၁။ အားလုံးကောင်းတယ်ဆိုတာကိုယ်ကောင်းမှဖြစ်တာပါ။ ၂။ ကိုယ့်လုပ်ရပ်ကို သူများအားကျအောင် လုပ်နိုင်ဖို့ လိုတယ်။ ၃။ ကျုပ်သေသွားရင်ကျုပ်ဘာတွေ လုပ်ခဲ့သလဲဆိုတာ ကျုပ်ရဲ့စာအုပ်တွေက ခင်ဗျားတို့ကိုပြောပြပါလိမ့်မယ်။ ၄။ သိထားတဲ့အခါမှာကျေနပ်နေရင် သိထားတာနဲ့ပဲ ကိစ္စပြီးသွားလိမ့်မယ်။ ၅။ နည်းနည်းလေးမှားတာကို ခွှင့်လွှတ်ခဲ့ရင် မဟာအမှား ကြီးဖြစ်သွားလိမ့်မယ်ဆိုတာ ကြပ်ကြပ်သတိထား။ ၆။ ဘာပဲကုန်သွား ကုန်သွား၊ ကျုပ်ဆီမှာ အမြဲရှိနေတာက မျှော်လင့်ချက်ပဲ။ ၇။ မြင့်မြတ်ချင်ရင်မြင့်မြတ်တဲ့အလုပ်ကိုလုပ်ရပါမယ်။ ၈။ လုပ်မယ်လို့စိတ်ကူးရဲရင်အဲဒီ့အလုပ်ဟာအောင်မြင်ဖို့ သေချာသွားပြီလို့ ကျုပ်ယုံကြည်တယ်။ ၉။ မောပြီဆိုပြီး သွားမရပ်လိုက်နဲ့။ ပိုပြီးမောသွားလိမ့်မယ်။ ဆက်သာလုပ်။ အောင်မြင်တဲ့အခါ သူ့ဘာသာသူ အမောပြေသွားလိမ့်မယ်။ ၁၀။ တန်ဖိုးဆိုတာ သိတဲ့လူအပေါ်မှာပဲ တည်တယ်။ မသိတဲ့ လူတွေအတွက် ဘာမှတန်ဖိုးမရှိဘူး။ ၁၁။ မုန်းတဲ့လူကမချစ်တာထက်၊ ချစ်တဲ့သူတွေက မမုန်းဖို့ ကျုပ်မှာတာဝန်ရှိတယ်။ ၁၂။ အခွင့်အရေးရယ်၊ အချိန်အခါရယ်၊ ပံ့ပိုးမှုရယ်၊ စိတ်ဆန္ဒရယ်မပါဘဲ ဘယ်အလုပ်မှ မအောင်မြင်ဘူး။ ၁၃။ ပြီးပြီးရောလုပ်ခဲ့တဲအလုပ်တွေအားလုံးဟာနောင်လာနောက်သားတွေကိုချောက်တွန်းခဲ့တာပဲဖြစ်တယ်။ ၁၄။ လုပ်ပြီဆိုကတည်းက သမိုင်းတင်ချင်လို့ပဲ။ ၁၅။ မြင့်မြင့်ပျံရင်တော့ များများမောမှာပဲ။ များများမောမှလည်း မြန်မြန်ရောက်မယ်။ ၁၆။ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာရိုးသားစွာ လိပ်ပြာသန့်နေရင် ဘယ်သူ့ကိုမှ မှုစရာမလိုဘူး။ ၁၇။ မကောင်းဘူးလို့တစ်သံတည်းမထွက်သရွေ့ ကိုယ်လုပ်တဲ့အလုပ်ဟာ ကောင်းနေတယ်လို့ ကျုပ်ယူဆထားတယ်။ ၁၈။ လုပ်ချင်သလောက် မလုပ်နိုင်သေးရင် လုပ်နိုင်သလောက် လုပ်ထားမှာပဲ။ ၁၉။ ရန်သူတစ်ယောက်ထက်၊ ပတ်ချာလည်ဝိုင်းနေတဲ့မိတ်ဆွေတုတွေကို ကျုပ်ကပိုကြောက်တယ်။ ၂၀။ လုပ်ကြည့်လို့မှားသွားရင် ၀မ်းသာပေတော့။ ၂၁။ နှိုက်သလောက်ရတာ ပညာပါပဲ။ ၂၂။ ဘယ်ကိစ္စကိုမဆို ပီပီပြင်ပြင် မတီထွင်နိုင်ရင် ရယ်ချင်စရာဖြစ်သွားမှာ။ ၂၃။ သူများလုပ်ပြတာတွေကို အားရစရာမလိုဘူး။ အားကျဖို့ပဲလိုတယ်။ ကိုယ်တိုင်လုပ်နိုင်ဖို့လိုတယ်။ ၂၄။ လုပ်ခဲ့တာတွေအပေါ်မှာ ယစ်မူးမနေဘူး။လုပ်ချင်တာတွေအပေါ်မှာ စိတ်ကူးမယဉ်ဘူး။ လုပ်နေတာတွေအပေါ်မှာဘဲ ကျေနပ်တယ်။ ၂၅။ တစ်လောကလုံးမှာ လုံခြုံတဲ့နေရာဟာ စိတ်ထဲမှာပဲရှိတယ်။ ၂၆။ ကိုယ်ဘာလုပ်နေသလဲဆိုတာ သူများသိဖို့မလိုဘူး။ ကိုယ်သိဖို့ပဲလိုတယ်။ ၂၇။ မျက်စိကန်းတာအရေးမကြီးဘူး၊ စိတ်ဓါတ်မကန်း ဖို့အရေးကြီးတယ်။ ၂၈။ လက်ခုပ်တီးတိုင်း ကိုယ့်ကိုအားပေးတယ်မထင် နဲ့၊ ကိုယ့်ကိုတောထုတ်တာလဲဖြစ်နိုင်တယ်။ ၂၉။ ပညာလိုချင်ရင် မာနထား၊ ပညာပေးချင်ရင် မာနချ၊ ဒါမှပညာရှင်ဖြစ်တယ်။ ၃၀။ ၀ိုင်းမြှောက်တိုင်း မြှောက်သွားရင် ပေါက်သွားမှာ လဲ သတိထားဦး။ ၃၁။ ကြိုက်နေတယ် ဆိုတာ အားလုံးကောင်းနေလို့ ဆိုပြီးမထင်နဲ့။ သူ့အတွက် ကြိုက်တာလား၊ ကိုယ့်အတွက် ကြိုက်တာလား၊ စဉ်းစားကြည့်။ ၃၂။ ကိုက်မယ့်အလုပ်ထက် ကြိုက်တဲ့အလုပ်ကိုလုပ် ရတာ ကျုပ်ပိုပျော်တယ်။ ၃၃။ လုပ်နိုင်သလောက်ကိုပဲပြော၊ ပြောသလောက်မ လုပ်နိုင်ရင် ကွယ်ရာမှာ ရယ်စရာဖြစ်နေမယ်။ ၃၄။ လမ်းမြင်တာနဲ့ ပန်းဝင်ပြီလို့မထင်နဲ့၊ အဝေးကြီး လိုသေးတယ်။ဆက်သာပြေး၊ အချိန်တန်ရောက် သွားလိမ့်မယ်။ ၃၅။ ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်းကို လိုချင်လို့မရပါ။ တန်ဖိုးကြီးကြီးပေးခဲ့မှ တန်ဖိုးရှိတာတွေ အားလုံး ရမယ်လို့ ကျုပ်ခံယူတယ်။ ၃၆။ ထီးလိုနေမလား၊ ဘိနပ်လိုနေမလား၊ လွယ်အိတ် လိုလိုက်မလား၊ ကိုယ့်အခြေအနေကို ပြတ်ပြတ် သားသား ဆုံးဖြတ်နိုင်ဖို့လိုတယ်။ ၃၇။ လမ်းသစ်ထွင်ရင် ဆူးနင်းမိမှာဘဲ။ ဆူးကြောက် ပြီးဒူးထောက်မိခဲ့ရင်မူးနောက်ပြီးလဲသွားလိမ့်မယ် ၃၈။ စိတ်မကုန်မချင်းလုပ်လို့ ကောင်းနေတဲ့ အလုပ် တွေဟာ စိတ်ကုန်သွားတာနဲ့ရပ်သွားမှာပဲ။ ၃၉။ အရိုးစူးတယ်ဆိုတာငါးစားလို့။ အမှားများတယ် ဆိုတာအလုပ်လုပ်လို့။ အဲဒါဘာဖြစ်သလဲ။ မှားစမ်းပါစေ။ ၄၀။ တမာရွက်ခါးတာ၊ သကြားချိုတာ၊ ငရုတ်သီး စပ်တာ၊ ရှောက်သီးချဉ်တာ သူတို့အလုပ် သူတို့လုပ်တာမို့ ကျုပ်ဂုဏ်ယူပါတယ်။ ၄၁။ အချိန်ကိုကိုယ်ကစောင့်ရတာ၊ အချိန်ကကိုယ့်ကို ဘယ်တော့မှမစောင့်ဘူး၊ အဲဒါသိပ်မတရားဘူး။ ၄၂။ ကကြီးကို ပက်လက်လှန်မကြည့်နဲ့၊ ကပက်လက် တော့ဖြစ်မှာမဟုတ်ဘူး၊ ယပလက်ပဲဖြစ်သွားမှာ။ ၄၃။ ပညာတော်တယ်ဆိုတာ ပညာရှာတော်တော့လို့ ပြောတာမဟုတ်ဘူး။ ဆက်ကြိုးစားဖို့ သတိပေး နေတာ။ ၄၄။ စိန်ခေါ်တယ်ဆိုတာ အနိုင်ရရေးအတွက်မဟုတ်ဘူး၊ အရှုံးမပေးဘူးဆိုတာသိဖို့အတွက်ပဲ။ ၄၅။ စာသာကောင်းပါစေ၊ ဘာလာတောင်းစရာရှိပါ့မလဲ၊ အားလုံးပြည့်စုံနေလိမ့်မယ်။ ၄၆။ ကျုပ်ရေးတဲ့စာဟာကျုပ်ဖတ်ဖို့မဟုတ်ဘူး။အားလုံးဖတ်ဖို့။ အားလုံးနဲ့တန်အောင် ကြိုးစားရမယ်။ ၄၇။ ညာစရာရှိလို့ပြင်တာကို ပညာရှိလို့ခေါ်တယ်တဲ့။ ဟုတ်လဲဟုတ်ပဲနဲ့။ ၄၈။ နောက်ဆုံးစက္ကန့်အထိပညာရပ်အပေါ်မှာရပ်တည်နိုင်ခြင်းဟာယောကျာ်းကောင်းရဲ့စိတ်ဓါတ်ပါပဲ။ ၄၉။ ပညာရပ်တစ်ခုကိုမမှန်ဘူးဆိုတာ သိနေရဲ့သားနဲ့ မှန်ပါတယ်လို့ လက်ခံနေရတာလောက် ခံပြင်းစရာကောင်းတာမရှိဘူး။ ၅၀။ ဂုဏ်ရှိအောင် ကြိုးစားတာထက် ရှိတဲ့ဂုဏ်ကို ထိန်းသိမ်းရတာ ပိုခက်တယ်။ ၅၁။ သူများလုပ်လို့ဖြစ်တာကို ၀မ်းသာနိုင်တဲ့လူဟာ သူတော်ကောင်းဖြစ်တယ်။ ၅၂။ တန်ဖိုးဆိုတာပေးတဲ့လူအပေါ်မူတည်တတ်တယ်။ ၅၃။ အောင်မြင်မှုရဲ့အောက်ကို ငုံ့ကြည့်ပါ။ ဆူးညှောင့် ခလုတ်တွေ ရှိနေပါတယ်။ အသီးစားချင်ရင်တော့ သစ်ပင် စိုက်ရမှာပဲ။ ဒါမှ ထိုက်ထိုက်တန်တန် စားရမှာပေါ့။ ၅၄။ ယုံကြည်တယ်ဆိုတာတစ်ယောက်ကတစ်ယောက်ကိုယုံရင်ကြည်တာပဲ။မယုံရင်မကြည်ဘူး။ ဟုတ်တယ်မဟုတ်လား။ ၅၅။ ခေါင်းမာတာကို အထင်မကြီးဘူး။ စိတ်ဓါတ်ခိုင်မာတာကိုပဲ ကျုပ်ကလေးစားတာ။ ၅၆။ လုပ်ပြနိုင်တာအားလုံးဟာ သတ္တိတွေဖြစ်တယ်။ ၅၇။ စိတ်ကူးတွေဟာပန်းတိုင်ရောက်ဖို့ပထမခြေလှမ်းဖြစ်တယ်။ ၅၈။ ပညာဆိုတာ သိတဲ့သူတွေအတွက်သာ အသုံးကျတာ။ မသိတဲ့သူတွေအတွက် ဘာမှအသုံးမကျဘူး။ ၅၉။ ကိုယ့်ဘာသာကိုယ် ဘာလုပ်နေသလဲဆိုတာ မှန်မှန်ကန်ကန်သိရင် လူတော်ဖြစ်ပြီ။ ၆၀။ သိနေတဲ့ပညာကို မလိုချင်ဘူး၊ ရှိတဲ့ပညာကိုပဲလိုချင်တယ်။ ဒါမှအသုံးကျတာ။ ၆၁။ မနာလိုမဖြစ်နဲ့၊ လုပ်တဲ့လူဟာနေရာရမှာပဲ။ ၆၂။ အသက်ရှင်ပြီး အသိသေနေတဲ့သူမဖြစ်ရအောင် ကြိုးစားတာဟာ ကျုပ်ရဲ့အလုပ်ပဲ။ ၆၃။ မလုပ်နိုင်ဘဲ ပြောနေတာထက်၊ လုပ်ပြီးမပြောတဲ့သူကို ကျုပ်လေးစားတယ်။ ၆၄။ ဆရာမတူတာနဲ့၊ အတွေးမတူတာနဲ့၊ အပြစ်ရှာတတ်တဲ့ပညာရှိဟာ ပညာမဲ့တဲ့သူသာဖြစ်တယ်။ ၆၅။ နောက်မပင်ပန်းချင်ရင် အခုပင်ပန်းတဲ့အလုပ်တွေကို လုပ်ပါ။ ၆၆။ ပညာမှာအရှုံးမရှိဘူး၊ဆက်မလုပ်ရင်သာကိုယ်ကရှုံးတာ။ ၆၇။ ဦးနှောက်က သိလို့မရဘူး၊ နှလုံးသားကသိမှ သိတယ်လို့ခေါ်တာ။ ၆၈။ ပညာဆိုတာ အရိပ်လိုပဲ၊ ခင်ဗျားသွားရင် သူကလိုက်မယ်။ ခင်ဗျားရပ်ရင် သူကရပ်တယ်။ ၆၉။ မနိုင်မယ့်အလုပ်ကို အရင်စမလုပ်နဲ့။ လုပ်နိုင်တဲ့အလုပ်ကိုပဲစပြီးလုပ်။မနိုင်မယ့်အလုပ်ကိုဆက်လုပ်နိုင်လိမ့်မယ်။ ၇၀။ အပြောလွယ်ပေမယ့် အလွယ်မပြောပါနဲ့။ ၇၁။ ကျုပ်သေသွားခဲ့ရင် ကျုပ်ဝိဥာဉ်လေးဟာ ဗေဒင်ပညာနဲ့အတူ ခင်ဗျားဆီ ရောက်လာပါလိမ့်မယ်။

0 comments

ဝန်ကြီးချုပ်ဟောင်းဦးနု နှင့် ဗေဒင်ပညာ

Published on Tuesday, November 27, 2012 in

(က)
    ဘုရားကိုးဆူအဓိဌာန်စိပ်ပုတီးစိပ်ဟာနောက်ဆုံးစိတ်ပုတီးကို ကမ္ဘာအေးဘုရားမှာ စိပ်ဖို့ရည်ရွယ်
ပြီး၊ ကမ္ဘာအေးဘုရားကို သွားပြီး ပုတီးစိပ်ခဲ့ပါတယ်။  (၉)ရက်အဓိဌာန်ဖြစ်လို့ (၉)ရက်ဆက်တိုက် လာရမှာ ဖြစ်ပါတယ်။ အဓိဌာန်ပြီးတာနဲ့ ညနေ(၅)နာရီကျော် ကျော်မှာ ဘုရားမှဆင်းပြီးစောင်းတန်းအတိုင်းလမ်း လျှောက်လာပါတယ်။  စောင်းတန်းအလယ်လောက်မှာ  ခေါင်းပေါင်းထားတဲ့  အသက်(၇၀)နီးပါးရှိ ခပ်၀၀ အဘိုးအိုတစ်ယောက်ကို တွေ့မိပါတယ်။ အဘိုးကြီး ဟာ သူ့ဘာသာသူ စိတ်ပုတီးကလေး ကိုင်ပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်သွားပါတယ်။ သူ့နောက် က လူသုံးယောက်အဖော်အဖြစ် လိုက်လာကြပေမယ့် အဘိုးကြီးအတွက် အနှောက်အယှက် မဖြစ်အောင် ခပ်လှမ်းလှမ်းက၊ လျှောက်နေကြတာဖြစ်ပါတယ်။
    ကျွန်တော်က အဘိုးကြီးကို ဘယ်နားမှာ၊ ဘယ်နေရာမှာမြင်ခဲ့မှန်း ဘယ်လိုမှ သတိမရပါ။ ဦးဏှောက်ကို အလုပ်ပေးလေ ခေါင်းရှုပ်လေဖြစ်ပြီး၊ ဘာမှစဉ်းစားလို့ မရတော့ပါ။ အဘိုးကြီးဘေးက ဖြတ်သွားတဲ့လူတွေ ကတော့ အဘိုးကြီးကိုမြင်ရင် လက်အုပ်ချီပြီးသွားကြပါတယ်။ အဘိုးကြီးကလည်း ပြန်ပြီး ညာလက်ကလေးပြကာ နှုတ်ဆက်သွား ပါတယ်။
    စိတ်ဝင်စားစရာကောင်းတဲ့အဘိုးကြီးကို စတွေ့ ကတည်းက ကျွန်တော်စိတ်ဝင်စားပြီးတော့၊ ကျွန်တော့် အတွေးနဲ့ အာရုံမတွဲမိတဲ့အတွက် ပုံမှန်လောက်ပဲ စိတ်ကထားမိပါတယ်။ သူ....ဘယ်သူပါလဲ သူ ..... ဘာလုပ်ပါသလဲ။ ဘာကြောင့် .... လူတွေက သူ့ကိုတရိုတသေ လက်အုပ်ချီရပါသလဲ ဆိုတာ သူနဲ့သူ့ပတ်ဝန်းကျင်က လူတွေပဲသိကြပါ လိမ့်မယ်။        အခုတော့ဖြင့်ဒီအတိုင်းပဲထားလိုက်ကြပါစို့။
(ခ)
    အဓိဌာန်(၆)ရက်ပြည့်တဲ့နေ့မှာ(၅)ကြိမ်မြောက်မြင်ခဲ့တဲ့   အဘိုးကြီးအကြောင်းကို  ကျွန်တော်သိရပါပြီ။ကျွန်တော်နှင့်လိုက်ပါပြီး ပုတီးစိပ်တဲ့ပုဂ္ဂိုလ်က ဒီခေါင်းပေါင်းနဲ့အဘိုးကြီးကို သိနေသူဖြစ်နေပါတယ်။ ဟုတ်ပါတယ်။ ဒီအဘိုးကြီးဟာ စိတ်ဝင်စားစရာကောင်းတဲ့ပုဂ္ဂိုလ်ကြီးဖြစ်တဲ့အပြင်အစဉ်အလာကောင်းစွာနဲ့တစ်ချိန်တုန်းက တိုင်းပြည်ကိုအုပ်ချုပ်ခဲ့ဘူးတဲ့ နိုင်င့တော် ၀န်ကြီးချုပ်ဟောင်း သခင်နု(ခေါ်)ဦးနုဖြစ်ပါတယ်။
    ကျွန်တော်ဦးနုကို မြင်လဲမမြင်ဘူးပါ။ စာအုပ် တွေထဲမှာ၊ ဂျာနယ်တွေထဲမှာ၊ မြင်ဘူးတာပဲရှိပါတယ်။
ဒါကြောင့် ကျွန်တော်ဝိုးတ၀ါးဖြစ်ရတာပါ။ ၁၉၅၈ ခုနှစ်မှာ အပြာင်းအလဲဖြစ်တဲ့အချိန် ကျွန်တော် (၁၀)နှစ်သားပဲ ရှိပါသေးတယ်။ အဲဒီတော့ကလေး တစ်ယောက်အတွေးကလွဲလို့ ဘာမှပိုမသိပါ။
    ကျွန်တော့်ဖေဖေတို့ခေတ်နဲ့ခေတ်ပြိုင်ဖြစ်ပြီးအမြဲတမ်းသူ့အကြောင်းကို ပြောလေ့ရှိတာ ကျွန်တော်
ကြားခဲ့ဘူးပါတယ်။ အခုမှ လူချင်းမြင်ဘူးတာပါ။ ကျွန်တော်က ကျွန်တော့်ဖေဖေ အကြောင်းကို နည်းနည်းပြောတော့ သူကနှစ်ကြိမ် သုံးကြိမ်လောက် သိဘူးတဲ့အကြောင်း၊ ကျွန်တော့်ဖေဖေထက် ကျွန်တော့် အဘိုးကို လေးစားတဲ့အကြောင်းတွေ ကျွန်တော့်ကို ပြောပြပါတယ်။ ရီစရာပြောရမယ်ဆိုရင် သူ - ကျွန်တော့်ကိုမကြားဘူးပါ။ သိလဲမသိပါ။ ကျွန်တော့်ကို တခြားဗေဒင်ဆရာတွေလို သူ့ကိုဗေဒင်ဟောချင်လို့၊ သူ့ရဲ့ဂုဏ်သိက္ခာကို အကြောင်းခံပြီး ကိုယ်ကျိုးရှာ ချင်လို့ထင်မှာစိုးလို့ ကျွန်တော်ဗေဒင်အကြောင်းကို သူ့ရှေ့မှာတစ်လုံးမှမပြော ခဲ့သော်လည်း သူကဗေဒင် ဆရာတွေအကြောင်းကို တော်တော်သိနေတာတွေ့ရ ပါတယ်။ ဗေဒင်ပညာကိုလည်း ပညာရပ်တစ်ခု အနေနဲ့လေးစားပြီး သိပ်စိတ်ဝင်စားပုံ မရပါဘူး။ အသက်ကြောင့်လဲဖြစ်ချင်ဖြစ် နိုင်ပါတယ်။  တစ်ခြား အကြောင်းတော့ ရှိချင်ရှိပါလိမ့်မယ်။
    ကျွန်တော်က အဘိုးကြီးကို (၁၅)မိနစ်လောက်စကားပြောချင်တယ်လို့ မေတ္တာရပ်ခံတော့၊ သူကကောင်းပြီဆိုပြီး ကျွန်တော့်ကို ပိဋကတ်တော် ဘာသာပြန်ဌာနသို့ ခေါ်သွားပါတယ်။ သူကရုံးခန်းကိုခေါ်သွားပြီး၊ ကျွန်တော်ရော၊ ကျွန်တော့်သူငယ်ချင်းရော၊ နှစ်ယောက်စလုံးကို လေးလေးစားစားနေရာပေးပါတယ်။ကျွန်တော်က-]]အဘကို ဗေဒင်လက္ခဏာဟောဖို့မဟုတ်သော်လည်း အဘရဲ့မွေးနေ့သက္ကရာဇ်နဲ့ လက္ခဏာပုံကို ရယူချင်ပါတယ်}}လို့ ပြောတော့ ကျွန်တော့်ကိုပြုံးပြီးတော့ ကြည့်ပါတယ်။ ကျွန်တော်တောင်းသာတောင်းရတာ၊ အဘကပေးမယ်မထင်ပါ။ ဒီလိုပုဂ္ဂိုလ်ကြီးတစ်ယောက်က ပမွှား ဗေဒင်ဆရာသေးသေးလေးကို ဘယ်အရာသွင်းပါ့မလဲ။ သူပြုံးတာကိုမြင်တဲ့အခါမှာကျွန်တော်သူ့ကိုကြောက်လာပါတယ်။ ကျွန်တော်ကိုများ ဆွဲထိုးမလားမသိပါဘူး။
    ]] မနက်ဖန် မင်းအဓိဌာန်(၉)ရက်ပြည့်တဲ့နေ့၊ ငါ့ဆီကိုလာခဲ့၊ ဒီအချိန်မှာ ဒီနေရာမှာ မင်းနဲ့စကားပြောမယ်}} လို့ပြောပါတယ်။ ကျွန်တော်စိတ်ထဲကသွားပြီဟလို့ တွေးမိပါတယ်။ သူငှါးလိုက်တဲ့စာအုပ်ကိုလဲဖတ်ကြည့်ပါလို့ပြောပါတယ်။
(ဂ)
    အဘဟာသူရေးတဲ့စာအုပ်ကလေးကိုကျွန်တော့်ကိုပေးလိုက်တော့ဖတ်ကြည့်ပါတယ်။ ဗေဒင်ပညာနဲ့ နတ်အပေါ်ထားတဲ့ အဘရဲ့သဘောထားကို ကျွန်တော် သိခွင့်ရပါတယ်။ သူ့စာအုပ်ထဲမှာ -
    ဦးနုရဲ့အတ္ထုပ္ပတ္တိကိုရေးရင်ဗေဒင်နဲ့နတ်အပေါ် ဦးနုဟာဘယ်လို သဘောထားတယ်ဆိုတာကို နဲနဲ လောက်ဖော်ပြသင့်ပါတယ်။ ဗုဒ္ဓဘာသာဗမာတွေဟာ လူမျိုးနဲ့ချီပြီး ဗေဒင်ကိုယုံကြတယ်။ ဗုဒ္ဓဘာသာဗမာ တစ်ယောက်မှာ သားသမီးရရင် ဗေဒင်ဆရာဆီသွား၊ ကလေးမွေးတဲ့အချိန်၊ နေ့လခုနှစ်သက္ကရာဇ်ကို ပေးပြီး
ဇာတာဖွဲ့ကြတယ်။ အိမ်ဆောက်ချင်ရင် နေ့ကောင်း ရက်သားရွေးဖို့အတွက် ဗေဒင်မေးရတယ်။ အလုပ် တစ်ခုခုလုပ်ချင်ရင်လည်အဲဒီအလုပ်ဟာကောင်းရဲ့လား၊ မကောင်းဘူးလား၊ အကယ်၍ကောင်းတယ်ဆိုပြန်ရင် လဲဘယ်နေကဘယ်အချိန်မှာ လုပ်ရမယ်ဆိုတာသိဖို့ အတွက် ဗေဒင်မေးရတယ်။ ခရီးသွားခါနီး အဲဒီခရီး သွားမယ့်ရက်ဟာ ကောင်းမကောင်း၊ သင့်မသင့်၊ သင့်ရင်လဲဘယ်နေ့မှာ ခရီးသွားရမယ်ဆိုတာ သိရ အောင်ဗေဒင်မေးရတယ်။ သားသမီးကို အိမ်ထောင်ချ တော့မယ်ဆိုရင် အဲဒီမိန်းကလေးနဲ့ယောင်္ကျားလေးဟာ နေ့ချင်းတည့်ရဲ့လား၊ နက္ခတ်ချင်း တည့်ရဲ့လား၊ တည့်တယ်ဆိုပြန်ရင်လည်း ဘယ်နေ့၊ ဘယ်နှစ်နာရီမှာ လက်ထပ်ရမယ်ဆိုတာတွေကို သိဖို့အတွက်ဗေဒင်မေးရတယ်။ နေထိုင်မကောင်းရင် ဆေးဆရာနဲ့ဆေးကုသတဲ့အပြင် ယတြာချေဖို့အတွက်မေးရတယ်။ လင်မယားတကျက်ကျက်ရန်ဖြစ်ရင်လဲ ယတြာချေဖို့ အတွက်ဗေဒင်မေးရတယ်။ သေတဲ့အခါ ဘယ်နေ့ ဘယ်အချိန်မှာ မသာချရမလဲဆိုတာတစ်ခုလောက်ပဲ ကျန်တယ်။ တခြားကိစ္စတွေအားလုံးလိုလိုမှာ ဗေဒင်မေးရတာချည်းပဲ သေရင် အလောင်းကိုထားတဲ့ရက်တွေဟာ မ၊ ဖြစ်ရမယ်။ စုံ၊ မဖြစ်ရဘူး။ အလောင်းကို (၁)ရက်(၃)ရက်(၅)ရက်(၇)ရက်အထိ ထားနိုင်ပါတယ်။(၂)ရက်(၄)ရက်(၆)ရက် မထားရဘူး။ ဒီအစဉ်အလာဟာ ဗမာတွေမှာ ခိုင်ခိုင်မာမာရှိနေတယ်။ ဒါသာမရှိဘူးဆိုရင် အလောင်းကို ဘယ်နှစ်ရက်ထားရမလဲဆိုတာတောင် ဗေဒင်မေးကြဦးမလားမသိဘူး။
    မောင်နုဟာ ဗုဒ္ဓဘာသာ၊ ဗမာဆိုတော့ သူများတွေနဲ့မတူဘဲ၊ သူတစ်ယောက်တည်း၊ ၀ကွက်ကျန်နေလို့ဘယ်ဖြစ်မလဲ။သူ့လည်း ဗေဒင်ကိုယုံတာပေါ့။ သူဟာ တက္ကသိုလ်ကျောင်းသားအရွယ်တုန်းကဆိုရင်သူ့မှာအင်္ဂလိပ်မြန်မာဒိုင်ယာရီစာအုပ်ကလေးတစ်အုပ်ရှိတယ်။ အဲဒီစာအုပ်လေးထဲမှာဘယ်နေ့ ဟာရက်ရာဇာ၊  ဘယ်နေ့ဟာပြဿဒါး၊  ဘယ်နေ့ ဟာဝါရမိတ္တုတွေကို  ဖော်ပြထားတယ်။  ရက်ရာဇာဟာရက်ကောင်း၊ ပြဿဒါးနဲ့ဝါရမိတ္တုဆိုတာက ရက်ဆိုးတွေ။ မောင်နုဟာ သူ့ဒိုင်ယာရီစာအုပ်ကလေးကို နေ့တိုင်းလှန်ကြည့်ရတယ်။ ပြဿဒါးနဲ့ဝါရမိတ္တုရက်တွေမှာဆိုရင် တစ်ယောက်ယောက်နဲ့ရန်ဖြစ်မှာစိုးလို့အထူးသတိထားနေရတယ်။
    နောက်ပြီးတော့လည်း၊ မွေးနေ့သောကြာ တနင်းလာမှာ ဆံပင်မညှပ်ရဘူးလို့ သူငယ်ငယ် တုန်းကကြားဖူးနေတယ်။ အဲဒါကြောင့် အဲဒီနေ့တွေမှာ ဆံပင်ညှပ်တာကို မောင်နု အထူးရှောင်တယ်။ တစ်ခါတလေမေ့ပြီး အဲဒီနေ့တွေမှာ ဆံပင်ညှပ်မိရင် ဖျားတဲ့အခါဖျားတယ်။ မဖျားရင်လဲ တစ်နေ့လုံး စိတ်ညစ်သလိုလို ဖြစ်နေတတ်တယ်။
    သူနဲ့ကျောင်းသူငယ်ချင်းတစ်ချို့ဟာ ကျောင်းပိတ်ရက်တွေမှာ ရွှေတိဂုံစေတီတော်နဲ့ ဆူးလေစေတီ တော်ကို အဖူးမျှော်သွားကြတယ်။ ဖူးပြီးတဲ့အခါ အဲဒီစေတီတွေမှာရှိတဲ့ ဗေဒင်ဆရာတွေဆီဝင်ပြီး ဗေဒင်မေးကြတာဘဲ။ ဒါပေမယ့်အဲဒီအချိန်တုန်းက မောင်နုအကြိုက်ဆုံး ဗေဒင်ဆရာကတော့ တခြားလူမဟုတ်ဘူး။ လှည်းတန်းကအင်္ဂ၀ိဇ္ဇာဖြစ်တယ်။ သူ့နာမည်ကို ဦးနုကောင်းကောင်း မမှတ်မိတော့ပါဘူး။ ဦးထွန်းမြတ် ထင်တယ်လို့ပြောပြဖူးတယ်။ သူ့ဆီမှာဗေဒင်မေးရင် တစ်ကျပ်နဲ့တစ်ပဲကိုပေးရတယ်။တစ်ကျပ်ကိုသူယူတယ်
တစ်ပဲကိုစုထားပြီး များလာတဲ့အခါ နွားသတ်ရုံမှာနွားဝယ်ပြီး နွားကိုဘေးမဲ့ပေးတယ်။ မောင်နုတို့သူ့ဆီသွားတဲ့အခါ တစ်ကျပ်နဲ့တစ်ပဲပေးပြီးတာနဲ့တပြိုင်နက် တခြားဗေဒင်ဆရာတွေလို အချိန်တို့၊ မွေးနေ့တို့၊ မွေးလတို့ကိုမေးမနေဘူး။ သူ့ရှေ့မှာချ ထားတဲ့နာရီကိုကြည့်ပြီး၊ ]]မင်းဒီကိုအလာ၊ လမ်းမှာနာမည်မှာ စိန်ပါတဲ့မိန်းမတစ်ယောက်နဲ့တွေ့ခဲ့တယ်မဟုတ်လား။ လွန်ခဲ့တဲ့(၃)ရက်လောက်တုန်းက ဘဲဥစားလို့မင်း ဗိုက်နာခဲ့ရတယ်။နောက်ဆိုတနင်္ဂနွေနေ့မှာ ဘဲဥမစားပါနဲ့။  ပျောက်သွားတဲ့မင်းရဲ့ လက်စွပ်ကို  နာမည်မှာ ]]အုန်း}} (သို့)]]အောင်}}ပါတဲ့ လူတစ်ယောက်ခိုးထားတယ်။ ကြာသပတေးနေ့နံနက်(၉)နာရီအချိန် ထန်းတပင်အောက်မှာ ထိုင်၊ အရှေ့စူးစူးကိုကြည့်ပြီး၊ ထန်းလျှက်(၃)ခဲစားလိုက်ပါ။  ပြန်ရလိမ့်မယ်။  စာမေးပွဲအောင်ချင်ရင်ထောပတ်ထမင်းနဲ့ ဆိတ်သားဟင်းကိုစား၊ ရွှေတိဂုံစေတီရဲ့စနေထောင့်က ရုပ်ပွားတော်တစ်ဆူကို ရေသပ္ပါယ်လိုက်၊ ဧကန်မုချစာမေးပွဲအောင်ရမယ်။ အစရှိသဖြင့် ဆရာဦးထွန်းမြတ်ဟာ ဒိုးဒိုးဒေါတ်ဒေါတ် ဟောတတ်တယ်။  မောင်နုတို့လူစုဟာ  ဗေဒင်ပညာကိုနားလည်ကြတာမဟုတ်ဘူး။  အဲဒီတော့အခုလိုဒိုးဒိုးဒေါက်ဒေါက်လျှောက်ဟောတာမျိုးကို သိပ်ကြိုက်
တယ်။
    အဲဒီနောက်မောင်နုဟာဒီးဒုတ်ဂျာနယ်တိုက်မှာ  အလုပ်လုပ်နေရင်း   ဒိဗ္ဗစက္ခုဆရာကျော်ဆိုတဲ့ပုဂ္ဂိုလ်တစ်ဦးနဲ့တွေ့ရတယ်။ သူကလဲတစ်မျိုးပဲ။ တစ်ခြားဗေဒင်ဆရာတွေလို ကျောက်သင်ပုန်းနဲ့ တွက်ချက်မနေဘူး။ သူ့ကိုမေးရင် သူ့မျက်စိကို ရှေးဦးစွာမှိတ်လိုက်တယ်။ (၅)မိနစ်လောက်ကြာမှ မျက်စိဖွင့်ပြန်ဖွင့်ပြီးဟောတာပဲ။ သူလည်းအတော်စိတ်ဝင်စားစရာကောင်းတယ်။
    အဲဒီပုဗ္ဗဏှသုတ်ကို လေ့လာပြီးကတဲက ဗေဒင်အပေါ်မှာ ကိုနုရဲ့စိတ်ဟာ တစ်မျိုးတစ်ဖုံသိသိသာသာ ကြီး ပြောင်းလဲသွားတယ်။ အဲဒီအချိန်ကစပြီး ဗေဒင်နဲ့သူနဲ့အဆက်ပြတ်သွားတယ်။ ဒီလိုပြတ်သွားရုံဘယ်က မလဲ။ သူတစ်သက်လုံးဆောင်လာခဲ့တဲ့ရက်ရာဇာ၊ ပြဿဒါး၊ ၀ါရမိတ္တုဆိုတာတွေကို ရေးထားတဲ့ဒိုင်ယာယီကိုလည်း မဆောင်တော့ဘူး။ ဆံပင်ညှပ် ချင်ရင်လည်း အားတဲ့နေ့တွေမှာ ညှပ်လိုက်တာဘဲ။ အရင်တုန်းကလိုမွေးနေ့သောကြာတနင်းလာဆိုတဲ့ရက်တွေကို မရှောင်တော့ဘူး။ မရှောင်တဲ့အတွက် ဘာမှ လဲမဖြစ်တော့ဘူး။ ဂျပန်လက်ထက်မှာ သူဝန်ကြီးဖြစ် တဲ့အခါ သူကမဖိတ်ရဘဲ ဗေဒင်ဆရာတစ်ဦး၊ နှစ်ဦး သူ့အိမ်ကိုလာတယ်။သူ အတွေ့မခံဘူး။ ဒေါ်မြရီနဲ့ သူ့သားသမီးတွေကိုပဲ ဗေဒင်ဟောပြီး ပြန်သွားရတယ်။
    ဦးနုဝန်ကြီးချုပ်ဖြစ်လာတဲ့အခါ  ဦးနုရဲ့ရင်းနှီး တဲ့မိတ်ဆွေတွေဟာ  ဗေဒင်ဆရာတစ်ချို့ကို  ဦးနုဆီ သုံးလေးကြိမ်ခေါ်လာဘူးတယ်။ အဲဒီမိတ်ဆွေတွေကို အားနာတဲ့အတွက် ဗေဒင်ဆရာတွေကိုအတွေ့ခံတယ်။ အိန္ဒိယမှာ မိတ်ဆွေအချို့ရဲ့ တိုက်တွန်းချက်အရ လက္ခဏာဆရာတစ်ချို့နဲ့ ဗေဒင်ဆရာတစ်ချို့ကို ဦးနုတွေ့ခဲ့ဘူးတယ်။ တစ်ခါမှာတော့ ဗေဒင်ဆရာ တစ်ဦး ဟောနေတုန်းဦးနုက မယုံသလိုလိုဖြစ်သွားပြီး ပြုံးမိသွားလို့ ဗေဒင်ဆရာစိတ်မချမ်းမသာဖြစ်ခဲ့ရဘူးတယ်။ သူ့ဆီကိုလာဖို့ သူကိုယ်တိုင်က ဗေဒင်ဆရာတွေကိုဖိတ်တာ။ သူကိုယ်တိုင်ဗေဒင်ဆရာတွေဆီကို သူ့ကိုယ်စားတစ်ယောက်လောက်လွှတ်ပြီး ဗေဒင်မေးတာမျိုးတွေကိုပုဗ္ဗဏှသုတ် လေ့လာပြီးတဲ့အချိန်ကစပြီး ဦးနုမှတ်မိသလောက် တစ်ခါမှမလုပ်ခဲ့ဖူးဘူး။ ဒီလိုမလုပ်ခဲ့တာဟာဗေဒင်ဆရာတွေကို အထင်သေးလို့လဲမဟုတ်ဘူး။ ဗေဒင်ပညာကို အထင်သေးလို့လဲမဟုတ်ပါဘူး။ သူဘာမှနားမလည်တဲ့ ပညာတစ်ရပ်ကို သူ အထင်သေးလို့ဘယ်ဖြစ်မလဲ။ ဒီလိုဆိုရင် ဗုဒ္ဓဘာသာဗမာ တော်တော်များများလုပ်နေကြတဲ့၊ သူကိုယ်တိုင်လည်း တစ်ခါတုန်းက   ၀မ်းမြောက်ဝမ်းသာ  စိတ်ရောကိုယ်ပါလုပ်ခဲ့ဘူးတဲ့ဗေဒင်မေးတဲ့အလုပ်ကို ဦနုဘာဖြစ်လို့မလုပ်သလဲ။ ပုဗ္ဗဏှသုတ်ထဲမှာ မြတ်စွာဘုရားက ကိုယ်ကကောင်းတာလုပ်နေတဲ့အချိန်၊ နုတ်ကကောင်းတာပြောနေတဲ့အချိန်၊ စိတ်ကကောင်းတာကြံစည်စိတ်ကူးနေတဲ့အချိန်ဟာ အချိန်ကောင်းလို့ဟောထားပြီးပြီ။ အဲဒီတရားကို သိနေတဲ့လူတစ်ယောက်ဟာ ဗေဒင်မေးတဲ့ အလုပ်ကိုလုပ်ဖို့မလိုတော့ဘူးလို့ ဦးနုဟာရိုးသားစွာယုံကြည်နေတယ်။ ဒီယုံကြည်ချက်ကြောင့်ဗေဒင်မမေးတာဖြစ်တယ်။ တခြားအကြောင်းကြောင့်မဟုတ်ပါဘူး။
    ဒီလိုဆိုရင် လွတ်လပ်ရေးကြေညာဖို့အတွက် ဦးနုဟာဗေဒင်မေးပြီး ဗေဒင်ဆရာတွေဟောတဲ့အတိုင်း
၁၉၄၈ခုနှစ်၊ ဇန်န၀ါရီလ(၄)ရက်၊ မနက်(၄)နာရီ၊ မိနစ်(၂၀)အချိန်ကို ဦးနုလက်ခံခဲ့တယ်ဆိုတာ ဦးနုငြင်းနိုင်မလား။    ငြင်းနိုင်ပါတယ်။လွတ်လပ်ရေးကြေညာရအောင် အချိန်ကောင်းတွေရွေးဖို့အတွက် ဦးနုဟာဘယ်ဗေဒင်ဆရာကိုမှ မမေးခဲ့ဖူးဘူး။ သူ့ကိုယ်စားမေးပေးစမ်းပါလို့လည်း ဘယ်သူ့ကိုမှ မပြောဖူးဘူး။ နု-အက်တလီစာချုပ်ကိုလက်မှတ်ရေးထိုးဖို့အတွက် ဦးနုဘိလပ်သွားတုန်း ဒုတိယ၀န်ကြီးချုပ် ဗိုလ်လင်္ကျာနဲ့ ဟင်္သတဦးမြတို့ ဗေဒင်မေးပြီး ၀န်ကြီးချုပ်ဦးနုထံ သံကြိုးတစ်စောင် ပို့လိုက်တယ်။သံကြိုးထဲမှာ ဗေဒင်အရ ဇန်န၀ါရီလ (၄)ရက်နဲ့ (၆)ရက်ဟာ လွတ်လပ်ရေးကြေညာရအောင် အချိန်ကောင်းတွေရွေးနိုင်ဖို့အတွက် ကောင်းတဲ့ရက် တွေဖြစ်တယ်။ အဲဒီ နှစ်ရက်အနက် ၀န်ကြီးချုပ်ဦးနု ဟာ ကြိုက်တဲ့ရက်ကိုရွေးပါလို့ ဖော်ပြထားတယ်။ ဇန်န၀ါရီ(၄)ရက်ကို ရွေးရင်(၆)ရက်ကို ရွေးတာထက် လွတ်လပ်ရေးကို(၂)ရက် စောပြီးရတယ်လို့ တွေးပြီး ဦးနုဟာ ဇန်န၀ါရီ(၄)ရက်ကို ရွေးလိုက်တယ်။

(ဃ)
    အဘရဲ့လက္ခဏာနဲ့ မွေးနေ့သက္ကရာဇ်ကို ကျွန်တော့်ကိုပေးလိုက်ပါတယ်။ ]]ကျွန်တော်က အဘရဲ့
လက်ဝါးပြင် ပုံစံကို ကိုယ်ကျိုးအတွက် သုံးဖို့မဟုတ်ပါဘူး။ နောင်အနှစ်(၂၀)(၃၀)ကြာတဲ့အခါမှာ ဒီလက်ဝါးပြင်ဟာ အရမ်းရှားပါးသွားပြီး အရမ်းတန်ဘိုးကြီးသွားပါလိမ့်မယ်။ လေ့လာချင်တဲ့နောင်လာ နောက်သားအတွက် အရမ်းအရေးပါပါလိမ့်မယ်။ ရာဇယုဂ်နဲ့ပတ်သက်လို့လေ့လာချင်သူတွေအတွက် အထောက်အကူပြုပါလိမ့်မယ်။ ကျွန်တော့်သားစဉ်မြေးဆက်အတွက် သိမ်းထားချင်လို့ပါ }}လို့ ပြောတဲ့အခါ-အဘက ခေါင်းတဆက်ဆက်ငြိမ့်ပြီး သူ့လက်ပုံကိုနှိပ်ခွင့်ပေးပါတယ်။
/


သူ့ရဲ့မွေးနေ့သက္ကရာဇ်ကိုလဲပေးပါတယ်။    ကျွန်တော်ဇာတာဖွဲ့ပြီး၊ ဗဟုသုတအဖြစ်တင်ပြ
လိုက်ပါတယ်။ (၂၅-၅-၁၉၀၇)စနေနေ့၊ နံနက်(၈)နာရီ
(၁၉)မိနစ်(၁၁)စက္ကန့်၊ ၀ါးခယ်မဥဒယ။

    အဘဇာတာရဲ့ထူးခြားချက်၊ လက်ဝါးပြင်ရဲ့ထူးခြားချက်တွေကို ကျွန်တော်ဖော်ထုတ်မပြောတော့ပါ။ လေ့လာလို့ရအောင် ဖော်ထုတ်ပေးရတာပါ။
    အဘစိတ်ဆန္ဒကို အဘရေးခဲ့တဲ့ (ှအေကမိပေ ဘသမည ) ခေါ် ]]တာတေစနေသား}}ထဲက နတ်နဲ့ဗေဒင်
အပေါ်၊ ထားခဲ့တဲ့အဘရဲ့အယူအဆကိုလည်းကောင်း၊ ခံစားချက်ကိုလည်းကောင်း၊ စာဖတ်သူများသိထားရင် လုံလောက်ပါတယ်။
    အဘရည်ညွှန်းခဲ့တဲ့ ဒိဗ္ဗစက္ခုဆရာကျော်ဟာ  ]]မန္တာန်ပေါင်းချုပ် }} စာအုပ်တစ်အုပ်ကို ရေးခဲ့ပါတယ်။
    အဘကောင်းရာသုဂတိလားပါစေ။

                (ဆရာဒဂုန် )                    ၇ .၁၁ .၂၀၁၀

Spread The Love, Share Our Article

Related Posts

No Response to "၀န်ကြီးချုပ်ဟောင်းဦးနု နှင့် ဗေဒင်ပညာ"

Add Your Comment