှစ်မျိုးရှိတယ်ဒကာရဲ့}} မနိုင်လို့ သည်းခံလိုက်ရတာ သည်းခံခြင်းအတုကွဲ့။ ကိုယ့်ကိုဆဲတာ၊ ရိုက်တာ-ဒါတွေကိုသည်းခံရတာကလည်းတကယ်တော့သည်းခံခြင်းအတုတွေပဲကွဲ့။
]]တကယ့်သည်းခံခြင်းအစစ်ဆိုတာက အာရုံနဲ့ဒွါရတိုက်တိုင်းမှာ ရင်ထဲကလှိုက်တက်လာတဲ့ ကိုယ့်ရဲ့လောဘ၊ ဒေါသ၊ မောဟတွေကို သည်းခံနိုင်တာကို၊ သည်းခံခြင်းအစစ်လို့ခေါ်တယ်။ ကိုယ့်ကိုဆဲတဲ့အသံကြားရင် ဒေါသဖြစ်မယ်။ အဲဒီဒေါသကိုသည်းခံပါ။ ကိုယ့်ကိုကောင်းတဲ့စကားနဲ့ ချီးမွမ်း ထောပနာပြုရင် ကျေနပ်တဲ့လောဘဖြစ်မယ်။ အဲဒီလောဘကို သည်းခံပါ။ အဲဒါမှသည်းခံခြင်းအစစ် ]]ခန္တီ}}ဖြစ်မယ်။မင်္ဂလာဖြစ်မယ်။ မင်္ဂလာဆိုတာ ကုသိုလ်ပါပဲ။
0 comments
ခန္တီဆိုတဲ့ သည်းခံခြင်းအစစ်ဆိုတာဘာလဲ
Published on Sunday, November 25, 2012 in ဘာသာရေး ဆောင်းပါးများ
Related Posts
Labels:
ဘာသာရေး ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No Response to "ခန္တီဆိုတဲ့ သည်းခံခြင်းအစစ်ဆိုတာဘာလဲ"
Add Your Comment