အပြည်ပြည်ဆိုင်ရာ နက္ခတ်ဗေဒင် ပညာ တက္ကသိုလ် ( ဗ.ျွ.ဏ ) (ုသူုအေယှေုညိငေ ) မှပေးအပ်သောနက္ခတ်ဗေဒင်ဆိုင်ရာ ဒီပလိုမာ (ီငစူသာေ ငည ဗျအမသူသါပ)အခမဲ့ပညာသင်ဆု(၁၂) ဆုကို ၂၀၁၃-ခုပညာသင်နှစ်တွင် နက္ခတ်ဗေဒင်ပညာ တိုးတက်ပြန့်ပွားရေးအတွက် ပေးအပ်ချီးမြှင့်မည် ဖြစ်သည်။
နက္ခတ်ဗေဒင်ဆိုင်ရာဒီပလိုမာ အခမဲ့ပညာသင်
ဆု စည်းကမ်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ပညာအရည်အချင်း အနည်းဆုံးအထက်တန်းအဆင့်ရှိရမည်။ ဘွဲ့ရ၊ ပညာအရည်အချင်းမြင့်မားသူ၊
အင်္ဂလိပ်စာကျွမ်းကျင်သူများကို ဦးစားပေးမည်။
၂။ နက္ခတ်ဗေဒင်ပညာဆိုင်ရာအခြေခံရှိရမည်။ နက္ခတ်ဗေဒင်ဆိုင်ရာကျွမ်းကျင်မှုလက်မှတ်များ၊ သင်ယူပြီးမြောက်ကြောင်းလက်မှတ်များရှိလျှင် တက္ကသိုလ်တက်ရောက်ခွင့် လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရပါမည်။
၃။ နက္ခတ်ဗေဒင်ပညာဆိုင်ရာကိုအမှန်တကယ်စိတ်ပါဝင်စားသူ၊ အမှန်တကယ်သင်ယူတက်မြောက်လို ပြီး ကြိုးစားအားထုတ်မှုရှိသူ၊ နက္ခတ်ဗေဒင်ပညာကို တိုးတက်ပြန့်ပွားအောင် သုတေသနပြု ဆောင်ရွက် လိုသူများကို ဦးစားပေးရွေးချယ်မည်။
၎။ အသက်အရွယ်ကန့်သတ်ချက်မရှိသော်လည်း ပညာသင်ဆု၏သဘာဝအရ အရည်အခြင်းတူလျှင်အသက်အရွယ်ငယ်ရွယ်သူများကို ဦးစားပေးမည်။
၅။ ဒီပလိုမာအောင်မြင်ပြီးသော ကျောင်းသား^သူများသည် ၀ိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ ဘွဲ့လွန်အဆင့်များ ကိုမျှတသောစရိတ်မျှပေးစနစ်ဖြင့် ပညာဆက်လက်သင်ကြားရမည်ဖြစ်သည်။ အကယ်၍ ဆက်လက် သင်ကြားမည့်အစီအစဉ်မရှိပါကဒီပလိုမာသင်ကြားရန်မလိုပါ။
၆။ သင်တန်းစတင်ပို့ချသောနေ့မှစ၍ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း န့နက်(၈း၀၀)နာရီမှ ညနေ(၁၇း၀၀)
နာရီအထိပို့ချသော သင်တန်းကို မပျက်မကွက်တက်ရောက်ရမည်။ ကျောင်းတက် မမှန်နိုင်ပါက စာမေးပွဲဖြေဆိုခွင့်ပေးမည်မဟုတ်သဖြင့် ပညာသင်ဆုလျှောက်ထားရန်မလိုပါ။
၇။ ဒီပလိုမာအခမဲ့ပညာသင်ဆုလျှောက်ထားလိုသူများသည် လိုင်စင်ဓာတ်ပုံ (၁)ပုံ၊ တက္ကသိုလ်တက် ရောက်ခွင့် လျှောက်လွှာ၊ (ပုဒ်မ-၂ပါ)သင်ယူပြီးမြောက်ကြောင်းလက်မှတ်နှင့်အတူ ]]အဘယ်ကြောင့် နက္ခဗေဒင်ပညာကို စိတ်ဝင်စားသင်ယူလိုသည်။ မည်သည့်နက္ခတ်ဗေဒင်ပညာရပ်များကို မည်သို့လေ့လာသင်ယူ ဖူးသည်။ မည်သည့်အကြောင်းကြောင့် နက္ခတ်ဗေဒင်ပညာတက္ကသိုလ်သို့ တက်ရောက်လိုသည်။ မိမိ၏အနာဂါတ်ရည်မှန်းချက်များမည်သို့ရှိသည်}}စသည့်အကြောင်းအရာများပါဝင်သော စာစီစာကုံးတစ်ပုဒ်ကို ဗ-၄ စာရွက်နှင့်(စာမျက်နှာမကန့်သတ်)မြန်မာလိုရေးသား၍ ပူးတွဲလျှောက်လွှာတင်ရမည်။
၈။ ပညာသင်ဆု လျှောက်လွှာများကို (၃၁-၁၂-၂၀၁၂)နေ့လယ်(၁၄း၀၀)နာရီ နောက်ဆုံးထား၍တင်ရ ပါမည်။
၉။ နောက်ကျသောလျှောက်လွှာများနှင့် အချက်အလက်မပြည့်စုံသောလျှောက်လွှာများကို လက်ခံစဉ်း
စားမည်မဟုတ်ပါ။
၁၀။ ဒီပလိုမာပညာသင်ဆုလျှောက်လွှာတင်သွင်းသူများသည် ၃-၁-၂၀၁၃၊ မွန်းတည့်(၁၂း၀၀)တွင်ဗ.ျွ.ဏကျောင်းအမှတ်(၂၅)မြေညီထပ်၊လမ်း(၁၄၀)၊ တာမွေမြို့နယ်၊ (ယုဇနပလာဇာ)တွင် ၀င်ခွင့်ရရေး ဖြေဆိုရပါမည်။ (နက္ခတ်ဗေဒင်ဆိုင်ရာနှင့် အင်္ဂလိပ်စာ မေးခြင်းများပါဝင်ပါမည်။ )
၁၁။ ၀င်ခွင့်ရေးဖြေ အောင်မြင်သူများ ကိုသာ တယ်လီဖုန်းနှင့်ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပြီး၊ ရေးဖြေ အောင်မြင်သူများသည် (၁-၁-၂၀၁၃) (လွတ်လပ်ရေးနေ့) နံနက်(၉း၀၀)နာရီတွင် ဗ.ျွ.ဏ ကျောင်း၌ လူတွေ့နုတ်မေး စစ်ဆေးခံရမည်။
၁၂။ အောင်မြင်သူ(၁၂)ယောက်ကို (၁-၁-၂၀၁၃)၊ ညနေ (၁၆း၀၀)နာရီတွင်ဗ.ျွ.ဏကျောင်း၌ ထုတ်ပြန်ကြေငြာပေးမည်။
၁၂။ တက္ကသိုလ်တက်ရောက်ခွင့်ရသူများသည် သင်တန်းမူစာရွက်စာတမ်းများ၊ သင်ကြားပို့ချမှု စာမေးပွဲဖြေဆိုခွင့်၊ နိုင်ငံခြားဆက်သွယ်ရေးဝန်ဆောင်မှုများ အခမဲ့ရရှိမည်ဖြစ်သည်။
၁၃။ အကယ်၍ ရွေးချယ်ခံရသူများသည် မိမိစရိတ်ဖြင့် ဒီပလိုမာသင်တန်းတက်ရောက်လိုပါက တက်ရောက်နိုင်ပြီး (ကျောင်းအပ်ခ+ဗ.ျွ.ဏ အဖွဲ့ဝင်ကြေး) စုစုပေါင်း (၁၈၀၀၀၀ိ^-)ကျပ် ပေးသွင်းတက်ရောက်နိုင်ပါသည်။
၁၄။ နက္ခဗေဒင်ဆိုင်ရာဒီပလိုမာအခမဲ့ပညာသင်ဆုရွေးချယ်ရာ၌ ပညာသင်ဆုရွေးချယ်ရေးကော်မတီ၏
အဆုံးအဖြတ်သည် အတည်ဖြစ်သည်။
ဒေါတ်တာဒဂုန်
(မြန်မာနိုင်ငံဆိုင်ရာကျောင်းအုပ်ကြီး)အပြည်ပြည်ဆိုင်ရာနက္ခတ်ဗေဒင်ဆိုင်ရာနက္ခတ်ဗေဒင်တက္ကသိုလ်(ဗ.ျွ.ဏ)
0 comments
နက္ခတ်ဗေဒင်ပညာဆိုင်ရာဒီပလိုမာ အခမဲ့ပညာသင်ဆု ချီးမြှင့်မည်
Published on Tuesday, November 27, 2012 in
Related Posts
Subscribe to:
Post Comments (Atom)
No Response to "နက္ခတ်ဗေဒင်ပညာဆိုင်ရာဒီပလိုမာ အခမဲ့ပညာသင်ဆု ချီးမြှင့်မည်"
Add Your Comment