(က)
လူဟာသေမျိုးမို့ တစ်နေ့သေမှာ ဘာမှမဆန်း ဘူး ဆရာဒဂုန်။ လူကိုသတ်ရင် တရားဥပဒအရ စီရင်ခံရတာလဲမဆန်းဘူး။ လူသတ်တယ်၊ အပြစ်ပေးခံ ရတယ်။ အရမ်းမျှတတယ်။ ဟုတ်ပြီ။
ခင်ဗျားတို့ ဗေဒင်ဆရာတွေက လူတွေရဲ့ အတွေးကို သတ်ပစ်နေကြတယ်။ အသိတရားကို ဖျက်ဆီးနေကြတယ်။ အသိတရားကို ဖျက်ဆီးနေကြ တယ်။ လူတွေရဲ့ကြံစည်နိုင်စွမ်းအား(အိုင်ဒီယာ)ကို ရိုက်ချိုးပြီးမြေမြှပ်သဂြိုဟ်နေကြတယ်။ ခင်ဗျားတို့ကို စဉ်းစားထား။ မလုပ်သင့်တာတွေ၊ မပြောသင့်တာတွေ၊ မလုပ်ထိုက်တာတွေလုပ်ပြီး ပြောပြီးရင် ကိုယ်ကပဲ မပြောသလိုလို၊ မလုပ်သလိုလိုနဲ့ အတည်ပေါက် လိမ့်တဲ့နေရာမှာတော့ ခင်ဗျားတို့ ဗေဒင်ဆရာတွေဟာ ထိပ်ဆုံးက နံပါတ်တစ်ပဲ။
ဒီမှာဆရာဒဂုန်၊ ခင်ဗျားဗေဒင်ဆရာဖြစ်လိုက် တာ လူတွေကိုကယ်ဖို့လား၊ ဒုက္ခပေးဖို့လား၊သံကောင်း
ဟစ်ပြီး သတ္တ၀ါတွေကို လူကြားကောင်းအောင် မေတ္တာပို့ပြမနေနဲ့။ တကယ် မေတ္တာထားနိုင်ဖို့ ကျိုးစား။ ဒါမှ တန်ဖိုးရှိတော့မှာပေါ့။
တကယ်ပါ ရက်ရက်စက်စက် လူတွေရဲ့ စိတ်ဓာတ်ကို ဖျက်ဆီးပစ်နေကြတာကြည့်လို့မကောင်း
ရှုလို့မကောင်းပါပဲ။ တစ်ချိန်တုံးက ဗေဒင်လာမေးတဲ့လူတိုင်းကို ဘိုးတော်စောင့်တယ် မယ်တော်စောင့်တယ်
ဆိုပြီး အကြံအဖန်လုပ်ပြီးပြီ၊ နောက်တစ်ကြောမှာ လူတိုင်းကိုသင်္ဘောသားဖြစ်မယ်။ နိုင်ငံခြားသွားရမယ်ဆိုပြီး ချောက်တွန်းပြီးသွားပြီ။
ခင်ဗျားတို့ ဗေဒင်ဆရာ တွေရဲ့ နိုင်ငံ့ခြားသွားတောလားတွေကို ယုံကြည်ပြီး
ကျိုးစားလိုက်ကြတာ အိမ်ပေါင်ထားတဲ့သူနဲ့ ရှိသမျှပြုတ်တဲ့သူနဲ့၊ ဘ၀ပျက်တဲ့သူတွေဒုနဲ့ဒေးဖြစ်လာတယ်။
နိုင်ငံခြားသွားပြီး ပြုတ်မနူးဖြစ်နေတဲ့သူတွေ၊ နိုင်ငံခြားမသွားရလို့ကြောင်နေတဲ့သူတွေ အများကြီး
ပဲ။ အဲဒါ ခင်ဗျားတို့ ဗေဒင်ဆရာတွေရဲ့တာဝန်ပဲပေါ့။ ကျုပ်တို့နဲ့ဘာဆိုင်လို့လဲလို့ မပြောနဲ့။ လူတိုင်းစိတ်ကူးနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာလေးထဲမှာ ပျော်တက်ကြတာပဲ။
နိုင်ငံခြားရူးရူးနေတာကို မရူးပါနဲ့ကွယ်။ ဒီမှာပဲ အလုပ်လုပ်ပါ။ တို့ပြည်တို့ရွာမှာလဲ ထွန်းကားနိုင်ပါတယ်လို့ ပြောဖူးသလား။ ကံကောင်းတဲ့သူဟာ ပြည်ပမှာမှ မဟုတ်ပါဘူး။ ပြည်တွင်းမှာလဲ ကံကောင်း
တာပါပဲလို့ ပြောဖူးခဲ့ပါသလား။ မပြောပါဘူး။ ဂျပန်လား၊ ကိုရီးယားလား၊ စင်္ကာပူလား၊ ထိုင်ဝမ်လား၊ အမေရိကန်လားဆိုပြီး မြှောက်တောင်ပေးလိုက်သေးတယ်။
မေးသူကတော့ နိုင်ငံခြားသွားချင်တာ တစ်ခုကလွဲလို့ ဘာမှမသိတာမဟုတ်ဘူး။ နိုင်ငံခြားပြန်တွေရဲ့ခါးသီးလာတဲ့ အတွေ့အကြုံတွေကိုလဲ ဘယ်သူမှလက်မခံဘူး။ အပိုပြောတာပဲမှတ်ကြတယ်။ ဒါနဲ့ပဲဒုက္ခရောက်ရတာအပုံကြီး။
လုပ်လာပြန်ပြီ။ အခုထပ်ပြီးလူတွေကို ဖျက်ဆီး ပြန်ပြီ။ လူတွေကို ဒုက္ခပေးတဲ့ နည်းပေါင်းများစွာကို ဘယ်ကျောင်းကများ သင်တန်းတက်ခဲ့လဲ၊ ဆရာဒဂုန်၊ ရက်စက်လိုက်တာဗျာ ကြည့်ပါဦး ထီပေါက်ကိန်းရှိ တယ်တဲ့။ ထီဂဏန်းဘာညာကွိကွနဲ့ လုပ်စားနေကြ ပြန်ပြီ။
(ခ)
လူသားရယ်လို့ဖြစ်လာရင် လူတိုင်းဟာကြီးပွား ချမ်းသာချင်တာ၊ ချမ်းသာချင်တာ လူ့ဓမ္မတာပါ။
လူတစ်ယောက်ကို ကိတ္တိ၊ ဓန၊ ရာဇာ၊ တဏှာဆိုတဲ့ ကြိုးလေးကြိုးက လည်ပင်းကစွပ်ထားပြီးသားပါ။
ကိတ္တိဆိုတာ ကျော်ကြားအောင်မြင်ချင်မှု၊ ဓန ဆိုတာ ချမ်းသာ<ကယ်ဝချင်မှု၊ ရာဇာဆိုတာ သြဇာ အာဏာရှိချင်မှု၊ တဏှာဆိုတာ အရာရာကို တပ်မက် ချင်မှုတွေရဲ့ ကြားမှာနေကြတာဖြစ်တယ်။ ဘယ်သူ့ မှလဲမကင်းကြဘူး။ ခင်ဗျားလဲ မကင်းဘူး။ ကျွန်တော် လဲ မကင်းဘူး။
အဲဒီထဲမှာ ချမ်းသာ<ကယ်ဝချင်စိတ်က ပိုများ တယ်။ ဘ၀ကိုသက်တောင့်သက်သာနေချင်တဲ့ အလေ့
အထက ရှိပြီးသားကိုး။ ငွေကိုဘယ်လိုရမလဲ၊ ဘယ်က ရမလဲ၊ ဘယ်ကအချောင်ရမလဲဆိုတာ ငွေလိုချင်နေတဲ့
လူတိုင်း စဉ်းစားလေ့ရှိပါတယ်။ ဒါလဲ မဆန်းပါဘူး။ လူသားပဲ ပုထုစဉ်ပဲ၊ သူတို့ကိုအပြစ်တင်လို့ မရဘူးလေ။
လူတွေဟာ ငွေကိုဘယ်လိုအချောင်ရမလဲလို့ စဉ်းစားနေရင်းကနေ ထီထိုးလို့ထီပေါက်ရင်ကနေ ကံစမ်းတာပဲဆိုတဲ့ ဆင်ခြေနဲ့တစ်အားကံစမ်းတော့ တာကိုး။
ကိုယ်သာထီမပေါက်တာ၊ သူများထီပေါက်တာ တွေကို သွားရည်ယိုပြီး စိတ်ကူးယဉ်ကြတာဟာ တယ်လဲအရသာရှိတာကိုး။ ထီကိုကံစမ်းဖို့ စီစဉ်ထား ပေမယ့် တစ်ဖြည်းဖြည်းနဲ့ငွေရှာတဲ့ အလုပ်တစ်ခုကို လုပ်လာကြတယ်။
ထီထိုးလာတဲ့အခါ ထီပေါက်ချင်လာတယ်။ ထီပေါက်ချင်လာတဲ့အခါ နတ်တွေ၊ မယ်တော်တွေ ဘိုးတော်တွေကို အားကိုးလာကြတယ်။ ပြီးတော့ အိပ်မက်တွေ၊ နိမိတ်တွေ၊ အကြားအမြင်တွေကို မျှော်လင့်လာရတယ်။ နတ်တွေ၊ မယ်တော်တွေ ဘိုးတော်တွေရဲ့ ကိုယ်စားလှယ်တွေဖြစ်တဲ့ နတ်က တော်တွေ၊ အကြားအမြင်ဆရာတွေ၊ ဂိုဏ်းဆရာတွေ၊ အထက်လမ်းဆရာတွေကို ရှာဖွေပြီး အကူအညီ တောင်းကြရတော့တယ်။
ဒုက္ခများသထက် များလာကြပြီ။ နတ်နဲ့တင်မဟုတ်တော့ဘူး စိပ်ပုတီးဆရာတွေရော၊ ချိတ်ပုတီးဆရာတွေနဲ့အတူ ဂဏန်းလှိုင်းလုံးထဲမှာ မျောလာကြတယ်။ ထီထိုးချင်စိတ်နဲ့ အဓိဌာန်ဝင်တာတို့၊ ပုတီးစိတ်တာတို့၊ ဟိုဂါထာ၊ ဒီဂါထာရွတ်တာတို့ဖြစ်လာတယ်။
ကိန်းဂဏန်းမျိုးစုံ တွက်ကိန်းပေါင်းများစွာနည်းစနစ်အားလုံးနဲ့ တွက်ချက်ပြီး ဂဏန်းတွေရွေးကြတယ်။ပေါက်နိုင်မယ်လို့ ထင်ရတဲ့ဂဏန်းတွေကို ရှာဖွေလာကြတယ်။ တွက်ကိန်းမျိုးစုံတွက်ချက်လာတယ်။ ထိုးကြတယ်။ ထီရဲ့တန်ဖိုးကို နတ်တွေ၊ မယ်တော်တွေ၊ ဘိုးတော်တွေက ခြေတော်တင်ပြီးသကာလ အထက်ဂိုဏ်းဆရာတွေ၊ အကြားအမြင်ဆရာတွေ၊ မယ်တော်တွေက ဖျက်ဆီးပြီးတော့ အခုတော့ဗေဒင်ဆရာတွေက ဗွတ်ထအောင်လုပ်နေကြတယ်။
(ဂ)
ထီထိုးတာကိုဘာမှပြောစရာမရှိပါဘူး။စိတ်ကူးတွေယဉ်ပြီး ဖြစ်နိုင်ချေဂဏန်းတွေတွေးပြီး ထိုးချင်သ လောက်ထိုးနိုင်ပါတယ်။ ထီထိုးတာဟာ ကံစမ်းတာပါ။ စီးပွားရှာနေတာ မဟုတ်ပါ။ ထီနဲ့ စီးပွားရှာလို့ မရပါဘူး။ စီးပွားရှာလို့ ချမ်းသာသွားတယ်ဆိုတာ ထီထိုးသူတွေမဟုတ်ပါ။ ထီလက်မှတ်ရောင်းသူတွေသာ ဖြစ်ပါတယ်။ ထီကိုအကြောင်းပြုပြီး ထီလက်မှတ် ရောင်းတဲ့ ဗေဒင်ဆရာတွေသာ ဖြစ်ပါတယ်။
ထီပေါက်မယ် ထီဂဏန်းတွေထိုးပါဆိုပြီးလိမ်
နေတဲ့ဗေဒင်ဆရာတွေပဲ ဖြစ်ပါတယ်။ ဗေဒင်ဆရာတွေ ပေးတဲ့ ဂဏန်းတွေ၊ ဗေဒင်ဆရာတွေအကြံပြုတဲ့ အဆောင်တွေ၊ လက်ဖွဲ့တွေ၊ ဗေဒင်ဆရာပေးတဲ့ အစီအရင်တွေ၊ ဂါထာမန္တာန်တွေအားလုံးဟာ ထီထိုးသူကံကောင်းဖို့မဟုတ်ပါဘူး။ ဗေဒင်ဆရာတွေအတွက် ကံကောင်း ဖို့ပါ။ ငွေရဖို့ပါ။
စိတ်ထဲမှာရှိတဲ့ဂဏန်း၊ ထင်တဲ့ဂဏန်းတွေကို တစ်ယောက်တစ်မျိုးပေးကြပြီး ထီထိုးသူက သူ့ကံနဲ့
သူထီပေါက်ရင် ဗေဒင်ဆရာကပဲ သူ့ဂဏန်းပေးလို့ထီပေါက်တယ်လို့ ပြောနေကြတာ မကြားချင်မှအဆုံးပါ။
ဆရာဒဂုန် ကျွန်တော်တစ်ခုပွင့်ပွင့်လင်းလင်းမေးပြီး စိန်ခေါ်ချင်ပါတယ်။ ခင်ဗျားသတ္တိရှိရင် ကျွန်တော်စိန်ခေါ်တာကို လက်ခံနိုင်ပါတယ်။ ဆင်ခြေအမျိုးမျိုးပေးပြီးလဲ ငြင်းလို့ရပါတယ်။
ခင်ဗျားပေးတဲ့ထီပေါက်ကိန်းရဲ့ ဂဏန်းတွေကို ခင်ဗျားကြိုက်သလောက်ပေးပါ။
ကျွန်တော်ထိုးမယ်။ကျွန်တော်ခင်ဗျားပြောသလို ထီပေါက်ရင် ခင်ဗျားကိုရှစ်ပုံမှာ ခုနှစ်ပုံပေးမယ်။ ကျွန်တော်တစ်ပုံယူမယ်။ကျေနပ်သလား။ ခင်ဗျားပြောသလို ကျွန်တော်ထီမပေါက်ခဲ့ရင် ထီထိုးလို့ကုန်ထားရတဲ့ငွေရဲ့ အဆတစ်ရာကို ခင်ဗျားပေးရော်မယ်လို့ စာချုပ်ချုပ်ဝံ့ရင် အချိန်မရွေး စိန်ခေါ်ချင်စမ်းပါရဲ့ ဆရာဒဂုန်ရယ်။ ခင်ဗျား မလုပ်ရဲပါဘူး။
ခင်ဗျားတို့ ဗေဒင်ဆရာတွေက ဥာဏ်ပူဇော်ခတောင်းတာပဲ တတ်ကြတာပါ။ စိန်ခေါ်ပြီး ပေးရဲသူတွေမဟုတ်ပါဘူး။ လူတိုင်းသိပါတယ်။
ဒါပေမယ့် ခင်ဗျားတို့ဗေဒင် ဆရာတွေရဲ့ ယုတ်မာတဲ့၊ ညစ်တဲ့စေတနာတွေကိုတော့ ကျွန်တော်
သြချပါရဲ့။ ကြောက်ပါရဲ့ဗျာ။ ဒီလိုညစ်ပြီးယုတ်မာတဲ့ ဗေဒင်ဆရာတွေကို တစ်သက်လုံးမတွေ့ချင်ပါဘူး။
(ဃ)
ခင်ဗျားလဲ သိပါတယ်။ ထီဆိုတာမြန်မာပြည်မှာ ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့သီပေါမင်းလက်ထက်မှာမှ ပေါ်လာတာ အနှစ်တစ်ရာငါးဆယ်သာသာပဲရှိပါတယ်။ ဗေဒင်ပညာပေါ်နေတာအနှစ်သုံးထောင်ကျော်နေပါပြီ။ အနှစ်တစ်ရာ ငါးဆယ်သာသာရှိနေတဲ့ ထီဂဏန်းတွေဟာ ထီပေါက်ကိန်းတွေဟာ ဘယ့်နှယ့်ဗေဒင်ထဲမှာရောပြီး ပါလာတာလဲ။ ထီဂဏန်းလဲမပါဘူး။ ထီပေါက်ကိန်းလဲမပါဘူး။
အဲဒါခင်ဗျားသိရက်သားနဲ့ ဗေဒင်မှာပါတဲ့ ငွေရကိန်း၊ ငွေစုပုံစုလိုက် ၀င်ကိန်းတွေကို ထီပေါက်ကိန်းလို့ပြောင်းလဲပစ်တာ ခင်ဗျားမှန်ရဲ့လားဗျား စဉ်းစားကြည့်ပါ။
အဆိုးဆုံးက လာသမျှလူတွေကိုထီပေါက်မယ်။ ထီထိုးပါ။ ဘယ်ထီဆိုင်မှာထီထိုးပါဆိုပြီး အချောင်သမားစိတ်ဓာတ်သွင်းပေးတာပဲ။ ထီထိုးသူကငွေလိုချင်လို့ ထီထိုးတာပဲ။ ကိုယ့်ချွေးနဲစာမပါပဲ ငွေလိုချင်သူ
တွေဟာ ထီထိုးမယ်။ ကံစမ်းမယ်။ မဲနှိုက်မယ်။ ဒါဘာဆန်းသလဲ။ သူတို့စိတ်ကူးနဲ့ သူတို့လုပ်နေ တာကို ကျွန်တော်တို့ ဘာမှပြောစရာမလိုပါဘူး။ ကိုယ်တောင်မှ ငါကံများကောင်းနေပြီလားမသိဘူး။ ထီလေးတစ်စောင်နှစ်စောင် ထိုးကြည့်ဦးမှဆိုတဲ့ စိတ်ဖြစ်ခဲ့ဖူးတာပဲ ဖြစ်လာတာပဲ။
ဒါပေမယ့် ခင်ဗျားတို့ ဗေဒင်ဆရာက ငွေဝင် မယ့်ကံကို ထီပေါက်မယ်ဆိုပြီး အသွင်ပြောင်းပြီး ကျိုးစားနေတဲ့သူ မကျိုးစားချင်အောင်၊ အလုပ်လုပ်နေ
တဲ့သူ အလုပ်မလုပ်ချင်အာင် အချောင်ငွေရဖို့ လောက်ပဲ ကျိုးစားအောင်အားပေးတဲ့ ခင်ဗျားတို့ စေတနာကိုတော့ အံ့သြပါတယ်။
ငွေဝင်တဲ့နည်းတွေအများကြီးပါ။ ခင်ဗျားတို့ ဘယ်နှစ်ယောက်ကို ပြောဖူးသလဲ။ ထီထိုးတာတော့ ထိုးပါ။ အလုပ်လုပ်ပါ။ ကြိုးစားပါ။ လုပ်ငန်းကျွမ်းကျင် အောင်လုပ်ပါ။ အကြံစည်သစ်တွေလုပ်ပါ။ မိတ်ဆွေ
ကောင်းတွေနဲ့ ပေါင်းသင်းပါ။ ၀ိရိယပြုပြီး စီးပွား ရှာပါလို့ မပြောပါဘူး။ လူတွေကို အချောင်သမား စိတ်ဓာတ်လက်ကြောမတင်းလိုတဲ့စိတ်၊ အတ္တလောဘ ကြီးအောင်လုပ်နေတာ။ ဘာလဲခင်ဗျားကုသိုလ်များ ရမယ်ထင်နေလို့လား။ လူတွေကိုမချစ်ရင်နေပါ။ လူတွေရဲ့ ရိုးသားဖြူစင်သန့်ရှင်းတဲ့ ကြိုးစားစိတ်ကိုတော့ အရာင်မဆိုးပါနဲ့။
ထီဆိုတာဘယ်သူမှဂဏန်းပေးလို့မရပါဘူး။ တွက်လို့မရဘူး။ ဥုံ ဖွ မန်းလို့မရဘူး။ ကာယကံရှင်ရဲ့
ပစ္စုပ္ပန်ကျိုးစားမှုကံနဲ့ အတိတ်ရဲ့အကျိုးပေးချိန် ကံနှစ်ခုပေါင်းမိသွားတဲ့ရက်ဟာ ထီပေါက်တဲ့ရက်ပဲ ဘာမှအပိုစိတ်ကူးယဉ်မနေနဲ့။ ပိုလဲလုပ်မနေနဲ့ဖြစ်မလာဘူး။ အတိတ်ကံက ကိုယ့်ရဲ့ပစ္စုပ္ပန်ကံကို ပြဌာန်းပေးပြီးသား။ ကံကိုလာဘ်ထိုးလို့မရဘူး။ ငွေပေးလို့လဲမရဘူး။ ဘ၀ဘ၀ကပြုလာတဲ့ ကံရဲ့အကျိုးအတိုင်း အားလုံးအကြောင်း ထင်နေမှာပဲ။ တစ်ခုပဲရှိတယ်။ အကြွေးမဆပ်ပဲနဲ့တော့ ဒီအကြွေးဟာ ဘယ်တော့မှကျေမှာမဟုတ်ဘူး။
ထီဂဏန်းနဲ့အရူးထနေတာတွေ၊ ထီထိုးပြီးချမ်းသာချင်နေတဲ့ အချောင်သမားစိတ်ဓာတ် ရှိနေသရွေ့
တစ်နေ့မဟုတ်တစ်နေ့၊ တစ်ချိန်မဟုတ် တစ်ချိန်အားလုံးပြီးစီး ကုန်ခမ်းပျက်စီးဆုံးရှုံးသွားမှာ ဧကန်ပါ။အဲဒီအချိန်မှာ မြှောက်ပေးခဲ့တဲ့ ဗေဒင်ဆရာကို ဒုက္ခခံပြီး လိုက်ရှာနေလို့လဲ အပိုပါပဲ။ ဘာကြောင့်လဲဆိုတော့သူ့စေတနာနဲ့သူ ဗေဒင်ဆရာဟာ ငရဲပြည်ရဲ့အောက်ဆုံးတစ်နေရာမှာ ထီဂဏန်းတွက်လို့ကောင်းတုံး။
(င)
ကျွန်တော်တကယ်ပေါက်ပြီဗျို့
သတင်းပေးရဦးမယ်။ ကျုပ်တစ်သက်လုံးထီထိုးနေတာ သိန်းတစ်ရာကျော်ပြီ။ တစ်ခါမှ မပေါက်ဖူးဘူး။
ကျုပ် ဆရာနဲ့တွေ့မှ ဆရာညွှန်ကြားတဲ့ အစီအရင်၊ ကျင့်စဉ်အဓိဌာန်၊ အဆောင်အယောင်တွေ၊ ဂဏန်းတွေနဲ့ထီသုံးသိန်းဖိုးထိုးတာ တကယ်ပဲထီတစ်ထောင့်ငါးရာဖိုး ပေါက်ခဲ့ပါတယ်။ အံ့မခန်းမှန်တဲ့ဆရာကို ကျုပ်ညွှန်ပေးပါရစေ။ ကျုပ်ဆရာလိုဆရာတစ်ယောက်ပဲရှိပါတယ်။ ထီဝါသနာရှင်တွေ အတွေ့နောက်ကျမှာစိုးလို့ပါ။ ကျုပ်ဆရာကတော့ . . . . .
ဆရာဒဂုန်
၅.၆.၂၀၀၁
No Response to "နှစ်လုံး သုံးလုံး ခြောက်လုံး ဘယ်အလုံးကို ယူမလဲ"
Add Your Comment