ပညာဆိုတာ မိမိတွေ့ကြုံဆုံစည်းနေရသော ဖြစ်ရပ်များ အပေါ်မှာ အကောင်းအဆိုး အကြောင်း အကျိုး အမှားအမှန်ကို ပိုင်းခြားဝေဖန်တတ်တဲ့ဥာဏ် ကို ဆိုလိုတာပါ။
ကိစ္စများမြောင်လှသော လူ့လောကကြီးမှာ ဖြစ်ရပ်တွေကလည်း အမျိုးစုံလင်လှပါတယ်။ အဲဒီ ဖြစ်ရပ်တွေထဲမှာ အကောင်းလည်းရှိပါတယ်။ အဆိုး လည်း ရှိပါတယ်။
မိမိကကောင်းတယ်ထင်ပြီး ပြုလုပ်မိရာမှအဆိုး ဘက်သို့ရောက်သွားတက်တဲ့ အဖြစ်မျိုးတွေ ရှိသလို မိမိက အဆိုးဟုထင်ထားသော အရာတို့သည်လည်း မမျှော်လင့်ဘဲ အကောင်းဖြစ်လာရတဲ့ အဖြစ်များလည်း
ရှိပါတယ်။
တစ်ခါတစ်ရံ - အဆိုးကို အဆိုးမှန်းမသိ၍ ပြုမိတဲ့အတွက် ဒုက္ခရောက်ကြရတဲ့အဖြစ်များလည်းရှိပါတယ်။ ထို့ကြောင့်မည်သည်က အကောင်း၊ မည်သည်ကအဆိုး-ဟု ပိုင်းခြားဝေဖန်တက်သော ဥာဏ်ပညာသည် လူတိုင်းမှာမရှိမဖြစ် ရှိအပ်သည်သာဖြစ်ပါတယ်။
တစ်ချို့က လောကကြီးကိုအကောင်းလို့မြင်တတ်ကြပြီး၊ အချို့ကလောကကြီးကို အဆိုးလို့မြင်တတ်ကြပါတယ်။
တကယ်တော့ - လောကကြီးကို လွှမ်းမိုးအုပ်စိုးနေတာဟာ အကောင်းနဲ့အဆိုးမဟုတ်ဘဲ အကြောင်းနဲ့အကျိုးသာဖြစ်ပါတယ်။
အမှန်မှာတော့- လောကကြီးမှာအကြောင်းရှိသလောက် အကျိုးသက်ရောက်နေခြင်းသာဖြစ်ပါတယ်။
အကောင်းအဆိုးဆိုတာ အကြောင်းအကျိုးရဲ့ လက်အောက်ခံပါပဲ။ လူ့ဘ၀ဆိုတာ သွန်သင်ညွှန်ပြဆုံးမနာယူမှုတို့ဖြင့် အစဉ်လွှမ်းခြုံရစ်ပတ်ထားရမယ့် ဖြစ်စဉ်ကြီးတစ်ရပ်ဖြစ်ပါတယ်။ လူ့ဘ၀သည် ပန်းခင်း
လမ်းကဲ့သို့ ဖြောင့်ဖြူးသာယာနေတာမဟုတ်ပါ၊ ခရောင်းတောလို ကြမ်းတမ်း၍အကွေ့အကောက်အတက်အဆင်း ဆူးငြောင့်ခလုတ်၊ ဘေးအန္တရာယ်ပေါများလှတဲ့ ခရီးကြမ်းကြီးတစ်ခုပါ။ သတိလစ်၍ တစ်ချက်မှားတာနဲ့ ဒုက္ခပင်လယ်ဝေကာ တစ်သက်တာ ခေါင်းမထောင်နိုင်လောက်အောင် ဘ၀အမှောင်ထဲသို့ရောက်သွားနိုင်ပါတယ်။
မည်သည့်အရာသည် အမှန်တရား၊ မည်သည့်အရာက အမှား၊ မည်သည့်လမ်းကသွားလျှင်၊ မည်သည့်လမ်းကိုလိုက်လျှင် ဒုက္ခရောက်မည်ကို သွန်သွင်ညွှန်ပြဆုံးမတက်တဲ့ ဆရာကောင်း၊ ဆရာစစ်၊
ဆရာမှန်နဲ့တွေ့ဖို့ လူတိုင်းလိုအပ်နေပါတယ်။
0 comments
အကောင်းအဆိုးဆိုတာ အကြောင်းအကျိုးရဲ့လက်အောက်ခံပါ
Published on Sunday, November 25, 2012 in ဘာသာရေး ဆောင်းပါးများ
Related Posts
Labels:
ဘာသာရေး ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No Response to "အကောင်းအဆိုးဆိုတာ အကြောင်းအကျိုးရဲ့လက်အောက်ခံပါ"
Add Your Comment